ပန်ဝါ

  • Mar- 2026 -
    9 March
    သတင်း

    မြေရှားလုပ်ကွက်တစ်ခုမှာ သမင်ကိုလှမ်းပစ်ရာကနေ အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး

    ချီဖွေမြို့နယ် ပန်ဝါမြေရှားလုပ်ကွက်တစ်ခုမှာ KIA တပ်ဖွဲ့ဝင် ၂ ဦး တောဘက်ကိုသေနတ်နဲ့ သမင်လှမ်းပစ်ရာကနေ ထမင်းချက်တဲ့မိန်းကလေးတစ်ဦး ကျည်ထိမှန်ပြီးအသက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ မြေရှားလုပ်ကွက်လုပ်သားတွေဆီကနေ သိရပါတယ်။ ပန်ဝါအမှတ် (၃) ဘက် မြေရှားလုပ်ကွက်တစ်ခုမှာ မတ်လ ၅ ရက်နေ့ ညနေပိုင်း မှောင်ရီစပြုချိန်မှာ KIA တပ်ဖွဲ့ဝင် ၂ ဦးမှ သမင်တစ်ကောင်ကို လှမ်းပစ်ရာမှာ လုပ်ကွက်အနိီး အိမ်သာတက်နေတဲ့ အမျိုးသမီးတစ်ဦးဆီကို မတော်တဆထိကျည်မှန်သွားတာလို့ မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးပြောပါတယ်။ “အဲဒီအလုပ်ဆိုဒ်မှာ သမင်တစ်ကောင်တွေ့လို့ဆိုပြီး ရဲဘော် ၂ ဦးခေါ်လာတာ အဲဒီညနေ နည်းနည်းတော့မှောင်ပြီ၊ သိပ်မတွေ့တော့တဲ့အချိန်နေမှာ သမင်တစ်ကောင်ဖြတ်သွားတယ်ဆိုပြီး လှမ်းပစ်လိုက်တာ အဲဒီမိန်းကလေးရဲ့ လည်ပင်းမှာ ကျည်သွားထိမှန်တာ။” လို့ ပြောပါတယ်။  သေဆုံးသွားတဲ့ အမျိုးသမီးမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီး မြေရှားလုပ်ကွက်မှာ ထမင်းချက်တဲ့အလုပ်လုပ်ကိုင်နေသူဖြစ်ကာ သူမ အိမ်သာတက်နေစဉ် သေနတ်ကျည်လာထိမှန်လို့ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။ သေနတ်ပစ်ခတ်ပြီး မတော်တဆလူသတ်မှုကျူးလွန်သူ KIA တပ်ဖွဲ့ဝင် ၂ ဦးကို လက်ရှိ KIA တာဝန်ရှိသူတွေက ဖမ်းဆီးပြီး အရေးယူထားတယ်လို့ သိရပါတယ်။ သေဆုံးသွားသူ မိန်းကလေးအတွက်လည်း လျှော်ကြေးငွေတွေပေးအပ်မှုရှိတယ်လို့သိရပေမဲ့ အမှုဖြေရှင်းတဲ့ဖြစ်စဉ်အသေးစိတ်အတော့ မသိရသေးပါဘူး။ “သေနတ်ပစ်ခတ်မှုကြောင့် လူသေမှုဖြစ်ခဲ့တာတော့ မှန်ပေမဲ့ သောက်စားမူးယစ်ပြီး ဖြစ်တာတော့မဟုတ်ဘူး။ အဲဒီဆိုက်မှာ လာလည်တဲ့ ရဲဘော်တွေ မတော်တဆဖြစ်သွားတာ။ အခုအဲဒီ KIA တပ်သား ၂ ဦးကို ဖမ်းဆီးပြီး ထောင်မှာ ထည့်ထားတယ်။ အမှုအတွက် အရေးယူပြီး ထိခိုက်သေဆုံးသွားသူအတွက် နစ်နာကြေးဘာညာနဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်နဲ့ အရေးယူမှာပါ။” လို့ ပန်ဝါမှာတာဝန်ကျတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။   ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ KIA ရဲဘော်တွေနဲ့ မြေရှားလုပ်ကွ့က်က ထမင်းချက်ရေကြည့်အမျိုးသမီးတွေ သောက်စားမူးယစ်ရာမှသေနတ်ပစ်ခတ်လို့ ထမင်းချက်အမျိုးသမီးသေဆုံးသွားတယ်ဆိုတဲ့သတင်းထွက်ပေါ်နေပြီး ဒီသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း သူကဆက်ပြောပါတယ်။ “ခါတိုင်းလည်း အဲဘက်က ရဲဘော်တွေကို ပုံမှန်သားကောင်ပစ်စားနေကျ။အဲဒီညကလည်း အဲဒီလုပ်ဆိုဒ်မှာလည်း သမင်တစ်ကောင်တွေ့ထားလို့ သွားခေါ်လာတာဟုတ်တယ်။ အဲဒီညက အောက်ဘက်ပိုင်းမှာ ရဲဘော်သူငယ်ချင်းတချို့ ဘတ်ဒေးလည်းလုပ်နေတာဟုတ်တယ်။ အဲမှာတောင် အဲဒီ သေနတ်သံနဲ့ အဲဒီဖြစ်စဉ်ကြောင့် ပွဲပျက်သွားသေးတယ်။” လို့ မြေရှားလုပ်သားတစ်ဦးက ဆက်ပြောပါတယ်။ ချီဖွေ၊ ပန်ဝါ တရုတ်နယ်စပ်ဘက်မှ ရှားပါးမျိုးစိတ်သားကောင်တွေနဲ့ ဥပဒေနဲ့ကာကွယ်ထိန်းသိမ်းထားတဲ့ သားကောင်တွေကို စည်းကမ်းမဲ့ ပစ်သတ်စားတာတွေ ဆက်လက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။ By – ဂျဘောက်ရာ

