သဲကျောက်

  • Mar- 2026 -
    5 March
    သတင်း

    မြစ်ကြီးနားမှာ သဲကျောက်ကား‌တွေကြောင့်လမ်းတွေပျက်စီးလာ

    ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ ကရပ်ကွက်တချို့ရဲ့လမ်းကြားတွေထဲ သဲကျောက်ကားကြီးများမကြာခဏဖြတ်သန်းသွားလာနေတဲ့အတွက် ကိုယ်ထူကိုယ်ထလမ်းတွေအပါအဝင် လမ်းပိုင်းပျက်စီးမှုတွေရှိလာ‌တယ်လို့မြို့ခံတွေကပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးခေါင်းစဥ်နဲ့ စစ်ကော်မရှင်လက်အောက်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက မြစ်ကြီးနားမြို့ စီတာပူ၊ မန်ခိန်၊ ရွှေစက် စတဲ့ရပ်ကွက်တွေရဲ့ မြစ်ကြောင်းတစ်လျှောက်က သဲကျောက်တွေကို တူးဖော်နေပြီး တုံဖုန်းကားကြီးတွေနဲ့နေ့စဥ်…

    Read More »
  • Feb- 2026 -
    25 February
    သတင်း

    မြစ်ကြီးနားမြို့တွင်း စည်းကမ်းမဲ့မောင်းနေတဲ့သဲကျောက်ကားတွေကို ကြပ်မတ်ပေးဖို့ပြည်သူတွေတောင်းဆို

