ထိခိုက်ဒဏ်ရာရ

  • Sep- 2025 -
    8 September
    သတင်း

    ကချင်မှာ တစ်လအတွင်း လက်နက်ကြီးနဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံး ၂၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၆ ဦးထိရှိလာ

    ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်း လက်နက်ကြီးကျ‌ပေါက်ကွဲမှု နဲ့ ခိုးဆိုးလုယက်မှုကြောင့် သေဆုံးသူ ၂၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၈ ဦးထိရှိခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီဖြစ်စဉ်တွေဟာ မြစ်ကြီးနားမြို့မှာ လက်နက်ကြီးထိမှန်ပြီး…

    Read More »
  • Aug- 2025 -
    25 August
    သတင်း

    ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး

    ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ ရွှေကူမြို့တွင်းအထိုင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကစပြီး ‌ ရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာဖက်ကို စစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်‌နေတာလို့ ရွှေကူ့မြို့ခံအမျိုးသားတစ်ဦး KNG…

    Read More »
  • 23 August
    သတင်း

    မြစ်ကြီးနားမှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဒဏ်ရာရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်တစ်ဦး သေနတ်ထိမှန်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၂ ရက် မနေ့ည ၈နာရီ မိနစ်၂၀ ဝန်းကျင်အချိန် မန်ခိန်ရပ်ကွက်…

    Read More »
  • Jun- 2024 -
    14 June
    သတင်း

    ဝိုင်းမော်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ငှက်ပျောခြံလုပ်သားအပါ အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မနေ့က ဇွန်လ ၁၃ ရက်နေ့တစ်ရက်တည်း လက်နက်ကြီးနှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ငှက်ပျောခြံလုပ်သားတွေပါအဝင် အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေ ဆီကသိရပါတယ်။ မနေ့က ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၈နာရီလောက်မှာ လဘန်ရွာ၊ ညပိုင်း ၈ နာရီလောက်မှာ မိုင်းနား ရေကန်ကြီးကျေးရွာတို့မှာကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ပေးရေးမှာပါဝင်ခဲ့သူ အမျိုးသားတစ်ယောက်ကKNG ကိုပြောပါတယ်။ “ညပိုင်း ၈နာရီလောက်မှာတစ်ကြိမ် ၂ ယောက်ဒဏ်ရာရတယ်။ ကျနော်တို့ကူညီတာကအဲ့တစ်ခုရယ် မနေ့က တစ်ရက်တည်း မနက်ပိုင်း ၈ နာရီလောက်မှာလည်းတစ်ကြိမ် တစ်ယောက်ထိတယ်။ ကျနော်တို့ ကူညီခဲ့တာ အဲ့တာပါပဲ” လို့ပြောပါတယ်။ မိုင်းနား ရေကန်ကြီးကျေးရွာက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်စဥ်မှာတော့ မိုင်းနားကျေးရွာ ရေကန်ကြီး ငှက်ပျောခြံလုပ်သားဇနီးမောင်နှံနှစ်ယောက်နဲ့ လဘန်ကျေးရွာလက်နက်ကြီးကျရောက်ပေါက်ကွဲ မှုဖြစ်စဥ်မှာတော့ အသက် ၄၀ နှစ်အရွယ်အမျိုးသမီးတစ်ယောက်တို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမရှိပေမဲ့ နှစ်ဖက်တပ်တွေအကြားစစ်ရေးကတော့တင်းမာနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေအကြားစစ်ရေးတင်းမာမှုတွေရှိနေပေမဲ့လည်း ဒေသခံ တစ်ချို့ကတော့ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်နိုင်ကြတဲ့ အခြေနေရှိတယ်လို့ ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။ “အခုကတော့ အခြေနေကစောင့်ကြည့်နေတုန်းပဲ အခုကတကယ်လို့များရွှေ့ပြောင်းရမယ်ဆိုရင် ရှိနေတဲ့ စစ်ဘေးရှောင်တဲတွေကိုပါ အစကပြန်လုပ်ရမလိုဖြစ်တယ်။ ပြီးတော့ ဒီမှာကမပြောင်းကြတာက အဆင် မပြေသူတွေပဲများတယ်။ သူတို့ကိုတင်ပို့သယ်ဖို့ဆိုရင်လည်းအခက်အခဲရှိတယ်။ ပြီးရင်လမ်းအခက်အခဲ ကောပေါ့ “လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီ တပ်ဘက်က အရပ်သားပစ်မှတ်တွေပါမကျန် ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဝိုင်းမော်ကဒေသခံ တွေအနေနဲ့ ပိုပြီးလုံခြုံတဲ့နေရာတွေပြင်ဆင်ထားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်ထဲ မြစ်ကြီးနားမြို့ဘက်ကလာတဲ့လက်နက်ကြီးတွေ မကြာခဏ ကျရောက်ပေါက်ကွဲ လေ့ရှိပြီး မနေ့ကပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ ဘယ်ကလာပြီး ဘယ်အဖွဲ့ အစည်းတွေကပစ်ခတ်တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ KNG သတင်းဌာနရဲ့ ပြုစုထားတဲ့စာရင်းတွေအရတော့ ဝိုင်းမော်မြို့နယ်မှာ နှစ်ဖက်တပ်တွေတိုက်ပွဲစဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ ဒီနေ့အထိကို ထိခိုက်သေဆုံးတဲ့အရပ်သား ၃၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • May- 2024 -
    20 May
    သတင်း

    ခတ်ချိုမှာ လက်နက်ကြီးကျလို့ ကလေး ၂ ယောက်အပါအဝင် ၆ ယောက်သေဆုံး၊

    ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ကွက်သစ်ရပ်ကွက်မှာ ဒီနေ့ နေ့လည် ၁၂ နာရီလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ သေဆုံးခဲ့သူတွေထဲ ကလေး ၂ ဦးပါဝင်ပြီးတော့…

    Read More »
  • Dec- 2023 -
    27 December
    သတင်း

    ဝိုင်းမော်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ခကွမ်ရပ်ကွက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဝိုင်းမော်ဒေေသခံတွေထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ညနေ  ၄နာရီခွဲလောက်မှာ ခကွမ်ရပ်ကွက် စစ်ကောင်စီတပ်ရဲ့ တပ်ရင်း(၅၈) အနားမှာ…

    Read More »
  • Nov- 2023 -
    2 November
    သတင်း

    ကသာမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ‌၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်

    စစ်ကိုင်းဒေသကြီး ကသာမြို့ပေါ်က မြို့မရဲစခန်းကို ဒီကနေ့ မနက်ပိုင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့ သိရပါတယ်။ ကသာမြို့ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မြို့မရဲစခန်းကို ဒီကနေ့ မနက် ၆နာရီအချိန်မှာ…

    Read More »
Back to top button