Year: 2021
-
Mar- 2021 -25 Marchတိုက်ပွဲ
KIO ဌာနချုပ်နယ်မြေရှိ အာဏာသိမ်းစစ်တပ် စခန်းများကို KIA က သိမ်းပိုက်
KIO ဗဟိုဌာနချုပ်အနီး ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အလောဘွမ် အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းများအရ သိရသည်။ ၀ိုင်းမော်မြို့နယ်အတွင်းရှိ KIA တပ်ရင်း ၃ နယ်မြေကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်လာသောကြောင့် ဒေါ့ဖုန်းယန်မြို့နယ်ရှိ…
Read More » -
24 Marchသတင်း
ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ အာဏာသိမ်းစစ်တပ်ကို KIA က တိုက်ခိုက်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာချုပ်နှင့် နီးကပ်သော ဒေါ့ဖုန်းယန်မြို့နယ်ရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ညနေ ၅ နာရီခွဲခန့်မှစတင်ပြီး တိုက်ခိုက်နေကြောင်း သိရသည်။ သေနတ်သံအချို့ကို KIO/KIA ဗဟိုဌာနချုပ်မှပင် ကြားနေရကြောင်း လိုင်ဇာဒေသခံများထံမှ…
Read More » -
24 Marchသတင်း
လုံးခင်းကျေးရွာအုပ်စုမှ အမျိုးသားနှစ်ဦးအား စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွား
မတ်လ ၂၄ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာကျေးရွာမှ အမျိုးသားနှစ်ဦးအား စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်သွားကြောင်း မိသားစုများထံမှ သိရသည်။ အဆိုပါအမျိုးသားနှစ်ဦး၏ နေအိမ်သို့ တပ်မ ၃၃ ဘက် တံဆိပ်အား ဝတ်ဆင်ထားသည့် စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်…
Read More » -
24 Marchသတင်း
တော်လှန်ရေးတွင်ပါဝင်သော ပြည်သူလူထုကိုကာကွယ်ပေးရန် ရောင်စုံလူငယ်များအဖွဲ့ (CYG) ကော်မတီ ဖွဲ့စည်း
အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေး၌ပါဝင်သော ပြည်သူလူထုကို ကာကွယ်ပေးရန် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ လူငယ်များက ရောင်စုံလူငယ်များအဖွဲ့ (Colourful Youths Group) တစ်ခု ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါကော်မတီကို မတ် ၂၂ ရက်က ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ၎င်းအဖွဲ့တွင်…
Read More » -
24 Marchသတင်း
ဗန်းမော် အာရုဏ်ဦးသပိတ်တွင် ဖိတ်စာဝေသော ကျောင်းသား ၃ ဦး အကြမ်းဖက် ဖမ်းဆီးခံရ
ဗန်းမော်မြို့တွင် ယနေ့ နံနက် အာရုဏ်ဦးအချိန် မင်းအောင်လှိုင်အသုဘ ဖိတ်စာဝေသော GTU ကျောင်းသား ၃ ဦးကို အာဏာသိမ်းစစ်တပ်၏ ရဲတပ်ဖွဲ့များက အကြမ်းဖက် ရိုက်နှက် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “အဲမှာမြင်လိုက်တဲ့သူတွေပြောတာတော့ ရဲကားနဲ့အရင် ဝင်ပိတ်ပြီးမှ…
Read More » -
24 Marchသတင်း
မြစ်ကြီးနားမြို့တွင် သံချပ်ကာ၊ ဘူဒိုဇာ နှင့် ရဟတ်ယာဉ်များဖြင့် အာဏာသိမ်းစစ်တပ်က ညအချိန် လည့်လည်
အာဏာသိမ်းစစ်တပ်၏ သံချပ်ကာ ကား၊ ဘူဒိုဇာနှင့် စစ်ကားများ အပြင် ရဟတ်ယာဉ်များက မတ်လ ၂၃ ရက်ညတွင်း မြစ်ကြီးနားမြို့တွင်လည့်လည်ခဲ့သောကြောင့် မြို့နေ ပြည်သူများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။ ည ၁၀ နာရီခန့်အချိန်တွင် မြစ်ကြီးနားမြို့ရှိ ဒူကထောင်…
Read More » -
23 Marchသတင်း
မီတာခ မပေးလျှင် မီးဖြတ်မည်ဟု အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်
ဗန်းမော်ခရိုင် မိုးမောက်မြို့ ရှိ ပြည်သူများကို မီတာခ မပေးဆောင်ပါက မီးဖြတ်မည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့များက လော်စပီကာဖြင့် လိုက်လံခြိမ်းခြောက်နေကြောင်း ဒေသခံများ ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်ကစပြီး အိမ်သုံးမီတာခတွေ ခြွင်းချက်မရှိ ကင်းလွတ်ခွင့်ပေးကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ…
Read More » -
23 Marchသတင်း
အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းတွင် သစ်ခိုးထုတ်မှုများရှိလာ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ဒေသခံ ပြည်သူ့စစ်အဖွဲ့များက အာဏာပိုင်တစ်ချို့နှင့် ပူးပေါင်းပြီး တရားမဝင် သစ်ခိုးထုတ်မူများပြုလုပ်နေကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။ မတ်လ ၂၂ ရက်နေ့ ညနေပိုင်း ၅နာရီခန့် အချိန်တွင် မိုးကောင်းမြို့ ထိုးဖူးကျေးရွာ၊…
Read More » -
23 Marchသတင်း
ကချင်ပြည်သူများ စစ်ပွဲအတွက် မြေကတုတ်ကျင်းများတူးကာ ပြင်ဆင်
အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့၏ တိုက်ပွဲ ကချင်ပြည်နယ်တွင် ပြန်လည်ပြင်းထန်လာသည်နှင့်အတူ KIO ဌာနချုပ်ရှိ ပြည်သူများကလည်း မြေကတုတ်ကျင်းတူးကာ တိုက်ပွဲအတွက် ပြင်ဆင်နေကြောင်း သိရသည်။ ဝေကြိုင် စစ်ပြေးဒုက္ခသည်များ၏ မြေကတုတ်ကျင်းတူးသည့် ဓါတ်ပုံသည် Simsa Kasa…
Read More » -
22 Marchသတင်း
ဗန်းမော်တွင် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သတင်းပေးပို့နေသည့် အလွတ်တန်းသတင်းထောက်တစ်ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ အဆိုပါ အလွတ်တန်းသတင်းထောက်သည် ကလောင်အမည် ဘဘဂျိုးဖြူအမည်ဖြင့် မဇ္စျိမသတင်းဌာနသို့ သတင်းပေးပို့တင်ဆက်နေသည့် ကချင်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကို မတ် ၁၉ ရက် ဂေါရကန်ကန်စောင်းတွင် သတင်းမှတ်တမ်းယူနေစဉ်အတွင်း ဗန်းမော်ရဲများက…
Read More »









