မြစ်ကြီးနား
-
Mar- 2026 -6 Marchသတင်း
မြစ်ကြီးနားလေကြောင်းလိုင်း မတ်လ ၉ ရက်နေ့ဖွင့်မယ်ဆိုတဲ့သတင်း မှန်ကန်မှုမရှိဟုဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ လေဆိပ်လေကြောင်းလိုင်းအားလုံး မတ်လ ၉ ရက်နေ့ကစပြီး ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲတော့မယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ လေဆိပ်ဝန်ထမ်းတွေပြောပါတယ်။ လက်ရှိ လူမှုကွန်ယက်ပေါ်မှာ လေကြောင်းခရီးစဉ်တွေအားလုံး မတ်လ ၉ ရက်နေ့ကစပြီးပြန်ဖွင့်တော့မယ်ဆိုတဲသတင်းတွေနဲ့အတူ လေယာဉ်လက်မှတ်တွေလည်း ရောင်းချနေတာကို မြင်တွေ့နေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားလေဆိပ်…
Read More » -
5 Marchသတင်း
မြစ်ကြီးနားမှာ သဲကျောက်ကားတွေကြောင့်လမ်းတွေပျက်စီးလာ
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ ကရပ်ကွက်တချို့ရဲ့လမ်းကြားတွေထဲ သဲကျောက်ကားကြီးများမကြာခဏဖြတ်သန်းသွားလာနေတဲ့အတွက် ကိုယ်ထူကိုယ်ထလမ်းတွေအပါအဝင် လမ်းပိုင်းပျက်စီးမှုတွေရှိလာတယ်လို့မြို့ခံတွေကပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးခေါင်းစဥ်နဲ့ စစ်ကော်မရှင်လက်အောက်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မြစ်ကြီးနားမြို့ စီတာပူ၊ မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တွေရဲ့ မြစ်ကြောင်းတစ်လျှောက်က သဲကျောက်တွေကို တူးဖော်နေပြီး တုံဖုန်းကားကြီးတွေနဲ့နေ့စဥ်…
Read More » -
5 Marchသတင်း
မြစ်ကြီးနား-မန္တလေးလမ်းမရှိ ကျေးရွာတွေမှာ KIA စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများဝေဖန်
ကချင်ပြည်နယ်ရဲ့ဝင်ပေါက် မော်လူးမြို့နဲ့ နဘားရွာကြားက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအပါအဝင် ခရီးသွားကားပေါ် လိုက်ပါလာတဲ့ လူငယ်အမျိုးသား၊အမျိုးသမီးတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စုဆောင်းရေးဆွဲနေတဲ့အပေါ် ဒေသခံများအကြား ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းကစလို့ အခုလိုခရီးသွားတွေနဲ့ မော်လူး–နဘား ဒေသတစ်ဝှိုက်နေထိုင်တဲ့ဒေသခံတွေအပါအဝင် အဲ့ဒီလမ်းပိုင်းကို…
Read More » -
4 Marchသတင်း
မြစ်ကြီးနားမြို့မှာ ဘော်ဒါဆောင်တစ်ခု မီးလောင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘော်ဒါဆောင်တစ်ခု မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည(ဖေဖော်ဝါရီ ၃ရက်) ၇နာရီဝန်းကျင် ခေမာသီရိ လမ်းသွယ် ၂၁ မှာရှိတဲ့ ပညာအလင်းတန်းဆိုတဲ့ ဘော်ဒါဆောင် မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “စာအုပ်တွေ ဘာမရလိုက်ဘူးလို့…
