သတင်း

ဝိုင်းမော်မြို့တွင် တရားမ၀င် ဆိုင်ဖွင့်သော တရုတ် (၃)ဦးကို ငွေဒဏ် စီရင်

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ခွင့်ပြုချက်မရှိဘဲ ပစ္စည်းအရောင်းဆိုင်များ ဖွင့်သော တရုတ်နိုင်ငံသား ()ဦးကို သြဂုတ်လ (၁၅)ရက်နေ့ ဝိုင်းမော်မြို့နယ်တရားရုံးမှ ငွေဒဏ် ()သိန်းစီ အပြီးသတ် ပစ်ဒဏ်ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ စည်းကမ်းဖောက်ဖျက်သော နိုင်ငံခြားသားများကို ငွေဒဏ် ကျပ် (၁၀)သိန်းထိ ချမှတ်ခွင့်ရှိသော်လည်း လက်ရှိ ဝိုင်းမော်မြို့နယ်တရားရုံးမှ ပုံမှန် ()သိန်းအောက် စီရင်နေခြင်းပေါ် အားရကျေနပ်မှုမရှိကြောင်း လူဝင်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦး အားဆီ ကပြောသည်။

ကျနော်တို့ လ..က အပိုင်းအနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့အပိုင်းမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ကျနော်တို့ဘက်မှာလည်း ဥပဒေရှိသေးတယ်။ မတိကျ မသေချာဘဲနဲ့ အိမ်တစ်အိမ်ကို ဝင်ခွင့်တောင်မရဘူး။ ဝင်လိုက်လို့ တရုတ်နိုင်ငံသား မရှိဘူးဆိုရင် ပြဿနာတွေ ထ ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ဥပဒေမှာ တင်ပြထားတဲ့အတိုင်း ဆောင်ရွက်စေချင်တယ်ဟု သူကဆိုသည်။

ဝိုင်းမော်မြိ့အတွင်း ရပ်ကွက်()မှာရှမ်းနန်အမည်ရှိ ကား ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ တရုတ်အမျိုးသမီး()ဦး နှင့် ၎င်းဆိုင်အနီးကပ်ယက် သစ်သျှူးငှက်ပျော စိုက်ပျိုးခင်းအတွင်း အသုံးပြုပစ္စည်းရောင်းချပေးနေသောဆိုင်မှ တရုတ်အမျိုးသား ()ဦး၊ စုစုပေါင်း ()ဦးတို့ကို လ..က ဥပဒေ ပုဒ်မ ၁၃()ဖြင့် သြဂုတ် (၁၄)ရက်နေ့ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးအရေးယူခံထားရသော တရုတ်နိုင်ငံသား ()ဦးကို လ..က အဖွဲ့မှ ပြည်နှင်ရန် ပြည်နယ်အစိုးရက ညွန်ကြားလာခြင်းမရှိသေးသောကြောင့် လက်ရှိ ဝိုင်းမော်မြို့နယ်ရဲစခန်း တွင် ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။

Show More

Related Articles

Back to top button