ပူတာအို

  • Apr- 2025 -
    21 April
    သတင်း

    ပူတာအိုမှာ သောင်းကျန်းနေတဲ့ဆင်ကို ပစ်သတ်လိုက်နိုင်ပြီမို့ ဒေသခံတွေ နေရပ်ပြန်

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီကျေးရွာမှာ မုန်ယိုပြီးသောင်းကြမ်းနေတဲ့ ဆင်ကိုပစ်သတ်လိုက်နိုင်ပြီမို့ ဒေသခံတွေနေရပ်ပြန်ကြပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ မူလာဒီကျေးရွာ ဒေသခံအမျိုးသမီး ၄ ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ အဲဒီဆင်ကို ဒီနေ့ ဧပြီ ၂၁…

    Read More »
  • 18 April
    သတင်း

    ပူတာအိုမှာ အမျိုးသမီးတစ်ဦး မှိုအဆိပ်သင့်ပြီးသေဆုံး

    ကချင်ပြည်နယ် ပူတာအိုမြို့နယ် အင်နဒူးရွာမှာ အမျိူးသမီးတစ်ဦး မှိုချက်စားရာကနေ မှိုအဆိပ်သင့်ပြီးသေဆုံးမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့နယ် အင်နဒူကျေးရွာမှာ ဧပြီလ ၁၇ ရက် ‌မ‌နေ့က မိသားစုတစ်စု မှိုဟင်းချက်စားရာကနေအသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦးနဲ့အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး…

    Read More »
  • 18 April
    သတင်း

    ပူတာအိုမှာ ဆင်တိုက်ခိုက်ခံရလို့အမျိုးသမီး ၄ ဦးသေဆုံး

    ပူတာအိုမြို့နယ် မူလာဒီကျေးရွာမှာ ဆင်တစ်ကောင်သောင်းကျန်းလို့ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရတယ်လို့ KNG က စုံစမ်းသိရပါတယ်။ သေဆုံးသူတွေဟာ အသက် ၈၀ ကျော်အရွယ်အမျိုးသမီး ၃ ဦးနဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အဲ့ဒီထဲမှာ…

    Read More »
  • 17 April
    သတင်း

    မလိခချောင်းမှာ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး ရုပ်အလောင်းရှာမတွေ့

    ကချင်ပြည်နယ် မချမ်းဘော့မြို့ မလိခချောင်းထဲမှာ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးပြီး ရုပ်အလောင်းကို ဒီနေ့ထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေပြောပါတယ်။ ဖြစ်စဉ်မှာ ဧပြီလ ၁၇ ရက် မွန်းလွဲ ၁နာရီဝန်းကျင် မချမ်းဘော့မြို့အနီး မလိခချောင်းဘေးတစ်နေရာမှာ လူတစ်စုပျော်ပွဲ စားထွက်ရာကနေ အမျိုးသမီးသုံးဦး…

    Read More »
  • 7 April
    သတင်း

    ပူတာအိုမြို့လယ်မှာ လောင်းကစားဝိုင်းဖွင့်လှစ်

    ကချင်ပြည််နယ် ပူတာအိုမြို့လယ်ခေါင်မှာ လောင်းကစားဝိုင်းဖွင့်လှစ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်မှာရှိတဲ့ ”ရွှေတောင်”ဂိုဒေါင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလစပြီး ခြောက်ကောက်ဂျင်၊ ငါးပစ်ဂိမ်း၊ရှမ်းကိုးမီးနဲ့စတဲ့ လောင်းကစားဝိုင်းတွေဖွင့်လှစ်ထားတယ်လို့ လုံးစွတ်ရပ်ကွက်‌နေအမျိုးသားတစ်ဦး KNG သတင်းဌာနကိုပြောပါတယ်။ “လမ်းမကြီးဘေးမှာပဲ လုံးစွတ်နဲ့လေယာဥ်ကွင်းရပ်ကွက်အစပ်ပေါ့ အဲ့ရွှေတောင်ဂိုထဲမှာအကြီးကြီးပဲဆောက်ထားတာ။ အဲ့ထဲဖွင့်ထားတယ် ဘိလိယက်ခုံးလည်းဖွင့်ထားတယ် ငါးပစ်ဂိမ်း ခြောက်ကောင်ဂျင်ဝိုင်းတွေရှိတယ်”လို့…