    Read More »
  • Feb- 2026 -
    27 February
    သတင်း

    ပန်ဝါနယ်စပ်ဂိတ်ပိတ်လိုက်ပြီး မြေရှားလုပ်ကွက်တွေမှာ တရုတ်အလံလွှင့်ထူထား

    KIO/KIA  ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်လိုက်ပြီလို့ ဒေသတွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး  ဆန်၊ ဆီ၊ ဆားကုန်စိမ်းတွေတင်သွင်းနေတဲ့ ပန်ဝါနယ်စပ်ဂိတ်တံခါးကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  ပန်ဝါဒေသထဲမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာလည်း တရုတ်ကုမ္ပဏီတွေက တရုတ်နိုင်ငံ အလံတွေ လွှင့်ထူထားတယ်လို့ သိရပါတယ်။ “နယ်စပ်တံခါးလည်း ပိတ်လိုက်ပြီ၊ ကုန်စိမ်းတွေလည်း မဝင်တော့ဘူး။ ဆန်တွေလည်း မဝင်တော့ဘူး မနေ့က နေ့လည်ကစပြီး ပိတ်လိုက်တယ်ပြောတယ်။ တရုတ်တွေကတော့ လေယာဉ်လာမယ်ဆိုလို့တဲ့ အဲဒါပဲပြောတယ်။ လုပ်ကွက်တွေမှာ  ရိက္ခာချွေတာဖို့ ပြောနေတယ်။ လုပ်ကွက်တချို့မှာ တရုတ်အလံတွေထောင်ထားတာ လေယာဉ်လာမယ်ဆိုတဲ့သတင်းကြောင့်တဲ့။” လို့ ပန်ဝါမှာရှိတဲ့ လုပ်သားတစ်ဦးက ပြောပါတယ်။  လတ်တလော ပန်ဝါအနီးတစ်ဝိုက်မှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ တရုတ်လုပ်ငန်းရှင်တွေက လုပ်သားတွေကို ရိက္ခာချွေတာဖို့ ပြောဆိုထားတာတွေရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ပန်ဝါမြေရှားလုပ်ကွက်တွေမှာ စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲမယ်ဆိုလည်းသတင်းလည်းထွက်ပေါ်လာတဲ့နောက် တရုတ်လုပ်ငန်းရှင်တွေဟာ မြေရှားလုပ်သားတွေကို ဗုံးခိုကျင်းတူးခိုင်းထားတာတွရှိသလို မနေ့ကစပြီး လုပ်ကွက်နေရာတွေမှာအလံလွှင့်ထူတာလာတာဖြစ်တယ်လို့  မြေရှားလုပ်ကွက်မှာလုပ်ကိုင်နေသူတွေပြောပါတယ်။ ဒါ့အပြင် မြေရှားလုပ်ငန်းဆိုဒ်တစ်ချို့ ရပ်နားလိုက်တာတွေ ရှိနေတယ်လို့သိရပြီး အလားတူ ဒီအပတ်အတွင်းမှာပဲ မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းလည်း ပိတ်လိုက်ပြီလို့သိရပါတယ်။ ခုလို လုပ်ငန်းပိတ်၊လမ်းတွေပိတ်လိုက်တဲ့အတွက် ပန်ဝါထဲမှာရှိနေတဲ့သူတွေ အဖက်ဖက်ကနေခက်ခဲလာနေတယ်လို့ ပန်ဝါမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးလည်း အခုလို ပြောပါတယ်။ “မြစ်ကြီးနားပြန်မယ် လုပ်ထားတာ လမ်းလည်းပိတ်သွားပြီ။ ပန်ဝါမှာလည်း အလုပ်လည်းအဆင်မပြေ၊ အလုပ်လည်းမရလို့ အရမ်းခက်နေတယ်။ အခြေအနေမကောင်းလို့ ကားလမ်းပိုင်းလည်း ပိတ်လိုက်ပုံပဲ။ ကားတွေလည်း မတက်တော့ဘူး။ တရုတ်တွေက ဆိုဒ်တစ်ချို့ပိတ်လိုက်ပြီ။ ဆိုဒ်တစ်ချို့မှာ သူတို့နဲ့ တရုတ်အလံတွေ လွှင့်ထူထားတယ်။” လို့ ပြောဆိုပါတယ်။  လက်ရှိ ပန်ဝါမြို့အနီးတစ်ဝိုက် လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ပျံ့နှံ့နေပြီး တရုတ်ဘက်မှ တရုတ်ကုမ္ပဏီတွေကို ကြိုပြောထားတဲ့အခြေနေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။  ခုလိုမြေရှားလုပ်ကွက်တချို့ပိတ်လိုက်တဲ့အပြင် ကားလမ်းတွေလည်းပိတ်လိုက်တာကြောင့် ပန်ဝါမှာပိတ်မိနေတဲ့ သူတွေလည်းရှိနေသလို လေယာဉ်ဗုံးကြဲမယ်သတင်းကြောင့် အားလုံးစိုးရိမ်စိတ်နဲ့နေနေရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှာ တရုတ်အစိုးရဟာ KIO နဲ့ တွေ့ဆုံမှုတစ်ခုရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် တရုတ်နှင့် KIO ဆွေးနွေးမှု နောက်ဆက်တွဲအခြေအနေကိုမသိရသေးတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့သဘောတူထားပြီး KIO ကို ဝိုင်းဖိအားပေးနေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 20 February
    သတင်း

