သေဆုံးမှု
-
Oct- 2024 -16 Octoberသတင်း
၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ နမ့်အွမ်ရွာသား ၂ ဦးသေဆုံး
ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နေအိမ်တစ်အိမ်မှာ ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် နမ့်အွမ်ကျေးရွာအနီး မပေါက်ကွဲသေးတဲ့ ၆၀ မမလက်နက်ကြီး ယူဆောင်လာတဲ့အမျိုးသားနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့အမျိုးသားနှစ်ဦး နေအိမ်အတူရှိနေချိန် လက်နက်ကြီးပေါက်ကွဲတာဖြစ်တယ်လို့ နမ့်အွမ်ဒေသခံတစ်ဦး…
Read More » -
1 Octoberသတင်း
သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောလင်းမှာ အရပ်သား ၈ ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၈ ဦးသေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တဂေါင်းအိုင်ရွာ၊ စက်တင်ဘာလ ၂၉ ရက်နေ့က ရွာသစ်ရွာနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့ကတော့ ဥက္ကံရွာတို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ တဂေါင်းအိုင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထိမှန် ဒဏ်ရာရခဲ့ပြီး ရွာသစ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတစ်ဦးသေဆုံးခဲ့ရသလို ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့က နေ့လည် ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဥက္ကကျေးရွာမှာတော့ အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း သတင်းဌာန တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ “ရွာသစ်ရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် တိုက်ပွဲဖြစ်ပွားတာ လုံးဝ လုံးဝမရှိ၊ PDF လည်းမရှိဘဲ ဂျက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဥက္ကံရွာကိုလည်း အကြမ်းဖက် စစ်ကောင် စီက တိုက်ပွဲဖြစ်ပွားတာလုံးဝ မရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ တဂေါင်းအိုင်ရွာကလည်း စစ်ပွဲလဲမရှိ PDF လည်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ရွာပဲဖြစ်ပါတယ်။” လို့ ကောလင်းခရိုင်းတပ်ရင်း ၂ ကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာ၊ သေဆုံးတာနဲ့ နေအိမ်ပျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ စာရင်းအတိအကျကို သတင်းတိကျခိုင်မာအောင် စုံစမ်းနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စက်တင်ဘာလ ၃၀ ရက် မနေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ ဥက္ကံကျေးရွာက သေဆုံးခဲ့ရတဲ့ အရပ်သား ၇ ဦးထဲမှာ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး ကျန်တာတွေကတော့အမျိုးသားတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရ ပြီး အခြေနေအသေးစိတ်ကို ပြန်လည်အကြောင်းပြန်မယ်လို့ KNG ကိုပြောပါတယ်။ “ဒဏ်ရာရတဲ့သူကအများအပြားရှိနေတယ်။ ဒေသခံအများစုက အဲ့ဒီဖြစ်စဥ်ကြောင့် အလွန်အမင်း စိုးရိမ် ထိတ်လန့်နေကြတယ်။ ရွာထဲမှာမနေထိုင်ရဲကြပဲ ရှောင်တိမ်းနေရတယ်” လို့ Kawlin Revolution KR က ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်တွေမှာ ကောလင်းမြို့နဲ့ကပ်လျှက်မြို့ဖြစ်တဲ့ ကန့်ဘလူမြို့နယ် ထဲက မကျီးကုန်းရွာ၊ ပင်းတဲရွာနဲ့ ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ ရေရှင်ကြီး၊ အောင်တိုင်း လယ်၊ မှန်နီပင် ရွာတွေကိုည်း လေကြောင်းရော၊ ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးရင်းအမျိုးသမီးတစ်ဦးကိုပါသတ်ဖြတ်ခဲ့သလို အထက်ပါလေကြောင်းနဲ့ဒရုန်းတိုက် လိုက်တာတွေကြောင့် ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကောလင်းမြို့နယ်အပါအဝင် ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကတော့ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
