ရှမ်းပြည်နယ်
-
Jul- 2024 -10 Julyသတင်း
လားရှိုးမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး
“ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင်အဝင်ပေါ့ အဲ့ဒီမှာ၂လုံးကျတယ်။ သုံးယောက်သေတယ် ၁၃ ယောက်ဒဏ်ရာရတယ် အခုမနက်ပဲဖြစ်သွားတာ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင်မကြာသေးဘူး”လို့ပြောပါတယ်။
Read More » -
Jun- 2024 -28 Juneသတင်း
ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့ ဒေသခံကျောင်းသားမိဘတွေ နဲ့ TNLA ဆက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဇွန်လ ၂၃ ကျောင်းကိုအတင်းပိတ်ပေးလိုက်ပြီးနောက် ဇွန်လ ၂၆ ရက်နေ့မှာတော့ TNLA အထက်အရာရှိတွေနဲ့ ကျောင်းတာဝန်ခံတွေ တွေ့ဆုံဆွေးနွေးရာ ဂါလိုင်ကျောင်းဖွင့်ဖို့ TNLA ရဲ့ပညာရေးကောင်စီ TLEC ထံခွင့်တောင်းစာတင်ပြီး TLEC ချပေးတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနိုင်မှ ကျောင်းဖွင့်ခွင့်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် ကျောင်းတာဝန်ခံတွေနဲ့ KIO ဘက်က ဆက်လက်ညှိနှိုင်းဖို့လိုအပ်နေသေးတာဖြစ်တယ်လို့ ပြောပါတယ်။ နောက်ဆုံးညှိနှိုင်းထားတဲ့အခြေနေမှာတော့ နမ့်ဖတ်ကာမှာ KIA ရဲ့ခွင့်ပြုချက်နဲ့ TNLA ကျောင်း ၂ ကျောင်းဖွင့်ထားတာကြောင့် ကွတ်ခိုင်မြို့နယ် ဂါလိုင်မှာလည်း ပညာရေးကျောင်းဖွင့်ချင်ပါက TNLA ရဲ့ ပညာရေးဌာနဖြစ်တဲ့ TELC ကနေ ခွင့်ပြုမှဖွင့်ရမယ်ဆိုတဲ့အကြောင်း ပြောဆိုထားတယ်လို့ ဂါလိုင်အလယ်တန်းကျောင်းတာဝန်ခံတစ်ဦးက Kachin News Group ( KNG) ကို ပြောပါတယ်။ “ကျနော်တို့အတွက်က ဒီကျောင်းကအရင်ကတည်းက KIO အစိုးရအောက်သင်ကြားနေပြီးသားကျောင်းဖြစ်တာကြောင့် ဟိုကကျောင်းနဲ့ နှိုင်းယှဉ်လို့မရနေတာနဲ့ ကျနော်တို့လည်းအခု ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ညှိနေရတုန်းဖြစ်တယ်။ ပုဂ္ဂလိကကျောင်းဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ညှိနှိုင်းရအုံးမယ်။ သူတို့ပြောသလို စာတင်တာတွေတော့ မလုပ်သေးဘူး” လို့ ပြောပါတယ်။ ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းကို ဇွန်လ ၂၃ ရက်နေ့ညက TNLA ဘက်က အင်အား ၄၀ ဝန်းကျင်နဲ့ကျောင်းကိုရောက်လာပြီး ကျောင်းတံခါးအားလုံးကို သစ်ပြား နဲ့ ရိုက်ပြီးပိတ်လိုက်တဲ့အပြင် ကျောင်းဝင်းထဲက ဆရာ၊ ဆရာမိသားစုတွေကိုလည်း အပြင်ကို မောင်းထုတ်ကာ ကျောင်းရှေ့မှာလည်း လွှင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်လို့ ဆိုပါတယ်။…
Read More » -
21 Juneသတင်း
မိုးမိတ်မှာ TNLA ကိုဒေသခံတွေဆန္ဒပြ
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာကဒေသခံများက ဒီကနေ့မနက်ပိုင်း ၁၀ နာရီဝန်း ကျင်လောက်မှာ တအာင်းတပ်မတော် TNLA အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။ တအာင်းတပ်မတော် TNLA ဘက်က ဒေသခံတွေရဲ့ ကုန်တင်တဲ့ ၆ ဘီးကားလေးတွေအတွက် တစ်နှစ်စာ…
Read More » -
17 Juneသတင်း
