သတင်း

ကသာမြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ‌၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်

စစ်ကိုင်းဒေသကြီး ကသာမြို့ပေါ်က မြို့မရဲစခန်းကို ဒီကနေ့ မနက်ပိုင်း ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့ သိရပါတယ်။

ကသာမြို့ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မြို့မရဲစခန်းကို ဒီကနေ့ မနက် ၆နာရီအချိန်မှာ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကနေ ဒရုန်းနဲ့ ဗုံးသီးခြောက်လုံးပစ်ချတိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးအထိ ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

ကသာမြို့မှာက အမှတ်ရဲစခန်းပေါ့ခရိုင်ရဲတပ်ရင်းလို့လည်းခေါ်တယ်အဲ့တာရှိတယ်ပြီးတော့အမှတ် ၁ ရှိတယ် ဒီမနက် တိုက်ခိုက်တာက အမှတ် ၁ရဲစခန်း ဗုံးသီးခြောက်လုံးတစ်ချိန်တည်းမှာပဲပစ်ချခဲ့တယ် ဒရုန်နဲ့ယူထားတဲ့Video မှတ်တမ်းအရ လေးယောက်ထိတယ် သေလား ရှင်လားတော့မသိဘူးလို့ သူကပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ကသာတိုက်နယ် ပကဖနဲ့ မိုးဒါးတိုက်နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့တွေထိခိုက်ဒဏ်ရာရသွားတဲ့အပြင် ရဲစခန်းအဆောင်တွေနဲ့အမိုး၊အကာတွေထည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြောင်း ကသာပကဖ ကနေသိရပါတယ်။

ကျနော်တို့သွားပစ်ပြီးနောက်ပိုင်းကနေတော့ မနက် ၁၀ နာရီထိကို မြို့ပတ်ပတ်လည် အနီးဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့လက်နက််ငယ်တွေကော ရမ်းပစ်ခတ်တာတွေရှိခဲ့တယ်တဲ့။မိုးပေါ်တွေကောထောင်ပစ်နေကြတယ်ပြောတယ်လို့  ကသာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ကသာတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( ပကဖ) နဲ့မိုးဒါးတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တွေအနေနဲ့ လွန်ခဲ့တဲ့လတွေကလည်း မြို့မရဲစခန်း၊ခရိုင်ရဲစခန်းနဲ့ ရဲမင်းကြီးနေအိမ်တွေကိုလည်းဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်တာမျိုးရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button