နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်

  • Apr- 2026 -
    1 April
    သတင်း

    တိုက်ပွဲကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ရက်အကန့်အသတ်မရှိပိတ်

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယအစိုးရက ရက်အကန့်အသတ်မရှိပိတ်ချ လိိုက်ပြီလို့  ဒေသခံတွေ KNG ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K ယုန်းအောင်အဖွဲ့က အိန္ဒိယ– မြန်မာနယ်စပ် နယ်စပ်မှတ်တိုင် ၁၇၂ မှာ နယ်စပ်လုံခြုံရေးယူနေတဲ့ Assam Rifelsတပ် (အိန္ဒိယစစ်တပ်ရဲ့  အရှေ့မြောက် ဘက်နယ်စပ်စောင့်တပ်)ကို ဝင်တိုက်ခိုက်တဲ့နောက် မတ်လ ၂၈ ရက်နေ့ကစပြီး အခုလိုပိတ်ချလိုက်တာလို့ ပန်ဆောင်မြို့ခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လောလောဆယ်သွားလို့မရဘူးဗျ နယ်စပ်ဂိတ်ပိတ်ထားတယ် အိန္ဒိယဘက်ကပိတ်လိုက်တာ ဘယ်နေ့ပြန်ဖွင့်မလဲတော့မသိသေးဘူး”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးက ပြောပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပန်ဆောင်ဒေသဟာ မြန်မာပြည်မကြီးနဲ့အလှမ်းဝေးပြီးဝေးလံခေါင်ဖျားဒေသဖြစ်တာကြောင့် မြန်မာပြည်မဘက်ကနေ ကုန်စည်တွေတင်သွင်းဖို့လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဆေးဝါး၊ အခြေခံစားသောက်ကုန် လူသုံးကုန်ကအစ ပန်ဆောင်နယ်စပ်ဂိတ်ပေါက်တစ်ခုကိုပဲအားထားနေရတာဖြစ်ပါတယ်။  ဒါကြောင့် ပန်ဆောင်ဒေသတစ်ခုလုံးရဲ့တစ်ခုတည်းသော ကုန်စည်ဝင်ပေါက်ဖြစ်တဲ့ ဒီနယ်စပ်ဂိတ်ကို ရေရှည်ပိတ်ထားရင် ပန်ဆောင်ဒေသအတွက် ပိုခက်ခဲသွားနိုင်ကြောင်း ဒေသခံတွေ ကဆိုပါတယ်။ “ဆန်၊ဆီ၊စားကအစ ဆေးဝါးကုတာကအစပေါ့ ဒီနယ်စပ်ဝင်ပေါက်တစ်ခုပဲထဲကိုပဲအားကိုးနေရတာ ဒီဘက်ကလူတွေစားတဲ့ ဆားတို့၊ဆီတို့ နောက်ပြီးဆေးဝါးတွေကအစ အိန္ဒိယဘက်ကနေပဲဝယ်ရတာဟုတ်တယ် ဒါ့ကြောင့်ရေရှည်ပိတ်ရင်တော့ ဒါတွေက ခက်ခဲသွားမှာ”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ဟာ နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြား တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့်  ၂၀၂၄ ခုနှစ်  ဒီဇင်ဘာ ၁၅ ရက်နေ့  အိန္ဒိယ–မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အိန္ဒိယ–မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာဖို့ အိန္ဒိယဘက်ကစတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီနယ်စပ်ခြံစည်းရိုးကာနေတဲ့လုပ်ရပ်ကို နာဂပြည်သူလူထုနဲ့ NSCN-K ယုန်းအောင်တပ်တို့က အပြင်းအထန်ကန့်ကွက်နေကြပေမယ့် အိန္ဒိယအစိုးရက နာဂပြည်သူလူထုနဲ့ NSCN-K ယုန်းအောင်အဖွဲ့ကန့်ကွက်မှုကြားကနေ ခြံစည်းရိုးခတ်တာတွေအရှိန်အဟုန်မြင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါကြောင့် သတိပေးတဲ့အနေနဲ့ မတ်လ ၂၆ ရက်နေ့မှာ နယ်စပ်ခြံစည်းရိုးလုံခြုံရေးယူနေတဲ့ အာဆမ်ရိုင်ဖယ်တပ်ကို NSCN-K ယုန်းအောင်းအဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ အာဆမ်စစ်သားသုံးဦးသေဆုံးခဲ့ပြီး နယ်စပ်ဂိတ်ကိုလည်း အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။ အိန္ဒိယ–မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာပါဝင်တဲ့ မြို့နယ်ခွဲ့အဆင့်မြို့ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ မြို့နယ်ခွဲအဆင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ By…

    Read More »
  • Jan- 2026 -
    27 January
    သတင်း

    တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် NSCN-K ယုန်းအောင်အဖွဲ့ကို လက်နက်ချဖို့ အန်းမိုင်းအဖွဲ့ သတိပေး

    ကချင်ပြည်နယ် အနောက်ဖက်၊ အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ NSCN-K ယုန်းအောင်နဲ့ အန်းမိုင်းအဖွဲ့တွေ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်လာပြီးတဲ့နောက် ယုန်းအောင်တပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ NSCN-K အန်းမိုင်းအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ ဒီတစ်လထဲ နာဂဒေသမှာ နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ NSCN-K ယုန်းအောင်နဲ့ NSCN-K အန်းမိုင်း အဖွဲ့တွေကြား တိုက်ပွဲသုံးကြိမ်တိတိ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အန်းမိုင်းဦးဆောင်တဲ့အဖွဲ့က NSCN-K ယုန်းအောင်ရဲ့ တပ်သားတွေအားလုံးကို လက်နက်ချပြီး မိမိရပ်ရွာ၊ မိမိနေအိမ်မှာ…

    Read More »
  • Nov- 2025 -
    10 November
    သတင်း

    ကသည်းလက်နက်အဖွဲ့ နာဂဒေသထဲဝင်‌ရောက်နိုင်ဖို့ ကြိုးပမ်းနေ

    အိန္ဒိယနိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ကသည်းလက်နက်ကိုင်အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေထဲကို ဝင်ရောက်ဖို့ကြိုးပမ်း‌နေတယ်လို့ သိရပါတယ်။ မဏီပူပြည်နယ်မှာအခြေစိုက်ထားတဲ့ ကသည်း(Meitei) လူမျိုးစုအခြေပြုလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကသည်းလက်ကိုင်အဖွဲ့ဟာ နိုဝင်ဘာလန်ဆန်းပိုင်းကနေစပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲကို ဝင်ရောက်ဖို့ချဥ်းကပ်လာ နေပြီး လက်ရှိ လေရှီးအနောက်ဘက်ခြမ်းရောက်နေပြီလို့ ‌‌‌လေရှီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။…

    Read More »
  • Oct- 2025 -
    21 October
    သတင်း

    NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာရှိတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အရာရှိတစ်ဦးနေအိမ်ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ လဟယ်မြို့နယ်အနောက်ခြမ်း အိန္ဒိယ–မြန်မာနယ်စပ်ရှိ ကမ်မော်လောရီကျေးရွာထဲက NSCN-K (ယုန်းအောင်) အဖွဲ့ရဲ့ ဗိုလ်ချုပ်ပီးအောင်နေအိမ်ကို မနေ့က အောက်တိုဘာ…

    Read More »
  • Sep- 2025 -
    18 September
    သတင်း

    ခန္တီးမှာ စစ်တပ်က သက်ကြီးပိုင်းပါမကျန် ပေါ်တာဆွဲနေ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် လူကြီးလူငယ်မရွေးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ခန္တီးမြို့အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၂ တပ်က ယခုရက်ပိုင်း ခန္တီး – လဟယ် ကားလမ်းပိုင်းရှိ ကျေးရွာတွေမှာ…