    မြေရှားလုပ်ငန်းခွင်မှာ လုပ်ခလစာပိုလျော့နည်းလာတယ်လို့ အလုပ်သမားတွေပြော

    ကချင်ပြည်နယ်အထက်ပိုင်း ပန်ဝါ၊ချီဖွေ၊ဖရဲဒေသက မြေရှားလုပ်ကွက်တွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ လုပ်ခလစာရရှိမှု ပိုပြီးလျော့နည်းလာတယ်လို့ မြေရှားလုပ်ကွက်မှာ လုပ်ကိုင်နေသူတွေပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အထိ မြေရှားလုပ်ကွက်မှာ ထမင်းချက်တာ၊ ရေကြည့်တာ၊ ကျင်းတူးတာ၊ အထွေထွေလုပ်သားအားလုံး တစ်လလျှင် တရုတ်ယွင်ငွေ ၅၀၀၀ ဝန်းကျင်ရရှိကြပေမယ့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လုပ်ခလစာ တရုတ်ယွမ်ငွေ ၄၀၀၀ အောက်သာ ရရှိကြောင်း မြေရှားလုပ်ကွက်မှာအလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်က ဘယ်အလုပ်လုပ်ပဲဖြစ်ဖြစ် ယွင် ၅၀၀၀ ဝန်းကျင်ရတယ်။ ခုက မရတော့ဘူးလေ အများဆုံး ယွမ် ၃၉၀၀ လောက်ပဲရတယ် ဒါအများဆုံးပဲ။ လစာကပိုနည်းလာတယ်”လို့ ပြောပါတယ်။ မြေရှားဆိုတာ ဖုန်း၊ ကွန်ပျူတာ၊ လျှပ်စစ်ကားဘက်ထရီနဲ့ နည်းပညာပစ္စည်းအများအပြား ထုတ်လုပ်ရာမှာ အသုံးပြုရပြီး  နိုင်ငံတကာဈေးကွက်မှာ အရေးကြီးတဲ့ သယံဇာတတစ်ခုဖြစ်သလို ရွှေ၊ကျောက်စိမ်းထက်အဖိုးတန်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေကဆိုပါတယ်။ ဒါပေမယ့် ဒီလို အရေးကြီး၊တန်ဖိုးကြီးတဲ့ သယံဇာတကို တူးဖော်ထုတ်လုပ်နေတဲ့အလုပ်သမားတွေကတော့ အကျိုးခံစားခွင့် လုပ်ခလစာ တစ်နေ့ထက်တစ်နေ့ ပိုပြီးနည်းလာနေတာလည်းဖြစ်ပါတယ်။ မြေရှားလုပ်ကွက်မှာလုပ်ကိုင်ရတဲ့အမျိုးအစားတွေက ကျင်းတူးတာ ၊ထမင်းချက်တာ၊ရေကြည့်တာအပြင် လုပ်ကွက်မှာလိုအပ်သမျှအလုပ်တွေကို လုပ်ပေးရတဲ့အထွေထွေလုပ်သားစသဖြင့် အလုပ်အမျိုးစားခွဲထားတယ်လို့ သိရပါတယ်။ ရေကြည့်တဲ့အလုပ်ကို