သတင်း

ဝိုင်းမော်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ခကွမ်ရပ်ကွက်မှာ မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဝိုင်းမော်ဒေေသခံတွေထံမှ သိရပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ညနေ  ၄နာရီခွဲလောက်မှာ ခကွမ်ရပ်ကွက် စစ်ကောင်စီတပ်ရဲ့ တပ်ရင်း(၅၈) အနားမှာ နွားကျောင်းနေချိန် မြေမြုပ်မုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

တပ်ရင်း(၅၈)ဘေးနားမှာ နွားသွားကျောင်းတာ နွားတွေသွားနေတဲ့နေရာက ဗုံးပေါက်ကွဲပြီး နွားသုံးကောင်တော့ သေသွားတယ် သူက ဗုံးစမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ကလေးငယ်ကို ရွာထဲကရပ်မိရပ်ဖ‌တွေရဲ့ အကူညီနဲ့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းက မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ် လို့ ဒေသခံ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

သူတို့ ရွာထဲကလူတွေပို့ခဲ့တယ်ထင်တယ် ကလေးရဲ့မိဘတွေက ပန်ဝါသွားနေတာတဲ့ ကလေးကိုတော့မေးလို့မရဘူးပေါ့နော ကလေးက သတိလစ်နေတာကိုလို့ပြောပါတယ်

လက်ရှိဗုံးပေါက်ကွဲတဲ့ ၅၈ တပ်ရင်း နားမှာ မြေမြုပ်မှိုင်းတွေ ဆင်ထားလေ့ရှိပြီး ပုံမှန်အားဖြင့် ဗုံးမြုပ်ထားတဲ့ ဧရိယာနားမှာ ကင်းစောင့်နေတဲ့သူတွေ အမြဲရှိနေလေ့ရှိပါတယ်။

 ဒါပေမယ့် မနေ့ကတော့ ကင်းစောင့်တဲ့သူတွေ မရှိတဲ့အချိန်မှာ ဖြစ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုာပါတယ်။

အာဏာသိမ်းပြီး‌နောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာလည်း ဝူယာန်ပြည်သူ့စစ်ဂိတ်အနီး မြေမြုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦးသေဆုံးပြီး နောက်ထပ်တစ်ဦး ပွဲချင်းပြီးသေဆုံးတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button