ကန်မိန်းမှာ အထက်တန်ကျောင်းဖွင့်ဖို့ KIA နဲ့ကိုးကန့်တပ်ညှိနှိုင်းနေဆဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းဖွင့်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကန်မိန်းဒေသခံတွေကပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကန်မိန်းကျေးရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းကို KIO/ KIA အစိုးရအောက်ဖွင့်ဖို့ ပြင်ဆင်နေချိန် ကိုးကန့်တပ်တွေရောက်လာပြီး ကန်မိန်းအထက်တန်းကျောင်းကို ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့ လာရောက်တားမြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဇွန်လ ၁၂ ရက်နေ့ကစပြီး ရပ်ကျေးတာဝန်ခံတွေအပါအဝင် KIO/KIA ဘက်က မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုးကန့်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းတာတွေလုပ်ခဲ့ပေမယ့် နှစ်ဖက်တပ်တို့အကြား ဆုံးဖြတ်ချက်မချနိုင်တာကြောင့် မြို့နယ်အဆင့်ကနေ ဌာနချုပ်ကိုတင်ပြထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဟိုနေ့က နှစ်ဖက်ညှိနှိုင်းကြတာ မြို့နယ်အဆင့်အနေနဲ့အဆင်မပြေလို့ ဌာနချုပ်ကိုတင်ပြထားတဲ့အခြေနေဖြစ်တယ်။ လောလောဆယ်တော့ ကျောင်းလည်းမဖွင့်သေးဘူး နှစ်ဖက်စလုံးညှိနှိုင်းနေတဲ့အခြေနေဘဲမို့”လို့ပြောပါတယ်။ ကန်မိန်းကျေးရွာဟာ လားရှိုးကနေ မိုင်အားဖြင့် ၂၀၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ကာ ကချင်၊ရှမ်း၊တရုတ်လူမျိုးတွေနေထိုင်ကြတဲ့ရွာဖြစ်ပြီး အထက်တန်းကျောင်းဖွင့်လာတာဟာ ခေတ်အဆက်ဆက်ရှိခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးအပြီးနောက်ပိုင်း ကချင်လူမျိုးတွေအများစုနေထိုင်တဲ့ဘက်ကို KIO/KIA အောက် အုပ်ချုပ်ရေးယန္တာရားနဲ့အုပ်ချုပ်နေပြီး တရုတ်အများစုနေထိုင်တဲ့ဘက်မှာတော့ ကိုးကန့်တပ်က အုပ်ချုပ်နေကာ ရှမ်းလူမျိုးအများစုကိုတော့ ကိုးကန့်တပ်ထဲ တပ်သားလုပ်ခိုင်းပြီး ကိုးကန့်ဘက်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တရုတ်အများစုနေထိုင်တဲ့ဘက်မှာ တရုတ်စာသင်ကျောင်း အလယ်တန်းအထိသင်ကြားနေတာဖြစ်ပြီး KIO/ KIA အုပ်ချုပ်တဲ့ဘက်မှာတော့ အထက်တန်းကျောင်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီ အထက်တန်းကျောင်းကို KIO/KIA နဲ့ NUG ချိတ်ဆက်ပြီး ကျောင်းဆရာ၊ဆရာမ ၁၀ ဦးခန့်ထားတဲ့အပြင် ကျေးရွာအတွင်း နဂိုရှိရင်းစွဲ CDM ဆရာမတွေနဲ့သင်ကြားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ သို့သော် ဇွန်လ ၁၁ ရက်နေ့မှာတော့ ကိုးကန့် MNDAA တပ်ဟာ ကချင်၊ရှမ်းတွေနေထိုင်တဲ့ဘက်က အထက်တန်းကျောင်းကိုလည်း ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့ ကြိုးပမ်းလာပြီး ကျောင်းတက်ဖို့ရောက်ရှိလာတဲ့ ကျောင်းသား၊သူတွေကိုလည်း စာသင်ခွင့်ပိတ်ပင်ခဲ့တယ်လို့ ကန်မိန်းဒေသခံတစ်ဦးက ခုလိုပြောတယ်။ “သူတို့က တရုတ်စာရောသင်မယ် သူတို့လက်အောက်မှာဘဲ ရှိရမယ်ဆိုတဲ့ပုံစံလုပ်နေတာ မနေ့ကတောင် ကိုးကန့်တပ်က ကျောင်းဆရာ၊မ ၉ ယောက်ကိုခေါ်လာတယ်”လို့ ပြောပါတယ်။ လက်ရှိ ကန်မိန်းအထက်တန်းကျောင်းမှာ NUG ခန့်ထားတဲ့ ပညာရေးဝန်ထမ်း ၁၀ ဦး၊ ကိုးကန့်ဘက်က ခေါ်လာတဲ့ပညာရေးဝန်ထမ်း ၉ ဦး အပြင် ရှိရင်းစွဲ CDM ဆရာ၊မတွေရှိတယ်လို့ သိရပြီး ကျောင်းမဖွင့်သေးပေမယ့် နှစ်ဖက်စလုံးက ပညာရေးဝန်ထမ်းတွေအဆင်သင့်ရှိနေပြီလို့ သိရပါတယ်။ ကန်မိန်းမှာရှိတဲ့ ကချင်လူထုအားလုံးကတော့ ကန်မိန်းအထက်တန်းကျောင်းကို