သတင်း

ဆူနာမီ ပုံစံ ဖါးကန့် ကျောက်စိမ်းတွင်း ပြိုကျမှုတွင် လူ ၁၂၀ ကျော် သေဆုံး

မြန်မာနိုင်ငံ တဝန်းမှ လူ ထောင်ပေါင်းများစွာ လာရောက် ကျောက်စိမ်းတူးဖော်နေကြသည့် ကချင်ပြည်နယ် ဖါးကန့် Gwi Hka မှော်တွင် ဇူလိုင်လ (၂)ရက် မနက် ၈ နာရီခန့် က ဆူနာမီ ပုံစီ မြေဇာပုံကြီးပြိုကျမှုကြောင့် သေဆုံးသူ ဇွန်လ (၂)ရက်၊ ညနေ ၆ နာရီအထိ ၁၂၀ ကျော်ရှိပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများထဲမှာ အမျိုးသမီးအချို့ ပါသည်ကိုတွေ့ရပြီး ယခ ုသေဆုံးမှုကိန်းဂဏန်းသည် ယခုနှစ်အတွင်း အကြီးမားဆုံးလည်း ဖြစ်သည်ဟု မြေဇာပုံပြိုကျမှုဖြစ်ပွားပြီးနောက် Gwi Hka ကျောက်စိမ်းမှော်သို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ဖါးကန့်မြို့နယ် ကချင်ပြည်နယ်ပြည်သူ့ပါတီ (Kachin State People’s Party) ကော်မတီ ဥက္ကဌ Duwa Mangshang Zung Ying က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ကုမ္ပဏီတွေ အနက်ကြီးတူးထားတဲ့ ကျောက်စိမ်းတွင်းဟောင်းကြီး ရေကန်ထဲသို့ အပေါ် အမြင့်ကြီးကနေ မြေဇာပုံကြီး ရုတ်တရက် ပြိုကျတော့ ဆူနာမီ ပုံစံ ရေလှိုင်းကြီးတွေဖြစ်လာပြီး ဒီဘေးပတ်ဝန်းကျင်မှာ ကျောက်တူးနေသူတွေကို ရိုက်ခတ် ဝါးမျိုသွားတာပါ။” ဟု သူက ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖါးကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က“ခုက ကယ်ဆယ်ရေးလုပ်တဲ့သူတွေရော အားလုံးကပင်ပန်းနေကြပြီဆိုတော့။ ဒီညနေ ၆နာရီမှာ နားခိုင်းလိုက်ပြီ မနက်ဖြန်မှ ထပ်ပြီးဆယ်ဖို့လုပ်မယ်။ တွေ့ပြီးတော့ မဆယ်ရသေးတဲ့အလောင်းတွေလည်း များကြီးရှိနေသေးတဲ့အတွက် မနက်ဖြန်ထပ်ပြီး ဆက်ဆယ်မယ် ဆက်ရှာမယ်။ ဒီနေ့တော့ တစ်နေကုန်လုပ်နေကြတာဆိုတော့ အားလုံးကလည်း ချမ်းနေကြပြီ။ ပင်ပန်းနေကြပြီမို့ နားခိုင်းလိုက်ပြီ။”ကချင်သတင်းဌာန KNG ကို ပြောသည်။

သေဆုံးသူများထဲမှာ အမျိုးသမီးအချိုကိုတွေ့ရပြီး ၎င်းတို့သည် နွံများပြည့်နေသည့် ကျောက်တွင်းဟောင်း ပတ်ဝန်းကျင်တွင် ကျောက်စိမ်းတူးဖော်နေစဉ်

မိုးရာသီဖြစ်သည့်အတွက် အလောင်းများထားရန် အခက်အခဲဖြစ်နေသည်ဟု ဆက်လက်ပြောဆိုသည်။

“ခုဒီမှာ ဘယ်လောက်ထိ ခက်ခဲဖြစ်နေလဲဆိုရင် အလောင်းထားဖို့နေရာကို မရှိတော့ဘူး။ သုသာန်တစ်ခုလုံးမှာရှိတဲ့ ဇရပ်ရယ် ထားလို့ရတဲ့နေရာအားလုံးထားပြီးပြီ။ ထားစရာနေရာကို မရှိတော့ဘူး ခုချိန်မှာ ယင်ကောင်တွေကလည်း ပေါ်တဲ့ချိန်ဆိုတော့ အလောင်းတွေက ခနနဲ့ပျက်စီးသွားနိုင်တယ်။ အဲတော့ ဖြစ်နိုင်လို့ရှိရင် ပိုင်ရှင်ပေါ်တဲ့ဟာတွေက ကိုယ့်ဟာလေးနဲ့ကို ထုတ်ပြီးတော့ သဂြိုလ်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် မနက်ဖြန်ထပ်ပြီး အလောင်းတွေက ဆယ်အုံးမှာဆိုတော့ တော်တော်ခက်မှာ။ ခုကအရမ်းကို ခက်ခဲနေတယ်။ ပိုင်ရှင်မပေါ်တဲ့ဟာတွေကိုတော့ ဒီကအစီစဉ်နဲ့သဂြိုလ်ပေးမှာပါ။” ဟု ဦးတင့်စိုးက ပြောသည်။

