စစ်ပြေးဒုက္ခသည်များသတင်း

ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ

ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။

ဇွန်လ ၂၄ ရက်နေ့ မနက်  နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက နောင်ဟီးပြည်သူတွေတိမ်းရှောင်နေတဲ့  စစ်ရှောင်စခန်းထဲအထိ ရေဝင်ရောက်ခဲ့တဲ့အပြင် မိုးကာတဲအမိုးကနေ မိုးရေတွေယိုစိမ့်ပြီး ထမင်းချက်စားတဲ့ နေရာအထိ ရေနစ်မြှုပ်တာတွေကြုံတွေ့နေရတယ်လို့ နောင်ဟီး စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။

မိုးတွေလည်းယိုတယ် မိုးကာနဲ့ဘဲ လုပ်ထားတော့ တချို့မိုးကာတွေက အရည်အသွေးမကောင်းတော့ အသစ်ဆိုရင်တောင်ယိုတယ် ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အရာတွေဆိုပြောလိုတောင်ကုန်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိ နောင်ဟီးကျေးရွာပြည်သူတွေ ဆောက်လုပ်ထားတဲ့စစ်ရှောင်စခန်းဟာ ဘောလုံးကွင်းပြင်လိုမျိုးဖြစ်နေပြီး မြေနိမ့်ပိုင်းမှာဆောက်ထားတဲ့အတွက် အခုလိုမိုးရွာသွန်းချိန်တိုင်း ရေကြီးရေလျှံမှု မကြာခဏကြုံတွေ့နေရသလို ဒီတစ်ကြိမ်ဟာအဆိုးရွားဆုံးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ 

စစ်ဘေးရှောင်တွေဟာ မိုးရေတွေကြောင့် အမိုးအကာပျက်စီးတာ၊ နေရာထိုင်ခင်း၊ အစားသောက်အပြင် သောက်ရေ၊ သုံးရေကအစ ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ရေရှည်ဖြစ်လာမယ်ဆိုရင် ဖျားနာသူတွေများလာနိုင်တယ်လို့လည်း စစ်ရှောင်ပြည်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

အခုပုံစံအတိုင်းဆို တုပ်ကွေးတွေ ငှက်ဖျားတွေ ဖြစ်လာမလား မသိဘူး။ ဒီရွာမှာလည်း အဲလိုရောဂါတွေက ဖြစ်လေ့ဖြစ်ထရှိတာ ဆိုတော့ ပြီးတော့ ခြင်တွေရောကိုက်တယ် ဆေးဝါးတွေရောလိုအပ်နေတယ်သောက်ရေသုံးရေနဲ့ မီးတွေရော အဆင်မပြေဘူးလို့ ပြောပါတယ်။

ဒါ့အပြင် မိုးတစ်ခါရွာရင် ရေတွေက စစ်ရှောင်စခန်းအတွင်း အနည်းဆုံး ၃ နာရီလောက်ထိ ရေပြည့်လျှံနေတတ်တယ်လို့ ဆိုပါတယ်။

နောင်ဟီး ဒေသခံစစ်ရှောင်ပြည်သူတွေဟာ မေလ ၂၁ရက်နေ့ကတည်းကနေတိမ်းရှောင်လာကြတာဖြစ်ပေမယ့် အိမ်သာ၊ သောက်ရေ၊ သုံးရေ အဆင်မပြေသေးတဲ့အတွက် အင်ဂန်းကျေးရွာ ဒေသခံတွေရဲ့ နေအိမ်တွေမှာလူခွဲပြီး နေရာကနေ ပြီးခဲ့တဲ့ ၂၁ ရက်နေ့ လက်ရှိ စစ်ရှောင်စခန်းမှာ ပြောင်းရွေ့နေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းထဲကို ပြောင်းရွေ့နေထိုင်တာ မကြာသေးပေမယ့် ခုလို မိုးရွာသွန်းမှုကြောင့် ရေဘေးအန္တရယ်ကြုံရတဲ့အပြင်  ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်ကလည်း  မသန့်ရှင်းတဲ့မြစ်ရေတွေကို အသုံးပြုနေရတာကြောင့် နောင်ဟီး စစ်ရှောင်ပြည်သူတွေအားလုံးနီးပါး ဝမ်းပျက်ဝမ်းလျှော ဖြစ်ခဲ့တာဘဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ သုံးရေကို စစ်ရှောင်စခန်းနဲ့နီးတဲ့ ရေတွင်းကရေကို အသုံးပြုနေကြတာဖြစ်ပြီး သောက်ရေကို တော့ နှစ်ပတ်တစ်ကြိမ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC)ကနေ ရေသန့်တွေ ကူညီပေးနေတယ်လို့ သိရပါတယ်။

နောင်ဟီး စစ်ရှောင်ပြည်သူတွေဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတာ ဖြစ်ပြီး ပေတစ်ရာအဆောင်တစ်ဆောင်မှာ အိမ်ခြေ ၂၀လောက် အတူတကွနေထိုင်နေကြတာဘဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button