သတင်း

မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေကျနေပြီဖြစ်လို့ အောက်ဘက်ပိုင်းကမြို့တွေ ကြိုတင်ပြောင်းရွှေ့တာတွေ လုပ်ဖို့ မိုး/ဇလ အသိပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေတစ်နာရီကို  လက်မနှုန်းနဲ့ကျနေပြီဖြစ်လို့ ဧရာဝတီမြစ်အောက်ဘက်ပိုင်းမြို့တွေက ဒေသခံတွေကြိုတင်ပြင်ဆင်မှုတွေလုပ်ကြဖို့ ကချင်ပြည်နယ် မိုး/ဇလ ဦးစီး အရာရှိကအသိပေးထားပါတယ်။

ဧရာဝတီမြစ်ရေဟာ မနေ့က   နာရီခွဲအထိကို စိုးရိမ်ရေအမှတ်  ပေခွဲအထိရှိခဲ့တာဖြစ်ပြီးတော့ ဒီကနေ့ မနက်  နာရီ စိုးရိမ်ရေအမှတ် လေးပေခွဲဝန်းကျင်အထိဆက်ရှိနေပြီး တစ်နာရီကို  လက်မနှုန်းနဲ့ မြစ်ရေပြန် ကျနေတယ်လို့ မိုး/ဇလ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဆက်ကျလာတာနဲ့အတူ အောက်ဘက်ပိုင်းက မြို့တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာ၊ ရွှေကူ၊ ဗန်းမော်၊ တကောင်း  မန္တလေးနဲ့ စစ်ကိုင်း စတဲ့မြို့တွေက ဒေသခံတွေ ကြိုတင်ပြင်ဆင်တာ တွေလုပ်ကြဖို့ မိုး/ဇလက အသိပေးထားပါတယ်။

ဒါ့ကြောင့် ကသာဒေသခံတစ်ယောက်ကို KNG က ဆက်သွယ်မေးမြန်းတဲ့အခါ မြစ်ရေအရှိန်နဲ့တက်လာနေပြီး မြေနိမ့်ပိုင်းရပ်ကွက်ကဒေသခံတွေတော့ ရွှေ့ပြောင်းနေကြပြီလို့ အခုလိုပြောပါတယ်။

ရေကတော့ အရှိန်တော့နည်းနည်းပါလာခဲ့ပြီ။ မြစ်ကြီးနားကျမယ်ဆိုရင်တော့ ကျနော်တို့ စိုးရိမ်ရေ အမှတ် တော့ရောက်နိုင်မယ့်အနေအထားအများကြီးရှိတယ်။ အခြေနေလောလောဆယ်တော့ အောက်ဘက် ပိုင်းက ဒေသခံတွေ ရွှေ့ပြောင်းနေတာမျိုးတော့ရှိလာပြီလို့ပြောပါတယ်။

တစ်ဖက်မှာ နှစ်ရက်တာ ရေဘေးအန္တရာယ်ကြုံခဲ့ရတဲ့ မြစ်ကြီးနားမြို့မှာတော့ ကူညီကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေရသလို ရေကြီးခဲ့တဲ့ရပ်ကွက်တွေမှာ အင်တာနက်၊ ဖုန်းလိုင်းမရတဲ့အပြင် မီးကတော့ မြစ်ကြီးနားမြို့တစ်မြို့လုံးပြတ်တောက်နေတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့မှာ မိုးလည်းဆက်ရွာနေသလို ရပ်ကွက်တစ်ချို့တွေမှာတော့ ရေတွေဆက်ဝပ်နေပြီး မြစ်ကြီးနားမြို့အခြေနေနဲ့ပတ်သက်လို့ ဒေသခံတစ်ယောက်က အခုလိုဆက်ပြောပါတယ်။

မြို့ထဲသွားကြည့်ရသလောက်ကတော့ စီတာပူမနောကွင်းဘက်က မနေ့က ရေတွေအရမ်းကြီးထားတော့ ဒီနေ့လည်းသွားလို့မရဘူးထင်လို့ တပ်ကုန်းလမ်းမကြီးတစ်လျှောက်ပဲလာခဲ့လိုက်တယ်။အဲ့ကနေလာရင်းနဲ့ လမ်းမှာ ဂေါက်ကွင်းရဲစခန်းရှေ့ကရယ် အထက  အဲ့နားတွေကတော့ ဒူးကျော်ကျော်လောက်ရေရှိသေး တယ်။ ကျနော်သွားတဲ့ လမ်းတစ်လျှောက်တော့ အပျက်အစီးတွေမတွေ့ရသလောက်ပဲ။သစ်ပင်လဲတာတို့ တော့ရှိတယ်။ အခုတော့မိုးကရွာနေတယ်။ အရမ်းတော့မရွာဘူး” လို့ပြောပါတယ်။

တစ်ဖက်မှာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်မှာလည်း မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် ဥရု ချောင်းရေမြင့်တက်လာပြီးတော့ မနေ့က နေ့လည် ၁နာရီလောက်ကစလို့ ရပ်ကွက်တစ်ချို့ ရေကြီး ရေလျှံ မှုတွေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၄၀၇ cm  ၁၉၉၇ ခုနှစ်တုန်း က စိုးရိမ်ရေအမှတ် ၁၄၁၁ cm အထိ မြစ်ရေမြင့်တက်ခဲ့ဖူးပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာတော့ ဧရာဝတီမြစ်ရေက စိုးရိမ်ရေအမှတ် ၁၄၀၄ cm အထိ တက်ခဲ့တာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button