နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်

  • Mar- 2024 -
    18 March
    သတင်း

    မီးဘေးသင့် ဟွေထိုက်ကျေးရွာပြည်သူတွေအတွက် အစားသောက်၊နေရာထိုင်ခင်း အရေးပေါ်အကူအညီလိုအပ်နေ

    စစ်ကိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့ ဟွေထိုက်ကျေးရွာနေ ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ နေ့လည်ပိုင်း တောမီးကူးစက်မီးလောင်ကျွမ်းရာကနေ ဟွေထိုက်ကျေးရွာက ရွာလုံးကျွတ်နီးပါး မီးဘေးသင့်နေပြီး ပျက်စီးဆုံးရှုံးမှုတွေများတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့  လဟယ်မြို့နေအမျိုးသားတစ်ဦးက ပြောပါတယ်။ “နေ့လည်၁၂ နာရီကြီးမှာလောင်သွားတာ အဲ့နေ့ကကြာသာပတေးနေ့လည်း အဲ့ဆိုတော့ အားလုံးကတောင်ယာသွားနေကြတာ အိမ်မှာက ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေလောက်ပဲကျန်တာ ဘာမှမလုပ်နိုင်ဘူးလေသူတို့ အဲ့ကြောင့် တစ်ရွာလုံးနီးပါးကိုလောင်သွားတာ ဘာမှမရလိုက်ကြဘူး”လို့သူကပြောပါတယ်။ ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့ ဟွေထိုက်ကျေးရွာ (CRD- Ngai Thang ဖေ့စ်ဘုတ်) အိမ်ခြေ ၅၀ ဝန်းကျင်လောက်သာရှိတဲ့ အဲ့ဒီကျေးရွာမှာ အိမ်ခြေ ၃၅ လုံးအထိမီးလောင်သွားတာဖြစ်ပြီး အိမ်သုံးပစ္စည်း၊ တကိုယ်ရေအသူံးအဆောင်တွေမီးလောင်သွားတဲ့အပြင် အချို့တစ်နှစ်စာသိုလောင်ထားတဲ့စပါးတွေပါ မကျန် မီးလောင်သွားတဲ့အတွက် အစားအသောက်၊ အဝတ်အထည်ကအစအကူအညီလိုအပ်နေတာလို့ဒေသခံတွေကဆိုပါတယ်။ “ရွာရဲ့သင်းအုပ်ဆရာအိမ်ကအစပါသွားတယ် တချို့က စပါးကိုရွာထဲမှာပဲ စပါးသိုက်ဆောက်ပြီးထားတာလေး အဲ့တာတွေကအစ ပါသွားတယ်ဗျ စောင်တွေ အဝတ်အထည်တွေ အိုးခွက်ပန်းကန်ကစ မရလိုက်ကြဘူး အဓိကတော့အခု အဝတ်အထည်တို့ အစားအသောက်တို့လိုအပ်နေတယ်လို့”လို့ အထက်မှာဖော်ပြခဲ့တဲ့ အမျိုးသားကဆက်ပြောပါတယ်။ မီးလောင်မှုကြောင့် အိမ်မွေးရိတိစ္ဆာန်သေဆုံးမှုအနည်းငယ်ရှိခဲ့ပြီး အရပ်သား ၂ဦးလည်း မီးလောင်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ အဲ့ဒီဟွေထိုက်ကျေးရွာမီးဘေးသင့်ပြည်သူတွေကို ကူညီလှူဒါန်းလိုတယ်ဆိုရင်တော့ ဖုန်းနံပတ် 09764817340 ကိုဆက်သွယ်ပြီးလျှူဒါန်းနိုင်ကြောင်း Ngai Thang ဖေ့စ်ဘုတ် အကောင့်မှာ ဖော်ပြထားပါတယ်။ လဟယ်မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါ ရီလကလည်း ဆော်လော်နောက်ကုန်းကျေးရွာမှာအိမ်သုံး ဆိုလာပြားအပူလွန်ကဲပြီး အိမ်ခြေ ၇၀ ကျော်မီးလောင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2023 -
    30 November
    သတင်း

    နန်းယွန်းမြို့ကို KIA,PDF တပ်ဖွဲ့တွေတက်သိမ်းမယ်ဆိုတဲ့သတင်းကြောင့် ပြည်သူ့ဆေးရုံကလူနာတွေကိုအရေးပေါ်ပြောင်းရွေ့ထားရ

    စစ်ကိုင်းတိုင်းဒေသကြီး ၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊PDF ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့သတင်းထွက်ပေါ်လာတာကြောင့် နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ လူနာတွေကိုအရေးပေါ် ပြောင်းရွေ့ထားရတယ်လို့သိရပါတယ်။ နန်းယွန်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မြို့သိမ်းတိုက်ပွဲဆင်နွဲလာဖို့ရှိတဲ့ဆိုတဲ့ ကောလဟာလသတင်းဟာ နန်းယွန်းမြို့တွင်းမှာထိုင်ထားတဲ့…

    Read More »
Back to top button