Read More » -
3 Marchသတင်း
မြစ်ကြီးနားမှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်ဆက်တိုက် လုယက်ခံနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်တွေကို အကြမ်းဖက်လုယက်ခံတာတွေ မကြာခနကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေဆီကနေ သိရပါတယ်။ KNG ရဲ့ စုံစမ်းထားချက်အရ လုယက်ခံရတဲ့ ဖြစ်စဉ်တွေဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလကုန်ထိ ၁၅ ကြိမ်ထက်မနည်းရှိနေပါတယ်။…
Read More » -
2 Marchသတင်း
မြစ်ကြီးနားလေကြောင်းလိုင်းရပ်ထားတဲ့အပေါ် ပြည်သူတွေရဲ့အမြင်ဘယ်လိုရှိလဲ
မြစ်ကြီးနားမြို့ရဲ့ လေကြောင်းခရီးစဉ်အားလုံး ယာယီရပ်နားလိုက်တာ ခုဆို ၁၀ ရက်တိတိရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ည ၈ နာရီခွဲဝန်းကျင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ ATR-72-600 ခရီးသည်တင်လေယာဉ်တစ်စင်း မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာဖို့ ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လေယာဉ်အမြီးပိုင်းအနည်းငယ်ထိမှန်ပျက်စီးခဲ့ပါတယ်။ စစ်တပ်ဘက်ကတော့ ဒီပေါက်ကွဲမှုအပေါ် KIA/PDF ရဲအကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်းထုတ်ပြန်လာပြီး ပြင်းထန်တဲ့တုံးပြန်မှုလုပ်ဆောင်သွားမယ်လို့ဆိုကာ လေကြောင်းခရီးစဉ်အားလုံးရပ်နားထားတာဖြစ်ပါတယ်။ မြန်မာပြည်အထက်ပိုင်းမှာရှိတဲ့ ကချင်ဒေသဟာ အာဏာသိမ်းပြီးနောက် ကုန်းလမ်းဖြစ်တဲ့ ရန်ကုန်–မန်းလေး–မြစ်ကြီးနားဗျူဟာလမ်းမကြီးရှိပေမယ့ စစ်ရေးအခြေနေကြောင့် လမ်းပိုင်းကြန့်ကြာမှုတွေရှိနေတဲ့အတွက် လေကြောင်းလိုင်းကိုအဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ခုလို လေယာဉ်ခရီးစဉ်အားလုံးရပ်နားလိုက်တဲ့ မြစ်ကြီးနားကနေ မန်းလေး–ရန်ကုန်ဆင်းမယ့် ခရီးသည်တွေ၊ ဆေးကုရက်ချိန်းထားသူ၊အရေးပေါ် ဆေးကုသဖို့ သွားရမယ့် လူနာတွေ၊ ပြည်ပကနေ ပြန်လာရမယ့်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်းသား၊သူတွေ အဖက်ဖက်ကနေ ပိုပြီးခက်ခဲကြပ်တည်းလာနေကြတာလည်းဖြစ်ပါတယ်။ ခုလိုလေကြောင်းခရီးစဉ်အားလုံး ရပ်နားထားတဲ့အပေါ် ခရီးသွားရေးတင်မကဘဲ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝအပေါ် ထိခိုက်မှုများစွာ ရှိနေပြီး အချိန်ကြာမြင့်စွာ ဆက်ပိတ်ပင်ထားမယ်ဆိုရင် ဒေသစီးပွားရေး ကျဆင်းနိုင်သလို လူထုရဲ့ နေ့စဉ်ဘဝလည်း ပိုမို ခက်ခဲလာနိုင်ပါတယ်။ ဒီအခြေအနေအပေါ် မြို့ခံတွေ ဘယ်လိုမြင်ကြလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရလဲဆိုတာကို KNG ကို မေးမြန်းထားပါတယ်။ မြစ်ကြီးနားမြို့နေ အမျိုးသားလူငယ်တစ်ဦး “လေကြောင်းလိုင်းတွေ အကုန်ပြန်ပိတ်သွားတော့ အကုန်လုံးက ညီးနေကြတယ်။ ဘာမှ မလုပ်တတ်သလို ဖြစ်သွားတယ်။ အကုန်လုံးက လေယာဉ်တစ်မျိုးနဲ့ဘဲ သွားနေတာကို လေယာဉ်ပြန် ပိတ်သွားတော့ ဘယ်မှမသွားတတ် မလုပ်တတ်နဲ့ အကုန်လုံးက။ ဘယ်လိုပြောရမလဲ ဟိုးအောက်ကို ပြန်ရောက်သွားသလို။ လေယာဉ်က ဘယ်အချိန်ပြန်ဖွင့်မလဲမသိတော့ အကုန်လုံးက အာရုံနှောက်ကုန်တာ။ ပြီးတော့ လောလောဆယ် မြစ်ကြီးနားမှာ ဖြစ်နေတာက အကုန်ကြောက်ပြီး စိုးရိမ်နေတယ်။ မြစ်ကြီးနားမှာ ဘယ်အချိန်တိုက်ပွဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ အကုန်လုံးက ကြောက်ပြီး နေနေရတယ်” ကိုးရီးယားသွားဖို့ ပြင်ဆင်နေတဲ့ လူငယ် အမျိုးသမီးတစ်ဦး “ကားနဲ့ သွားမယ်ဆိုရင် မလုံခြုံဘူးလေ။ လေယာဉ်နဲ့ဘဲ သွားရမှာ ။ အခုကျွန်မတို့ဆို ကိုးရီးယားသွားရတော့မှာ ရန်ကုန်တက်ရတော့မှာကွာ ခုလို လေယာဉ်တွေ ပိတ်သွားတော့ ကျွန်မတို့က ဘယ်လိုမှ လုပ်လို့မရနေဘူးကွာ။ ဘယ်လိုမှ လုပ်လို့မရတဲ့အတွက် ကားနဲ့ သွားမယ်ဆိုရင်လည်း မလုံခြုံဘူး အရမ်းခက်ခဲတယ်။ သွားလာရေးလည်း ပိုခက်လာတယ်။ လေယာဉ်ကဆို ပစ္စည်းတွေ ပိုရင်လည်း အမြန်ရောက်တယ်။ ကားနဲ့ဆိုရင် အရမ်းကြာတယ်လေ နှစ်ပတ်သုံးပတ်ကြာတယ်။ အရမ်းမကောင်းဘူး လုံးဝမကောင်းဘူး။ လေယာဉ်က အမြန်ဖွင့်ရင်ကောင်းမယ်” မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦး “ကျွန်တော်ထင်တာက အဲလောက်အကြာကြီးတော့ သူတို့မပိတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့လည်း လေယာဉ်နဲ့ဘဲ သွားလာနေတော့ အဲလောက်ကြာအောင် ပိတ်ထားလို့ မရလောက်ဘူး။ ဒါကြောင့် ကျွန်တော်က ဒီအတောအတွင်း ပြန်ဖွင့်မယ်လို့ ထင်တယ်။ သူတို့လည်း ခရီးသွားရမယ်ဆိုရင် လေယာဉ်နဲ့ဘဲ သွားရမှာပေါ့ ကားနဲ့မှ သွားလို့မရတာ။ ဒါကြောင့် ဘာဘဲ ဖြစ်ဖြစ် သူတို့ ပြန်ဖွင့်လာမယ်လို့ထင်တယ်။ မြစ်ကြီးနားမြို့ခံ အမျိုးသမီး လူငယ်တစ်ဦး “အခက်အခဲက အရမ်းများတယ်။ တကယ်လို့ ကိုယ်ပြန်ချင်တဲ့အချိန် အရေးပေါ် အခြေအနေတွေဆိုရင် ဖြစ်လာတဲ့အချိန်တွေကြလို့ရှိရင် ပြန်လို့မရတာပေါ့နော။ ကားလမ်းနဲ့ ပြန်ပြန်မယ်ဆိုရင်လည်း ကားလမ်းက သိတဲ့အတိုင်းဘဲ ရက်သတ္တပတ် ကြာတယ်။ ဒါကြောင့် အခုလောလောဆယ် သွားလာနေတာက လေယာဉ်နဲ့ပေါ့။ လေယာဉ်နဲ့ဆိုရင် မြန်ရောမြန်တယ်၊ လုံလည်းလုံခြုံတယ်။ အခုလိုမျိုး ပိတ်လိုက်တယ်ဆိုရင်က ကျွန်မတို့ ပြည်သူတွေအတွက် အရမ်းဒုက္ခရောက်တယ်။ မြစ်ကြီးနားကနေ ရန်ကုန် သွားချင်တဲ့သူတွေအတွက်လည်း သူတို့ အလုပ်ကိစ္စတွေလည်း ရှိတယ်လေနော။ အရမ်းနှောင့်နှေးတယ် အရာရာ ပြတ်တောက်သွားသလို ဖြစ်တော့ အဆင်မပြေဘူး။ မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦး “လေယာဉ်နဲ့ ခရီးသွားတာက ပိုက်ဆံသုံးနိုင်တဲ့ သူတွေဘဲဆိုတော့ ကျွန်တော်တို့ သာမန် လူလတ်တန်းစားတွေအတွက်တော့ လေဆိပ် ပိတ်တာဖြစ်ဖြစ် မပိတ်တာဖြစ်ဖြစ် ဘာမှ မပြောင်းလဲဘူး။ ဘာလို့ဆို ကျွန်တော်တို့ အများဆုံး သွားလာတာက တရုတ်ပြည်ဘက်က သွားလာတယ်။ မန္တလေးလမ်းဘက်က သွားလာတယ်။ ကုန်ဈေးနှုန်းတွေကို နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင်လည်း အရမ်းကြီး မပြောင်းလဲဘူး။ လေဆိပ်ပိတ်သွားတဲ့အတွက်ကြောင့် သာမန်ပြည်သူလူထုအတွက်တော့ ထိခိုက်နစ်နာတာ သိပ်မရှိဘူး။ ဒါပေမယ့် ရန်ကုန် မန္တလေးဘက်ကို သွားလာချင်တဲ့သူတွေလည်း ရှိမှာဘဲ လေယာဉ်နဲ့ဘဲ အများဆုံး သွားကြတာဆိုတော့။ ထိခိုက် နစ်နာတာက ရာခိုင်နှုန်းအဲသလောက် မရှိဘူး။ ကုန်ဈေးနှုန်းတွေလည်း ပုံမှန်ပါဘဲ။ ကုန်တွေက လေယာဉ်နဲ့လည်း အဓိက သယ်ယူတာမဟုတ်တော့“ ဝိုင်းမော်မြို့ခံလူငယ်တစ်ဦး “ကျနော့်အမြင့်ကတော့ ရှင်းပါတယ်။ စစ်တပ်က သူအသုံးလိုလို့ ဒါမှမဟုတ် KIA/PDF ကို ပြည်သူတွေအမြင်မှားအောင်လုပ်နေတာဖြစ်တယ်။ ပြောချင်တာက လက်နက်ကိုင်အချင်းချင်းတိုက်ချင်ရင် KIA/PDF ရှိတဲ့နေရာသွားတိုက်ကြပါ။ ဒါက အရပ်သားတွေအတွက် တကယ်လိုအပ်တဲ့လေကြောင်းလိုင်းပိတ်တာ လုံးဝမဖြစ်သင့်ဘူးလေ။ ပြီးတော့ လေယာဉ်ကလည်း ဒီတစ်စင်းပဲရှိတာလား တကယ်လုပ်ပေးချင်တဲ့ဆန္ဒမရှိလို့ပဲ စစ်တပ်ကမကောင်းကြံနေတာ အသိသာကြီးပါ။ ဒါကိုပြည်သူတွေအားလုံးလည်း သိပါတယ်” ဝိုင်းမော်မြို့ခံ အမျိုးသားတစ်ဦး…
Read More » -
2 Marchသတင်း
ပိတ်မိနေတဲ့ကုန်ကားတွေဆီက ကုန်တစ်ဝက်ကို စစ်ကော်မရှင်ပြန်ဝယ်နေ
မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ဝန်းကျင်လောက်ကနေ ပိတ်မိနေတဲ့ ကုန်ကားတွေဆီက ပါလာသမျှကုန်ပစ္စည်းရဲ့ တစ်ဝက်ကို စစ်ကော်မရှင်တပ်ဖွဲ့တွေက ပေါက်ဈေးအတိုင်းပြန်ဝယ်သွားတယ်လို့ ခရီးသွားတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းပိုင်းက ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေအကြားစစ်ရေးတင်းမာနေကြသလို လမ်းပိုင်းကို လည်းနှစ်ဖက်တပ်တွေက အပြန်အလှန်ပိတ်ဆို့ထားကြတာလို့…
