စစ်ရေးသတင်း

ငွေကြေးတောင်းခံတဲ့ဂိတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ မိုးကောင်း PDF ပြော

မိုးကောင်းမြို့နယ် မြို့ဝင်၊ မြို့အထွက်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဝါးတားဂိတ်လုပ်ပြီး ငွေကြေးကောက်ခံနေတဲ့ဂိတ်နေရာတွေကိုအဓိကပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဒီကနေ့ပဲ Mogaung KPDF အဖွဲ့က KNG ကိုပြောပါတယ်။

ဒါကြောင့် ဝါးတားဂိတ်နဲ့ နီးကပ်ကြတဲ့ ပြည်သူတွေအတတ်နိုင်ဆုံး ရှောင်ပြီးနေကြဖို့ မိုးကောင်းမြို့ပြပျောက်ကြားတပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့သတိပေးစာထုတ်ပြန်ခဲ့ပါတယ်။

တခုခုကိုကျွန်တော်တို့လုပ်ဆောင်တဲ့အခါ ပြည်သူတွေကိုထည့်တွက်နေရတဲ့အတွက် မလုပ်ဖြစ်တာတွေလည်းရှိပါတယ်။ ဒါကြောင့် စစ်ခွေးစုရပ်တွေနဲ့ ပြည်သူတွေကိုရှောင်ပါလိုပဲ ပြောချင်ပါတယ်ဗျ။ စစ်ခွေးတွေစုနေတဲ့နေရာ ပိုက်ဆံတောင်းကြမ်းတဲ့နေရာ တွေကို အဓိကပစ်မှတ်ထားပြီးတိုက်ခိုက်သွားမှာပါဗျလို့ Mogaung KPDF က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

မိုးကောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေရဲ့ ဝါးတားဂိတ်နှစ်ခုရှိပြီး မိုးကောင်းတံတားအကျော်နဲ့ နှီးဘုရားပတ်ဝန်းကျင်မှာတစ်ဂိတ်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးကောင်းတံတားအကျော်က ဝါးတားဂိတ်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာပဲ လုပ်ထားတဲ့ဂိတ်ဖြစ်ပြီး နှီးဘုရားနားက ဂိတ်ကတော့ ပြီးခဲ့တဲ့ မတ်လကမှလုပ်ထားတဲ့ဂိတ်ဖြစ်တယ်လို့သိရပါတယ်။

ဂိတ်က သူတို့ကဘီးခွန်ဆိုပြီး ဝါးတားဂိတ်လုပ်ထားတာ အခုနောက်ပိုင်းကျတော့ ကုန်ကားတွေဘာတွေကို တော့ ပစ္စည်းတွေချပြီးတော့စစ်တယ် အိမ်စီးကားကအစကောက်တာ ဆိုင်ကယ်နဲ့လူတွေကိုတော့မစစ်ဘူးလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

အဲ့ဒီ ဝါးတားဂိတ်တွေမှာစစ်ဆေးပြီးငွေကြေးကောက်ခံနေသူတွေဟာ အရပ်ဝတ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့တွေပူးပေါင်းပြီးတော့စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါ တယ်။

ဒါ့အပြင် မိုးကောင်းမြို့နယ် နန်းခွင်ရွာက ဆေးရုံအသစ်မှာလည်း ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က အထိုင်ချတပ်စွဲထားသလို ဆေးရုံရှေ့မှာလည်း အရပ်သားတွေကိုစစ်ဆေးပြီး အခွန် ကောက်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button