သတင်း

လိုက်ထရိုက်ကားကို သဲကျောက်သယ်တဲ့ ခြောက်ဘီးကားတိုက်မိပြီး ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ လိုက်ထရိုက်ကားကို ခြောက်ဘီးကားနဲ့ တိုက်ပြေးသွားတာကြောင့် လိုက်ထရိက်ကားမှာစီးပါလာတဲ့ ပြည်သူ  ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျိုးဆက်သစ်လူမှုကယ် ဆယ်ရေး အသင်းရဲ့တာဝန်ရှိသူကပြောပါတယ်။

အောက်တိုဘာလ  ရက်နေ့ မနေ့ညနေ ၄နာရီဝန်းကျင် ခေမာသီရိ လမ်းသွယ် ၁၃ထိပ်မှာ အသက် ၂၅ နှစ်အရွယ်အမည်သိအမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ လိုက်ထရိုက်ကားဟာ လမ်းကြားကနေ လမ်းမပေါ်ကို မောင်းထွက်လာချိန်

လမ်းမပေါ်ကို ဖြတ်မောင်းလာတဲ့သဲကျောက်ကား ခြောက်ဘီးကားကြီးက ဖြတ်တိုက်တာဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထွေထွေထူးထူး စိုးရိမ်စရာတော့မရှိပါဘူး ခေါင်းနည်းနည်းပါးပါး ပေါက်ပြဲတာလောက်ဘဲ တိုက်ပြေးသွားတဲ့ကားဆရာကိုတော့ရှမ်းရွာဘက်မှာပြန်မိတယ်လို့ကြားတယ်လို့ပြောပါတယ်။

အတိုက်ခံရတဲ့အမျိုးသားနဲ့အမျိုးသမီးက တော့ဒဏ်ရာပြင်းထန်တွေမရှိဘဲ မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး လူနာတွေနဲ့ပက်သက်တဲ့ အချက်အလက်အပြည့်အစုံကိုတော့ သိခွင့်မရလိုက်ဘူးလိုပြောပါတယ်။

ဒါအပြင် တိုက်ပြေးသွားတဲ့  ကားဆရာကိုတော့ရှမ်းရွာ ဘက်မှာပြန်လည်ဖမ်းမိခဲ့တာကိုကြားမိခဲ့တယ်လို့သူက ခုလိုပြောပါတယ်။

အောက်တိုဘာလအတွင်းမှာဘဲ မျိုးဆက်သစ်လူမှုကယ် ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်အရ ယာဉ်မတော်တဆမှု အကြိမ်၄၀ ဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။

မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်မှုတွေက တစ်လထက်တစ်လပိုမိုများပြားလာပြီး အောက်တိုဘာလ တစ်လထဲမှာ ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ်ထိရှိခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button