ရှမ်းပြည်နယ်

  • Sep- 2024 -
    6 September
    သတင်း

    နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် သေဆုံးသူအရပ်သား ၁၃ ဦးအထိသေဆုံးခဲ့ရတယ်လို့ ကယ်ဆယ်ရေးမှာပါဝင်ကူညီနေသူ တွေ ဆီကသိရပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။ “ဆုံးသွားတဲ့သူကတော့ ၁၃ ယောက်ပေါ့နော်။ ကလေးငယ်တွေရော ကိုယ်ဝန်ဆောင်ရောပဲ။ အဲ့ဒီကိုယ်ဝန်သည်ဆိုမိသားစု၃ယောက် မိသားစုလိုက်ပေါ့ အဖေရယ် ကလေးရော ကိုယ်ဝန်ဆောင်ထားရတဲ့ အမေဖြစ်သူ ရောပေါ့”လို့ ကယ်ဆယ်ရေးမှာကူညီဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ညဈေးအနီးတစ်ဝှိုက်ကနေအိမ်တွေနဲ့ ကျားဖြူခန်းမအနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၅ ဦးသေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA ကသတင်း မနက်ပိုင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီနေ့ နေ့လည်ထိနောက်ဆုံးရရှိထားတဲ့အချက်အလက်အရ သေဆုံးသူ ၁၃ ဦးထိရှိလာပြီး အခုလက်ရှိမှာတော့ထိခိုက်ပျက်ဆီးသွားတဲ့ နေအိမ် ၆ လုံးနဲ့ အဆောက်အဦးတွေကိုရှင်းလင်းမှုတွေလုပ်နေသလို သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ဖို့ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပေါင် ၅၀၀ ဗုံးသီးကိုအသုံးပြုကြဲချခဲ့တာဖြစ်ပြီး အခုတော့ နမ့်ခမ်းဒေသခံတွေဟာ ထိတ်လန့်နေကြပြီး ဈေးတွေလည်းပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ ညရောနေ့ပါဈေးရောင်းတဲ့ ပါပ်ပွဲဆိုတဲ့နေရာပေါ့။ နမ့်ခမ်းည‌ဈေးပေါ့ အခုတော့ ဈေးတွေလည်းပိတ် ထားရတယ်။ “လို့ဒေသခံတစ်ဦးကပြောပါတယ်။ နမ့်ခမ်းမြို့နယ်ဟာ တရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပြီးတော့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ တအာင်းတပ်မတော် TNLA နမ့်ခမ်းမြို့ကိုအုပ်ချုပ်တဲ့နောက်ပိုင်းပထမဆုံးအကြိမ်ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ TNLA က ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၃ရက်နေ့မှာ မန်တုံမြို့နယ်၊ ၄ ရက်နေ့မှာ သီပေါမြို့တို့ကို လည်းလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတ်ပဟာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ TNLA ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းညီနောင် ၃ဖွဲ့ဖြစ်တဲ့ TNLA/MNDAA/ AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စက်တင်ဘာလ ၂ ရက်နေ့ရက် ထုတ်ပြန်ကြေညာထားတာလည်းဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Aug- 2024 -
    27 August
    သတင်း

    သီပေါမှာ တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်

    ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က SHRF ရဲ့ မနေ့ကဩဂုတ်လ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီသေဆုံးမှုကတော့ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်း ထန်လာတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေဖြစ်ပြီး နောက်ထပ်အရပ်သား ၁၉ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။ ဒီစစ်တမ်းကို ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြုစုမှတ်တမ်းပြုလုပ်တဲ့အခါမှာ စစ်ကောင်စီတပ်ဟာ အရပ်သား နေထိုင်ရာနေရာတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာတွေ့ရတယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ ပြောရေးဆို ခွင့်ရှိသူ မယိမ်းလျန်းဟန်ကပြောပါတယ်။ “အဓိကတော့ သက်ကြီးပိုင်းတွေသေတာများတယ်။ အဘိုးအဘွားအရွယ်တွေ အဲ့လိုမျိုးများတယ်။ သံဃာ တော်တွေလည်းပါတယ်။ ကျွန်မအမြင်ကတော့ စစ်ကောင်စီဘက်က အရပ်သားတွေနေရာတွေကိုပဲ ဦးတည် တိုက်ခိုက်နေတာတွေ့ရတယ်”လို့ပြောပါတယ်။ သေဆုံးခဲ့ရသူ၁၉ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်အပါအဝင် သံဃာတော် ၂ ပါးနဲ့ အမျိုးသမီး ၇ ဦး၊ အမျိုးသား ၁၂ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ယောက်ထဲမှာ သီလရှင်တစ်ပါးနဲ့ သံဃာတော်တစ်ပါး ပါဝင်တယ်လို့သိရပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေအပါအဝင် အဆောက်အဦးပေါင်း ၁၁၀ ကျော်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလို စစ်ကောင်စီရဲ့အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် မြို့တွင်းနေထိုင်တဲ့ ဒေသခံတွေ အနေနဲ့လုံခြုံမှုမရှိဘူးလို့ မယိန်းလျန်းဟန်ကဆက်ပြောပါတယ်။ “လောလောဆယ်အခြေနေမှာတော့လေ စစ်တပ်ကအခုလို မြို့ထဲကိုရမ်းသမ်းပြီးဆက်တိုက်ပစ်နေတော့ မြို့ထဲနေလို့မကောင်းဘူးပေါ့လေ အဓိကကတော့ စစ်တပ်ဘက်ကတော့ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှု တွေပိုလုပ်တာကြုံရတယ်။”လို့ပြောပါတယ်။ ဒါ့အပြင် လက်တလော သီပေါမြို့နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေပါပြတ်တောက်သွားတဲ့အတွက် စစ်ကောင်စီဘက်က ပိုပြီးတော့တိုက်ခိုက်မှုတွေလုပ်လာနိုင်တယ်လို့ သူကပြောပါတယ်။ သီပေါမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကစတင်ပြီးတော့ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်း အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး လက်ရှိတော့ သီပေါမြို့ကို တော်လှန်ရေး အင်အားစုတွေဘက်ကထိန်းချုပ်ထားပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 5 August
    သတင်း

    ကွတ်ခိုင်မြို့မဈေးကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မြို့မဈေးကို စစ်ကောင်စီတပ်က ဒီကနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။ ဒီကနေ့ နေ့လည်ပိုင်း ၁ နာရီဝန်းကျင်လောက်ကတည်းက ကင်းထောက်လေယာဥ်တစ်စီး…

    Read More »
  • Jul- 2024 -
    17 July
    သတင်း

    မိုးမိတ်မြို့ပေါ်က စစ်ကောင်စီအဖွဲ့တွေတပ်ပြန်ဆုတ်သွားပြီလို့ဒေသခံတွေပြော

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့ ဇူလိုင် ၁၆ ရက်နေ့ ကပဲ တပ်ပြန်ဆုတ်သွားပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမိတ်မြို့ကို လက်မလွှတ်ရရေးအတွက် မြို့တွင်းက သာသနာ့ဗိမာန် အဆောက်အဦးနဲ့ အရပ်သားနေအိမ်တစ်ချို့မှာ တပ်စွဲပြီးခုခံနေတာဖြစ်ပြီး မနေ့ကတော့ မြို့တွင်းကနေ ပြန်ဆုတ်သွားတာလို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “မြို့ထဲတော့ စကစဘက်ကဆုတ်သွားပြီ မနေ့ကလို့ပြောတယ်။ ပြောရမယ်ဆိုရင် ၈၀ ရာခိုင်နှုန်း လောက် ဖြစ်နိုင်ပါတယ်။ မနေ့ကတော့ တိုက်ပွဲသံတွေကြားတယ် ဒီနေ့တော့တိတ်ဆိတ်သွားတယ်ပေါ့။“ လို့ပြောပါတယ်။ တအာင်းတပ်မတော် TNLA ဘက်ကတော့ မနေ့က ဇူလိုင်လ ၁၆ ရက်နေ့ရက်စွဲနဲ့ မိုးမိတ်မြို့နယ် စစ်ကောင်စီ တပ် စကခ ၂၁ နဲ့ ခလရ ၂၇၆တပ်ဖွဲ့ဝင်တွေဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တောင်ကိုင်းရွာအနီးတစ်ဝှိုက် မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရ အဲ့ဒီ တောင်ကိုင်းရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့TNLA ပူးပေါင်းအဖွဲ့ တွေတိုက်ပွဲဖြစ်တာမှန်ကန်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပါအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုပါတယ်။ တစ်ဖက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် တကျော့ပြန်တိုက်ပွဲပြန်ဖြစ်တဲ့ မိုးမိတ်မြို့နယ်အတွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေသလို တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “သေတာကတော့ ၅ ယောက်လောက်ရှိသွားပြီပေါ့ ဒဏ်ရာရတာတွေလည်းရှိတယ်။ အခုက ဖုန်းအဆက် အသွယ်တွေက  သူတို့ဘက်ကဆက်မှရတာပေါ့ သူတို့မဆက်လာရင်တော့လည်း အတည်ပြုလို့မရဘူးပေါ့”လို့ပြောပါတယ်။ လက်ရှိတော့ မိုးမိတ်မြို့နယ်အတွင်းက ဗျူဟာကုန်းကျန်ရှိနေသေးပြီး စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ အပတ်ကတည်းကနေ လေကြောင်းအသုံးပြုပြီး ရိက္ခာနဲ့လက်နက်တွေဖြည့်တင်းထားတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီပထမအကြိမ် တိုက်ပွဲကတည်းက မိုးမိတ်မြို့ဟာ ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပြီး ဒီတစ်ကြိမ် တအာင်းတပ်မတော် TNLA၊ PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေး မှာလည်း မြို့တွင်းရပ်ကွက်တွေက ပျက်စီးဆုံးရှုံးမှုတွေများပြားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က စလို့ မိုးမိတ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန် ဖြစ်ပွားနေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 10 July
    သတင်း

    လားရှိုးမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး

    “ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင်အဝင်ပေါ့ အဲ့ဒီမှာ၂လုံးကျတယ်။ သုံးယောက်သေတယ် ၁၃ ယောက်ဒဏ်ရာရတယ် အခုမနက်ပဲဖြစ်သွားတာ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင်မကြာသေးဘူး”လို့ပြောပါတယ်။

    Read More »
  • Jun- 2024 -
    28 June
    သတင်း

    ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့ ဒေသခံကျောင်းသားမိဘတွေ နဲ့ TNLA ဆက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဇွန်လ ၂၃ ကျောင်းကိုအတင်းပိတ်ပေးလိုက်ပြီးနောက်  ဇွန်လ ၂၆ ရက်နေ့မှာတော့ TNLA အထက်အရာရှိတွေနဲ့ ကျောင်းတာဝန်ခံတွေ တွေ့ဆုံဆွေးနွေးရာ ဂါလိုင်ကျောင်းဖွင့်ဖို့ TNLA ရဲ့ပညာရေးကောင်စီ TLEC ထံခွင့်တောင်းစာတင်ပြီး TLEC ချပေးတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနိုင်မှ ကျောင်းဖွင့်ခွင့်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် ကျောင်းတာဝန်ခံတွေနဲ့ KIO ဘက်က ဆက်လက်ညှိနှိုင်းဖို့လိုအပ်နေသေးတာဖြစ်တယ်လို့ ပြောပါတယ်။   နောက်ဆုံးညှိနှိုင်းထားတဲ့အခြေနေမှာတော့ နမ့်ဖတ်ကာမှာ KIA ရဲ့ခွင့်ပြုချက်နဲ့ TNLA ကျောင်း ၂ ကျောင်းဖွင့်ထားတာကြောင့် ကွတ်ခိုင်မြို့နယ် ဂါလိုင်မှာလည်း ပညာရေးကျောင်းဖွင့်ချင်ပါက TNLA ရဲ့ ပညာရေးဌာနဖြစ်တဲ့  TELC ကနေ ခွင့်ပြုမှဖွင့်ရမယ်ဆိုတဲ့အကြောင်း ပြောဆိုထားတယ်လို့ ဂါလိုင်အလယ်တန်းကျောင်းတာဝန်ခံတစ်ဦးက Kachin News Group ( KNG) ကို ပြောပါတယ်။ “ကျနော်တို့အတွက်က ဒီကျောင်းကအရင်ကတည်းက KIO အစိုးရအောက်သင်ကြားနေပြီးသားကျောင်းဖြစ်တာကြောင့် ဟိုကကျောင်းနဲ့ နှိုင်းယှဉ်လို့မရနေတာနဲ့ ကျနော်တို့လည်းအခု ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ညှိနေရတုန်းဖြစ်တယ်။ ပုဂ္ဂလိကကျောင်းဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ညှိနှိုင်းရအုံးမယ်။ သူတို့ပြောသလို စာတင်တာတွေတော့ မလုပ်သေးဘူး” လို့ ပြောပါတယ်။  ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းကို ဇွန်လ ၂၃ ရက်နေ့ညက TNLA ဘက်က အင်အား ၄၀ ဝန်းကျင်နဲ့ကျောင်းကိုရောက်လာပြီး ကျောင်းတံခါးအားလုံးကို သစ်ပြား နဲ့ ရိုက်ပြီးပိတ်လိုက်တဲ့အပြင် ကျောင်းဝင်းထဲက ဆရာ၊ ဆရာမိသားစုတွေကိုလည်း အပြင်ကို မောင်းထုတ်ကာ ကျောင်းရှေ့မှာလည်း လွှင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်လို့ ဆိုပါတယ်။…

    Read More »
  • 21 June
    သတင်း

    မိုးမိတ်မှာ TNLA ကိုဒေသခံတွေဆန္ဒပြ

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာကဒေသခံများက ဒီကနေ့မနက်ပိုင်း ၁၀ နာရီဝန်း ကျင်လောက်မှာ တအာင်းတပ်မတော် TNLA အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ တအာင်းတပ်မတော် TNLA ဘက်က ဒေသခံတွေရဲ့ ကုန်တင်တဲ့ ၆ ဘီးကားလေးတွေအတွက် တစ်နှစ်စာ…

    Read More »
  • 17 June
    သတင်း

    ကန်မိန်းမှာ အထက်တန်ကျောင်းဖွင့်ဖို့ KIA နဲ့ကိုးကန့်တပ်ညှိနှိုင်းနေဆဲ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းဖွင့်နိုင်ဖို့  ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကန်မိန်းဒေသခံတွေကပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကန်မိန်းကျေးရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းကို KIO/ KIA အစိုးရအောက်ဖွင့်ဖို့ ပြင်ဆင်နေချိန် ကိုးကန့်တပ်တွေရောက်လာပြီး ကန်မိန်းအထက်တန်းကျောင်းကို ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့ လာရောက်တားမြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဇွန်လ ၁၂ ရက်နေ့ကစပြီး  ရပ်ကျေးတာဝန်ခံတွေအပါအဝင် KIO/KIA ဘက်က မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုးကန့်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းတာတွေလုပ်ခဲ့ပေမယ့် နှစ်ဖက်တပ်တို့အကြား ဆုံးဖြတ်ချက်မချနိုင်တာကြောင့် မြို့နယ်အဆင့်ကနေ ဌာနချုပ်ကိုတင်ပြထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဟိုနေ့က နှစ်ဖက်ညှိနှိုင်းကြတာ မြို့နယ်အဆင့်အနေနဲ့အဆင်မပြေလို့ ဌာနချုပ်ကိုတင်ပြထားတဲ့အခြေနေဖြစ်တယ်။ လောလောဆယ်တော့ ကျောင်းလည်းမဖွင့်သေးဘူး နှစ်ဖက်စလုံးညှိနှိုင်းနေတဲ့အခြေနေဘဲမို့”လို့ပြောပါတယ်။ ကန်မိန်းကျေးရွာဟာ လားရှိုးကနေ မိုင်အားဖြင့် ၂၀၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ကာ ကချင်၊ရှမ်း၊တရုတ်လူမျိုးတွေနေထိုင်ကြတဲ့ရွာဖြစ်ပြီး အထက်တန်းကျောင်းဖွင့်လာတာဟာ ခေတ်အဆက်ဆက်ရှိခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးအပြီးနောက်ပိုင်း ကချင်လူမျိုးတွေအများစုနေထိုင်တဲ့ဘက်ကို KIO/KIA အောက် အုပ်ချုပ်ရေးယန္တာရားနဲ့အုပ်ချုပ်နေပြီး တရုတ်အများစုနေထိုင်တဲ့ဘက်မှာတော့ ကိုးကန့်တပ်က အုပ်ချုပ်နေကာ ရှမ်းလူမျိုးအများစုကိုတော့ ကိုးကန့်တပ်ထဲ တပ်သားလုပ်ခိုင်းပြီး ကိုးကန့်ဘက်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တရုတ်အများစုနေထိုင်တဲ့ဘက်မှာ တရုတ်စာသင်ကျောင်း အလယ်တန်းအထိသင်ကြားနေတာဖြစ်ပြီး KIO/ KIA အုပ်ချုပ်တဲ့ဘက်မှာတော့ အထက်တန်းကျောင်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီ အထက်တန်းကျောင်းကို KIO/KIA နဲ့ NUG ချိတ်ဆက်ပြီး ကျောင်းဆရာ၊ဆရာမ ၁၀ ဦးခန့်ထားတဲ့အပြင် ကျေးရွာအတွင်း နဂိုရှိရင်းစွဲ CDM ဆရာမတွေနဲ့သင်ကြားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ သို့သော် ဇွန်လ ၁၁ ရက်နေ့မှာတော့ ကိုးကန့်  MNDAA တပ်ဟာ ကချင်၊ရှမ်းတွေနေထိုင်တဲ့ဘက်က အထက်တန်းကျောင်းကိုလည်း ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့  ကြိုးပမ်းလာပြီး ကျောင်းတက်ဖို့ရောက်ရှိလာတဲ့ ကျောင်းသား၊သူတွေကိုလည်း စာသင်ခွင့်ပိတ်ပင်ခဲ့တယ်လို့ ကန်မိန်းဒေသခံတစ်ဦးက ခုလိုပြောတယ်။ “သူတို့က တရုတ်စာရောသင်မယ် သူတို့လက်အောက်မှာဘဲ ရှိရမယ်ဆိုတဲ့ပုံစံလုပ်နေတာ မနေ့ကတောင် ကိုးကန့်တပ်က ကျောင်းဆရာ၊မ ၉ ယောက်ကိုခေါ်လာတယ်”လို့ ပြောပါတယ်။ လက်ရှိ ကန်မိန်းအထက်တန်းကျောင်းမှာ  NUG ခန့်ထားတဲ့ ပညာရေးဝန်ထမ်း ၁၀ ဦး၊ ကိုးကန့်ဘက်က ခေါ်လာတဲ့ပညာရေးဝန်ထမ်း ၉ ဦး အပြင် ရှိရင်းစွဲ CDM ဆရာ၊မတွေရှိတယ်လို့ သိရပြီး ကျောင်းမဖွင့်သေးပေမယ့် နှစ်ဖက်စလုံးက ပညာရေးဝန်ထမ်းတွေအဆင်သင့်ရှိနေပြီလို့ သိရပါတယ်။  ကန်မိန်းမှာရှိတဲ့ ကချင်လူထုအားလုံးကတော့ ကန်မိန်းအထက်တန်းကျောင်းကို  NUG နဲ့သေချာချိတ်ဆက်ပြီး ကလေးတွေကို သင်ရိုးညွှန်းတန်းတွေနဲ့အညီ ကောင်းမွန်စွာစာသင်ယူစေချင်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် KIA နဲ့ NUG ချိတ်ပြီးသင်စေချင်တယ် ခုကိုးကန့်က အဓိကစာသင်ပေးဖို့ထက် သူတို့နေရာဦးထားချင်တဲ့သဘောဘဲ သူတို့ခေါ်လာတဲ့ကျောင်းဆရာ၊မတွေလည်း သင်ကြားရေးအပိုင်းကျွမ်းကျင်တဲ့သူတွေပါတာမတွေ့ရဘူး။ ကိုးကန့်တပ်က စာလည်းသေချာသင်ပေးနိုင်မှာမဟုတ်ဘူး ကြားမှာ ကလေးတွေ ကြားညှပ်တယ်”လို့ ပြောပါတယ်။ ကန်မိန်းရွာမှာ အာဏာမသိမ်းခင် ၁၂ တန်းအထိ သင်ကြားတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ၉ တန်းအထိသာ သင်ကြားပေးဖို့ စီစဉ်နေတာကြောင့် အထက်တန်းကျောင်းသား၊သူတွေဟာ လားရှိုးဘက်ကိုပြောင်းရွှေ့သွားကြတာရှိပြီး  ငွေကြေးမတတ်နိုင်တဲ့သူတွေက ကျောင်းဆက်မတက်ရမယ့်အခြေနေနဲ့ရင်ဆိုင်နေကြရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ ဒါကြောင့် ဒေသခံတောင်းဆိုတာကတော့ ကန်မိန်းအထက်တန်းကျောင်းကို KIA နဲ့ NUG အောက်မှာသာ ဖွင့်စေချင်ပြီး ကျောင်းအမြန်ဆုံးဖွင့်ပေးကြဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။ By – CJ