Sep- 2024 -10 Septemberသတင်း
လားရှိုးမြို့ပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ပြန်စွန့်ခွာရမယ့်အခြေနေထပ်ကြုံနေရ
ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ မြို့ကို ထပ်ပြီးစွန့်ခွာရမယ့်အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင် လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် နေရာ ၄ နေရာလောက်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဒီလိုပဲ လေယာဉ်နဲ့ ဆက်တိုက်လာပစ်နေရင်တော့ ပြန်ထွက်ကြဖို့ ပြင်ဆင်ထားတယ်။ အခုလောလောဆယ်တော့ သူခိုးရန်ကာကွယ်ဖို့ နေ့ဆိုရင် တစ်အိမ်မှာ တစ်ယောက် နှစ်ယောက် အိမ်လာစောင့်ပြီး ညဆိုရင်တော့ အားလုံး တစ်နေရာမှာပဲစုပြီးအိပ်တယ်။ ဒီနေ့မနက် လေယာဉ်ပျံဝဲမှုတော့ရှိပေမဲ့ ဗုံးကြဲတာတော့မရှိဘူး။”လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ လားရှိုးမြို့ကို စစ်တပ်ဘက်က ဩဂုတ် ၃၀ ရက်နေ့နဲ့ စက်တင်ဘာ ၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပေမယ့် အဆောက်အအုံတွေပျက်စီးတာ၊ လူထိခိုက်တာတွေမရှိခဲ့ပါဘူးလို့ သူကဆက်ပြောပါတယ်။ သို့သော် စက်တင်ဘာလ ၉ ရက် ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုးကန့် MNDAA အရာရှိတစ်ဦးသေဆုံးတဲ့အပြင် အရပ်သား ၃ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားတာ ဖြစ်ပါတယ်။ လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဘက်က မြို့အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်တာ ၁ လကျော်ကြာလာချိန် စစ်တပ်ဘက်က အခုလို လေယာဉ်နဲ့ဆက်တိုက်ဗုံးကြဲဆက်တိုက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေအတည်တကျ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ “ကြားရတဲ့သတင်းကတော့ ကိုးကန့် နဲ့ စစ်တပ်တို့နှစ်ဖက် သဘောတူညှိနှိုင်းမှု တစ်စုံတစ်ခုတော့ရှိနေတယ်။ စစ်တပ်ဘက်ကလည်း လားရှိုးကိုတော့ ပြန်ယူဖို့ဆိုပြီး ကောလဟာသတင်းထွက်နေတယ်။”လို့ လားရှိုးဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကစပြီး လားရှိုးမြို့ကို ကိုးကန့် MNDAA တပ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေလေကြောင်းအန္တရာယ်ကို ဆက်လက်စိုးရိမ်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတစ်ချို့ ပစ္စည်းတွေလာသယ်ယူတာ၊ အိမ်ကိုခဏတဖြုတ်လာကြည့်ရုံပြီး ပြန်ထွက်ကြတာများတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ မိမိနေအိမ်ကိုပြန်လာနေပြီဖြစ်တဲ့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း လက်ရှိလေကြောင်းအန္တရာယ်ကြောင့် ဆက်လက်ထွက်ပြေးရမဲ့အခြေအနေကို တွေးပူနေတယ်လို့ ပြောပါတယ်။ “လောလောဆယ်က လေကြောင်းအန္တရယ်ကို သတိထားစိုးရိမ်ပြီးနေနေသေးတယ်။ ကျမတို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ စစ်ရှောင်ကနေ ပြန်လာကြတာဟုတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ထပ်ထွက်ပြေးရမယ်ဆိုရင်တော့ ထပ်ပြေးရမှာပဲ။ လောလောဆယ်ကတော့ ဘယ်လိုဖြစ်လာမလဲ မဆုံးဖြတ်နိုင်သေးဘူး။ အရင်က အတည်အကျနေထိုင်နိုင်ဖို့က ခက်ခဲသေးတယ်။” လို့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။ တစ်ဖက်မှာလည်း လားရှိုးမြို့ပေါ်မှာတော့ ကိုးကန့် MNDAA နဲ့ UWAS ၀ တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့တွင်းတစ်ဖွဲ့တစ်လှည့်စီ တစ်နေ့ ၆ ကြိမ်လောက် ကင်းလှည့်ပေးနေတာလည်း ရှိတယ်လို့ဆိုပါတယ်။ လက်ရှိချိန်ထိ ကိုးကန့်ဘက်က လားရှိုးမြို့တွင်းကို အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေးပေမယ့် လျှပ်စစ်မီးနဲ့ ဆေးရုံလုပ်ငန်းတွေတော့ လည်ပတ်နိုင်အောင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။ “စာသင်ကျောင်းတွေတော့ဘယ်အချိန်မှ စလို့ရမယ်မှန်းမသိသေးလို့ ကျောင်းဆရာ၊ဆရာမတွေ နာမည်စားရင်းတွေလာ ထည့်ကြတာကိုတော့ လက်ခံနေတယ်။တချို့ကတော့ ပြန်လာပြီး ပစ္စည်းတွေ လာသိမ်းယူပြီး ပြန်ထွက်ကြတာများပါတယ်။ များသောအားဖြင့်တော့ မပြန်လာရဲသေးတာပေါ့။”လို့ နောက်ထပ်လားရှိုးဒေသခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ပေါ် ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မြို့တော်ခန်းမအပါအဝင် အစိုးရနဲ့ဆိုင်တဲ့ နေရာ၊ စာသင်ကျောင်းတွေမှာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံအရ စစ်ကောင်စီစွဲကိုင်တဲ့အလံကို ရှေ့ဦးထားပြီး အလံလွင့်ထူထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ကိုးကန့်ဘက်က အခုလိုစစ်တပ်စွဲကိုင်တဲ့နိုင်ငံတော်အလံကို လွင့်ထူးထားရတဲ့အကြောင်းရင်းကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေဘက်ကပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
6 Septemberသတင်း
နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး
စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။
Read More » -
Aug- 2024 -27 Augustသတင်း
သီပေါမှာ တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်မှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သား ၁၉ ယောက်သေဆုံးခဲ့ရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က SHRF ရဲ့ မနေ့ကဩဂုတ်လ ၁၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ဒီသေဆုံးမှုကတော့ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်း ထန်လာတဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ ၁၉ ရက်နေ့အထိ ပြုစုထားတဲ့စာရင်းတွေအရ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူတွေဟာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေဖြစ်ပြီး နောက်ထပ်အရပ်သား ၁၉ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။ ဒီစစ်တမ်းကို ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်က ပြုစုမှတ်တမ်းပြုလုပ်တဲ့အခါမှာ စစ်ကောင်စီတပ်ဟာ အရပ်သား နေထိုင်ရာနေရာတွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာတွေ့ရတယ်လို့ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ ပြောရေးဆို ခွင့်ရှိသူ မယိမ်းလျန်းဟန်ကပြောပါတယ်။ “အဓိကတော့ သက်ကြီးပိုင်းတွေသေတာများတယ်။ အဘိုးအဘွားအရွယ်တွေ အဲ့လိုမျိုးများတယ်။ သံဃာ တော်တွေလည်းပါတယ်။ ကျွန်မအမြင်ကတော့ စစ်ကောင်စီဘက်က အရပ်သားတွေနေရာတွေကိုပဲ ဦးတည် တိုက်ခိုက်နေတာတွေ့ရတယ်”လို့ပြောပါတယ်။ သေဆုံးခဲ့ရသူ၁၉ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ကလေးတစ်ယောက်အပါအဝင် သံဃာတော် ၂ ပါးနဲ့ အမျိုးသမီး ၇ ဦး၊ အမျိုးသား ၁၂ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ယောက်ထဲမှာ သီလရှင်တစ်ပါးနဲ့ သံဃာတော်တစ်ပါး ပါဝင်တယ်လို့သိရပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲအတွင်းအသုံးပြုတဲ့လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေအပါအဝင် အဆောက်အဦးပေါင်း ၁၁၀ ကျော်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုလို စစ်ကောင်စီရဲ့အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် မြို့တွင်းနေထိုင်တဲ့ ဒေသခံတွေ အနေနဲ့လုံခြုံမှုမရှိဘူးလို့ မယိန်းလျန်းဟန်ကဆက်ပြောပါတယ်။ “လောလောဆယ်အခြေနေမှာတော့လေ စစ်တပ်ကအခုလို မြို့ထဲကိုရမ်းသမ်းပြီးဆက်တိုက်ပစ်နေတော့ မြို့ထဲနေလို့မကောင်းဘူးပေါ့လေ အဓိကကတော့ စစ်တပ်ဘက်ကတော့ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်မှု တွေပိုလုပ်တာကြုံရတယ်။”လို့ပြောပါတယ်။ ဒါ့အပြင် လက်တလော သီပေါမြို့နယ်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေပါပြတ်တောက်သွားတဲ့အတွက် စစ်ကောင်စီဘက်က ပိုပြီးတော့တိုက်ခိုက်မှုတွေလုပ်လာနိုင်တယ်လို့ သူကပြောပါတယ်။ သီပေါမြို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကစတင်ပြီးတော့ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်း အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲအဖြစ်တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး လက်ရှိတော့ သီပေါမြို့ကို တော်လှန်ရေး အင်အားစုတွေဘက်ကထိန်းချုပ်ထားပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
6 Augustသတင်း
ဖားကန့်မှာ အသက်သေဆုံးတဲ့အထိ ငှက်ဖျားရောဂါအဖြစ်များနေ
ကချင်ပြည်နယ် ဖားကန့်မှာ ငှက်ဖျားရောဂါဖြစ်သူတွေ များလာနေပြီး အသက်သေဆုံးတဲ့အထိ ဖျားနာ နေကြတယ်လို့ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်း ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များလာပြီးနောက် တစ်ဆက်တည်းငှက်ဖျားရောဂါလည်း အဖြစ်များလာနေတယ်လို့ ဖားကန့် မှော်ဝမ်းရပ်ကွက်ပြည်သူတစ်ဦးက ပြောပါတယ်။ “မိုးဦးကျကတည်းကပဲ ဒီနှစ် မိုးကရက်စက်တယ် ငှက်ဖျားရော၊ဝမ်းပျက်ဝမ်းလျှောတာရော ရေကြီးကတည်းကဘဲ”လို့ ပြောပါတယ်။ လက်ရှိ ငှက်ဖျားရောဂါအဖြစ်များတဲ့နေရာတွေဟာ ဖားကန့်မြို့ပြင် ကျေးရွာတွေဖြစ်တဲ့ တာမခံ၊ဝှေခါနဲ့ မှော်စီဇာအပြင် ဖားကန့်မြို့တွင်းမှာလည်း ငှက်ဖျားပိုးတွေ့သူတွေများလာနေတယ်လို့ ဆိုပါတယ်။ ဖားကန့်ပြည်သူတွေပြောဆိုချက်အရ မြို့တွင်းနေထိုင်သူတွေအနေနဲ့ ဖျားလာပါက ဆေးရုံ၊ဆေးခန်းသွားဖို့ နီးပြီး ဆေးဝယ်ယူဖို့လွယ်ကူပေမယ့် ကျေးရွာနေပြည်သူတွေဟာ မြို့နဲ့အလှမ်းဝေးပြီး ဆေးဝါးကုသမှုမရရှိတာကြောင့် အသက်သေဆုံးတဲ့အထိ အခြေနေဆိုးရွားနေတယ်လို့ ဖားကန့် တာမခံဘက်က ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “ငှက်ဖျားကြောင့် ဆုံးကြရတာတွေ ရှိနေတယ်ဆေးပစ္စည်းတွေ ပို့ဖို့ခက်တဲ့နေရာတွေမှာဖြစ်တာ ပိုးတွေ့လူနာတွေတော့များတယ်။ တောထဲမှာရော ဆေးပစ္စည်းတွေကလည်း ဈေးကြီး ပြီးတော့လိုအပ်တဲ့အချိန်မှာ ဆေးကမရှိတာမျိုးလည်းကြုံနေကြတော့ သေဆုံးတာတွေလည်းရှိနေတယ်”လို့ ပြောပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံခဲ့သလို၊ ဖားကန့်မှာလည်း ဥရုချောင်းမြင့်တက်ခဲ့တာကြောင့် ရေဘေးသင့်ခဲ့ကြပါတယ်။ ဥရုချောင်းရေတွေပြန်ကျသွားပေမယ့် နေအိမ်အတွင်းအများပိုင်း ရေနစ်မြုပ်တာ၊ရေတွင်းရေနစ်မြုပ်တာတွေကြောင့် သန့်ရှင်းတဲ့သောက်သုံးရေ မလုံလောက်မှုကြုံခဲ့ကြရပြီး ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များခဲ့တယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ တစ်ဆက်တည်းမှာဘဲ ဝမ်းပျက်၊ဝမ်းလျှောဖြစ်သူတွေ သက်သာလာချိန်မှာ ငှက်ဖျားရောဂါဖြစ်သူတွေများလာတာလို့ သိရပါတယ်။ ဒါ့အပြင် စက်သုံးဆီအခက်ခဲကြောင့် ကုန်ကားတွေအဝင်နည်းလာတဲ့အတွက် ဖားကန့်မှာ ကုန်စျေးနှုန်း၊အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေလည်း စျေးအဆမတန်မြင့်တက်လာတဲ့တွက် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေကြတဲ့အပြင် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေတဲ့တွက် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲကြပ်တည်းနေကြတာပါ။ လက်ရှိ ဖားကန့်မှာ အင်တာနက်လိုင်းသုံးရဖို့ တစ်နာရီကို ကျပ် ၃ သောင်ပေးပြီး တုံကင်စနစ်နဲ့သုံးနေရသလို ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်သာရှိတဲ့အတွက် ပြည်သူတွေငွေလွှဲ၊ငွေထုတ်ဖို့လည်း ခက်ခဲနေကြတယ်လို့ သိပါတယ်။ ဖားကန့်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဩဂုတ်လကစပြီး ဖုန်း၊အင်တာနက်သုံးစွဲခွင့်ကို စစ်တပ်က ပိတ်လိုက်ပြီးနောက် အကန့်သတ်နဲ့သာသုံးခွင့်ရနေရာကနေ ဒီနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဖုန်း၊အင်တာနက်လိုင်းတွေအားလုံးထပ်ပြီး ပြတ်တောက်သွားပြီဖြစ်ပါတယ်။ By – CJ
Read More » -
6 Augustသတင်း
ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုဟာ အရပ်သားပစ်မှတ်လို့ TNLA ပြော
သေဆုံးခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အမျိုးသမီး၂ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ရတာ လို့ မလွေးယေဦးကအတည်ပြုပါတယ်။
Read More » -
Jul- 2024 -26 Julyသတင်း
ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံး
ရှမ်းမြောက် ညီနောင်မဟာမိတ်တပ်ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲကာလ တစ်လအတွင်း အရပ်သား ၃၀၀ ခန့် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ကလေးသူငယ် ၁၆၀ ဦးထိခိုက်သေဆုံးတယ်လို့ တအာင်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့ကစပြီး တစ်ကျော့ပြန် ပြန်လည်ဆင်နွှဲလာခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ တစ်လပြည့်ပြီဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၁၂၅ ဦးသေဆုံးပြီး ၁၆၇ ဦး ဒဏ်ရာရပြီး စုစုပေါင်း ထိခိုက်သေဆုံးတဲ့ အရပ်သား ၂၉၂ ဦးရှိတယ်လို့ PSLF/TNLA ရဲ့သတင်းပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၅ ရက်နေ့ည ထုတ်ပြန်ထားပါတယ်။ အဲဒီထိခိုက်သေဆုံးမှုစာရင်းထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ထိခိုက်သေဆုံးမှုစာရင်း စုစုပေါင်း ၁၅၀ ခန့်ရှိတယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် လက်ရှိ စစ်ကောင်စီဘက်က လားရှိုးကိုထိုးစစ်ဆင်နေတဲ့ ကိုးကန့် MNDAA