စစ်ပြေးဒုက္ခသည်များသတင်း

ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာမြေပြိုပြီး နေအိမ်၂လုံးပျက်စီး

KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အထက်  ရှအစ်ယန် (Sha-It Yang) ကျေးရွာက စစ်ရှောင်စခန်းမှာမြေပြိုကျပြီး စစ်ရှောင်နေအိမ် ၂လုံး ပျက်စီးသွားခဲ့တယ်လို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက KNGကို ပြောပါတယ်။

ဖြစ်စဉ်ကတော့ ဇွန်လ ၁၇ ရက် မနက် ၁၁ခွဲဝန်းကျင် ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာ မြေကမ်းပါးပြိုကျခဲ့တာကြောင့် ဦးရှန်တိန့်လ( Shangting La) အိမ်နဲ့ ဦးမုတ်ရေခေါင်ဒေါင်(Mukyin Hkawng Dau) တို့ အိမ်နှစ်အိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နေအိမ်တွေထိခိုက် ပျက်စီးတာတွေဖြစ်သွားပေမယ့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတော့ မရှိခဲ့ဘူးလို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။

လူကတော့ ထိခိုက်ဖို့နည်းနည်းဘဲလိုတယ် ဦး ရှန်တိန့်လ( Shangting La)  လဲနေတဲ့ ခုတင်ဘေးနားက နံရံမှာလာထိ ခုတင်တောင် ရွေ့သွားတယ်လို့ ဆိုပါတယ်။

 မြေကြီးပြိုကျလာတဲ့အချိန် ဦးရှိန်းတိန့်လ (Shingting La)  နေအိမ်မှာရှိနေတာဖြစ်ပြီး အိမ်ထရံဘဲ ပျက်စီးသွားတဲ့အတွက် လူထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။

သို့သော် ဦးမုတ်ရေခေါင်ဒေါင်(Mawye Hkawng Dau) ရဲ့ နေအိမ်နဲ့ မီးဖိုချောင်အကုန်လုံး ပျက်စီးသွားပြီး လူမရှိတဲ့ချိန် ပြိုကျခဲ့တာလို့ ဆိုပါတယ်။

လက်ရှိအိမ်ထိခိုက်ပျက်စီးသွားတဲ့သူတွေကတော့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာခိုလုံနေကြတယ်လို့ ပြောပါတယ်။ ရှအစ်ယန်မှာ အခုလို မိုးတွင်းကာလတွေမှာ တောင်ပြိုတာ၊ မြေကြီးပြိုတာမျိုးတွေကို မကြာခဖြစ်လေ့ ရှိတယ်လို့ သူကခုလိုဆက်ပြောပါတယ်။

ကျွန်တော်တို့ စစ်ရှောင်စခန်းက တောင်ကုန်း မညီမညာဖြစ်နေတဲ့ နေရာတွေ နဲ့ မြေညီတဲ့နေရာမရှိတဲ့အတွက် မြေညီအောင်တူးပြီးနေကြရတာဆိုတော့ ခုလို မြေကြီးပြိုတာတွေနဲ့ ကြုံရတာပေါ့လို့ ဆိုပါတယ်။

ဒါ့အပြင် လိုင်ဇာပတ်ဝန်းကျင် မဂါးယန် ဒေသတစ်လျှောက်မှာလည်း မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့ အတွက် တစ်ခါတစ်ရံ လမ်းပိတ်တာမျိုးတွေကိုပါ ကြုံတွေ့ရတယ်လို့ သိရပါတယ်။

လိုင်ဇာမြို့ ရှအစ်ယန် (Sha-It Yang) ကျေးရွာက စစ်ရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိတာဖြစ်ပြီး ဆဒုံးမြို့နယ် ဝူထောင်(Wu Htau) ကျေးရွာနဲ့ စန်ပိုင်(San Pai) ကျေးရွာက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button