    Read More »
  • 2 April
    သတင်း

    ပူတာအို တိမ်ပင်လယ်အပန်းဖြေစခန်း‌ရှေ့မှာ စစ်ကောင်စီတပ်က တပ်စွဲအထိုင်ချ

    ကချင်ပြည်နယ် ပူတာအိုမြို့အပန်းဖြေလည်ပတ်စရာနေရာတစ်ခု ဖြစ်တဲ့ ‘ပူတာအို တိမ်ပင်လယ်’နဲ့ မျက်နှာချင်းဆိုင်နေရာရှေ့မှာ စစ်ကောင်စီတပ်က တပ်စွဲထားကြောင်းပူတာအို ဒေသခံတွေဆီက‌နေသိရပါတယ်။ ပူတာအိုမြို့ရဲ့ အနောက်ဘက်မြို့နဲ့ ၁၀ မိုင်ဝန်းကျင်ကွာဝေးတဲ့ ပူတာအိုတိမ်ပင်လယ်နဲ့ မျက်နှာချင်းဆိုင်နေရာမှာ စစ်ကောင်စီတပ်က အင်အားသုံးပြီး တပ်စခန်းအသစ်ထိုင်နေကြောင်း ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG…

    Read More »
  • Mar- 2025 -
    26 March
    သတင်း

    မိုးရွာသွန်းမှုကြောင့် ပူတာအို – ခေါင်လန်ဖူး ကားလမ်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာပြတ်တောက်

    မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေပြီး အသွားအလာတွေပြတ်တောက်နေတယ်လို့သိရပါတယ်။ ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းမှာ မတ်လလဆန်းကတည်းကစပြီး လက်ရှိအချိန်အထိ မိုးတွေအဆက်မပြတ်ရွာသွန်းနေတာကြောင့် ကားလမ်းပိုင်း​မြေပြိုတာ၊ တံတားတွေပျက်စီးတာတွေကြောင့် ကား၊ဆိုင်ကယ်တွေအသွားအလာပြတ်တောက်နေတယ်လို့ ခေါင်လန်ဖူးမြို့ နေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ခေါင်လန်ဖူးလမ်းက သွားလို့မရတာဒီပတ်နဲ့ဆို နှစ်ပတ်တိတိရှိပြီနော် တစ်နေရာ နှစ်နေရာပဲ…

    Read More »
  • 13 March
    သတင်း

    ပူတာအိုက သက်ငယ်မဒိမ်းမှုကျူးလွန်တဲ့တရားခံကိုကြိုးမိန့်ချမှတ်လိုက်တယ်လို့ဆို

    ကချင်ပြည်နယ် ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို မဒိမ်းကျင့်သတ်ဖြတ်လိုက်တဲ့ တရားခံအမျိုးသားကို နေပြည်တော်တရားရုံးမှ ကြိုးမိန့်ချလိုက်တယ်လို့ သိရပါတယ်။ သက်ငယ်မဒိမ်းမှုကျူးလွန်တဲ့ အသက် ၂၄ နှစ်အရွယ် တရားခံကိုကျော်သူရကို ပူတာအိုခရိုင်တရားရုံးကနေ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်  ဩဂုတ်လ ၆ ရက်နေ့သက်ငယ်မဒိမ်းမှုနဲ့ လူသတ်မှုပုဒ်မနှစ်ခုနဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သို့သော် ပြစ်မှုကျူးလွန်တဲ့တရားခံဘက်က နေပြည်တော်တရားရုံးမှာ အယူခံပြန်ဝင်ခဲ့တယ်လို့သိရပေမယ့် တရားရုံးက အယူခံကို ပယ်ချခံလိုက်ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နေပြည်တော်တရားရုံးကနေ ကြိုးမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ အဲဒီအမှုကို လိုက်ပေးနေတဲ့ ရှေ့နေကိုမေးကြည့်တော့ နေပြည်တော်မှာ သေဒဏ်ကြိုးမိန့်ပေးလိုက်တယ်လို့ ပြောပြတယ်။ ကျန်တာ ဘယ်လိုဆက်ဖြစ်သွားပြီလဲတော့ အသေးစိတ်ပြန်မကြားမိသေးဘူး”လို့ လို့ ပူတာအိုဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ အခုလို သက်ငယ်မဒိမ်းမှုကျူးလွန် သတ်ဖြတ်ခဲ့တဲ့ တရားခံကို နေပြည်တော် တရားရုံးက တရားစီရင်ခဲ့တဲ့အပေါ်မှာ ပူတာအို ဒေသခံ အမျိုးသားက အခုလို ဆက်ပြောပါတယ်။ “ဒီအမှုကို ကြိုးမိန့်ချလိုက်တဲ့အပေါ် အရမ်းကြီး ကျေနပ်သွားတာမျိုးတော့မရရှိပေမယ့် မှန်ကန်တဲ့ တရားစီရင်ရေးတစ်ခုလို့တော့ မြင်ပါတယ်။ အခုဆုံးသွားတဲ့ ကလေးငယ်က အသက်လည်း မပြည့်သေးသလို ဘာအပြစ်မှမရှိတဲ့ သူဖြစ်တယ်။ ကျနော်တို့ ပြောဆိုချင်တာက ဆက်ပြီးတော့လည်း ဒေသအတွင်းမှာ ဒီလိုမျိုး လုပ်ရပ် ဖြစ်လာခဲ့ရင်လည်း ထိထိရောက်ရောက် ပြစ်ဒဏ်ပေးဆုံးမစေချင်တယ်”လို့ပြောပါတယ်။ လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို နေပြည်တော်တရားရုံးကနေ ကြိုးမိန့်ချမှတ်ထားတယ်လို့ သိရပေမယ့် တရားစီရင်မှုကို ဆက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကို KNG  ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ ပေမယ့် ဖုန်းဆက်သွယ်လို့မရခဲ့တာဖြစ်ပါတယ်။ သက်ငယ်မဒိမ်းမှုကို အမှုမှန်ပေါ်ပေါက်လာဖို့နဲ့ ပြစ်မှုကျူးလွန်သူကို တရားစီရင်နိုင်ဖို့အတွက် ပူတာအိုဒေသခံပြည်သူတွေ ထောင်နဲ့ချီ ဆန္ဒပြတောင်းဆိုခဲ့ကြသလို အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိတဲ့သူတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ မေလ ၁၃ ရက်နေ့မှာ ပြစ်မှုကျူးလွန်သူကိုထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ သက်ငယ်မဒိမ်းပပျောက်ရေးနဲ့ အမျိုးသမီးများဘေးကင်းလုံခြုံရေး ခေါင်းစဉ်နဲ့ ပူတာအိုဒေသခံ ငါးထောင်ကျော် လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။…