    Read More »
  • 9 September
    သတင်း

    အိန္ဒိယဘက်ခြမ်း စျေးဝယ်ခွင့် တစ်ပတ် ၆ ကြိမ်အထိခွင့်ပြုလာ

    အိန္ဒိယ – မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေ အိန္ဒိယဘက်ခြမ်းကို စျေးဝယ်ခွင့် ယခင်တစ်ပတ်တစ်ကြိမ်ခွင့်ပြုပေးရာကနေ ယခုတစ်ပတ်ကို ၆ ကြိမ်အထိ ခွင့်ပြုပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပန်ဆောင်မြို့နယ် နဲ့ နန်းယွန်းမြို့နယ် ပြည်သူတွေ လိုအပ်တဲ့ကုန်စည်အတွက် ပန်ဆောင်နယ်စပ်ဂိတ်ကိုသာအဓိကအားထားနေရတာဖြစ်ပါတယ်။…

    Read More »
  • Nov- 2024 -
    14 November
    သတင်း

    နန်းယွန်းမြို့တစ်ခုလုံး လျှပ်စစ်မိီးပြတ်တောက်နေတာ ၆ ကျော်ကြာမြင့်လာ

    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ် ရေကြီးရေလျှံဖြစ်ပြီးနောက်  ဒီနေ့အထိ လျှပ်စစ်မီးတွေပြတ်တောက်နေဆဲဖြစ်တယ်လို့ နန်းယွန်းမြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ နန်းယွန်းမြို့တစ်မြို့လုံး ရေဘေးသင့်ခဲ့ချိန် ဓာတ်တိုင်အများအပြားပျက်စီးခဲ့ပြီး ဒီနေ့ထိအစားထိုးပြုပြင်တာမျိုးမရှိသေးတာကြောင့် လျှပ်စစ်မီးပြတ်တောက်နေတာ ၆ လကျော်ပြီလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ရေကြီးတုန်းက ပျက်သွားတဲ့မီးတိုင် အခုထိမလှဲသေးတော့ မီးလည်းမရသေးဘူး နှစ်တောင်ကူးတော့မယ် သူတို့မီလာဖို့နေနေသာသာ ဓာတိုင်တစ်တိုင်တောင် ပြန်မစိုက်သေးဘူး ဒီတိုင်းပဲဖြစ်သွားမလားမသိဘူးမီးက”လို့ အသက် ၃၀ ကျော်အရွယ်နန့်ယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ နန်းယွန်းမြို့ပေါ်လျှပ်စစ်မီးတွေကို နန်းယွန်းချောင်းရေအားလျှပ်စစ်စက်ရုံကနေ ဓာတ်အားဖြန့်ဖြူးပေးနေတာဖြစ်ပြီး မေလတွင်း ရေဘေးသင့်ခဲ့ချိန် လျှပ်စစ်ဓာတ်အားပေးစက်ရုံထိခိုက်ပျက်စီးတာမျိုးရှိခဲ့သလို  ရေအားလျှပ်စစ်စက်နဲ့ နန်းယွန်းမြို့ကြားမှာရှိတဲ့ဓာတ်တိုင်တွေနဲ့ မီးကြိုးအများပိုင်းပျက်စီးခဲ့တာဖြစ်တာလို့ သိရပါတယ်။ “ရေကာတာပေါ့အဲ့ဒီရေအားလျှပ်စစ် စက်ရုံနဲ့မြို့ကဆယ်မိုင်နီးနီးရှိမှာ အဲဲ့ကြားမှာသွယ်ထားတဲ့မီးကြိုးတွေ၊ ဓာတိုင်တွေက ရေထဲပါသွားတဲ့ဟာပါသွားပြီ။  ပြီးတော့ မြေပြိုလို့ လှဲတဲ့ဟာလှဲချိုးတဲ့ဟာချိုး မီးကြိုးတွေလည်းအများကြီးပါသွားတယ် တကယ်ပြင်မယ်ဆိုရင်ပြီးလောက်ပြီဗျ မပြင်လို့ခုထိမီးမရတာ”လို့ ပြောပါတယ်။ အခုလိုလျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ဆိုလာမီး၊ ဖယောင်းတိုင်မီး အားထားနေရလို့ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ “အစပိုင်းကတော့မီးရမလားရမလားနဲ့စောင့်နေကြတာ။ အခုကြာလာတော့ တချို့ဆိုလာမီးသုံးတဲ့သူသုံး တချို့ဆိုလာမဝယ်နိုင်တဲ့လူက ဖယောင်းတိုင်မီးတွေ ၊ရေနံဆီမီးခွက်တွေပြန်သုံးနေကြတယ် နေမပူတဲ့နေ့တွေဆိုရင်မှောင်မှောင်မဲမဲပဲ”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ KNG သတင်းဌာနအနေနဲ့ နန်းယွန်းမြို့နယ် လျှပ်စစ်ဓာတ်အားရေးပေးရုံးကိုဆက်သွယ်ခဲ့ပေမယ့် နန်းယွန်းမြို့နယ်ထဲဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။ နန်းယွန်းမှာ မေလတုန်းဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် အခုလို လျှပ်စစ်ဓာတ်အားတွေပြတ်တောက်ခဲ့ရသလို နန်းယွန်း– ရှင်ဗွေယန်ကြားရှိ နန်းယွန်းမြို့အဝင်က တံတားလည်းပျက်စီးသွားခဲ့ပြီး ဒီနေ့ထိပြန်လည်မပြုပြင်သေးတာကြောင့် လမ်းပမ်းဆက်သွယ်ရေးလည်း ခက်ခဲ နေဆဲဖြစ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက အရေးပါတဲ့မြို့တစ်မြို့ဖြစ်တဲ့ နန်းယွန်းမြို့မှာတော့ NLD အစိုးရလက်ထက် ၂၄ နာရီလျှပ်စစ်ဓာတ်အားရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နန်းယွန်းမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်တာမရှိပေမယ့် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊လျှပ်စစ်မီးမရရှိမှုတွေကြောင့် အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2024 -
    29 October
    သတင်း