NUG နဲ့သေချာချိတ်ဆက်ပြီး ကလေးတွေကို သင်ရိုးညွှန်းတန်းတွေနဲ့အညီ ကောင်းမွန်စွာစာသင်ယူစေချင်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် KIA နဲ့ NUG ချိတ်ပြီးသင်စေချင်တယ် ခုကိုးကန့်က အဓိကစာသင်ပေးဖို့ထက် သူတို့နေရာဦးထားချင်တဲ့သဘောဘဲ သူတို့ခေါ်လာတဲ့ကျောင်းဆရာ၊မတွေလည်း သင်ကြားရေးအပိုင်းကျွမ်းကျင်တဲ့သူတွေပါတာမတွေ့ရဘူး။ ကိုးကန့်တပ်က စာလည်းသေချာသင်ပေးနိုင်မှာမဟုတ်ဘူး ကြားမှာ ကလေးတွေ ကြားညှပ်တယ်”လို့ ပြောပါတယ်။ ကန်မိန်းရွာမှာ အာဏာမသိမ်းခင် ၁၂ တန်းအထိ သင်ကြားတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ၉ တန်းအထိသာ သင်ကြားပေးဖို့ စီစဉ်နေတာကြောင့် အထက်တန်းကျောင်းသား၊သူတွေဟာ လားရှိုးဘက်ကိုပြောင်းရွှေ့သွားကြတာရှိပြီး ငွေကြေးမတတ်နိုင်တဲ့သူတွေက ကျောင်းဆက်မတက်ရမယ့်အခြေနေနဲ့ရင်ဆိုင်နေကြရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ ဒါကြောင့် ဒေသခံတောင်းဆိုတာကတော့ ကန်မိန်းအထက်တန်းကျောင်းကို KIA နဲ့ NUG အောက်မှာသာ ဖွင့်စေချင်ပြီး ကျောင်းအမြန်ဆုံးဖွင့်ပေးကြဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။ By – CJ
Read More » -
10 Juneသတင်း
စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကိုစောင့်ကြည့်နေတယ်လို့ တအာင်းတပ်မတော် TNLA ပြော
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်က တအာင်းတပ်မတော် TNLA ရဲ့တပ်စခန်းကို စစ်ကောင်စီတပ်က မနေ့က ဇွန်လ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ TNLA တပ်သား ၃ ယောက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ TNLA…
Read More » -
7 Juneသတင်း
မိုးမိတ်မှာတိုက်ပွဲပြန်ဖြစ်နေ
ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊မိုးမိတ်ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပြီးတော့ မိုးမိတ်မြို့နားက မန်ဖွယ်ရွာဟောင်းနဲ့ သက်ရက်တောရွာတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “၄ ရက်နေ့ကတိုက်ပွဲပြန်ဖြစ်တာဗျ မိုးမိတ်မြို့နဲ့ကပ်လျှက်ရွာကစဖြစ်တာ ကေအိုင်အေပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီနဲ့ပေါ့ အဲ့ရွာမှာက စစ်ကောင်စီကတပ်စွဲနေတော့ဝင်တိုက်တာလို့ပြောတယ်။ ဒီနေ့တော့ တိုက်ပွဲ ဖြစ်သံမကြားဘူး။ မနေ့ကအထိပေါ့ ၂ ရက်ဖြစ်တာတဲ့”လို့ပြောပါတယ်။ အခုလိုတိုက်ပွဲပြန်ဖြစ်လာတဲ့အတွက် မိုးမိတ်မြို့အနီးတစ်ဝှိုက်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာတစ်ဝှိုက်ကအရပ်သားတွေ ယာယီထွက်ပြေးတိမ်းရှောင်ရတဲ့အခြေနေတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမိတ်မြို့မှာ ခမရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေအခြေစိုက်ပြီး ဗျူဟာမှူးကိုယ်တိုင်အထိုင်ချ ကွပ်ကဲသလို မိုးမိတ်မြို့ဟာ ခရိုင်အဆင့်ရှိတဲ့မြို့လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ စစ်ကောင်စီနဲ့KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲမှာ မြို့ပျက်လုနီးပါး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ ဒေသခံတွေဟာ ဒီတစ်ကြိမ်တိုက်ပွဲကြောင့် ကြိုတင်တိမ်းရှောင်နေကြပြီး