Read More » -
Feb- 2026 -27 Februaryသတင်း
မြစ်ကြီးနားမှာ KIA ကိုဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွား
ကချင်ပြည်နယ် မြစ်ကြီးနားမှာ လေယာဉ်ကွင်းပစ်ခတ်ခံရတဲ့အပေါ် KIA ကိုအလိုမရှိကြောင်း ဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့အတွက် အကျဉ်းချုံးသာကျင်းပသွားတယ်လို့ ဌာနဆိုင်ရာနီးစပ်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်း မိုးလုံလေလုံကွင်းကနေစပြီး မြို့တွင်းရပ်ကွက်တွေမှာ စစ်ကောင်စီခန့်ကချင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်ပြီး စစ်တပ်ထောက်ခံတဲ့အင်အားတစ်ထောင်ခန့်အသုံးပြုကာ KIA ကိုအလိုမရှိကြောင်း ဆန္ဒပြဖို့စီစဉ်ထားတဲ့သတင်းပေါက်ကြားလာတဲ့တွက် အစီစဉ်ပျက်သွားခဲ့တယ်လို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး KNG ကိုပြောပါတယ်။ “အစက ပြည်သူ့စစ်တွေရော၊ဌာနဆိုင်ရာက ဝန်ထမ်းတွေလည်းပါတယ်ပေါ့ ပြီးရင်ဘာသာရေးခေါင်းဆောင်တစ်ချို့ စီတန်းလှည့်လည်ပြီးပြဖို့ဟုတ်တယ်။ မနေ့ည KNG မှာသတင်းတက်လာတော့ အစီစဉ်တွေအကျဉ်းချုံးဖြစ်သွားတာ“လို့ ပြောပါတယ်။ ဆန္ဒပြမယ့်သတင်းပေါက်ကြားသွားတဲ့တွက် ဒီမနက်မှာတော့ ကြံ့ခိုင်ရေးပါတီဦးဆောင်ပြီး ကား ၃ စီးနဲ့ လူအင်အား ၅၀ ခန့်ကို မြစ်ကြီးနားလေယာဉ်ကွင်းရှေ့မှာပို့ဆောင်ပြီး မိနစ်ပိုင်းအတွင်းဆန္ဒပြပွဲလုပ်သွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဒီနေ့ဆန္ဒပြပွဲမှာ “ မြစ်ကြီးနားလေဆိပ်အား FPV အသေခံဒရုန်းဖြင့်အကြမ်းဖက်တိုက်ခိုက်မှုအပေါ် မြစ်ကြီးနားမြို့ခံပြည်သူများမှငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်၊ အရပ်ဖက်ပစ်မှတ်ထား အဓိကထားတိုက်ခိုက်ခြင်းကို ကန့်ကွက်ပါသည်၊ ပြည်သူများကို နည်းမျိုးစုံနဲ့ဒုက္ခပေးနေသော အကြမ်းဖက်အဖွဲ့အား အလိုမရှိ”အစရှိတဲ့ကြွေးကြော်သံနဲ့ ခနတာကြွေးကြော်ပြီး မှတ်တမ်းဓါတ်ပုံရိုက်ကာ ကျင်းပသွားကြာဖြစ်တယ်လို့သိရပါတယ်။ “အဲသူတို့ဗီနိုင်းမှာက KIA/PDF ဆိုတဲ့စာတွေ ဆေးအနီရောင်နဲ့ဖျက်ထားကြတ အားလုံးတွေ့မှာပဲ။ အဓိက ကြံံ့ခိုင်ရေးပါတီက ဒီနေ့ဦးဆောင်သွားတာဟုတ်တယ်”လို့ အထက်မှာဖော်ပြတဲ့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး ဆက်ပြောပါတယ်။ စစ်ကောင်စီနဲ့စစ်တပ်ထောက်ခံတဲ့အဖွဲ့စည်းကကျင်းပသွားကြတဲ့ ဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး လူမူကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ “ဆန္ဒပြတာက မင်းအောင်လှိုင်ကိုပြရမှာလေ နေ့ည မနားလေယာဉ်နဲ့ပြည်သူတွေကို လိုက်သတ်နေတာ ခုပြောင်းပြန်ဖြစ်နေတယ် ဒါကအားလုံးသိပါတယ်။စစ်တပ်အသိုင်းအဝိုင်းလုပ်သွားတဲ့ ဆန္ဒပြပွဲပဲလေ”လို့ မြစ်ကြီးနားမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ မြောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ အရပ်ဘက်သုံးလေယာဉ်ကွင်းနဲ့ စစ်တပ်သုံးနမ့်ပေါင်လေတပ်စခန်းနှစ်ခုရှိပြီး အာဏာသိမ်းပြီးနောက် မကြာခနတိုက်ခိုက်ခံရတဲ့လေယာဉ်ကွင်းဟာ စစ်တပ်သုံး နမ့်ပေါင်လေတပ်စခန်းဖြစ်ပါတယ်။ ပြီးခဲတဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ ပြုလုပ်တဲ့ ၆၅ နှစ် မြောက်ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ KIO ဒုတိယဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း မြစ်ကြီးနားနမ့်ပေါင်လေတပ်စခန်း ဌာနချုပ်ရဲ့ ရေဒါစခန်းကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောငးပြောဆိုလာပါတယ်။ အဲဒီနောက် စစ်တပ်ဘက်က ဗိုလ်ချုပ်ကြီး ဂွန်မော်စကားကို အကြောင်းပြုပြီး ပြီးတဲ့ ဖေဖော်ဝါရီလ ၁၂ရက်နေ့ မြစ်ကြီးနားလေဆိပ်အနီးကို အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရကြောင်း၊ နောက်ထပ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာလည်း မြစ်ကြီးနားလေဆိပ် ရန်ကုန်–မန္တလေး–မြစ်ကြီးနား ပြေးဆွဲနေတဲ့ Myanmar National Airline(MNA) ရဲ့လေယာဉ်တိုက်ခိုက်ခံရကြောင်း ဆက်တိုက်ထုတ်ပြန်လာပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က ဒီလေယာဉ်ကွင်းကို KIA/PDF တပ်ဖွဲ့ကတိုက်ခိုက်တာဖြစ်ပြီး ဒီလုပ်ရပ်အပေါ်ပြင်းထန်စွာတုံဲ့ပြန်သွားမယ့်အကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသလို မြစ်ကြီးနားမြို့ရဲ့အရပ်ဘက်သုံးလေယာဉ်ခရီးစဉ်အားလုံးလည်း ဒီနေ့ထိပိတ်ထားဆဲဖြစ်ပါတယ်။ By – Zami
Read More » -
26 Februaryသတင်း
မြစ်ကြီးနားမှာ KIA ကို ဆန္ဒပြဖို့စစ်ကောင်စီပြင်ဆင်နေ
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ မြစ်ကြီးနားလေယာဉ်ကွင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIA ကို ဆန္ဒပြဖို့ စစ်ကောင်စီကပြင်ဆင်နေတယ်လို့ ဌာနဆိုင်ရာနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ “ဟုတ်တယ် နက်ဖြန်ဆန္ဒပြဖို့ ပြည်နယ်အစိုးရအဖွဲ့ဦးဆောင်ပြီးပြမှာတဲ့ အားလုံးစီစဉ်ထားကြပြီ လေကြောင်းလိုင်းပစ်ခတ်မှု နဲ့ပတ်သက်ပြီးဆန္ဒပြဖို့လုပ်နေတာ”လို့ ပြောပါတယ်။ ဒီဆန္ဒပြပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာကျင်းပဖို့စီစဉ်ထားပြီး စစ်တပ်ခန့်ကချင်ပြည်နယ်အစိုးရအောက် ဌာနပေါင်းစုံမှဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊…
