သတင်း

ကသာမြို့နယ် တွင် PDF ပူးပေါင်းတပ်ဖွဲ့များ ကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

ကသာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ငွေကျပ် သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှိ့ဖျက်ဆီးခဲ့ကြောင်း ကသာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃) မှ သိရသည်။

ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း(၃) ၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ဇွန်လ ၂၆ ရက်နေ့ ကသာမြို့နယ် အင်းရွာတိုက်နယ်ရှိ ကြိုးကြာလွင် အခင်းတဲတွင် ဝင်ရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူ ဦးသောင်းအေးထံမှ WY တံဆိပ်ပါ စိတ်ကြွးဆေးပြား ကိုးသိန်း ကျော်နှင့် ဒိုးပင်ကျေးရွာရှိ မောင်ခိုင်ထံမှ WY တံဆိပ်ပါ စိတ်ကြွဆေးပြား တစ်သောင်းကျော် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ပူးပေါင်းအဖွဲ့ကနေပြီးတော့ သတင်းအရပေါ့ကြိုးကြာလွင် ခင်းတဲအမှတ် (၁၉) ကိုဝိုက်ပြီးတော့မှ ရှာတာပေါ့ မြေကြီးတူးပြီးတော့မြုထားတဲ့ WY ဆေးပြားတွေမိတာပေါ့ အဲ့ဒီမှာ သောင်းအေးဆီက အပြားရေက ကိုးသိန်းကျော် မိတယ်။ နောက်တစ်ခါသူ့ကို စစ်ဆေးရင်းနဲ့ ဒိုးပင်ရွာက မောင်ခိုင်ဆီကတစ်ခါပြန်ပြီးမှ သောင်းအေးက ရှောင်းချထားတဲ့ WY ဆေးပြား ၁၁၆၀၀၀ ကျော်အထိ ဖမ်းမိခဲ့တယ်” ဟု ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခဲ့ရာတွင် WY ဆေးပြား ၁၀၀၄၇၆၀ (ဆယ်သိန်းလေးထောင်ခုနှစ်ရာ့ခြောက်ဆယ်) ပြား ကာလတန်ဖိုး တစ်ပြားလျှင် ကျပ် (၃၀၀) စုစုပေါင်း ကျပ်သိန်းပေါင်း(၃၁၀၀)ကျော်အထိ ဖမ်းဆီးရမိခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှင့် တရားခံနှစ်ဦးကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် တရားရေးဌာနသို့ အပ်နှံကာ ဉပဒေအရ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

PDF အဖွဲ့ ငွေကျပ် သိန်း ၃ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီး

“အဲ့ဒီဆေးပြားတွေကိုတော့ ဓာတ်ပုံမှတ်တမ်း ဗီဒီယိုမှတ်တမ်းတွေယူပြီးတော့ မီးရှို့ဖျက်ဆီးလိုက်တယ်။ တရားခံကိုတော့ ကသာမြို့နယ်တရားရေးဌာနကို အမှုတွဲဆက်လက်ပြီးတော့ တင်ဖို့လုပ်နေတယ်။ ပြည် သူ့လုံခြုံရေး ရဲတပ်ဖွဲ့တွေနဲ့ ရဲလုပ်ထုံလုပ်နည်းနဲ့အညီ တရားဉပဒေနဲ့အညီတရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကသာနယ်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမှုမှာ ယခုဒုတိယအကြိမ် ဖြစ်ပြီး လွန်ခဲ့သည့်လကလည်း ဘိန်းဖြူ ဆာလာအိတ်ဖြင့် (၁၇) အိတ်နှင့် WYစာတမ်းပါ စိတ်ကြွဆေးပြား ခြောက်အိတ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး၍ တရားခံများကိုမူ ဒဏ်ကြေးဆောင်ခိုင်း၍ ခံဝန်ကတိဖြင့် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button