    မြစ်ကြီးနားမြို့မှာ အများပြည်သူသုံး လမ်းမပေါ်သဲကျောက်သယ်တဲ့ ကားကြီးတွေစည်းကမ်းမဲ့မောင်းနှင်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သေချာကြပ်မတ်ပေးဖို့ ပြည်သူတွေတောင်းဆိုနေကြပါတယ်။ လက်ရှိမှာ စီတာပူ၊ စက်မှုဇုန်၊ မန်ခိန် စတဲ့ ရပ်ကွက်တွေနဲ့ နီးတဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ“မြစ်ကြောင်းရှင်းလင်းရေးစီမံကိန်း” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သဲကျောက်တွေ တူးဖော်ပြီး တုံဖုန်းကားတွေနဲ့ နေ့စဉ်သယ်ယူနေကြတာ ဖြစ်ပါတယ်။ မြို့ခံတွေပြောတာက ဒီသဲကျောက်တင်တဲ့ကားတွေဟာ အမိုးနဲ့ဖုံးအုပ်ထားခြင်းလည်းမရှိတဲ့အတွက် သဲကျောက်ကားဖြတ်မောင်းလာတဲ့လမ်းတစ်လျှောက် ရေ၊ဖုံ၊သဲများလွှင့်စင်နေတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေ သွားလာဖို့ခက်ခဲတာ ယာဉ်လမ်းကြောင်းပိတ်ဆို့တာတွေလည်းကြုံနေရတယ်လို့ သိရပါတယ်။ “ကားတွေက အကြီးကြီးတွေ ဖြစ်တယ် ဖုန်မှုန့်ကလည်း များတယ်။ ကျောက်ခဲတွေ လွှင့်စင်လာတော့ ကလေးတွေ ကျောင်းပို့ကျောင်းကြိုအချိန်ဆို ပိုပြီး စိုးရိမ်ရတယ်။ အချိန်သတ်မှတ်ပြီး လုပ်ပေးရင် ကောင်းမယ်လို့ ထင်တယ်” လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးပြောပါတယ်။ သဲကျောက်ကားတွေက တစ်နေ့ကို ပျမ်းမျှ အစီးတစ်ရာကျော် ရှိတယ်လို့ သိရပြီး လမ်းတစ်လျှောက် ကားကြီးတွေ ပြည့်နေတဲ့အတွက် သာမန်ပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေ သွားလာရတာ ပိုခက်ခဲလာနေတယ်လို့ သူက ဆက်ပြောပါတယ် တစ်ဖက်မှာလည်း ကားမောင်းသူတွေကို တစ်ခေါက်ကိုတစ်သောင်းနှုန်းပေးနေတာကြောင့် အခေါက်ရေများများရဖို့ အလျင်အမြန် မောင်းနေကြတဲ့အတွက် လမ်းပိတ်ဆို့တာ၊ ကျောက်စတွေ လွှင့်စင်တာတွေကြုံနေရတယ်လို့ မြို့ခံတွေပြောပါတယ်။   နောက်ဆက်တွဲအနေနဲ့ လမ်းဘေးစားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေမှာ ဖုန်မှုန့်တွေ ထူထပ်နေပြီး စီးပွားရေးလည်း ထိခိုက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ကားကြီးတွေ မောင်းနေတဲ့ လမ်းတွေကို စည်ပင်ကရေဖြန်းပေးရမယ်။ ဒါ သူတို့တာဝန်ပဲ အခု စီတာပူဘက်မှာ ဖုန်တွေ အရမ်းများနေတာက တာဝန်ရှိသူတွေ အလုပ်မသေချာလုပ်လို့ဖြစ်တာ” လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် ထိရောက်တဲ့အရေးယူခြင်းမရှိပဲ အခြေနေပိုဆိုးလာနေတယ်လို့လည်း ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ သဲကျောက်သယ်ယူမှုတွေက ၂၀၂၆ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီအောက် ကချင်ပြည်နယ်အစိုးရက ရေကြီးရေလျှံမှု ကာကွယ်ဖို့ဆိုပြီး ဗလမင်းထင်တံတားအောက်က သဲကျောက်တွေ စတင်တူးဖော်ရာကနေ ဖြစ်လာတာလို့ သိရပါတယ်။ ခုလိုသဲကျောက်ကားတွေကြောင့် ၂၀၂၀ ဝန်းကျင်က ပြုပြင်ထားတာကြောင့်  မြို့တွင်းလမ်းတွေပျက်စီးမှု မများသေးပေမယ့် မြို့ပတ်လမ်းနဲ့ မြို့ပြင်လမ်းတွေမှာတော့ ပျက်စီးနေပြီး ပြန်လည်ပြုပြင်တာ မရှိသေးဘူးလို့ သိရပါတယ်။ သဲကျောက်သယ်ရာမှာ သာမန်တုံဖုန်းကားတွေအပြင် ဖားကန့်ဘက်မှာ အသုံးပြုတဲ့ ဝိတ်ကြီးတုံဖုန်းကားတွေကိုပါ အသုံးပြုနေပြီး ဝန်ပိုသယ်ယူတာကြောင့် လမ်းတွေ ပိုပျက်စီးလာနေတယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးပဲ တူးဖော်လာတဲ့ သဲကျောက်တွေကို လွှတ်တော်ဘေးက ခြံအလွတ်တစ်နေရာနဲ့ စီတာပူဂျပန်တံတားနား မြေအလွတ်တွေမှာ စုပုံထားပြီး ခြံဝင်းခတ်ကာ ရွှေကျင်လုပ်နေကြတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဗလမင်းထင်တံတားအောက်မှာ ရွှေတူးဖော်မှုတွေကို မနှစ်ကစတင်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ “ရေကြီးကာကွယ်ရေး” ခေါင်းစဉ်နဲ့ ပိုပြီး ပေါ်ပေါ်တင်တင် လုပ်လာကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ သဲသောင်တွေကို တူးဖော်ရှင်းလင်းခြင်းအားဖြင့် မြစ်ကြောင်းဖြောင့်တန်းစေပြီး ရေစီးရေလာကောင်းမွန်လာကာ မြို့ရေကြီးမှုကနေ ကာကွယ်နိုင်မယ်လို့ ဇန်နဝါရီ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယခင်အစိုးရခေတ်တွေမှာ ဗလမင်းထင်တံတားအနီးနဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်မှုတွေကို တားမြစ်ထားခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်ကုန်ပိုင်းကစပြီး တူးဖော်မှုတွေ ပိုများလာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၅ မိုးရာသီတုန်းကတော့ မြစ်ရေကြီးမှုကြောင့် ခနရပ်နားခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ အရှိန်မြင့် ပြန်လည်တူးဖော်နေကြတယ်လို့ သိရပါတယ်။ By –…