    Read More »
  • 10 June
    သတင်း

    စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကိုစောင့်ကြည့်နေတယ်လို့ တအာင်းတပ်မတော် TNLA ပြော

    ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်က တအာင်းတပ်မတော် TNLA ရဲ့တပ်စခန်းကို စစ်ကောင်စီတပ်က မနေ့က ဇွန်လ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ TNLA တပ်သား ၃ ယောက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ TNLA…

    Read More »
  • 7 June
    သတင်း

    မိုးမိတ်မှာတိုက်ပွဲပြန်ဖြစ်နေ

    ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊မိုးမိတ်ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပြီးတော့ မိုးမိတ်မြို့နားက မန်ဖွယ်ရွာဟောင်းနဲ့ သက်ရက်တောရွာတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “၄ ရက်နေ့ကတိုက်ပွဲပြန်ဖြစ်တာဗျ မိုးမိတ်မြို့နဲ့ကပ်လျှက်ရွာကစဖြစ်တာ ကေအိုင်အေပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီနဲ့ပေါ့ အဲ့ရွာမှာက စစ်ကောင်စီကတပ်စွဲနေတော့ဝင်တိုက်တာလို့ပြောတယ်။ ဒီနေ့တော့ တိုက်ပွဲ ဖြစ်သံမကြားဘူး။ မနေ့ကအထိပေါ့ ၂ ရက်ဖြစ်တာတဲ့”လို့ပြောပါတယ်။ အခုလိုတိုက်ပွဲပြန်ဖြစ်လာတဲ့အတွက် မိုးမိတ်မြို့အနီးတစ်ဝှိုက်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာတစ်ဝှိုက်ကအရပ်သားတွေ ယာယီထွက်ပြေးတိမ်းရှောင်ရတဲ့အခြေနေတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမိတ်မြို့မှာ ခမရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေအခြေစိုက်ပြီး ဗျူဟာမှူးကိုယ်တိုင်အထိုင်ချ ကွပ်ကဲသလို မိုးမိတ်မြို့ဟာ ခရိုင်အဆင့်ရှိတဲ့မြို့လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ စစ်ကောင်စီနဲ့KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲမှာ မြို့ပျက်လုနီးပါး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ ဒေသခံတွေဟာ ဒီတစ်ကြိမ်တိုက်ပွဲကြောင့် ကြိုတင်တိမ်းရှောင်နေကြပြီး ရှောင်ရတဲ့ လူဦးရေ ၂ ထောင်ခန့်ရှိတယ်လို့ မိုးမတ်ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ “တိုက်ပွဲက နှစ်ရက်လောက်ဖြစ်လိုက်တော့ မိုးမိတ်ကအရပ်သားတွေလည်းပြန်ထွက်ပြေးနေရတယ်။ မိုးမိတ်မှာက ဗျူဟာကုန်းရှိတယ်။ အခုဖြစ်တာက ကာကင်းတွေဖြစ်မယ်။ မိုးမိတ်မြို့ခံပြည်သူတွေက မြို့ထဲပြန်ရောက်တာတောင်မကြာသေးဘူး အခုပြန်ပြေးနေရတာ။ ပြည်သူတွေကလည်း ခံဖူးထားတာ ဆိုတော့ လန့်နေကြတာ”လို့ပြောပါတယ်။ မိုးမိတ်မြို့ကို သိမ်းပိုက်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်း အဖွဲ့တွေကြိုးစားခဲ့ပေမဲ့ မြို့တွင်းကိုသာထိန်းချုပ်နိုင်ခဲ့ပြီး အထိုင်ချတပ်ရင်းတွေကိုမတိုက်ပဲ ပြန်ဆုတ်ခွာခဲ့ကြတာဖြစ်ပါတယ်။ မိုးမိတ်မြို့ဟာ ခရိုင်အဆင့် မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာလက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်တဲ့မြို့ဖြစ်ပြီး မ်းပြည်နယ်အနောက်မြောက်ဘက်မှာရှိကာ နယ်နိမိတ်အားဖြင့် မြောက်ဘက်မှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်မှာ သိန္နီနယ်နဲ့ တောင်ပိုင်နယ်၊ တောင်ဘက်မှာ သီပေါနယ်၊ အနောက်ဘက်မှာ ရွှေဘိုခရိုင်တို့ရှိတာဖြစ်ပါတယ်။ By…

    Read More »
Back to top button