ရဲ့ ထိန်းချူပ်နယ်မြေ သိန္နီ– ကွမ်းလုံ – ရှင်းရွှေဟော်နဲ့ လောက်ကိုင် စတဲ့နေရာတကြောကိုပါ လေကြောင်းပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ကိုးကန့်ဒေသက ပြည်သူတွေ ထပ်မံထွက်ပြေးနေရသလို ဘာသာရေး နဲ့ ပညာရေးကျောင်းတွေအားလုံး ပိတ်ထားရကြောင်း ဆက်လက်သိရပါတယ်။ “စိုးရိမ်ရတယ်။အခုက အနီးနား ကွတ်ခိုင်နဲ့ သိန္နီကြားတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်။ အဲဘက်မှာ လေယာဉ်နဲ့ဗုံးကြဲတာ ဒီဘက်ကွတ်ခိုင်၊ကောင်းခါးဘက်ထိ ကြားရတယ်။ ဒါကြောင့် စိုးရိမ်မှုနဲ့ပဲ နေနေကြတယ်။ သိန္နီဘက်က အချိန်မရွေးပဲ ဆက်တိုက်ဗုံးကြဲနေတယ်။ နေ့ဆိုရင် အားလုံးကိုယ့်အိမ်ကိုယ်ရှိကြတယ် ညဆိုရင်တော့ အားလုံးရှောင်ကြတယ်။ လောက်ကိုင်–ရှင်းရွှေဟော်– ကွမ်းလုံ – နမ့်ဇလပ် – သိန္နီ ဒီတစ်ကြောအားလုံးတော့ ကျောင်းတွေအားလုံးပိတ်ထားရတယ်။”လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် လက်ရှိ TNLA ၊ KIA တို့ ထိန်းချူပ်ထားတဲ့ နယ်မြေတွေထဲက ပြည်သူတွေလည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုတွေနဲ့ပဲဲ နေနေရတယ်လို့ ဆိုပါတယ်။ KIA ထိန်းချူပ်ထားတဲ့ နမ့်ဖတ်ကာမြို့ထဲမှာလည်း ဘာသာရေးကျောင်းတွေနဲ့ လူအများစုဖွဲ့ပြီး ဝတ်ပြုကိုးကွယ်တာတွေ ရပ်နားထားရသလို စာသင်ကျောင်းတွေကိုလည်း အခြေအနေကို ကြည့်ပြီး ဖွင့်နေကြတယ်လို့ သိရပါတယ်။ “နမ့်ဖတ်ကာမှာလည်း လားရှိုးဘက်တိုက်ပွဲမှာ KIA ပါဝင်နေမှုမရှိရင်လည်း နမ့်ဖတ်ကာဘက်ကလည်း သူတို့စစ်တပ်စခန်းကြီးတပ်စွဲတဲ့နေရာတစ်ခုဖြစ်တာကြောင့် လေကြောင်းသတိထားပြီးတော့ နေနေကြရတယ်။ ဒါကြောင့် အခု ဘုရားကျောင်း ဝတ်ပြုကိုးကွယ်အစီအစဉ်တွေ မလုပ်တော့ဘူး။ သိန္နီဘက် အဘက်ဘက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိနေတော့ နမ့်ဖတ်ကာကသူတွေလည်း သတိနဲ့ပဲနေနေကြပါတယ်။” လို့ နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။ ရှမ်းမြောက်မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာတွေလည်းရှိနေတာကြောင့် မြေပြင်မှာ အရပ်သားထိခိုက်သေဆုံးမှုအရေအတွက်နဲ့ ဘာသာရေးကျောင်းဆောင်များ၊ နေအိမ် အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ် သိရှိနိုင်ဖို့ ခက်ခဲနေပါတယ်။ By – ဂျာဘောက်ရာ
Read More » -
19 Julyသတင်း
သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး
လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။
Read More » -
11 Julyသတင်း
နောင်တာလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး အမျိိုးသား ၄ ဦးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့ နောင်တောလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင်လ ၆ ရက်နေ့က နောင်တာလောကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ ရိုးရာအရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်ခဲ့ကြတဲ့ အမျိုးသား ၁၅ ဦး အစာအဆိပ်သင့်ခဲ့တာဖြစ်ပြီး အဲဒီညမှာဘဲ အခြေအနေအရမ်းဆိုးတဲ့သူတစ်ချို့ကတော့ မြစ်ကြီးနားဆေးရုံပို့ဆောင်ပေမယ့် ဆေးရုံကြီးအရောက်မှာ ၃ ဦးသေဆုံးတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ “သူတို့ပြောတာကတော့ ဝမ်းလျှောတယ် အန်တယ်တယ်တဲ့ပြီးတော့ အသက်ရှုကြပ်တာတွေဖြစ်တယ် သေသွားတဲ့ လူနာတွေကတော့ လည်ပင်းမှာမည်းလာတယ်လို့ ပြောတယ် ညိုညို မည်းမည်းကြီးပေါ့ အဲဒီလက္ခဏာတွေပြတယ်တဲ့”လို့ မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေး အသင်း အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာတော့ ကျန်နေသေးတဲ့ အစာအဆိပ်သင့်လူနာတွေကို ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံးကြီးကို ပို့ဆောင်ဖို့ မြင့်မြတ်စေတနာနဲ့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်သွယ်လာတာကြောင့် ၁၅ ဦးထပ်ပြိီး ပို့ပေးခဲ့ရာ အဲဒီထဲက အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး ကျန်တဲ့လူနာတွေကတော့ ကာကွယ်ဆေးထိုးပြီး ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။ အရက်ဆိုင်ဖွင့်တဲ့နေရာအနီးမှာ အဆောင်အိမ်တန်းလျားပုံစံအိမ်ငှားနေထိုင်တဲ့နေနေရာမျိုးဖြစ်တဲ့အတွက် အနီးတစ်ဝိုက်မှာနေတဲ့ အမျိုးသားတစ်ချို့အရက်သွားသောက်ရာကနေ အဆိပ်သင့်ခဲ့တာဖြစ်ပြီး အရက်နဲ့အတူ ဒညှင်းသီး၊ အမဲသားနဲ့ ငါးခြောက်တွေလည်း တွဲစားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ အဲဒီအရက်ရောင်းတဲ့ဆိုင်ကအရက်ချက်တဲ့အခါသုံးတဲ့ပါဝင်ပစ္စည်းတွေကို ဓာတ်ခွဲခန်းမှာစစ်ဆေးဖို့ ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တွေယူသွားပြီး အရက်ဆိုင်ပိုင်ရှင်ကိုတော့ တာဝန်ရှိသူတွေခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ လတ်တလောမှာဆိုရင်လည်း အခုလို အစာအဆိပ်သင့်သူတွေဟာ ရေကြီးတဲ့အချိန်မျှောပါလာတဲ့တိရစ္ဆာန်တွေကို ချက်ပြုတ်စားသောက်ရာကနေဖြစ်ရတာဖြစ်တယ်လို့ သတင်းတွေထွက်နေပေမယ့် KNG ဘက်က သေချာအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အစာအဆိပ်သင့်နိုင်တဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့ ကိုမေးမြန်းကြည့်ရာမှာကတော့ ငါးနဲ့တခြား အသားအစိမ်းတွေမှာတွေ့ရတတ်တဲ့ နိုရိုဗိုင်းရပ်(Norovirus) လို အရာမျိုးတွေကြောင့်လည်း အစာအဆိပ်သင့်နိုင်ချေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် အစာအဆိပ်သင့်ပါက ကျောက်ကပ်ကို ထိပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ ပျို့အန်တာတွေကို ဖြစ်စေနိုင်သလို့ ရေဓာတ်ခန်းချောက်တာတွေကိုပါ ဖြစ်စေတယ်လို့ ဆိုပါတယ်။ “တချို့ အစာအဆိပ်သင့်တဲ့အချိန်အရမ်းအန်လိုက်တာမျိုး ဝမ်းအရမ်းလျှောတာမျိုး ဖြစ်သွားတော့ ရေဓာတ်ခမ်းချောက်ပြီး ရေဓာတ်မြန်မြန်ပြန် မဖြည့်ပေးနိုင်တဲ့အတွက် ကျောက်ကပ်တွေ အလုပ်မလုပ်နိုင်တော့ဘဲ သေဆုံးတာတွေ ဖြစ်နိုင်တယ် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရေဓာတ်နဲ့ ခုခံအားတော့ မတူဘူးပေါ့”လို့ Kachin Backpack အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့ ခုလို အဆိပ်သင့်တဲ့ အချိန်တွေဆိုရင် ဆေးရုံတွေမှာ ဆိုရင်တောင် ဖြေဆေးကို ချက်ချင်းရှာရခက်တဲ့အတွက် ထန်းညက်နဲ့ ကန်စွန်းရွက်ကိုထောင်းပြီး အဆိပ်ဖြေနိုင်သလို ရေဓာတ်မခမ်းချောက်အောင် ဓာတ်ဆားထုပ်ကိုလည်း အမြဲဆောင်ထားသင့်ပြီး ဓာတ်ဆားထုပ်မရှိပါက ဆား၊ သကြားနဲ့ ရေသန့်တွေကို သေချာ ပေါင်းစပ်ပြီး အသုံးပြုနိုင်တယ်လို့ သူက အကြံပြုပါတယ်။ လက်ရှိဝိုင်းမော်မြို့နယ်က စစ်ရှောင် စခန်းတွေမှာ ဆိုရင်လည်း သောက်ရေ သုံးရေ မလုံလောက်မှုနဲ့ ညစ်ပတ်မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအပြင် တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ By – Hope
Read More »









