မြေစာပုံပြိုကျ
-
Jan- 2025 -13 Januaryသတင်း
ဖားကန့် နွံကန်ပြိုကျမှု နေအိမ်ပျက်စီးမှုနှင့် အရပ်သားသေဆုံး ထိခိုက်မှု များပြား
ဖားကန့်မြို့ နယ်၊ ဆိုင်းတောင် (ဆိပ်မူအုပ်စု) ရှိ စပေါ့ကျေးရွာမှာ နွံကန်ကြီးပြိုကျမှုကြောင့် နေအိမ် ၅၀ ခန့် ပါသွားပြီး လူအသေအပျောက်များခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဇန်နဝါရီလ ၁၃ ရက် ဒီမနက်ပိုင်း ၁ နာရီခွဲလောက်မှာ…
Read More » -
Dec- 2024 -17 Decemberသတင်း
ဝင်ခွင့်ပိတ်ထားတဲ့ ဖားကန့် မြေစာပုံပြိုကျတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျပြီးနောက် ဝင်ခွင့်ပိတ်ခံထားရတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာတယ်လို့ ကုမ္မဏီနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင် မှော်စီဆာကျေးရွာမှာရှိတဲ့ တင်အောင်ကြိုင်လုပ်ကွက်ဟောင်းတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးသမားတစ်ချို့နဲ့ကုမ္မဏီလုပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပေမယ့် ဝင်ရောက်ရှာဖွေခွင့်ပိတ်ထားတာဖြစ်ပါတယ်။ မြေစာပုံပြိုကျမှု ဖြစ်စဉ်တစ်လကြာပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်လောင်းပေါ်လာတာဖြစ်တယ်လို့ ကုမ္မဏီနဲ့နီးစပ်တဲ့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ဘယ်သူဘယ်ဝါမှန်းကတော့မသိတော့ဘူးဗျာ။ ရုပ်အလောင်းကပုပ်ပွနေတာဆိုတော့ မနေ့ကစတွေ့တာပဲ မြေစာပြိုတဲ့ချိန်တုန်းက ဘယ်သူမှမရှာကြဘူးလေး ဝင်လို့မရတာ”လို့ သူကပြောပါတယ်။ မြေစာပုံပြိုကျတဲ့ညမှာ မြေသယ်ကားနှစ်စီးနဲ့အတူ ကုမ္မဏီလုပ်သားယာဥ်မောင်းတစ်ဦး၊ယာဥ်နောက်လိုက်တစ်ဦးနဲ့ ရေမဆေးသမားအနည်းဆုံး ၁၀ ဦးခန့်မြေစာပိသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်အလောင်းနှစ်လောင်းနဲ့ မြေသယ်ကားတစီးပြန်ပေါ်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ မြေစာပုံပြိုကျခဲ့တဲ့ ရေကန်ဟာ အနည်းဆုံး ပေ ၁၀၀ ကျော်နက်တာဖြစ်ပြီး လက်ရှိ ကန်ရေကျသွားတာကြောင့် ပြန်ပေါ်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မြေစာပုံပြိုကျစဥ်က အခင်းဖြစ်တဲ့နေရာထဲကို ကယ်ဆယ်ရေးသမားတွေ၊ နာရေးကူညီမှုအသင်းတွေနဲ့အရပ်သားတွေဝင်ခွင့်ကို တစ်ပတ်ကျော်ရှာပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ “ဒီမှာက ဖုန်း၊အင်တာနက်လိုင်းမရတော့ သတင်းလည်းတိတိကျကျရဖို့ခက်တယ်။ ခုအဲဒီအလောင်းကလည်း ပြီးခဲ့တဲ့အပတ် သောကြာနေ့ပေါ်တာလေ။ ကျနော်တို့သိတာက မနေ့ကမှသိရတာ သတင်းတွေလည်း အမြန်သိရဖို့အရမ်းခက်လာတယ်”လို့ နောက်ထပ် မှော်စီဇာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်း စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိတော့ ဖားကန့်မြို့နယ် ၇၀ ရာခိုင်နှုန်းကို ကချင်လွတ်လပ်ရေး တပ်မ တော် KIA က နယ်မြေ စိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းနဲ့ စစ်ရေးဂိတ်အနည်းအကျဉ်းသာကျန်ရှိတော့တာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ် ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားသေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ဖြစ်ပွားခဲ့တဲ့ ဝှေခါရွာမြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By…
Read More » -
Nov- 2024 -15 Novemberသတင်း
