လန်ဆယ်
-
Nov- 2025 -10 Novemberသတင်း
ရှိန်းခေါင်နဲ့ လန်ဆယ်ကြားက တံတားတွေဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံများသွားလာရေးအခက်ကြုံနေ
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်ထဲက ရှိန်းခေါင်နဲ့ လန်ဆယ်ကျေးရွာကိုဆက်သွယ်ထားတဲ့ တံတားအားလုံးဖျက်ဆီးခံထားရတဲ့အတွက် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ခေါင်လန်ဖူး၊ ရှိန်းခေါင်ဘက်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာချိန်ကစလို့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက အဲဒီလမ်းပိုင်းမှာရှိတဲ့ တံတားအားလုံးကို ပုဆိန်တွေနဲ့ ခုတ်ပြီး ဖျက်ဆီးထားတယ်လို့ဆိုပါတယ်။ “အဓိက လဟယ်ဆင်ကနေ ရှိန်းခေါင်ဘက်သွားလမ်းပေါ်က တံတားတွေအားလုံးကိုဖျက်ဆီးလိုက်တာဟုတ်တယ်။ ဒီဒေသမှာက ကား၊ဆိုင်ကယ်လမ်းမပေါက်ဘူး လူသွားလမ်းပဲရှိတယ်။ ဒေသခံတွေက ဒီလမ်းတံတားတွေကနေပဲ တစ်ရွာပြီးတစ်ရွာသွားကြတာ။ ဒီလမ်းတံတားတွေမရှိရင် ရွာခံတွေ လိုအပ်တာတွေ သွားယူဖို့၊ သွားဝယ်ဖို့ ခဲယဉ်းနေတယ်။” လို့ ရှိန်းခေါင်ဘက်က KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ပြောပါတယ်။ လန်ဆယ်ကနေ ရှိန်းခေါင်– ခေါင်လန်ဖူးဘက်သွားလမ်းတွေဟာ ဝေးလံခေါင်ဖျားလွန်းတဲ့အပြင် ကား၊ဆိုင်ကယ်လမ်းမရှိပဲ လူသွားလမ်းတစ်ခုတည်းသာရှိတယ်လို့ ဆိုပါတယ်။ ဒီလမ်းတွေဟာ ကျေးရွာတစ်ခုနဲ့ တစ်ခုကို ဆက်သွယ်ထားတဲ့လမ်းတွေဖြစ်ပြီး အဲဒီလမ်းပိုင်းမှာ ချောင်းကူးကြိုးတံတား၊ ပျဉ်တံတားတွေဟာ ဒေသခံပြည်သူတွေအတွက် အရေးပါတဲ့တံတားတွေဖြစ်တာကြောင့် ကျေးရွာနေပြည်သူတွေက ဝိုင်းဝန်းပြီး ကိုယ်ထူကိုယ်ထနဲ့ တည်ဆောက်ထားတဲ့ ကြိုးတံတားတွေ များတယ်လို့ ဆိုပါတယ်။ အခုလို တံတားတွေကို ဖျက်ဆီးလိုက်ရတာဟာ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်က ရှိန်းခေါင်၊ ခေါင်လန်ဖူးဘက် ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ စစ်ရေးနိုင်ငံရေးကျွမ်းကျင်သူ ကချင်အမျိုးသားတစ်ဦးကလည်း အခုလို ပြောပါတယ်။ “အဓိက အခု ခေါင်လန်ဖူးဘက်မှာ ရွေးကောက်ပွဲကျင့်ပဖို့ရှိတာကြောင့် KIA တွေရဲ့ ထိုးစစ် ခေါင်လန်ဖူးဘက်ထိ မရောက်လာအောင် တော်တော်တားဆီး၊ တားမြစ်နေတဲ့အနေအထားရှိတယ်။ KIA ရဲ့ ထိုးစစ်အဲဘက် ရောက်လာရင်တော့ သူတို့ရွေးကောက်ပွဲလည်း ပျက်လာနိုင်တယ်လေ။ ဒါကြောင့် ရှိရှိသမျှ လမ်းတံတားတွေ အားလုံးဖျက်ဆီးပြီး ဆုတ်ခွာသွားကြတာဖြစ်တယ်။” လို့ သုံးသပ်ပြောဆိုပါတယ်။ လတ်တလော လန်ဆယ်နဲ့ ရှိန်းခေါင်ကြားမှာ လက်ရှိ ပြည်သူ့စစ်နဲ့ စစ်တပ်တွေ ဖျက်ဆီးလိုက်တဲ့ တံတားပေါင်း ၆ ခု ရှိတယ်လို့ သိရပါတယ်။ ထဖုန်ကျေးရွာ ၊ နမ်ချိန်၊ ငဂျာလရွာ၊ မတ်ခွာမိ( Mahkwa Mi) ရွာ နဲ့ ရှီလာန်ဒမ်းကျေးရွာ စတဲ့ထဲက ကြိုးတံတားတွေ ဖျက်ဆီးခံထားရတာဖြစ်ပြီး လက်ရှိ ပြည်သူ့စစ်တွေဖျက်ဆီးထားတဲ့ လမ်းတံတားတွေကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ လိုက်လံပြင်ဆင်ပြီး တံတားပြုလုပ်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဓိက လန်ဆယ်အထက် အဲဒီကျေးရွာတွေထဲက ဒေသခံတွေဟာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အစားအသောက်၊ ပစ္စည်းတွေကို လန်ဆယ်ဘက်ဆင်းပြီး သွားဝယ်ယူလျက်ရှိပေမယ့် ခုလိုလမ်းတံတားတွေဖျက်ဆီးခံထားရတာကြောင့် လမ်းသွားလမ်းလာ အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။ ခေါင်လန်ဖူးမြို့နယ် တရုတ်နယ်စပ်ဘက် ရှိန်းခေါင်ဘက်ကို လက်ရှိ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတာဖြစ်ပြီး ရှိန်းခေါင်မရောက်ခင် နယ်စပ်မှတ်တိုင် (၃၀) နယ်မြေမှာ နိုဝင်ဘာလ ၁၀ ရက် ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆက်လက်သိရပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ မနေ့ကလည်း ရှိန်းခေါင်ဒေသဘက် နယ်စပ်မှတ်တိုင် (၃၀) ရှိ ဟဲဇတိ (He Zeti) ကျေးရွာက ပြည်သူ့စစ်နဲ့ စစ်တပ်စခန်း ကာကင်း ၁ ခုကို KIA ဘက်က ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်တပ်တွေက လန်ဆယ်ကို ပြန်လည်သိမ်းပိုက်ဖို့ KIA ရှိရာ လန်ဟီဆင်တောင်ကုန်းပေါ်ကို ထိုးစစ်ဆင်လာခဲ့ပေမဲ့ တိုက်ပွဲအရေးနိမ့်ခဲ့တာကြောင့် နောက်ဆုတ်လိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ KIA ဘက်က ရှိန်းခေါင်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ပြည်သူ့စစ်နဲ့ စစ်တပ်က ခံစစ်နဲ့ ခုခံနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ နဲ့ နိုဝင်ဘာလဆန်းအတွင်း လန်ဆယ် နဲ့ ရှိန်းခေါင်ကြားက စစ်တပ်နဲ့ ပြည်သူ့စစ်စခန်း ၄ ခု ထက်မနည်းကို KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။ By…
Read More » -
Oct- 2025 -22 Octoberသတင်း
တပ်စခန်း ၂ ခုထပ်မံလက်လွှတ်လိုက်ရတဲ့နောက် လန်ဆယ်ရွာကို ၃ ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်
ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက စစ်ကောင်စီပူးပေါင်းတပ်စခန်း ၂ ခုကို KIA နဲ့ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က လန်ဆယ်ကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့ ဒီနေ့ နေ့လည် ၁၂…
Read More » -
7 Octoberသတင်း
ပူတာအိုမှာ လန်ဆယ်ထိုးစစ်ထောက်ခံကြောင်းနဲ့ KIA အလိုမရှ်ိကြောင်း လူတစ်စုဆန္ဒထုတ်ဖော်
