သတင်း

ညီနောင် (၃)ဖွဲ့၏ ICC၊ ICJ ထောက်ခံမှု ပြန်ရုပ်သိမ်းရန် တရုတ် ဖိအားပေး

လူမျိုးတုံးသတ်ဖြတ်မှု မြန်မာနိုင်ငံကို ICC နှင့် ICJ ခေါ် နိုင်ငံတကာ စစ်ရာဇ၀တ်မှုဆိုင်ရာ တရားရုံးများမှ အရေးယူ ကြားနာစစ်ဆေးမှု စတင်လုပ်ဆောင်လာခြင်းပေါ် မိမိတို့ သုံးဖွဲ့ကအပြည့်အ၀ထောက်ခံကြောင်းသဘောထားထုတ်ပြန်ချက်အား ပြန်လည်ရုပ်သိမ်းပေးရန် တရုတ်အစိုးရမှ မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်များကို လူတွေ့ ဖိအားပေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ()ရက်နေ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တရုတ်မြန်မာနယ်စပ် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ဌာနချုပ် မုန်းလားသို့ တရုတ်အစိုးရ ကိုယ်စားလှယ်များက ရခိုင် AA၊ တအာင်း TNLA နှင့် ကိုးကန့် MNDAA ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် ယခုလို ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

မနေ့က (ဒီဇင်ဘာ ၅) မုန်းလားကို တရုတ်အစိုးရလူတွေ လာပြီးတော့ ‘o’ (UWSA)လိုမျိုး အဲ့တာကို ကန့်ကွက်သလိုပဲ ခင်ဗျားတို့ သုံးဖွဲ့လည်း အလားတူ ယင်းထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပါ ဆိုပြီးတော့ မဟာမိတ် သုံးဖွဲ့ ခေါင်းဆောင်တွေကို လာပြောခဲ့တယ်လို့သိရတယ်ဟု နယ်စပ် မြောက်ပိုင်းမဟာမိတ် အရာရှိ တစ်ဦး ကချင်သတင်းဌာန (KNG) ကို ပြောပါသည်။

သို့သော်လည်း ယခုလို လာရောက်ဖိအားပေးခဲ့သော တရုတ်အစိုးရ ကိုယ်စားလှယ်များ၏ နာမည်များကို မသိရသေးပါဘူး။

မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ()ဖွဲ့မှ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မပါဘဲ AA TNLA နှင့် MNDAA သုံးဖွဲ့က နိုင်ငံတကာ စစ်ရာဇ၀တ်မှုခုံရုံး International Criminal Court နှင့် International Court of Justice တို့မှ မြန်မာနိုင်ငံပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲဆိုထားချက် ဥပဒေနည်းလမ်းဖြင့် အရေးယူလာခြင်းပေါ် ထောက်ခံကြောင်း နိုဝင်ဘာလ (၂၈)ရက်နေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာလူမျိုးများပေါ် ကျူးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး OIC (Organization of Islamic Cooperation) အဖွဲ့ဝင်များကိုယ်စား ဂမ်ဘီယာ နိုင်ငံမှ ICJ မှာ တရားစွဲဆိုထားခြင်းကို လာမည့်အပတ် ဒီဇင်ဘာလ (၁၀၁၂)တွင် ပထမဆုံး ကြားနား စစ်ဆေးမည်ဖြစ်သည်။  နယ်တာလန်နိုင်ငံ The Hague မြို့ရှိ ICJ တရားရုံးသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ လာရောက် ထုချေသွားရန် စီစဉ်ထားပါသည်။

The Hague မြို့သို့ မထွက်ခွာမီ တရုတ် နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi က သူမကို ဒီဇင်ဘာလ ()ရက်နေ့ နေပြည်တော်မှာ ထူးထူးခြားခြား တွေ့ဆုံခဲ့သည်။

Show More

Related Articles

Back to top button