,
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ အထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ဇွန်လ တစ်လအတွင်း ဆိုင်ကယ် ၄စီး အခိုးခံလိုက်ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ လက်ရှိ ကျောင်းတက်နေသည့် ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ၏ ဆိုင်ကယ်များဖြစ်ပြီး နှစ်ပတ်ခြားတစ်ကြိမ်ခန့် ပုံမှန် ခိုးမှုဖြစ်ပွားနေသည်ဟု အမည်မဖော်လိုသူ ဒေသခံကဆိုသည်။ "ဆိုင်ကယ်က နှစ်ပတ်ခြားတစ်ခါလောက်ကိုပျောက်နေတာ။ ပျောက်တာကလည်းအသစ်တွေကြီးပဲ။ ကျောင်းစစအပ်တဲ့အချိန်မှာအချိန်မှာ ပထမဆုံးပျောက်တာ နောက် ကျောင်းဆောင်မီးရှို့ ခံရပြီးနောက်တစ်စီးထပ်ပျောက်တယ်ကြားတယ်။ လကုန်ခါနီးကို နှစ်စီးပျောက်သေးတယ်လို့ကြားတယ်"ဟုပြောပြသည်။ အခုလို ဆိုင်ကယ်အခိုးခံရမူများကြောင့် လာမည့်အပတ်မှစတင်ပြီး ကျောင်းသားမိဘများနှင့်အပြင်လူများကို
မြစ်ကြီးနား ဂျန်မိုင်ကောင် စစ်ရှောင်စခန်းနှင့် ဗက်လင်စစ်ရှောင်စခန်းမှ စစ်ရှောင်အိမ်ထောင်စု ၈၀ ကျော် ယနေ့ မေလ ၂၅ ရက်နေ့ ရေကျည်၊ တာပဒေါင်းကျေးရွာသို့ နေရပ်ပြန်ကြပြီ ဖြစ်သည်။ “နေရပ်ပြန်ပြီဆိုတာက KBC ကနေ မှ မနှစ်ကတည်းက အိမ်တွေလည်း ဆောက်ထားပြီးတာဆိုတော့ မနှစ်ကတည်းက ပြန်ဖို့ပြင်ဆင်ပေမဲ့ စစ်တပ်အာဏာသိမ်းလိုက်တာနဲ့ တိုက်ပွဲတွေက ပြန်ဖြစ်လာတာနဲ့ မပြန်ဖြစ်ကြတယ်။ ဒါပေမဲ့ အခုတော့ လုံခြုံမှုအာမခံ မရှိလည်း ဘာဘဲဖြစ်ဖြစ် ပြန်ရတော့မယ်ဆိုတဲ့ဘက် လှည့်လာကြတာဖြစ်တယ်။ အခုက သူတို့တွေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပုံမှန်ထောက်ပံ့မှု ရရှိနေသော်လည်း ရိက္ခာအခက်အခဲ ကြုံနေရဆဲဖြစ်ကြောင်း စစ်ရှောင်စခန်းများထံမှ သိရသည်။ စစ်ရှောင်တစ်ဦးလျှင် တစ်လ ၁၂၀၀၀ ပုံမှန်ရရှိနေသော်လည်း လက်ရှိမြန်မာနိုင်ငံအတွင်း ကုန်ဈေးနူန်း မြင့်တက်လာသည့်အပြင် ယခင်ကဲ့သို့ အခြားအလှူရှင်များ၊ NGO အဖွဲ့အစည်းများ၏ ထောက်ပံ့မှု မရတော့သည့်အတွက် စားနပ်ရိက္ခာ ပိုမိုခက်ခဲလာကြောင်း သိရသည်။ "ကျမတို့ စစ်ရှောင်တိုင်းမှာ အခုက နိုင်ငံရေးက ပိုပြီးမတည်မငြိမ်ဖြစ်လာလို့ အပြင်ထွက်ရှာမယ်ဆိုရင်လည်း အလုပ်အကိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့်ဖားကန့် မြို့တွင် ယနေ့ ဧပြီ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဆီပန့်ဆိုင်များ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနားနဲ့ဖားကန့်တို့တွင် ဆီကားအဝင်မရှိတော့သည့်အတွက် ပိတ်လိုက်ရခြင်းဖြစ်ကြောင်း ဖားကန့်မြို့မှ စက်သုံးဆီအရောင်းလုပ်ငန်း လုပ်ကိုင်သူအမျိုးသားတစ်ဦးက KNG သို့ပြောသည်။ "ရန်ကုန် မန္တလေးဘက်ကနေကို ဆီကားတွေက အဝင်မရှိတော့ဘူးတဲ့ ဒီမှာအခုဒီဇယ် လေးပီပါလောက်ဆိုပြီးလှမ်းမှာတာမရဘူး အခုကဆီပန့်ဆိုင်တွေတော့ပိတ်ပြီဗျ လက်လီရောင်းတဲ့ တစ်ထောင်ဖိုးနှစ်ထောင်ဖိုး တင်ရောင်းတဲ့ ဆိုင်သေးလေးတွေမှာပဲရတော့မှာ"ဟု ယင်းအမျိုးသားက ပြောသည်။ ဖားကန့်တွင် ဧပြီ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းတွင် စစ်ကောင်စီက လူဦးရေစာရင်းများစတင်ကောက်နေပြီး ကောက်ခံရရှိသည့် လူဦးရေစာရင်းသည် စစ်ကောင်စီပြုလုပ်မည့်ရွေး ကောက်ပွဲအတွက်လည်း အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။ လူဦးရေစာရင်းများကို မြစ်ကြီးနားနှင့်ဝိုင်းမော် မြို့နယ်အတွင်း မတ်လ ၇ ရက်နေ့နောက်ပိုင်းစတင်ကောက် ခံနေပြီဖြစ်ပြီး