နေ့ဆိုင်း၊ညဆိုင်းခွဲထားပြီး အဓိက မြေရှားစစ်ယူနိုင်ဖို့ အက်ဆစ်နဲ့ရေကိုဆတူရောထားတဲ့ (မြေသားအရည်ပျော်ဆေး) သိုလှောင်ကန်ကနေတစ်ဆင့် ရေပိုက်သွယ်တန်းတဲ့တစ်လျှောက် ရေပိတ်၊ မပိတ်လိုက်ကြည့်ရတဲ့အလုပ်ဖြစ်တယ်လို့ သိရပါတယ်။ ရေပိတ်နေတဲ့ ပိုက်တွေကို ရှင်းရတာ၊ ရေပိုက်သွယ်ထားတဲ့အတိုင်း တောင်ပေါ်၊တောင်စောင်း၊ တောင်အောက် ရေကန်အထိ လိုက်ကြည့်ရတာဖြစ်ပြီး မိုးတွင်းကာလဆို ပိုအန္တာရယ်များတယ်လို့ လုပ်ငန်းခွင်မှာလုပ်က်ိုင်နေသူတစ်ဦး ခုလိုပြောပါတယ်။ ဒီအလုပ်ဟာ ညအချိန်မတော် လိုက်ကြည့်ရပြီး မိုးတွင်းကာလဆို တောင်ပြိုတာကြုံနိုင်ပြီး အန္တရယ်ကြီးတဲ့အလုပ်ဖြစ်ပေမယ့် တရုတ်ယွင်ငွေ ၃၈၀၀ အထိ ရရှိတယ်လို့ သိရပါတယ်။ “ရေကြည့်တဲ့အလုပ်က လွယ်တယ်ထင်ကြတယ် တကယ်တော့မလွယ်ဘူး။ တောင်တွေတက်ပြိီး ရေပိုက်သွယ်ထားတဲ့တစ်လျှောက် တောင်တက်၊တောင်ဆင်းလိုက်ကြည့်ရတာဟုတ်တယ်။ မိုးတွင်းဆို တောင်တွေပြိုနိုင်တယ် အန္တရာယ်လည်းရှိတာ ညဆိုရင်လည်း ရေပိတ်နေပြီဆိုရင်သွားကြည့်ရတယ်။ ဒါတောင် လစာက အရင်လိုမရဘူး”လို့ ပြောပါတယ်။ နောက်ထပ် ကျင်းတူးတဲ့အလုပ်ဆိုတာက အပေါ်ကျင်း၊ဘေးကျင်းရှိပြီး အပေါ်ကျင်းဆိုတာ သံချောင်းတွေနဲ့ ၉ မီတာအထိဖောက်ရတဲ့အလုပ်ဖြစ်တယ်လို့သိရပြီး လစာက…

    Read More »
  • Jan- 2026 -
    26 January
    သတင်း

    မြေရှားသတ္တုကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေမည့် နည်းလမ်းဖြင့် တူးဖော်ဖို့ ညှိနှိုင်းထားတယ်လို့ KIO ပြော

    တရုတ်ကုမ္ပဏီတွေဘက်ကတော့ တောင်တစ်တောင်ကို မြေရှားတူးပြီးနောက် အမှိုက်အိတ်တွေကို နိုင်သမျှ သိမ်းစည်း သွားတာကလွဲပြီး ပတ်ဝန်းကျင်ကို ပြန်လည်မွမ်းမံပြင်ဆင်ပေးတာ မရှိသေးဘူးလို့ လုပ်သားတွေက ပြောပါတယ်။