ရှောင်ရတဲ့ လူဦးရေ ၂ ထောင်ခန့်ရှိတယ်လို့ မိုးမတ်ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ “တိုက်ပွဲက နှစ်ရက်လောက်ဖြစ်လိုက်တော့ မိုးမိတ်ကအရပ်သားတွေလည်းပြန်ထွက်ပြေးနေရတယ်။ မိုးမိတ်မှာက ဗျူဟာကုန်းရှိတယ်။ အခုဖြစ်တာက ကာကင်းတွေဖြစ်မယ်။ မိုးမိတ်မြို့ခံပြည်သူတွေက မြို့ထဲပြန်ရောက်တာတောင်မကြာသေးဘူး အခုပြန်ပြေးနေရတာ။ ပြည်သူတွေကလည်း ခံဖူးထားတာ ဆိုတော့ လန့်နေကြတာ”လို့ပြောပါတယ်။ မိုးမိတ်မြို့ကို သိမ်းပိုက်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်း အဖွဲ့တွေကြိုးစားခဲ့ပေမဲ့ မြို့တွင်းကိုသာထိန်းချုပ်နိုင်ခဲ့ပြီး အထိုင်ချတပ်ရင်းတွေကိုမတိုက်ပဲ ပြန်ဆုတ်ခွာခဲ့ကြတာဖြစ်ပါတယ်။ မိုးမိတ်မြို့ဟာ ခရိုင်အဆင့် မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာလက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်တဲ့မြို့ဖြစ်ပြီး မ်းပြည်နယ်အနောက်မြောက်ဘက်မှာရှိကာ နယ်နိမိတ်အားဖြင့် မြောက်ဘက်မှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်မှာ သိန္နီနယ်နဲ့ တောင်ပိုင်နယ်၊ တောင်ဘက်မှာ သီပေါနယ်၊ အနောက်ဘက်မှာ ရွှေဘိုခရိုင်တို့ရှိတာဖြစ်ပါတယ်။ By…
Read More » -
Apr- 2024 -18 Aprilသတင်း
ကချင်၊ စစ်ကိုင်း နဲ့ ရှမ်းပြည်နယ်အစပ်မှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေ
ကချင်၊စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ ရွာတွေကိုစစ်တပ်က ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတာကြောင့် အရပ်သား ၆ ယောက်သေဆုံးပြီး နေအိမ်နဲ့အဆောက်အဦးတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကသိရပါတယ်။ ကချင်နဲ့စစ်ကိုင်းအစပ်က ထီးချိုင့်မြို့နယ် တောမရွာကို ဧပြီလ ၁၅ ရက်နေ့မှာတစ်ကြိမ်၊ ဧပြီလ ၁၆ ရက်နေ့ တစ်ကြိမ် ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Tigyaing Revolution က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကသာမြို့နယ်ထဲကညောင်ပင်ဝင်းရွာကို ဧပြီလ ၁၇ ရက်နေ့ တစ်ရက်တည်းမှာပဲ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကသာဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။…
Read More » -
13 Aprilသတင်း
ပလုံကောက်တဲ့အမျိုးသားတစ်ဦးမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရ
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်ကနေ ပလုံကောက်ပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့ ဇနီးမောင်နှံ ၂ ဦးအနက် အမျိုးသားဖြစ်သူမြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်လည်းတစ်ဖက်ဖြတ်လိုက် ရတယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။ ဖြစ်စဥ်မှာ ဧပြီလ ၁၂ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိကွတ်ခိုင်မြို့နယ် ဇီဝကဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့ အမျိုးသမီးဖြစ်သူကပြောပါတယ်။…
Read More » -
Mar- 2024 -19 Marchသတင်း
မုံးကိုးမြို့မှာ MNDAA က လက်နက်ရမ်းသမ်းပစ်လို့ ဒေသခံပြည်သူတစ်ချို့ သေဆုံးတာတွေရှိနေ