စစ်ကောင်စီခန့်အပ်သည့် သက်ဆိုင်ရာရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများမှကွင်းဆင်းကောက်ခံပေးနေကြောင်း မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးမှသိရသည်။ “ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တိုက်နယ် လဝကမှူးတွေ ဆယ်အိမ်မှူး ရာအိမ်မှူးတွေနဲ့ ကျွန်တော်တို့က မြေပြင်ကို ကွင်းဆင်းပြီး စစ်ဆေးကောက်ယူနေတာပါ။ဒီကောက်ခံရရှိတဲ့လူဦးရေစာရင်းက ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း ရွေးကောက်ပွဲအတွက် လိုအပ်တဲ့မဲထည့်ရမယ်ဆိုရင်လည်း မဲထည့်ရမယ့်သူက
ကချင်ပြည်နယ် မြစ်ကြီးနားမြိုပြင် လွယ်ခေါကျေးရွာတွင် ဆောက်လုပ်ထားပြီဖြစ်သော Victory Garden တိရိစ္ဆာန်ဥယျာဉ်တစ်ခုကို လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တိရိစာန်အမျိုးပေါင်း ၂၀ ကျော် ဖြင့် စတင်ဖွင့်လှစ်သွားတော့မည်ဖြစ်ကြောင်း သိရသည်။ “အခု အားလုံးကတော့ ပြီးသလောက်ရှိနေပြီ။ အခုက အချောပိုင်းဝင်နေသေးတယ်။ အခုရက်သတ်မှတ်ထား တယ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဖွင့်ပွဲလုပ်မယ်။ အခုက တိရိစာန်မျိုးစုံက ၂၄ မျိုးလောက်ရှိတယ်။ လောလောဆယ်အကြီးဆုံးကတော့ ငှက်ကုလာအုပ်တွေ ထားထားတယ်။
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နောင်ရာပါ လယ်ကွင်းအနီးတွင် ယမန်နေ့ည ၇ နာရီခန့်က အသက် ၂၁ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး ဓါးထိုးခံရပြီး ဆိုင်ကယ်နှင့် ဖုန်း လုယက်သွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ စီတာပူရပ်ကွက် နောင်ရာပါလယ်ကွင်းတွင် လုယက်သူများက ဓားဖြင့်ထိုးခဲ့ပြီး သီတာရပ်ကွက် ဝန်ထမ်းအိမ်ယာလမ်းမပေါ်မှာ လဲကျခဲ့ကြောင်း သီတာအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက ပြောသည်။ “ဓါးထိုးခံရတာက စီတာပူ နောင်ရာကွင်း ၆၃ ဧက မှာဖြစ်တာ။
ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင် ယခုလအတွင်း Covid-19 အတည်ပြုလူနာ ပိုမိုတွေ့ရှိလာသဖြင့် Lockdown ချထားရသောကြောင့် အစားအသောက်အခက်အခဲ ကြုံတွေ့နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ မြစ်ကြီးနားမြို့ Jaw Masat (မော်တောင်း) စစ်ရှောင်စခန်းတွင် အောက်တိုဘာလဆန်းမှ ယနေ့ထိ ပိုးတွေ့လူနာ ၁၇၀ ကျော်ရှိပြီဖြစ်ကြောင်း ဂျော်မဆပ်စခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “တို့ စစ်ရှောင်စခန်းမှာ ဇူလိုင်လကနေ သူများတွေအရမ်းဖြစ်နေရင်တောင် ကျမတို့မှာ ပိုးတွေ့လူနာတစ်ယောက်မှမရှိဘူး။ ဒါပေမဲ့ စက်တင်ဘာလကုန်ပိုင်းမှ စပြီး ပြန်စစ်ဆေးတာ
မြစ်ကြီးနားမြို့တွင် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်သော သပိတ်စစ်ကြောင်းအားလုံး ပေါင်းစည်းပြီး ‘မြစ်ကြီးနား လူထုသပိတ်စစ်ကြောင်း’ အဖြစ် တစ်ကြောင်းတည်းသာ လမ်းလျှောက်ဆန္ဒ ဖော်ထုတ်နေကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်အုပ်စုမှ ဆန္ဒပြပြည်သူများအား လက်နက်ဖြင့် ဖြိုခွဲပစ်သတ်ခဲ့ပြီးနောက် မြို့တွင်းဆန္ဒဖော်ထုတ်မှုများကို ကျောင်းသားသမဂ္ဂများပါဝင်သော ပင်မသပိတ်စစ်ကြောင်း ၊ Generation Z လူငယ်များနှင့် အထွေအထွေသပိတ်စစ်ကြောင်း စသဖြင့် အင်အားခွဲကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ “ကျတော်တို့ ပေါင်းပြီးထွက်တာ နှစ်ကြိမ်ရှိပြီ။ အင်အားစုတွေပြန်လည်စုပြီးထွက်တာ ဟုတ်တယ်။ ကျတော်တို့