စစ်ကောင်စီတပ်နဲ့ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေက လက်ရှိဆင်နွှဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်းနဲ့ ပူတာအိုဒေသမှာ KIA၊KPDF တွေအလိုမရှိကြောင်း လူတစ်စုက ဒီကနေ့ပူတာအိမြို့ပေါ်မှာဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ကတည်းကနေစတင်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ခေါင်လန်ဖူးပြည်သူ့စစ်၊တန်ဂူးတန်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဆင်နွဲနေတဲ့ လန်ဆယ်ဒေသထိုးစစ်ကိုထောက်ခံကြောင်း၊ ရဝမ်လူမျိုးစုရဲ့ဘိုးဘွားပိုင်မြေဖြစ်တဲ့လန်ဆယ်ဒေသမှာKIA ထိန်းချုပ်မှုအလိုမရှိကြောင်း၊ပူတာအို၊ခေါင်လန်ဖူးဒေသတွေမှာ KIA၊KPDF အဖွဲ့တွေအလိုမရှိကြောင်းစတဲ့ကြွေးကြော်သံတွေနဲ့…
Read More » -
Sep- 2025 -29 Septemberသတင်း
လန်ဆယ်ကျေးရွာအနီးနဲ့ လဟယ်ဆင်တပ်စခန်းတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာအနီး နဲ့ ရှေ့တန်းစခန်းတွေကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ် နဲ့ ဗုံး ၃ ကြိမ် ကြဲချသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ခေါင်လန်ဖူးမြို့နယ် နဲ့ ဆော့လော်မြို့နယ်ကြားမှာ တိုက်ပွဲငြိမ်သက်နေတာ ၅ ရက်ရှိလာပြီး စက်တင်ဘာ ၂၉ ရက်နေ့လည်မှာ စစ်တပ်ဘက်က Y12 လေယာဉ်နဲ့ ဗုံး ၃ လုံး လာချသွားတယ်လို့ သိရပါတယ်။ “ကျနော်တို့ဘက်ကို စစ်တပ်တွေ Y12 လေယာဉ်နဲ့ ဗုံး ၃ ကြိမ်လာကြဲသွားတယ်။ လန်ဆယ်တစ်ဝိုက်ရွှေမှော်နဲ့ လဟယ်ဆင်တွေမှာ လာကြဲသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး။” လို့ လန်ဆယ်ရောက်နေသူ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ လန်ဆယ်ကျေးရွာအနီးရှိရွှေမှော် နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့စစ်ထိုးစစ်ကို ခုခံခဲ့တဲ့ လဟယ်ဆင်နေရာမှာ ဗုံးကြဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ KIA ဘက်က ပြောပါတယ် ခေါင်လန်ဖူး နဲ့ ဆော့ဆော်မြို့နယ်ကြားရှိ လဟယ်ဆင် KIA တပ်စခန်းကုန်းဖက်ကို ထိုးစစ်ဆင်လာတဲ့ ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ဖွဲ့တွေကို KIA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့ကစပြီး ပြည်သူ့စစ်တပ်ပေါင်းစုတွေဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ သို့ပေမယ့် ဆုတ်ခွာသွားတဲ့ ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်နဲ့ စစ်ကော်မရှင်တပ်တွေက KIA နဲ့ မီတာ ၂၀၀၀၊ ၃၀၀၀ ခန့်အကွာအဝေးမှာ စခန်းချနေဆဲ ဖြစ်တယ်လို့…
Read More » -
22 Septemberသတင်း
လန်ဆယ်နဲ့ခေါင်လန်ဖူးကြားတိုက်ပွဲဆက်ဖြစ်နေပြီး လေကြောင်းပါတိုက်ခိုက်နေ
ကချင်ပြည်နယ် ခေါင်လန်းဖူးမြို့နယ် KIA ပူးပေါင်းတပ် တွေထိန်းချုပ်ထားတဲ့ လာဟီဆင် စခန်းဘက်ကို ခေါင်လန်းဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ ခေါင်လန်းဖူးမြို့နယ်နဲ့ လန်ဆယ်မြို့ကို သွားတဲ့လမ်းပိုင်းရှိ လာဟီဆင်စခန်းဘက်ကို ခေါင်လန်ဖူးပြည်သူ့စစ်နဲ့ စစ်ကောင်စီပူးပေါင်းတပ်က စက်တင်ဘာ ၁၉ ရက်နေ့…
Read More » -
Aug- 2025 -31 Augustသတင်း