    နန်းယွန်းဒေသမှာ ကျေးလက်ဆေးပေးခန်းများရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်အခဲဖြစ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ကျေးရွာတွေမှာ ကျေးလက်ဆေးပေးခန်းတွေရှိပေမယ့် ကျန်းမာရေးဝန်ထမ်းမရှိတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ  သိရပါတယ်။ နန်းယွန်းမြို့နယ် ကြိုင်ရိုင်ရွာ၊ ယောင်ငွေးရွာ၊ နမ္မလစ်ရွာ၊ဟားဝါးရွာအပါအဝင် ရွာအများစုမှာ ကျေးလက်ဆေးပေးခန်းများကို ဆောက်လုပ်ပြီးစီးထားပြီဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက် ဒေသခံပြည်သူများ ကျန်းမာရေးပိုင်းဆိုင်ရာအခက်အခဲဖြစ်နေကြတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဆေးခန်းတွေဆွေးတောင်ဆွေးနေပြီ ပြီးတာဖြစ်နှစ်ပေါက်နေပြီလေ ဆေးခန်းတွေတော့ဆောက်ခိုင်းပြီးမှ ဆရာ၊ဆရာမတွေကျတော့တစ်ယောက်မှပေါ်မလာဘူး ဘယ်သူမှမသွားကြဘူးလေ။ ဖျားရင်နာရင်လေး ဒီတိုင်းအိပ်ယာထဲလှဲနေရုံလောက်ပဲ အခြေနေဆိုးမှဒီမြို့ပေါ်ကိုတက်လာကြတာ”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦး ပြောပါတယ်။ နန်းယွန်းမြို့နယ်မှာ ကျေးရွာပေါင်း ၁၆၅ ရွာရှိပြီး ကျေးလက်ဆေးပေးခန်းတွေဆောက်ပေးဖို့ NLD အစိုးရလက်ထက်ကတည်းက ချမှတ်ပေးခဲ့တာဖြစ်ပြီး ဆေးခန်းတွေအားလုံး ၂၀၂၂ ခုနှစ်မှာဆောက်လုပ်ပြီးစီးထားတာဖြစ်ပါတယ်။ သို့သော် ကျန်းမာရေးဝန်ထမ်းတွေရောက်မလာတဲ့အတွက်ဒေသခံတွေပြည်သူတွေဟာ မြို့ပေါ်ထိတက်ပြီးဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။ “ဆရာ၊ဆရာမတွေရောက်လာမယ်ရောက်လာမယ်လို့မျော်လင့်ချက်တွေပေးပြီး မပေါ်လာကြဘူးတဲ့ လမ်းပန်းဆက်သွယ်ရေးကမကောင်း ဆေးခန်းကမရှိတော့ တချို့လူနာတွေဆို ခက်ခက်ခဲခဲလာပြီးမှမြို့ပေါ်ထိဆေးလာကုကြတာ သနားစရာကောင်းပါတယ်”လို့ နန်းယွန်းမြို့ခံ အမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။ ခုလိုကျေးလက်ဆေးပေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းတွေမရှိတာကြောင့် အခြေအနေဆိုးဝါးတဲ့လူနာတွေဟာ နန်းယွန်းမြို့ပေါ်ထိတက်ပြီး ဆေးကုသမှုခံယူရသလို တချို့လူနာတွေလမ်းခုလတ်မှာ အသက်ဆုံးရှုံးသွားတာရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ နန်းယွန်းမြို့နယ်ဟာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်တာကြောင့် ကျေးရွာတွေဘက်ကိုဆေးဝါးတွေ ရောက်ဖို့အင်မတန်ခက်ခဲသလို ကျန်းမာရေးအသိပညာနည်းပါးကြတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့လူနာတွေလည်းများစွာရှိနေတယ်လို့ သိရပါတယ်။ နန်းယွန်းမြို့နယ်ထဲမှာ ကျေးရွာပေါင်း (၁၆၅) ရှိပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက်အရေးပါတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ By- Zaw Zaw

