သတင်း

ရွှေကူမြို့အဝင်အထွက်မှာ စစ်တပ်က ဝါးတားဂိတ်တွေလုပ်ပြီး အစစ်အဆေးတင်းကြပ်နေ

ကချင်ပြည်နယ် ရွှေကူမြို့ရဲ့ မြို့အဝင်အထွက် ၂နေရာမှာ  စစ်ကောင်စီတပ်က ဝါးတာဂိတ်တွေပြုလုပ်ပြီး လမ်းသွားလမ်းလာဒေသခံတွေ နဲ့ ခရီးသွားပြည်သူတွေကို စစ်ဆေးမှုတွေတင်းကြပ်နေတယ်လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူမြို့အထက်ဘက် ဗန်းမော်ဘက်ခြမ်းမှာရှိတဲ့ အထက်လေးလမ်းဆုံမြို့ဝင်ရောက်တစ်နေရာနဲ့ ရွှေကူမြို့အောက်ဘက် မန္တလေးဘက်ခြမ်းက အောက်လေးလမ်းဆုံး မြို့အထွက်ပေါက် ၂နေရာမှာ လွန်ခဲ့တဲ့အပတ် သောကြာနေ့ကတည်းက  အစစ်အဆေးတင်းကြပ်နေတာဖြစ်တယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။

စစစ်နေတာမဟုတ်ဘူး စစ်ကိုစစ်နေပြီးစစ်တာမှအတော်လေးကို စစ်နေတာဘာလို့မှန်းမသိဘူး အထက်လေးလမ်းဆုံကော အောက်လေးလမ်းဆုံဘက်ကောပါ့ အောက်လေးလမ်းဆုံက မနေ့ကနေပိုပိုစစ်နေတယ်။ ဘယ်သွားမလဲဘယ်ကလဲမေးတယ်ပစ္စည်းတွေဝင်စစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ အထက်လေးလမ်းဆုံအောက်လေးလမ်းဆုံဘက်ကို အင်အား ၈၀ ဝန်းကျင်လောက်နဲ့ မနက် ၆နာရီလောက်နေ က ၅နာရီခွဲလောက်အထိ ဒီကနေ့ မနက်ပိုင်းထိ ၄ ရက်ဆက်တိုက်စစ်ဆေးနေတာဖြစ်ပြီး အခုလိုအစစ်အဆေးများနေတာကြောင့် ဒေသခံတွေသွားလာရခက်ခဲနေတယ်လို့လည်းသိရပါတယ်။

အထက်လေးလမ်းဆုံတော့သူတို့ညအိပ်လားမအိပ်လားမသိဘူး အောက်လေးလမ်းဆုံကတော့ အင်အား ၈၀ လောက်ရှိတယ်။ သူတို့အဲ့မှာယာယီတပ်ချပြီးမှစစ်နေတာ ကားဆိုင်ကယ်အကုန်စစ်တယ်မလွတ်ဘူးလို့ အောက်လေးလမ်းဆုံဘက်မှာနေတဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ခုလို စစ်ကောင်စီတပ်တွေအနေနဲ့ စစ်ဆေးရေးတင်းကြပ်လာတာဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ရွှေကူတပ်အတွက်အချက်အခြာကျတဲ့ တာဝါတိုင်ကုန်း(ကြေးနန်းကုန်း)တပ်စခန်းကို KIAKPDFLPDF ပူးပေါင်းတပ်တွေအလစ်အငိုက်ဝင်တိုက်ပြီး စခန်းကုန်းတစ်ခုသိမ်းခံလိုက်ရတာကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဒါ့အပြင်  ရွှေကူမြို့တွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ အင်အားတွေဖြည့်တင်းနေပြီး ကင်ပုန်းဝပ်တာတွေလည်းရှိနေတယ်လို့ ရွှေကူမြို့နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

သူတို့ကမြို့ကိုကာချင်နေတာနေမယ် အခုမြို့ထဲမှာအင်အားတွေအများကြီးပဲ ကျွန်မတို့ အမှတ် ၂ ရပ်ကွက်သင်ချိုင်းကုန်းနားက တာဝါတိုင်မှာလည်း ၅၀ လောက်ရောက်နေတယ်။ ဟိုနေ့ကတည်းကပဲကင်းပုန်းချနေတာမြို့တွင်းတခြားနေရာတွေမှာလည်းအတူတူပဲတဲ့ကင်းပုန်းတွေချထားတာလို့သူကပြောပါတယ်။

ရွှေကူမြိုနယ်ဟာ စစ်ကိုင်းကချင်အစပ် ဧရာဝတီမြစ်ကြောင်းနံဘေးမှာရှိတဲ့ မြို့နယ်ဖြစ်ပြီး KIA,PDF တွေအားကောင်းတဲ့နယ်မြေဖြစသလို ပြီးခဲ့တဲ့ဩဂုတ်လမှာလည်း ရွှေကူကျောက်ကြီးစခန်းကို KIA,PDF ဘက်က ဝင်ရောက်တိုက်ခိုက်လို့ စစ်တပ်ဘက်က အထိနာနေတာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button