လန်ဆယ်မှာ အမျိုးသမီးတစ်ဦး ရိုက်နှက်ခံရမှု KIA အရာရှိဘက်က တောင်းပန်ပြီး ယွမ်ငွေတစ်သောင်းနဲ့ နှစ်ဖက်ကျေအေး
ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့ အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခဲ့တဲ့အမှုမှာ KIA အရာရှိက ပြန်လည်တောင်းပန်လိုက်တဲ့အတွက် နှစ်ဖက်ကျေအေးမှုရရှိပြီလို့ ဒေသခံတွေပြောပါတယ်။ ဩဂုတ်လ ၂၉ ရက်နေ့ လန်ဆယ်မြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ KIA အရာရှိ ဗိုလ်မှူးလဖိုင်ဂျာလီအောင်နဲ့ လန်ဆယ်မှာအလုပ်လာ ရောက်လုပ်ကိုင်နေတဲ့…
Read More » -
30 Augustသတင်း
လန်ဆယ်မှာ KIA တပ်ရင်းမှူးအဖွဲ့ အမျိုးသမီးတစ်ဦးကို ဝိုင်းရိုက်နှက်
ကချင်ပြည်နယ် ဆော့လော်မြို့နယ် လန်ဆယ်မြို့မှာ KIA တပ်ရင်း (၅၁) မှ တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်ဂျာလီအောင်အပါအဝင် KIA ရဲဘော်နှစ်ဦးက အမျိုးသမီးတစ်ဦးကို ဝိုင်းပြီးရိုက်နှက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ KNG ကိုပြောပါတယ်။ ဩဂုတ်လ ၂၉ ရက်…
Read More » -
Nov- 2024 -11 Novemberသတင်း
ဆော့လော်မြို့နယ်တွင်း နောက်ဆုံးကျန်ရှိနေတဲ့ လန်ဆယ်ပြည်သူ့စစ် တပ်စခန်းကို KIA သိမ်းပိုက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်
ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ် လန်ဆယ်(Lanse) မြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ KIO ပြောပါတယ်။ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လန်ဆယ်ပြည်သူ့စစ်နေရာကို နိုဝင်ဘာလ ၁၀ ရက်နေ့ အပြီးသတ် သိမ်းပိုက်လိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “လန်ဆယ်ကိုတော့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ အဲဒီနေရာမှာက တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့ နေရာဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း လက်ရှိ အခြေအနေကို နားလည်သဘောပေါက်ကြတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။ လန်းဆယ်ပြည်သူ့စစ်နေရာမှာ ပြည်သူ့စစ် အင်အား ၃၀ ဝန်းကျင်နဲ့ တပ်နေရာတစ်ခုသာရှိတာဖြစ်ပြီးတော့ တိုက်ခိုက်မှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာတဲ့ အချိန် တန်ဂူးတန် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဘက်လည်း နားလည်သဘောပေါက်စွားနဲ့ တပ်ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လန်းဆယ်တိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုမရှိတဲ့အပြင် တစ်ရက်အတွင်းမှာပဲ သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသတစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေတပ်ချကာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။ “လန်ဆယ်မှာက တခြားတပ်တွေမရှိဘူး။ ပူတာအိုက တန်ဂူးတန် ပြည်သူ့စစ်အဖွဲ့ တစ်ခုထဲရှိပါတယ်။ အဲ့ဒါကြောင့် KIA တပ်တွေ ဝင်ရောက်လာတဲ့အချိန် ပြင်းပြင်းထန်ထန် တိုက်ခိုက်တာမရှိဘူး။ လက်ရှိအခြေအနေကို နားလည်သဘောပေါက်တယ်။ တစ်ဖက်မှာ ပြည်သူလူထုတွေ ထိခိုက်သေဆုံးတာမရှိသလို နှစ်ဖက်တပ်လည်း ထိခိုက်သေဆုံးတာမရှိဘူး။ ဒီကနေ့အထိတော့ လန်းဆယ်ဒေသကို KIA ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ အနေအထားမှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ လန်ဆယ်မြို့ဟာ ဆော့လော်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ BGF တပ်စခန်းရှိတဲ့ နေရာဖြစ်ပြီး ဆော့လောက်မြို့နယ်တစ်ခုလုံး KIA ထိန်းချုပ်နယ်မြေထဲရောက်ရှိသွားပြီဖြစ်ပါတယ်။ အခုလို လန်ဆယ်မြို့ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “လန်ဆယ်ကို မနေ့က မနက်ပိုင်း သိမ်းလိုက်ပြီ။ လန်ဆယ်မှာရှိတဲ့ ပြည်သူ့စစ်တွေ အကုန်ထွက်ပြေးကုန်တယ်။ အခုက ကချင်အထူးဒေသ(၁) နေရာမှာ ကန်ပိုင်တည် တစ်ခုဘဲကျန်တော့တယ် မရှိတော့ဘူး။ အထက်ဘက်မှာက ခေါင်လန်ဖူးပဲကျန်တော့တယ်။ လန်ဆယ်အထက်ဘက်ဆိုရင် ပူတာအိုဒေသဖြစ်သွားပြီ။ ဒီတစ်ကြောက ပြည်သူ့စစ်နဲ့ BGF မရှိတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် လန်ဆယ်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာ နှစ်လအတွင်းမှာပဲ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ ချီဖွေ၊ ဆော့လော်၊ ကန်းဖန့်၊ ဖီမော်၊ ပန်ဝါ မြို့တွေနဲ့ တစ်ဆက်တည်းရှိပြီးတော့ ပူတာအိုဒေသနဲ့ အနီးနေရာမှာရှိတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် လန်ဆယ်ဒေသမှာ ပူတာအိုဒေသရဲ့ ဌာနယ်ပြည်သူ့စစ်ဖြစ်တဲ့ တန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေထဲပါဝင်နေတာလည်းဖြစ်ပါတယ်။ လန်ဆယ်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာပြီး ကျောက်ရွှေတူးဖော်တဲ့ လုပ်ငန်းကို အဓိက တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Oct- 2024 -14 Octoberသတင်း
လန်ဆယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီးဆေးဝါးအခက်ခဲကြုံနေ
ကချင်ပြည်နယ် ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသမှာ ရာသီတုပ်ကွေးအဖြစ်များနေတယ်လို့ လန်ဆယ်ကနေ မြစ်ကြီးနားဘက်ကို ရောက်လာတဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ လန်ဆယ်ကျေးရွာဟာ ကချင်အထူးဒေသ (၁) ပြည်သူ့စစ်တွေရဲ့ ခွင့်ပြုချက်နဲ့ ဒေသခံတွေတနိုင်တစ်ပိုင်ကျောက်ရွှေတူးတာရှိသလို မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေ တရုတ်လုပ်ငန်းရှင်တွေရဲ့လုပ်ကွက်တွေမှာ ကျောက်ရွှေတူးဖော်ကြတဲ့နေရာဖြစ်ပါတယ်။ လတ်တလော…
Read More »







