သတင်း

မြစ်ကြီးနားမြို့တွင် သံချပ်ကာ၊ ဘူဒိုဇာ နှင့် ရဟတ်ယာဉ်များဖြင့် အာဏာသိမ်းစစ်တပ်က ညအချိန် လည့်လည်

အာဏာသိမ်းစစ်တပ်၏ သံချပ်ကာ ကား၊ ဘူဒိုဇာနှင့် စစ်ကားများ အပြင် ရဟတ်ယာဉ်များက မတ်လ ၂၃ ရက်ညတွင်း မြစ်ကြီးနားမြို့တွင်လည့်လည်ခဲ့သောကြောင့် မြို့နေ ပြည်သူများ ထိတ်လန့်ခဲ့ရကြောင်း သိရသည်။

ည ၁၀ နာရီခန့်အချိန်တွင် မြစ်ကြီးနားမြို့ရှိ ဒူကထောင် နှင့် ရှမ်းစုတောင် လမ်းမများပေါ်တွင် စစ်ကားများဖြင့် လည့်လည်နေသည်ကို မြင်ရကြောင်း ထိုနေရာတွင်ရှိနေသူများက ပြောဆိုကြသည်။

အလားတူ ရဟတ်ယဉ် ၂ စီးခန့်ကလည်း ည ၁၀ ခန့်အချိန်တွင် မြေပြင်နှင့် နီးကပ်စွာ ပျံဝဲခဲ့သောကြောင့် ပြည်သူအများစုက ထိတ်လန့်ခဲ့ရကြောင်း ဆိုသည်။

ကချင်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်မှုများ ပြုလုပ်နေချိန် စစ်တပ်ဘက်ကလည်း ယခုလို လှည့်လည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button