    Read More »
  • 10 March
    သတင်း

    တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လုံရှာယာန်ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်တာတွေရှိနေ

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာဘက် တိုက်ပွဲဖြစ်ပွားလာနိုင်တယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် ကျေးရွာနေပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီစစ်သားအင်အားအလုံးအရင်းနဲ့တပ်စွဲထားတဲ့ လုံရှာယာန်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့သတင်းဟာ ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဒေသခံတွေကြားပျံ့နှံ့နေတဲ့အတွက် လုံရှာယာန်ကနေ ပူတာအိုမြို့ဘက်ကြိုတင်တိမ်းရှောင်တာတွေလုပ်နေကြတယ်လို့ ပူတာအိုမြို့ပေါ်တိမ်းရှောင်လာတဲ့ လုံရှာယန်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဒီတစ်ခေါက်ကသေချာမယ်ထင်တယ် လုံရှာယန်တိုက်မယ်ဆိုတာတော့ ကြားနေရတာကြာပြီ။ ဒါပေမယ့် ကလေးတွေစာမေးပွဲမပြီးသေးလို့မတိုက်သေးတာ ကလေးတွေစာမေးပွဲပြီးရင်တော့တိုက်မယ်ဆိုပြီးသတင်းထွက်နေတော့ အခုစာမေးပွဲ ပြီးကြပြီလေ။ ဟုတ်ဟုတ်မဟုတ်ဟုတ်ကြိုတင်တိမ်းရှောင်တာကောင်းတယ်ဆိုပြီး မြို့ပေါ်ကိုရောက်လာတာမိသားစုလိုက်”လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ အခြေခံစာသင်ကျောင်းစားမေးပွဲပြီးတာနဲ့ လုံရှာယာန်ရွာမှာတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး…

    Read More »
  • Feb- 2025 -
    26 February
    သတင်း

    ပူတာအို ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်လို့ ဆေးကုစရိတ် အကုန်ကျ များနေ

    ကချင်ပြည်နယ်မြောက်ပိုင်း၊ ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးပြတ်တောက်သွားသောကြောင့် အပြင်ဆေးဆိုင်တွေကို အားကိုးနေရပြီး ဆေးကုစရိတ်အကုန်အကျ များနေတယ်လို့ သိရပါတယ်။ ဆေးလာကုတဲ့ လူနာတွေအနေနဲ့ အပြင်ဆေးဆိုင်တွေမှာ ဝယ်ယူနေရလို့ ဆေးကုစရိတ်တွေအကုန်အကျ များနေတယ်လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောဆိုလာပါတယ်။ “သူတို့ပဲ လုပ်စားနေကြတာလား တကယ်ပဲဆေးဝါးတွေ မချပေးတော့ တာလားမသိဘူး။ ဟိုနေ့က နေမကောင်းလို့…

    Read More »
Back to top button