တိုက်ပွဲသတင်း

ဆိုင်းတောင်နှီးဘုရားကုန်းမှာ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်  ဆိပ်မှု(ဆိုင်းတောင်)ကျေးရွာ နှီးဘုရားကုန်းမှာ စစ်ကောင်စီတပ်နဲ့ KIAKPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။

ဆိပ်မှု( ဆိုင်းတောင်) နှီးဘုရားကုန်းမှာ စစ်အင်အား ၃၀ ခန့်လောက် ယာယီလာရောက်တပ်ချထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်  KIAKPDF ပူးပေါင်းတပ်တွေကြား ဒီကနေ့ ဇွန်လ ၂၇ရက်နေ့ မွန်းလွဲ ပိုင်းကနေစပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးကKNGကိုပြောပါတယ်။

ဖြစ်နေတာဟုတ်တယ် ခုန သုံးနာရီခွဲလောက်ကတည်းကဖြစ်နေတာ အပြန်အလှန်ပစ်နေကြတာ ပခုံးထမ်းလက်နက်ကြီးတွေနဲ့ဟိုဘက်ဒီဘက်အပြန်အလှန်ပစ်နေကြတာဟုတ်တယ်။ နာရီဝက် တစ်နာရီလောက်ရှိနေပြီလို့သူကပြောပါတယ်။

ဆိပ်မှု( ဆိုင်းတောင်) နှီးဘုရားကုန်းပေါ်မှာ ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက စစ်ကောင်စီစစ်သားတွေ ယာယီတပ်စွဲနေတာဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲဖြစ်‌နေချိန် တစ်ဆက်တည်းမှာဘဲ စစ်ကောင်စီတပ်ဘက်ကနေ ဒရုန်းတွေနဲ့ နေရာအနှံ့ကင်းလှည်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

အပေါ်မှာတော့ဒရုန်းတွေလည်းဝဲနေတာပါ့ လက်နက်ကြီးသံတွေကောဒရုန်းဝဲနေတဲ့အသံတွေကောကြားနေရတယ်။ အပြင်တော့ထွက်မကြည့်ရဲဘူး အိမ်ထဲမှာပဲ ပုန်းနေကြတယ်။ အခြေနေက ပိုပိုဆိုးလာနေတာပါ့တစ်နေ့တစ်နေ့လို့ ဆိုင်းတောင်ကျေးရွာနေအမျိုးသားတစ်ဦးပြောပါတယ်။

အခုလိုနှစ်ဖက်ပစ်ခတ်မှုတွေကြောင့် ဆိပ်မှု(ဆိုင်းတောင်)ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ဖို့အသင့်အနေအထားပြင်ဆင်နေကြပြီး ကျေးရွာတွင်းအသွားအလာလည်းရှင်းနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဇွန်လ ၂၆ရက် မနေ့ကလည်း ဆိပ်မှု(ဆိုင်းတောင်)ကျေးရွာရဲစခန်းကုန်းကို KIAKPDF ပူးပေါင်းတပ်တွေဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဒုရဲမှူးကြီးသူရအောင်အပါရဲအရာရှိအားလုံးနီးပါး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။

စစ်ရေးတင်းမာနေတဲ့ဆိုင်းတောင်ကျေးရွာထဲကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေရှိနေပြီးမနေ့ကလည်းတစ်ရက်ထဲ အရပ်သား ၁၀ ဦးဒဏ်ရာရရှိခဲ့ကာတစ်ဦးသေဆုံးခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button