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က စည်းကမ်းမဲ့လက်နက်ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ လက်နက်ထိမှန်သေဆုံးတဲ့ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိ မုံးကိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က ကိုးကန့်တပ်စခန်းဆိုပြီး အခိုင်အမာတပ်စခန်းချတာမျိုး မရှိသေးဘဲ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေအပြင် နေရာတိုင်းမှာ…
Read More » -
Feb- 2024 -22 Februaryသတင်း
မိုးမိတ် စစ်ရှောင်တွေအတွက်ကူညီထောက်ပံ့မှုလိုအပ်နေဆဲ
ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲနယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ မြို့ထဲဝင်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် တိုက်ပွဲတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သားတွေရဲ့နေအိမ်များစွာပျက်ဆီးခဲ့ရတဲ့အပြင် မိုးမိတ်မြို့ပေါ်ကရပ်ကွက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက်က ဒီနေ့ထိထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ဘေးရှောင် ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “အိမ်တစ်အိမ်က မီးလောင်သွားတော့ သူတို့ပြန်ရှင်းလင်းဖို့အိမ်ပြန်ဆောက်ဖို့ ဘယ်မှာလဲငွေက ပြီးရင် အိမ်မရှိတော့ စားစရာသောက်စရာလုပ်ကိုင်စရာကမရှိတော့ဘူးအဲ့လိုအခက်အခဲတွေက အများကြီးပဲ တချို့ကျတော့လည်း အိမ်ဖောက်ခံရတာ ခိုးခံရတာတွေရောပေါ့ဗျာ“လို့ပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့ကိုပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကလည်း နယ်မြေခံစစ်တပ်မဟုတ်သလို ပြန်ဝင်တဲ့ဒေသခံအမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာတွေရှိတာကြောင့် မြို့ထဲပြန်ဝင်ဖို့အတွက် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ဖက်မှာ မြို့တွင်းဝင်ရောက်ပြီး အုပ်စုဖွဲ့ခိုးဆိုးလုယက်သူတွေရဲ့ အန္တရာယ်ကလည်း ရှိနေသေးတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ “အခုကတော့ ထောက်ပံ့သူတွေရှိတော့ သူတို့လှူတာတွေနဲ့ပဲစားသောက်နေကြတာ ဒီဘက်ကတော့ အိမ်ကိုမပြန်ရဲကြသေးဘူးဘယ်သူမှ မြို့ကလည်း တော်တော်ကြေသွားပြီကို ကျမတို့ကတော့ပြန် မဝင်သေးဘူး ကြောက်လို့ပေါ့”လို့စစ်ဘေးရှောင်နေတဲ့မိုးမိတ်ဒေသခံအမျိုးသမီးတစ်ယောက်ကပြောပါတယ်။ လက်ရှိမှာ မိုးမိတ်မြို့ပေါ်က ရွှေဇာလီကျေးရွာ၊ အုန်းချောဟောင်း၊ အုန်းချောသစ်၊ ညောင်နီ၊ အာသံ၊ လည်ကြီး၊ သရက်တော စတဲ့ကျေးရွာတွေအပါအဝင် တိုက်ပွဲဖြစ်ခဲ့တဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက် ဘေးလွှတ်ရာဘုန်းကြီးကျောင်းတွေနဲ့ တစ်ခြားသောဘေးလွှတ်ရာမြို့ကြီး တွေဆီထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေး ရှောင် အရပ်သား ၂ ဒဿမ ၆ သန်းကျော်ရှိလာဖြစ်တယ်လို ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ စာရင်းတွေအရသိရပါတယ်။ စစ်ကောင်စီတပ်တွေဟ မြို့ထဲဝင်တဲ့ဒေသခံအမျိုးသမီးတစ်ချို့ကို မုဒိန်းကျင့်တာတွေရှိနေတဲ့အတွက် ဒေသခံတွေဟာမြို့ထဲဝင်ရောက်ဖို့ ကြောက်ရွံ့နေကြတယ်လို့ မိုးမိတ်စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။ By – အမိုး
Read More »