    Read More »
  • Jul- 2024 -
    9 July
    သတင်း

    နန်းယွန်း-ပန်ဆောင် ကားလမ်းပိုင်းမြေပြိုကျနေတဲ့အတွက် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေ

    စစ်ကိုင်းတိုင်း အထက်ပိုင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်းဆောင်မြို့နယ်ကြားမှာ ကားလမ်းမြေပြိုကျမှု ဆိုးဆိုးရွားရွားဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။ နာဂဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်ဆောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှာ လေးပြင်းတိုက်ခတ်တာတွေ၊ ကားလမ်းမမြေပြိုကျပြီး သစ်ပင်ကျိုးကျတာတွေကြောင့် ကားလမ်းပိုင်းမှာသွားလာရခက်ခဲ့တာ ၂ ပတ်ကျော်လာပြီလို့ နန်းယွန်းမြို့ခံ လူငယ်တစ်ဦးက KNGကိုပြောပါတယ်။ “လမ်းတွေပြိုတာက နှစ်ပတ်လောက်တော့ရှိပြီ ကားသေးလေးတွေကစသွားလို့မရဘူး။ ဆိုင်ကယ်တော့သွားလို့ရတယ် ဒါပေမယ့် ခက်ခက်ခဲခဲသွားရတယ် ဆိုင်ကယ်ထမ်းသယ်ရတဲ့နေရာရှိတယ် တွန်းရတဲ့နေရာတွေရှိတယ် လူတောင်သိပ်မသွားလာကြဘူး။ ခုတလောကလမ်းအရမ်းဆ်ိုးတယ်”လို့ သူကပြောပါတယ်။ နန်းယွန်း နဲ့ ပန်ဆောင်မြို့နယ်ကို လီဒိုကားလမ်းမကြီး နဲ့ ဆက်သွယ်ထားတာဖြစ်ပြီး လက်ရှိကားလမ်းမြေပြိုမှုဆိုးဆိုးရွားရွားဖြစ်တဲ့နေရာဟာ နန်းယွန်းမြို့အကျော် ယောင်းငွေးကျေးရွာအနီးတစ်နေရာ၊ ပန်ဆောင်မြို့နယ်ထဲက လောက်လိုင်ကျေးရွာနဲ့ ပန်ဆောင်မြို့ကြားထဲက ဒေသအခေါ် (လင်းနို့ချောင်းအနီး)မှာ တစ်နေရာမှာအဆိုးဝါးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ကားလမ်းမြေပြိုသွားတဲ့နေရာတွေမှာ ဆိုင်ကယ်တွေကိုလူအင်အားသုံးပြီးသယ်ရွေ့ရတာကြောင့် ခရီးသွားပြည်သူတွေငွေကုန်ကြေးကျပိုများတာ အချိန်ကြန့်ကြာတဲ့အခက်အခဲတွေကိုကြုံတွေ့နေရတယ်လို့ နောက်ထပ် နန်းယွန်းမြို့ခံလူငယ်တစ်ဦးက ဆက်ပြောပါတယ်။ “ကယ်ရီခက လူတစ်ယောက်ကို တစ်သိန်း ၊တစ်သိန်းနှစ်သောင်းရှိတယ် လမ်းပျက်တဲ့နေရာမှာဆိုင်ကယ် မပြီးရွှေ့ရတော့ အဲ့မှာတစ်နေရာ နှစ်သောင်းပေါ့ နှစ်နေရာရှိတယ် အဲ့မှာလေးသောင်းပေးရတယ်ဗျ အရင်ကထက်ပိုကုန်တာပေါ့”လို့သူကဆက်ပြောပါတယ်။ ကားလမ်းပြိုတဲ့နေရာမှာ ဆိုင်ကယ်မပြီး ရွေ့ပေးတဲ့လူငယ်တွေကို  ဆိုင်ကယ်တစ်စီးကိုကျပ် ၂ သောင်းပေးရတယ်လို့သိရပါတယ်။ ပန်းဆောင်မြို့နယ်လူထုအတွက် အခြေခံစားသောက်ကုန်တွေနဲ့လူသူံးကုန်တွေကို အိန္ဒိယဘက်က သယ်ယူတာရှိသလို မြန်မာဘက်ခြမ်းကလည်းသယ်ယူရတာရှိပေမယ့် လက်ရှိကားလမ်းပြတ်တောက်မှုကြောင့် မြန်မာဘက်ခြမ်းကသယ်ယူတဲ့ကုန်စည်တွေစျေးထိုးတက်နေတယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် နန်းယွန်းနဲ့ ပန်ဆောင်မြို့နယ်တွေထဲမှာ အခုလိုရာသီဥတုဆိုးဝါးမှုတွေကြောင့်ဖုန်းဆက်သွယ်ရေးလိူင်းတွေလည်းခက်ခဲနေပါတယ်။ လီဒိုကားလမ်းပိုင်းတစ်ခုတည်းနဲ့သွားလာလို့ရတဲ့ နန်းယွန်းမြို့နယ်ဟာ ကချင်နဲ့စစ်ကိုင်းအစပ်ကနယ်စပ်မြို့ဖြစ်သလို ပန်ဆောင်မြို့နယ်ဟာလည်း အိန္ဒိယ– မြန်မာ နယ်စပ်စည်းရိုးမှာရှိတဲ့မြို့တွေ ဖြစ်ပါတယ်။ By…

    Read More »
  • Jun- 2024 -
    19 June
    သတင်း

    နန်းယွန်းမြို့နယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။ နန်းယွန်းမြို့နယ်ထဲမှာ ဇွန်လပိုင်းကစလို့ ရာသီတုပ်ကွေးအဖြစ်များလာပြီး ဆေးရုံ၊ဆေးခန်းတွေမှာ ဆေးဝါးတွေလုံလုံလောက်လောက်မရှိတာကြောင့် အကူအညီတွေလိုအပ်နေတာလို့ နန်းယွန်းမြို့ခံ အသက် ၃၀ နှစ်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခြေအနေအရမ်းဆိုးတဲ့လူထဲမှာတောင်…

    Read More »
Back to top button