ထိခိုက် ဒဏ်ရာရသူများကို ဆေးကုသခံယူစေရန် ဖားကန့်ပြည်သူ့ဆေးရုံတွင် ၄ဦး၊ ဝှေခါတိုက်နယ်ဆေးရုံတွင် ၂၃ ဦး ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂ ရက် ယနေ့နံနက် ၆နာရီခန့်တွင်ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုတွင် ရေမဆေးသမား အများဆုံး ၂၀၀ ခန့် သေဆုံးနိုင်ကြောင်း ဖားကန့်ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။

ဖားကန့်ဒေသတွင် မိုးတွင်းကာလ မြေဇာပုံပြိုကျမှုကြောင့် လူထိခိုက်သေဆုံးမူများ မကြာခဏဆိုသလို ဖြစ်လေ့ရှိသော်လည်း ယခုအကြိမ်မြေပြိုကျမှုတွင် သေဆုံးမူအများဆုံးဖြစ်သည်။

မိုးတွင်းကာလ မြေပြိုခြင်း၊ နွံကန်ကျိုးပေါက်ခြင်းများကြောင့် ထိခိုက်သေဆုံးမူမဖြစ်စေရန် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှလည်း ဇူလှိုင်လ (၁)ရက်မှစကာ စက်တင်ဘာလ ၃၀ရက်နေ့ထိ ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများကို ၃လကြာရပ်နားထားရန် ညွှန်ကြားထားသည်။

….Zawgyi….

ဆူနာမီ ပုံစံ ဖါးကန္႔ ေက်ာက္စိမ္းတြင္း ျပိဳက်မႈတြင္ လူ ၁၂၀ ေက်ာ္ ေသဆုံး

July 2, 2020/ Kachin News Group

ျမန္မာႏိုင္ငံ တ၀န္းမွ လူ ေထာင္ေပါင္းမ်ားစြာ လာေရာက္ ေက်ာက္စိမ္းတူးေဖာ္ေနၾကသည့္ ကခ်င္ျပည္နယ္ ဖါးကန႔္ Gwi Hka ေမွာ္တြင္ ဇူလိုင္လ (၂)ရက္ မနက္ ၈ နာရီခန႔္ က ဆူနာမီ ပုံစီ ေျမဇာပုံၾကီးျပိဳက်မႈေၾကာင့္ ေသဆုံးသူ ဇြန္လ (၂)ရက္၊ ညေန ၆ နာရီအထိ ၁၂၀ ေက်ာ္ရွိၿပီး အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

ေသဆုံးသူမ်ားထဲမွာ အမိ်ဳးသမီးအခ်ိဳ႔ ပါသည္ကိုေတြ႔ရၿပီး ယခ ုေသဆုံးမႈကိန္းဂဏန္းသည္ ယခုႏွစ္အတြင္း အၾကီးမားဆုံးလည္း ျဖစ္သည္ဟု ေျမဇာပုံျပိဳက်မႈျဖစ္ပြားၿပီးေနာက္ Gwi Hka ေက်ာက္စိမ္းေမွာ္သို႔ ကိုယ္တိုင္သြားေရာက္ခဲ့သည့္ ဖါးကန္႔ျမိဳ႕နယ္ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (Kachin State People’s Party) ေကာ္မတီ ဥကၠဌ Duwa Mangshang Zung Ying က ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

“ကုမၸဏီေတြ အနက္ၾကီးတူးထားတဲ့ ေက်ာက္စိမ္းတြင္းေဟာင္းၾကီး ေရကန္ထဲသို႔ အေပၚ အျမင့္ၾကီးကေန ေျမဇာပုံၾကီး ႐ုတ္တရက္ ျပိဳက်ေတာ့ ဆူနာမီ ပုံစံ ေရလႈိင္းၾကီးေတြျဖစ္လာၿပီး ဒီေဘးပတ္၀န္းက်င္မွာ ေက်ာက္တူးေနသူေတြကို ႐ိုက္ခတ္ ၀ါးမိ်ဳသြားတာပါ။” ဟု သူက ေျပာပါသည္။

အမိ်ဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ဖါးကန္႔ျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုး က“ခုက ကယ္ဆယ္ေရးလုပ္တဲ့သူေတြေရာ အားလုံးကပင္ပန္းေနၾကၿပီဆိုေတာ့။ ဒီညေန ၆နာရီမွာ နားခိုင္းလိုက္ၿပီ မနက္ျဖန္မွ ထပ္ၿပီးဆယ္ဖို႔လုပ္မယ္။ ေတြ႕ၿပီးေတာ့ မဆယ္ရေသးတဲ့အေလာင္းေတြလည္း မ်ားႀကီးရွိေနေသးတဲ့အတြက္ မနက္ျဖန္ထပ္ၿပီး ဆက္ဆယ္မယ္ ဆက္ရွာမယ္။ ဒီေန႔ေတာ့ တစ္ေနကုန္လုပ္ေနၾကတာဆိုေတာ့ အားလုံးကလည္း ခ်မ္းေနၾကၿပီ။ ပင္ပန္းေနၾကၿပီမို႔ နားခိုင္းလိုက္ၿပီ။”ကခ်င္သတင္းဌာန KNG ကို ေျပာသည္။