    Read More »
  • Nov- 2025 -
    21 November
    သတင်း

    ချီဖွေ၊ ပန်ဝါလမ်းပိုင်း KIA ဂိတ်စောင့်တဲ့ တပ်ဖွဲ့ဝင်တွေကို သေချာစီစစ်ခန့်အပ်ဖို့ ဒေသခံတွေတောင်းဆို

    ချီဖွေ – ပန်ဝါကြား KIA ဂိတ်နေရာတွေမှာ လမ်းသွားလမ်းလာပြည်သူတွေနဲ့ ဂိတ်စောင့်တဲ့တပ်ဖွဲ့ဝင်တွေကြား ပြဿနာမဖြစ်အောင် တာဝန်ရှိသူ‌တွေအနေနဲ့ သေချာစွာ တာဝန်ယူလုပ်ဆောင်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ ချီဖွေမြို့ကနေ ၁၄ မိုင်အကွာ ချီဖွေနဲ့ ပန်ဝါကြား လန်ဂျော်ရွာအထက် လုပ်ဝါန်ရွာ…

    Read More »
  • Dec- 2024 -
    13 December
    သတင်း

    ကချင်ဒေသ နယ်စပ်ဂိတ်တစ်ချို့ပြန်ဖွင့်ပြီ

    ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တစ်ချို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်ဖွင့်လိုက်ပြီလို့ KNG က စုံစမ်းသိရှိရပါတယ်။ တရုတ်–ကချင်နယ်စပ်မှာတော့ KIO ဌာနချုပ်ရှိရာ လိုင်ဇာနယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ် ဂိတ်၊ ပန်ဝါမြို့နယ်စပ်ဂိတ်၊ ကံပိုင်တည်နယ်စပ်ဂိတ်၊ ဖီမော်နယ်စပ်ဂိတ် စတဲ့ဂိတ်…

    Read More »
  • 2 December
    သတင်း

    ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် စစ်တပ်က လေကြောင်း၊ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် မြို့တွင်း၊မြို့ပြင် စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း နယ်စပ်ဒေသတွေဖြစ်တဲ့  ဆဒုံး၊ ချီဖွေ၊ ကန်ပိုင်တည်၊ ပန်ဝါ စတဲ့မြို့တွေအပါအဝင် နယ်မြေအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်လိုက်ပြီးနောက် KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့ ပုံမှန်ဗုံးကြဲ တာအပြင် မြို့အဝင်အထွက် လုံခြုံရေးတင်းကြပ်ပြီး စစ်ရေးလှုပ်ရှားတာမှု စတင်လာတာဖြစ်တယ်လို့ ဝိုင်းမော်မြို့ခံ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။  “ဒီတလောက ပိုသိသာလာတယ် သူတို့ သတင်းဘယ်လိုတွေရနေလဲတော့ မသိဘူး။ ၅၈ တပ်ရင်းရှေ့မှာလည်း လမ်းတွေပိတ်ထားတယ်။ ပန်ဝါ၊ကန်ပိုင်တည်သိမ်းပြီးနောက် ဒီဘက်မှာ အခြေအနေထူးလာတယ်…

    Read More »
  • Nov- 2024 -
    15 November
    သတင်း

    KIA သိမ်းပိုက်နယ်မြေတွေမှာ လူထုအသံနားထောင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တောင်းဆို

    ကချင်ပြည်နယ်အရှေ့ဘက်၊ တရုတ်နယ်စပ်ရှိ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ KIO အစိုးရအနေဖြင့် အုပ်ချုပ်စနစ်ကို စတင်ထူထောင်တဲ့အခါ ဗဟိုအမိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်တဲ့စနစ် မဟုတ်ဘဲ ဒေသခံအသံကို အခြေခံတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ လိုအပ်ကြောင်း ဒေသခံတချို့ ပြောဆိုပါတယ်။…

    Read More »
  • Oct- 2024 -
    28 October
    အင်တာဗျူး

    နယ်စပ်ဒေသမှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ KIA ကို တရုတ်ဖိအားပေးနေတာ ဘာကြောင့်လဲ

    မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကချင်အထူးဒေသ(၁)၊ ကချင်ဒီမိုကရေသစ်တပ်မတော် (NDA-K )ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ အုပ်ချုပ်နယ်မြေတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အောက်တိုဘာလအတွင်းမှာပဲ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်နဲ့ တပ်ရင်း ဌာနချုပ်အပါအဝင် တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ KIA ရဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးဟာ…

    Read More »
  • 16 October
    သတင်း

    ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသ တိုက်ပွဲဟာ လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ KIO ပြော

    ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်နေတာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကချင်လူထု မျှော်လင့်နေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်အောင်…

    Read More »
Back to top button