ဝါးတားဂိတ်

  • Aug- 2024 -
    28 August
    သတင်း

    ပူတာအိုမြို့မှာ ပြည်သူ့စစ်အဖွဲ့ ဝါးတားဂိတ်လုပ်ပြီး အစစ်အဆေးတင်းကြပ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့က ဝါးတားဂိတ်လုပ်ပြီး လမ်းသွားလမ်းလာအရပ်သားတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လဝန်းကျင်ကစပြီး မြို့အထွက် လေယာဥ်ကွင်းရပ်ကွက် နဲ့ ဂျူဗလီရပ်ကွက်ကြား ဝါးတားဂိတ်လုပ်ပြီး အစစ်ဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။ “ဂိတ်က ပူတာအိုမြို့ကနေဆိုရင်တော့မြို့အထွက်ပေါ့ မချမ်းဘော့တို့ နောင်မွန်ဘက်တို့ကနေလာရင်တော့ မြို့အဝင်ဖြစ်တယ်သုံးလမ်းဆုံနေရာမှာဆိုင်ပြီးစစ်နေတာ ခရီးသွားတွေကိုအဓိက စစ်တယ်မေးတယ် သတင်းပို့ရတယ်ဂိတ်ရောက်ရင်”လို့ သူကပြောပါတယ်။ လက်ရှိစစ်ဆေးရေးဂိတ်ထိုင်ထားတဲ့နေရာဟာ ပူတာအို နောင်မွန်နဲ့မချမ်းဘော့သွားတဲ့ကားလမ်းမကြီးပေါ်မှာရှိပြီး  ဂိတ်နဲ့ ပေ ၁၀၀၀ ကျော်လောက်အကွာမှာတော့ တန်ဂူးတန်ပြည်သူ့စစ်ရဲ့ ပူတာအို အခြေစိုက်စခန်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြို့ဧရိယာထဲမှာတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ ခုလိုဂိတ်ထိုင်ပြီးခရီးသွားပြည်သူတွေကိုစစ်ဆေးတာ၊ မသင်္ကာတဲ့ပြည်သူတွေကို အတင်းအကြပ်စစ်ဆေးမေးမြန်းတာလုပ်နေတဲ့အတွက် အများပြည်သူ သွားလာရေးမှာအခက်အခဲဖြစ်နေတယ်လို့လည်း နောက်ထပ်အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “ဂိတ်ကမြို့ထဲမှာပဲလို့ပြောလို့ရတယ် ဂျူဗလီနဲ့လေယာဥ်ကွင်းရပ်ကွက်ကြားမှာလေး အဲ့နားရောက်ရင်တော့ဆိုင်ကယ်လည်းဖြေးဖြေးပဲမောင်းပေးရတယ် ပေ ၁၀၀ လောက်ကိုသူတို့က သံဆူးခွေတွေနဲ့လမ်းလယ်ခေါင်ထိချထားတာ သူတို့ကတားရင်ရပ်ပေးရတယ်မြို့ဆိုလည်း မသက်ာရင်တော့စစ်တယ်”လို့အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဒီစစ်ရေးဆေးဂိတ်မှာ ပုံမှန်အားဖြင့် ရဝမ်ပြည်သူ့စစ်အဖွဲ့တွေဂိတ်ထိုင်တာဖြစ်ပြီး တစ်ခါတစ်ရံ စစ်ကောင်စီစစ်သားတွေလည်းပူးပေါင်းဂိတ်ထိုင်တာမျိုးရှိတယ်လို့သိရပါတယ်။ ပူတာအိုမြို့ ဦးတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့စစ်ဆေးရေးဂိတ်ရှိသလို ပူတာအိုမြို့အဝင်မှာတော့ မူလာရှီးဒီးစစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတာ ဖြစ်ပါတယ်။ တန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်အဖွဲ့ဟာ အထက်ဖော်ပြပါနေရာနှစ်ခုလုံးမှာ စစ်ဆေးရေးဂိတ်ထိုင်ဖို့ ဒီနှစ် နှစ်ဆန်းပိုင်းကတည်းက ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့နဲ့ ၂၁၈ မိုင်အကွာမှာရှိပြီး ပူတာအိုခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့မှာ မြစ်ကြီးနား–ပူတာအို ကားလမ်းပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ်မြို့ကို  KIA က သိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Apr- 2024 -
    10 April
    သတင်း

    ငွေကြေးတောင်းခံတဲ့ဂိတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မိုးကောင်း PDF ပြော

    မိုးကောင်းမြို့နယ် မြို့ဝင်၊ မြို့အထွက်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဝါးတားဂိတ်လုပ်ပြီး ငွေကြေးကောက်ခံနေတဲ့ဂိတ်နေရာတွေကိုအဓိကပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဒီကနေ့ပဲ Mogaung KPDF အဖွဲ့က KNG ကိုပြောပါတယ်။ ဒါကြောင့် ဝါးတားဂိတ်နဲ့ နီးကပ်ကြတဲ့ ပြည်သူတွေအတတ်နိုင်ဆုံး ရှောင်ပြီးနေကြဖို့ မိုးကောင်းမြို့ပြပျောက်ကြားတပ်ဖွဲ့က ပြီးခဲ့တဲ့…

    Read More »
  • Oct- 2023 -
    23 October
    သတင်းShwe Gu

    ရွှေကူမြို့အဝင်အထွက်မှာ စစ်တပ်က ဝါးတားဂိတ်တွေလုပ်ပြီး အစစ်အဆေးတင်းကြပ်နေ

    ကချင်ပြည်နယ် ရွှေကူမြို့ရဲ့ မြို့အဝင်အထွက် ၂နေရာမှာ  စစ်ကောင်စီတပ်က ဝါးတာဂိတ်တွေပြုလုပ်ပြီး လမ်းသွားလမ်းလာဒေသခံတွေ နဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အထက်ဘက် ဗန်းမော်ဘက်ခြမ်းမှာရှိတဲ့ အထက်လေးလမ်းဆုံမြို့ဝင်ရောက်တစ်နေရာနဲ့ ရွှေကူမြို့အောက်ဘက် မန္တလေးဘက်ခြမ်းက အောက်လေးလမ်းဆုံး မြို့အထွက်ပေါက် ၂နေရာမှာ လွန်ခဲ့တဲ့အပတ် သောကြာနေ့ကတည်းက  အစစ်အဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ရွှေကူမြို့ခံ…

    Read More »
Back to top button