ပညာရေးသတင်း

ကန်မိန်းမှာ အထက်တန်ကျောင်းဖွင့်ဖို့ KIA နဲ့ကိုးကန့်တပ်ညှိနှိုင်းနေဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းဖွင့်နိုင်ဖို့  ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကန်မိန်းဒေသခံတွေကပြောပါတယ်။

ဇွန်လ ၁၁ ရက်နေ့ ကန်မိန်းကျေးရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းကို KIO/ KIA အစိုးရအောက်ဖွင့်ဖို့ ပြင်ဆင်နေချိန် ကိုးကန့်တပ်တွေရောက်လာပြီး ကန်မိန်းအထက်တန်းကျောင်းကို ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့ လာရောက်တားမြစ်ခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ဇွန်လ ၁၂ ရက်နေ့ကစပြီး  ရပ်ကျေးတာဝန်ခံတွေအပါအဝင် KIO/KIA ဘက်က မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုးကန့်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းတာတွေလုပ်ခဲ့ပေမယ့် နှစ်ဖက်တပ်တို့အကြား ဆုံးဖြတ်ချက်မချနိုင်တာကြောင့် မြို့နယ်အဆင့်ကနေ ဌာနချုပ်ကိုတင်ပြထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

ဟိုနေ့က နှစ်ဖက်ညှိနှိုင်းကြတာ မြို့နယ်အဆင့်အနေနဲ့အဆင်မပြေလို့ ဌာနချုပ်ကိုတင်ပြထားတဲ့အခြေနေဖြစ်တယ်။ လောလောဆယ်တော့ ကျောင်းလည်းမဖွင့်သေးဘူး နှစ်ဖက်စလုံးညှိနှိုင်းနေတဲ့အခြေနေဘဲမို့လို့ပြောပါတယ်။

ကန်မိန်းကျေးရွာဟာ လားရှိုးကနေ မိုင်အားဖြင့် ၂၀၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ကာ ကချင်၊ရှမ်း၊တရုတ်လူမျိုးတွေနေထိုင်ကြတဲ့ရွာဖြစ်ပြီး အထက်တန်းကျောင်းဖွင့်လာတာဟာ ခေတ်အဆက်ဆက်ရှိခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးအပြီးနောက်ပိုင်း ကချင်လူမျိုးတွေအများစုနေထိုင်တဲ့ဘက်ကို KIO/KIA အောက် အုပ်ချုပ်ရေးယန္တာရားနဲ့အုပ်ချုပ်နေပြီး တရုတ်အများစုနေထိုင်တဲ့ဘက်မှာတော့ ကိုးကန့်တပ်က အုပ်ချုပ်နေကာ ရှမ်းလူမျိုးအများစုကိုတော့ ကိုးကန့်တပ်ထဲ တပ်သားလုပ်ခိုင်းပြီး ကိုးကန့်ဘက်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

တရုတ်အများစုနေထိုင်တဲ့ဘက်မှာ တရုတ်စာသင်ကျောင်း အလယ်တန်းအထိသင်ကြားနေတာဖြစ်ပြီး KIO/ KIA အုပ်ချုပ်တဲ့ဘက်မှာတော့ အထက်တန်းကျောင်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီ အထက်တန်းကျောင်းကို KIO/KIA နဲ့ NUG ချိတ်ဆက်ပြီး ကျောင်းဆရာ၊ဆရာမ ၁၀ ဦးခန့်ထားတဲ့အပြင် ကျေးရွာအတွင်း နဂိုရှိရင်းစွဲ CDM ဆရာမတွေနဲ့သင်ကြားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

သို့သော် ဇွန်လ ၁၁ ရက်နေ့မှာတော့ ကိုးကန့်  MNDAA တပ်ဟာ ကချင်၊ရှမ်းတွေနေထိုင်တဲ့ဘက်က အထက်တန်းကျောင်းကိုလည်း ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့  ကြိုးပမ်းလာပြီး ကျောင်းတက်ဖို့ရောက်ရှိလာတဲ့ ကျောင်းသား၊သူတွေကိုလည်း စာသင်ခွင့်ပိတ်ပင်ခဲ့တယ်လို့ ကန်မိန်းဒေသခံတစ်ဦးက ခုလိုပြောတယ်။

သူတို့က တရုတ်စာရောသင်မယ် သူတို့လက်အောက်မှာဘဲ ရှိရမယ်ဆိုတဲ့ပုံစံလုပ်နေတာ မနေ့ကတောင် ကိုးကန့်တပ်က ကျောင်းဆရာ၊မ  ယောက်ကိုခေါ်လာတယ်လို့ ပြောပါတယ်။

လက်ရှိ ကန်မိန်းအထက်တန်းကျောင်းမှာ  NUG ခန့်ထားတဲ့ ပညာရေးဝန်ထမ်း ၁၀ ဦး၊ ကိုးကန့်ဘက်က ခေါ်လာတဲ့ပညာရေးဝန်ထမ်း  ဦး အပြင် ရှိရင်းစွဲ CDM ဆရာ၊မတွေရှိတယ်လို့ သိရပြီး ကျောင်းမဖွင့်သေးပေမယ့် နှစ်ဖက်စလုံးက ပညာရေးဝန်ထမ်းတွေအဆင်သင့်ရှိနေပြီလို့ သိရပါတယ်။ 

ကန်မိန်းမှာရှိတဲ့ ကချင်လူထုအားလုံးကတော့ ကန်မိန်းအထက်တန်းကျောင်းကို  NUG နဲ့သေချာချိတ်ဆက်ပြီး ကလေးတွေကို သင်ရိုးညွှန်းတန်းတွေနဲ့အညီ ကောင်းမွန်စွာစာသင်ယူစေချင်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

ကျနော်တို့ကတော့ ဖြစ်နိုင်ရင် KIA နဲ့ NUG ချိတ်ပြီးသင်စေချင်တယ် ခုကိုးကန့်က အဓိကစာသင်ပေးဖို့ထက် သူတို့နေရာဦးထားချင်တဲ့သဘောဘဲ သူတို့ခေါ်လာတဲ့ကျောင်းဆရာ၊မတွေလည်း သင်ကြားရေးအပိုင်းကျွမ်းကျင်တဲ့သူတွေပါတာမတွေ့ရဘူး။ ကိုးကန့်တပ်က စာလည်းသေချာသင်ပေးနိုင်မှာမဟုတ်ဘူး ကြားမှာ ကလေးတွေ ကြားညှပ်တယ်လို့ ပြောပါတယ်။

ကန်မိန်းရွာမှာ အာဏာမသိမ်းခင် ၁၂ တန်းအထိ သင်ကြားတာဖြစ်ပေမယ့် ဒီနှစ်မှာတော့  တန်းအထိသာ သင်ကြားပေးဖို့ စီစဉ်နေတာကြောင့် အထက်တန်းကျောင်းသား၊သူတွေဟာ လားရှိုးဘက်ကိုပြောင်းရွှေ့သွားကြတာရှိပြီး  ငွေကြေးမတတ်နိုင်တဲ့သူတွေက ကျောင်းဆက်မတက်ရမယ့်အခြေနေနဲ့ရင်ဆိုင်နေကြရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ဒါကြောင့် ဒေသခံတောင်းဆိုတာကတော့ ကန်မိန်းအထက်တန်းကျောင်းကို KIA နဲ့ NUG အောက်မှာသာ ဖွင့်စေချင်ပြီး ကျောင်းအမြန်ဆုံးဖွင့်ပေးကြဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။

By – CJ

Show More

Related Articles

Back to top button