Read More » -
25 Februaryသတင်း
မြစ်ကြီးနားမြို့တွင်း စည်းကမ်းမဲ့မောင်းနေတဲ့သဲကျောက်ကားတွေကို ကြပ်မတ်ပေးဖို့ပြည်သူတွေတောင်းဆို
မြစ်ကြီးနားမြို့မှာ အများပြည်သူသုံး လမ်းမပေါ်သဲကျောက်သယ်တဲ့ ကားကြီးတွေစည်းကမ်းမဲ့မောင်းနှင်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သေချာကြပ်မတ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။ လက်ရှိမှာ စီတာပူ၊ စက်မှုဇုန်၊ မန်ခိန် စတဲ့ ရပ်ကွက်တွေနဲ့ နီးတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ“မြစ်ကြောင်းရှင်းလင်းရေးစီမံကိန်း” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သဲကျောက်တွေ တူးဖော်ပြီး တုံဖုန်းကားတွေနဲ့ နေ့စဉ်သယ်ယူနေကြတာ ဖြစ်ပါတယ်။ မြို့ခံတွေပြောတာက ဒီသဲကျောက်တင်တဲ့ကားတွေဟာ အမိုးနဲ့ဖုံးအုပ်ထားခြင်းလည်းမရှိတဲ့အတွက် သဲကျောက်ကားဖြတ်မောင်းလာတဲ့လမ်းတစ်လျှောက် ရေ၊ဖုံ၊သဲများလွှင့်စင်နေတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေ သွားလာဖို့ခက်ခဲတာ ယာဉ်လမ်းကြောင်းပိတ်ဆို့တာတွေလည်းကြုံနေရတယ်လို့ သိရပါတယ်။ “ကားတွေက အကြီးကြီးတွေ ဖြစ်တယ် ဖုန်မှုန့်ကလည်း များတယ်။ ကျောက်ခဲတွေ လွှင့်စင်လာတော့ ကလေးတွေ ကျောင်းပို့ကျောင်းကြိုအချိန်ဆို ပိုပြီး စိုးရိမ်ရတယ်။ အချိန်သတ်မှတ်ပြီး လုပ်ပေးရင် ကောင်းမယ်လို့ ထင်တယ်” လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးပြောပါတယ်။ သဲကျောက်ကားတွေက တစ်နေ့ကို ပျမ်းမျှ အစီးတစ်ရာကျော် ရှိတယ်လို့ သိရပြီး လမ်းတစ်လျှောက် ကားကြီးတွေ ပြည့်နေတဲ့အတွက် သာမန်ပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေ သွားလာရတာ ပိုခက်ခဲလာနေတယ်လို့ သူက ဆက်ပြောပါတယ် တစ်ဖက်မှာလည်း ကားမောင်းသူတွေကို တစ်ခေါက်ကိုတစ်သောင်းနှုန်းပေးနေတာကြောင့် အခေါက်ရေများများရဖို့ အလျင်အမြန် မောင်းနေကြတဲ့အတွက် လမ်းပိတ်ဆို့တာ၊ ကျောက်စတွေ လွှင့်စင်တာတွေကြုံနေရတယ်လို့ မြို့ခံတွေပြောပါတယ်။ နောက်ဆက်တွဲအနေနဲ့ လမ်းဘေးစားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေမှာ ဖုန်မှုန့်တွေ ထူထပ်နေပြီး စီးပွားရေးလည်း ထိခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ကားကြီးတွေ မောင်းနေတဲ့ လမ်းတွေကို စည်ပင်ကရေဖြန်းပေးရမယ်။ ဒါ သူတို့တာဝန်ပဲ အခု စီတာပူဘက်မှာ ဖုန်တွေ အရမ်းများနေတာက တာဝန်ရှိသူတွေ အလုပ်မသေချာလုပ်လို့ဖြစ်တာ” လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် ထိရောက်တဲ့အရေးယူခြင်းမရှိပဲ အခြေနေပိုဆိုးလာနေတယ်လို့လည်း ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ သဲကျောက်သယ်ယူမှုတွေက ၂၀၂၆ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီအောက် ကချင်ပြည်နယ်အစိုးရက ရေကြီးရေလျှံမှု ကာကွယ်ဖို့ဆိုပြီး ဗလမင်းထင်တံတားအောက်က သဲကျောက်တွေ စတင်တူးဖော်ရာကနေ ဖြစ်လာတာလို့ သိရပါတယ်။ ခုလိုသဲကျောက်ကားတွေကြောင့် ၂၀၂၀ ဝန်းကျင်က ပြုပြင်ထားတာကြောင့် မြို့တွင်းလမ်းတွေပျက်စီးမှု မများသေးပေမယ့် မြို့ပတ်လမ်းနဲ့ မြို့ပြင်လမ်းတွေမှာတော့ ပျက်စီးနေပြီး ပြန်လည်ပြုပြင်တာ မရှိသေးဘူးလို့ သိရပါတယ်။ သဲကျောက်သယ်ရာမှာ သာမန်တုံဖုန်းကားတွေအပြင် ဖားကန့်ဘက်မှာ အသုံးပြုတဲ့ ဝိတ်ကြီးတုံဖုန်းကားတွေကိုပါ အသုံးပြုနေပြီး ဝန်ပိုသယ်ယူတာကြောင့် လမ်းတွေ ပိုပျက်စီးလာနေတယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးပဲ တူးဖော်လာတဲ့ သဲကျောက်တွေကို လွှတ်တော်ဘေးက ခြံအလွတ်တစ်နေရာနဲ့ စီတာပူဂျပန်တံတားနား မြေအလွတ်တွေမှာ စုပုံထားပြီး ခြံဝင်းခတ်ကာ ရွှေကျင်လုပ်နေကြတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဗလမင်းထင်တံတားအောက်မှာ ရွှေတူးဖော်မှုတွေကို မနှစ်ကစတင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ “ရေကြီးကာကွယ်ရေး” ခေါင်းစဉ်နဲ့ ပိုပြီး ပေါ်ပေါ်တင်တင် လုပ်လာကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ သဲသောင်တွေကို တူးဖော်ရှင်းလင်းခြင်းအားဖြင့် မြစ်ကြောင်းဖြောင့်တန်းစေပြီး ရေစီးရေလာကောင်းမွန်လာကာ မြို့ရေကြီးမှုကနေ ကာကွယ်နိုင်မယ်လို့ ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယခင်အစိုးရခေတ်တွေမှာ ဗလမင်းထင်တံတားအနီးနဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်မှုတွေကို တားမြစ်ထားခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစပြီး တူးဖော်မှုတွေ ပိုများလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၅ မိုးရာသီတုန်းကတော့ မြစ်ရေကြီးမှုကြောင့် ခနရပ်နားခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ အရှိန်မြင့် ပြန်လည်တူးဖော်နေကြတယ်လို့ သိရပါတယ်။ By –…
Read More »