မြေစာပုံပြိုကျတဲ့နေရာ ၅ ရက်ကြာလာတဲ့အထိ ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာ မြေစာပုံပြိုကျခဲ့တဲ့နေရာကို ၅ ရက်ကြာတဲ့အထိ ဝင်ဝင်ခွင့်ပိတ်ထားဆဲဖြစ်သောကြောင့် သေဆုံးမှုစာရင်းမသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ မှော်စီစာရွာမှာရှိတဲ့ တင်အောင်ကြိုင် လုပ်ကွက်ဟောင်းမြေနေရာပြိုကျခဲ့တာဖြစ်ပြီး ဒေသခံတွေကတော့ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ မြေပြိုကျတဲ့အဲ့ဒီကုမ္ပဏီလုပ်ကွက်ဟောင်းထဲကို ဘယ်သူ့ကိုမှဝင်ခွင့်မပေးတဲ့အတွက် သေဆုံးမှုစာရင်း မသိရဘူးလို့ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လက်ရှိအနေ အထားက မြေပြိုတဲ့နေရာကို ဘယ်သူမှဝင်လို့မရဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဝင်လို့မရဘူး ဖြစ်နေတယ်။ အဓိကပြောချင်တာက မြေပြိုတဲ့နေရာကိုဘယ်သူမှသတင်းယူပိုင်ခွင့်မရှိသလို ဘယ်လောက်သေဆုံးတယ်ဆိုတာလည်းမသိရဘူး။”လို့ပြောပါတယ်။ လက်ရှိ မြေပြိုကျမှုဖြစ်ပွားခဲ့တာဟာ မှောစီစာကျေးရွာထဲက (ဒေသအခေါ် ) တင်အောင်ကြိုင်လုပ်ကွက်ဟောင်းနေရာဖြစ်ပြီး မြေစာကားနှစ်စီးမြေစာသွန်ချရာကနေ မြေစာပြတ်ကျပြီးရေကန်ထဲလျောကျကုန်တာ လို့ ဒေသခံတွေကဆိုပါတယ်။ အဆိုပါ မြေစာပြတ်ကျရာမှာ ပျောက်ဆုံးနေတဲ့ မြေစာကားမောင်းသူ၊ မြေစာကားနောက်လိုက်သူတွေ အပါအဝင် ရေမဆေးသမားများပျောက်ဆုံးနေပြီး အခင်းဖြစ်နေရာကို မည်သည့်အဖွဲ့ကမ ဝင်ခွင့်ပိတ်ဆို့ထား တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးကဆက်ပြောပါတယ်။ “တာဝန်ရှိတဲ့သူလား၊ ကုမ္ပဏီကအဖွဲ့ဝင်တွေလားတော့မသိရဘူး။ ကန့်သတ်ချက်ပဲမဟုတ်ဘူး။ အမှောင်ချ တာ။ ကုမ္ပဏီအနေနဲ့လည်းဒီသတင်းကိုမပေါက်ကြားစေချင်တဲ့သဘောပေါ့။ တာဝန်ရှိတဲ့သူတွေ ကလည်း ဒီသတင်းကိုအပြင်မထွက်စေချင်တဲ့သဘောပေါ့။”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းကစတင်လို့ အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်းစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိတော့ ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းတစ်ခုသာကျန်ရှိတော့သလို အဲ့ဒီဗျူဟာကုန်းကစစ်ကောင်စီတပ်ဖွဲ့ဝင် တွေဟာလည်း စစ်ရေးလှုပ်ရှားတာတွေမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By – အမိုး
Read More » -
12 Novemberသတင်း
ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်တာလည်းမတွေ့ရဘူးလို့စုံစမ်းသိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင် မှော်စီစာရွာ တင်အောင်ကြိုင်လုပ်ကွက်ဟောင်း မြေနေရာပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနိုင်တယ်လို့သိရပေမယ့် ကယ်ဆယ်ရေးလုပ်ဆောင်တာမတွေ့ရဘူးလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ဒေသခံတစ်ဦးက ပြောပါတယ်။ “မြေပြိုတဲ့ထဲ ကားနှစ်စီးပါသွားတယ်။ ကုမ္ပဏီဝန်ထမ်း ၃ ယောက် ကားမောင်းတဲ့ ၂ ယောက်ရယ် ယာဥ်နောက်ပါတစ်ယောက်ရယ် ၃ ယောက်ပါသွားတယ်လို့သိရတယ်။ ရေမဆေးသမားတွေက ကားနှစ်စီး မြေစာသွန်တဲ့အားနဲ့ဆိုရင် ခန့်မှန်းခြေနဲ့ကြည့်ရင်တောင် လူက ၂၀ ထက်မနည်းရှိနိုင်တယ်”လို့ပြောပါတယ်။ ဖားကန့်ပြည်သူတွေပြောတာကတော့ မြေစာပုံပြိုကျမှုအဓိက ဖြစ်စဉ်ဟာ မြေစာတင်ကားနှစ်စီး မြေစာသွန်ရာကနေ ပြိုကျမှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေနှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လကဖြစ်ပွားခဲ့တဲ့ ဝှေခါရွာ မြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By – အမိုး
Read More » -
Nov- 2022 -28 Novemberသတင်း
ဖားကန့်တွင် မြေစာပုံပြိုကျပြီး ရေမဆေးသမား ၁ ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာရ
ဖားကန့်မြို့နယ် မှော်ဆီစာကျေးရွာအနီးတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ နိုဝင်ဘာလ ၂၈ ယနေ့နံနက်ပိုင်း ၃ နာရီဝန်းကျင် မှော်ဆီစာအနီးရှိ အမြင့်ပေ ၃၀၀ ခန့်ရှိသည့် မြေစာပုံတစ်ခုပြိုကျမှုဖြစ်ပွားခဲ့သည်ဟု နီးစပ်ရာ…
Read More »