    Read More »
  • Mar- 2025 -
    11 March
    သတင်း

    ဧရာဝတီမြစ်ကမ်း ရွှေတူးဖော်မှုကိုတားမြစ်ပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ထံစာတင်ပြတောင်းဆိုမှု အကြောင်းမပြန်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ်ကမ်းဘေးတစ်လျှောက် ရွှေတူးဖော်မှုနဲ့သဲကျောက်ထုတ်ယူမှုတွေကို တားမြစ်ပေးဖို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ဒေသခံတွေစာတင်ပြတောင်းဆိုထားပေမယ့် တစ်လခန့်ကြာလာတဲ့အထိ အကြောင်းပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ တစ်နှစ်ပြီးတစ်နှစ်အထိန်းအကွပ်မရှိ ရွှေတူးဖော်မှုတွေကြောင့် ဧရာ၀တီမြစ်နဲ့သဘာ၀ပတ်ဝန်းကျင် ဆိုးရွားစွာပျက်စီးလာတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံတွေအနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်အစိုးရအဖွဲ့ထံ စာတင်ပြတောင်းဆိုထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။  “ဒီနေရာတွေမှာ အမြဲတမ်း စက်ယန္တရားကြီးတွေနဲ့ ရွှေမတူးဖော်ဖို့၊ စက်ယန္တရားကြီးတွေကို လုံး၀ အဝင်မခံဖို့။ အခုက သဲကျောက်ထုတ်တယ်ဆိုပြီး ရွှေပါတစ်ခါတည်း တူးဖော်နေရော။ ဒီလိုမျိုး သူတို့က ခွင့်ပြုချက်ရထားတယ်ဆိုပြီး အားလုံးပါမစ်လျှောက်ထားပြီးသားဆိုပြီး သဲကျောက်ကောက်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွှေတူးဖော်တာတွေ ဆိုးဆိုးရွားရွား လုပ်လာတယ်။ ဒါကြောင့် အခုဒေသခံတွေလိုချင်တာက ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်အစိုးရပဲတက်တက် ဒါတွေကိုတော့ လုံး၀ ရပ်နားလိုက်ဖို့ တောင်းဆိုတာဖြစ်တယ်”လို့ ဧရာ၀တီမြစ်အနီးနေထိုင်သူ ဒေသခံတစ်ဦးကပြောပါတယ်။ ဒါပေမဲ့ လက်ရှိချိန်ထိ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံတွေရဲ့စာတင်ပြတောင်းဆိုမှုကို တစ်စုံတရာအကြောင်းပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုထားတဲ့စာမှာ အဓိကအားဖြင့် မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အာလမ်၊ အူဗျစ်၊ ဒွမ်ဂန်၊ လမုန်ဇွပ်နဲ့ တန်ဖရဲ– စတဲ့ကျေးရွာတွေရဲ့ နယ်နိမိတ်ဧရိယာအတွင်းရှိ ဧရာ၀တီမြစ်ကမ်းတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တာ၊ သဲကျောက်ထုတ်ယူတာတွေကို တားမြစ်ရုပ်သိမ်းပေးဖို့ တောင်းဆိုထားတာလို့ ဆိုပါတယ်။  မြစ်ကြီးနား – ဆွပ်မရာဘွမ်လမ်းမကြီးနဲ့ ဧရာ၀တီမြစ်ကမ်းပေါ်မှာရှိတဲ့ အာလမ်ကျေးရွာအုပ်စုထဲမှာ အိမ်ခြေစုစုပေါင်း (၁၀၀၀) ခန့်ရှိပြီး လူဦးရေ (၈၀၀၀) ကျော်ရှိကာ ဧရာ၀တီမြစ်ဆုံအထိ အရေးပါပြီးမြစ်ကြောင်းတစ်လျှောက်ကို အစိုးရအဆက်ဆက်ကာကွယ်စောင့်ရှောက်ထားတဲ့ နေရာတွေဖြစ်တယ်လို့ တောင်းဆိုစာမှာ ဖော်ပြထားပါတယ်။…

    Read More »
  • Nov- 2023 -
    6 November
    သတင်း

    လိုက်ထရိုက်ကားကို သဲကျောက်သယ်တဲ့ ခြောက်ဘီးကားတိုက်မိပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ လိုက်ထရိုက်ကားကို ခြောက်ဘီးကားနဲ့ တိုက်ပြေးသွားတာကြောင့် လိုက်ထရိက်ကားမှာစီးပါလာတဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ် ဆယ်ရေး အသင်းရဲ့တာဝန်ရှိသူကပြောပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ မနေ့ညနေ ၄နာရီဝန်းကျင် ခေမာသီရိ လမ်းသွယ် ၁၃ထိပ်မှာ အသက် ၂၅ နှစ်အရွယ်အမည်သိအမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ လိုက်ထရိုက်ကားဟာ လမ်းကြားကနေ လမ်းမပေါ်ကို မောင်းထွက်လာချိန် လမ်းမပေါ်ကို ဖြတ်မောင်းလာတဲ့သဲကျောက်ကား ခြောက်ဘီးကားကြီးက ဖြတ်တိုက်တာဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ထွေထွေထူးထူး စိုးရိမ်စရာတော့မရှိပါဘူး ခေါင်းနည်းနည်းပါးပါး…

    Read More »
Back to top button