ေသဆုံးသူမ်ားထဲမွာ အမိ်ဳးသမီးအခ်ိဳကိုေတြ႔ရၿပီး ၎တို႔သည္ ႏြံမ်ားျပည့္ေနသည့္ ေက်ာက္တြင္းေဟာင္း ပတ္၀န္းက်င္တြင္ ေက်ာက္စိမ္းတူးေဖာ္ေနစဥ္

မိုးရာသီျဖစ္သည့္အတြက္ အေလာင္းမ်ားထားရန္ အခက္အခဲျဖစ္ေနသည္ဟု ဆက္လက္ေျပာဆိုသည္။

“ခုဒီမွာ ဘယ္ေလာက္ထိ ခက္ခဲျဖစ္ေနလဲဆိုရင္ အေလာင္းထားဖို႔ေနရာကို မရွိေတာ့ဘူး။ သုသာန္တစ္ခုလုံးမွာရွိတဲ့ ဇရပ္ရယ္ ထားလို႔ရတဲ့ေနရာအားလုံးထားၿပီးၿပီ။ ထားစရာေနရာကို မရွိေတာ့ဘူး ခုခ်ိန္မွာ ယင္ေကာင္ေတြကလည္း ေပၚတဲ့ခ်ိန္ဆိုေတာ့ အေလာင္းေတြက ခနနဲ႔ပ်က္စီးသြားနိုင္တယ္။ အဲေတာ့ ျဖစ္နိုင္လို႔ရွိရင္ ပိုင္ရွင္ေပၚတဲ့ဟာေတြက ကိုယ့္ဟာေလးနဲ႔ကို ထုတ္ၿပီးေတာ့ သၿဂိဳလ္ေပးေစခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုရင္ မနက္ျဖန္ထပ္ၿပီး အေလာင္းေတြက ဆယ္အုံးမွာဆိုေတာ့ ေတာ္ေတာ္ခက္မွာ။ ခုကအရမ္းကို ခက္ခဲေနတယ္။ ပိုင္ရွင္မေပၚတဲ့ဟာေတြကိုေတာ့ ဒီကအစီစဥ္နဲ႔သၿဂိဳလ္ေပးမွာပါ။” ဟု ဦးတင့္စိုးက ေျပာသည္။

ထိခိုက္ ဒဏ္ရာရသူမ်ားကို ေဆးကုသခံယူေစရန္ ဖားကန႔္ျပည္သူ႔ေဆး႐ုံတြင္ ၄ဦး၊ ေဝွခါတိုက္နယ္ေဆး႐ုံတြင္ ၂၃ ဦး ပို႔ေဆာင္ထားၿပီျဖစ္ေၾကာင္း သိရသည္။

ဇူလိုင္လ ၂ ရက္ ယေန႔နံနက္ ၆နာရီခန႔္တြင္ျဖစ္ပြားခဲ့ေသာ ေျမစာပုံၿပိဳက်မွုတြင္ ေရမေဆးသမား အမ်ားဆုံး ၂၀၀ ခန႔္ ေသဆုံးနိုင္ေၾကာင္း ဖားကန႔္ေဒသခံမ်ားက ခန႔္မွန္းေျပာဆိုေနၾကသည္။

ဖားကန႔္ေဒသတြင္ မိုးတြင္းကာလ ေျမဇာပုံၿပိဳက်မွုေၾကာင့္ လူထိခိုက္ေသဆုံးမူမ်ား မၾကာခဏဆိုသလို ျဖစ္ေလ့ရွိေသာ္လည္း ယခုအႀကိမ္ေျမၿပိဳက်မွုတြင္ ေသဆုံးမူအမ်ားဆုံးျဖစ္သည္။

မိုးတြင္းကာလ ေျမၿပိဳျခင္း၊ ႏြံကန္က်ိဳးေပါက္ျခင္းမ်ားေၾကာင့္ ထိခိုက္ေသဆုံးမူမျဖစ္ေစရန္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရးဝန္ႀကီးဌာန၊ ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္းမွလည္း ဇူလွိုင္လ (၁)ရက္မွစကာ စက္တင္ဘာလ ၃၀ရက္ေန႔ထိ ေက်ာက္စိမ္းတူးေဖာ္ျခင္းလုပ္ငန္းမ်ားကို ၃လၾကာရပ္နားထားရန္ ညႊန္ၾကားထားသည္။

Show More

Related Articles

Back to top button