သတင်း

နန်းယွန်းမြို့ကို KIA,PDF တပ်ဖွဲ့တွေတက်သိမ်းမယ်ဆိုတဲ့သတင်းကြောင့် ပြည်သူ့ဆေးရုံကလူနာတွေကိုအရေးပေါ်ပြောင်းရွေ့ထားရ

စစ်ကိုင်းတိုင်းဒေသကြီး ၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIAPDF ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့သတင်းထွက်ပေါ်လာတာကြောင့် နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ လူနာတွေကိုအရေးပေါ် ပြောင်းရွေ့ထားရတယ်လို့သိရပါတယ်။

နန်းယွန်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက မြို့သိမ်းတိုက်ပွဲဆင်နွဲလာဖို့ရှိတဲ့ဆိုတဲ့ ကောလဟာလသတင်းဟာ နန်းယွန်းမြို့တွင်းမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်တွင်းကနေစတင်ထွက်ပေါ်လာတာဖြစ်ပြီး အဲ့ဒီသတင်းကြောင့် နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာရှိတဲ့လူနာတွေကို အရေးပေါ်ပြောင်းရွေ့ထားရပြီး ဒီကနေ့ထိလည်း ပြောင်းရွေ့‌နေရဆဲဖြစ်တယ်လို့ နန်းယွန်းမြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အဲ့ဒီကောလဟာလသတင်းက စစ်တပ်ဘက်ကနေလူတွေဆီကနေစထွက်တာလာ ပြည်သူတွေလည်းပျာယာခက်သွားတယ်။ ပြီးတော့အဆိုးဆုံးက မြို့နယ်မှူးကိုယ်တိုင်ကနေပြီးတော့ ဆေးရုံထဲကလူနာတွေကို အားကာကွင်းပေါ့ ဘောလုံးကွင်းထဲက အဆောင်တွေမှာပြောင်းခိုင်းလိုက်တာပဲ။ ပြည်သူ့ဆေးရုံက စစ်တပ်နဲ့အရမ်းနီးတယ်အဲ့ကြောင့်တိုက်ပွဲ ဖြစ်လာမှာကြောက်လို့ဘေးလွတ်တဲ့ဆီကိုပြောင်းရွေ့ခိုင်းထားတာပါလို့ ပြောပါတယ်။

စစ်တပ်နဲ့ကပ်လျက်ရှိနေတဲ့ ပြည်သူ့ဆေးရုံထဲက လူနာတွေကို နန်းယွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရဲ့အစီအစဥ်နဲ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်် အားကာကွင်းထဲကအဆောင်တွေမှာပြောင်းရွေ့ခိုင်းထားပြီး ဒီကနေ့ထိအဲ့ဒီမှာ ပြောင်းရွေ့ထားဆဲလို့သိရပါတယ်။

နယ်ဝေးကလာတဲ့နည်းနည်းသက်သာတဲ့လူနာတွေကိုတော့အားလုံးပြန်ခိုင်းလိုက်တယ် အခုက မထနိုင်တဲ့လူနာတွေလောက်ပဲ အားကာကွင်းထဲမှာရွေ့ထားတာ ဆေးရုံးလည်းလောလောဆယ်လူမရှိဘူးလို့အထက်ပါအမျိုးသားကဆက်ပြောပါတယ်။

အလားတူ မြို့နယ်အုပ်ချုပ်ရေးမှူးက ထွေအုပ်ရုံးမှာရှိတဲ့ဝန်းထမ်းတွေအားလုံးကိုလည်း ဘေးလွတ်ရာကို ရွေးပြောင်းခိုင်းထာမျိုးပြုလုပ်ခိုင်းပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်းရုံးပြန်ဖွင့်နေပြီလို့သိရပါတယ်။

အခုလို နန်းယွန်းမြို့ကိုတက်သိမ်းမယ်ဆိုတဲ့ကောလ ဟာလ သတင်းတွေကြောင့် နန်းယွန်းမြို့ပေါ်က ပြည်သူအချို့နဲ့မြို့နဲ့နီးတဲ့ကျေးရွာအချို့ကပြည်သူတွေဟာ နိုဝင်ဘာ ၂၇ရက်ညနဲ့ ၂၈ရက်နေ့ညအထိ တောတောင်တွေနဲ့ ယာခင်းတဲတွေထဲမှာယာယီတိမ်းရှောင်တာတွေလည်းရှိခဲ့တယ်လ်ို့ဒေသခံတွေဆီက နေသိရပါတယ်။

နန်းယွန်းမြို့ဟာ လီဒိုကားလမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်ပြီး ကချင်ပြည်နယ် နဲ့စစ်ကိုင်းတိုင်းဒေသကြီးရဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နေရာမှာရှိတဲ့မြို့လည်းဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ထဲမှာရှိတဲ့ မြစ်ကြီးနားမြို့အပါအဝင် မြို့တစ်ချို့ကို KIA, PDF တပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မယ်ဆိုတဲ့ သတင်းတွေဟာ နိုဝင်ဘာလဆန်းပိုင်းကနေ ခပ်စိပ်စိပ်ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button