,

Breaking News :

ဝက်လက်နယ် တိုက်ပွဲတွင် ၂ဖက်တပ် အကျအဆုံးများဟုဆို

ဒီပဲယင်းတွင် လေကြောင်းလိုင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာ ၂ခုထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ် သေနတ်လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးထိမှန်

ဖမ်းဆီးခံထားရသည့် PDF တပ်သား ၄ ဦးအနက် ၂ ဦးကို ထောင်တွင်းသတ်ဖြတ်ခံရဟုဆို

ကသာတွင် ကျောင်းသားတစ်ဦးထံမှ ဆေးခြောက်တွေ့ရှိသဖြင့် ပြည်သူ ၁၃ဦးကို စစ်ကောင်စီဖမ်းဆီး

အင်းတော်နယ်တွင် ထောင်ထားသည့် မိုင်းကြိုးစဆွဲမိသဖြင့် အမျိုးသား၂ဦးသေဆုံး

ကသာတွင် စစ်ကောင်စီ သတင်းပေးသူဟု ဆိုရသော ရာအိမ်မှူးတစ်ဦးဖမ်းဆီးခံရ

ပရိသတ်စိတ်ဝင်စားမည့် သတင်းအမှား ခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသော YouTube ချန်နယ်များကို သတိပြုရန်

ကင်းပုန်းဝပ်ပြီးပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံး

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

ဗန်းမော် အာရုဏ်ဦးသပိတ်တွင် ဖိတ်စာဝေသော ကျောင်းသား ၃ ဦး အကြမ်းဖက် ဖမ်းဆီးခံရ

ဗန်းမော်မြို့တွင် ယနေ့ နံနက် အာရုဏ်ဦးအချိန် မင်းအောင်လှိုင်အသုဘ ဖိတ်စာဝေသော GTU ကျောင်းသား ၃ ဦးကို အာဏာသိမ်းစစ်တပ်၏ ရဲတပ်ဖွဲ့များက အကြမ်းဖက် ရိုက်နှက် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“အဲမှာမြင်လိုက်တဲ့သူတွေပြောတာတော့ ရဲကားနဲ့အရင် ဝင်ပိတ်ပြီးမှ လက်ကမ်းစာဝေနေတဲ့ကျောင်းသား ၇ဦးကို လိုက်ဖမ်းတာတဲ့။ အဲမှာ ၃ယောက်ဖမ်းမိသွားတယ်လို့ သိရတယ် ပြီးတော့ ဖမ်းတဲ့ချိန်မှာလည်း အရမ်းကိုရိုက်နှက်ပြီး ခေါသွားကြတယ်လို့ပြောတယ်။”ဟု အာရုဏ်််််ဦးသပိတ်စစ်ကြောင်းတွင် ပါဝင်သည့်ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီခံရသည့် GTU ကျောင်းသား ၃ဦးမှာ မောင်စိုင်းလင်းထက်ကျော်၊မောင်သိန်းငွေ၊မောင်နန်ဂျာရော်တို့ဖြစ်ပြီး မောင်စိုင်းလင်းထက်ကျော်ကိုမူ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံလိုက်ရသည့် GTU ကျောင်းသား ၃ဦးသည် ယနေ့မနက် ၆နာရီခန့်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ပင်မသပိတ်စစ်ကြောင်းဘက်တော့ မလာဘဲနဲ့ မင်းအောင်လှိုင်အသုဘ ဖိတ်စာဝေတဲ့ဘက်ကို တန်းသွားပြီး ဖမ်းတာဆိုတော့ ဒလန်သတင်းပေးတွေကြောင့်ဘဲ နေမှာပါ။” ဟု ဒေသခံများကပြောသည်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သော ကချင်ပြည်နယ်ရှိ ပြည်သူများသည် အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခြင်းမခံရအောင် နည်းလမ်းမျိုးစုံဖြင့် ဆက်လက် သပိတ်ဆင်နွဲနေကြောင်း သိရသည်။

Read Previous

မြစ်ကြီးနားမြို့တွင် သံချပ်ကာ၊ ဘူဒိုဇာ နှင့် ရဟတ်ယာဉ်များဖြင့် အာဏာသိမ်းစစ်တပ်က ညအချိန် လည့်လည်

Read Next

တော်လှန်ရေးတွင်ပါဝင်သော ပြည်သူလူထုကိုကာကွယ်ပေးရန် ရောင်စုံလူငယ်များအဖွဲ့ (CYG) ကော်မတီ ဖွဲ့စည်း

Leave a Reply

Your email address will not be published.