သတင်း

ဖားကန့်မြို့မှာ လှေတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးပျောက်ဆုံးနေ

ဖားကန့်မြို့ ငှက်ပျော်တောရပ်ကွက်မှာ ရေဘေးရှောင်တွေစီးလာတဲ့ လှေတစ်စီးတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးရေစီးနဲ့မျှောပါသွားတယ်လို့  ပြည်သူတစ်ဦးက ပြောပါတယ်။

ဇူလိုင်လ  ရက်နေ့ မနေ့က ၇နာရီ ၂၀ မိနစ်ဝန်းကျင် ငှက်ပျော်တောရပ်ကွက်၊ အောက်လမ်း ဦးဝေလင်းအကင်ဆိုင်နားမှာ ပြည်သူ  ဦးလိုက်ပါလာတဲ့ လှေတစ််််စီး တိမ်းမှောက်ခဲ့တာဘဲ ဖြစ်ပါတယ်။ 

လှေတိမ်းမှောက်မှုမှာ လူ  ဦးကိုသာ အသက်ရှင်လျက်ပြန်ကယ်ဆယ်နိုင်ခဲ့ပြီး ငှက်ပျော်တောရပ်ကွက်နေ ဒေါ်မိုးအေးဆိုတဲ့ အမျိုးသမီးကတော့ရေစီးနဲ့ အတူမျှောပါသွားပြီး ခုထိပျောက်ဆုံးနေဆဲဖြစ်တယ်လို့ လှေတိမ်းမှောက်မှုမှာပါလာတဲ့ အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။

ညီမတို့လည်း မှောက်တဲ့ထဲပါတာဘဲ ကံကောင်းလို့ သူများဆယ်ပေးထားတာ ရေစီးအရမ်းသန်လို့လေ ရေကအရမ်းစီးနေတာ ရေကတော်တော်နက်တယ်လို့ ဆိုပါတယ်။

လှေတိမ်းမှောက်တဲ့နေရာဟာ မြေနိမ့်ပိုင်းဖြစ်ပြီး ရေအနက်ကတော့ ၁၀ပေနဲ့ ၁၅ပေအကြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင်  ဒီရေတွေဟာ ဖားကန့်မှာမိုးသည်းထန်စွာရွာသွန်းပြီး ဉရုချောင်းရေလျှံပြီး လမ်းပေါ်ကို ဖြတ်စီးနေတဲ့ရေတွေဖြစ်တယ်လို့ သိရပါတယ်။

ဥရုချောင်းရေဟာ မနေ့ညနေပိုင်း  ပေလောက်ကျသွားပေမယ့်လည်း ဒီမနက်ကတော့ရေပြန်တက်လာတဲ့အတွက် ပျောက်ဆုံးသွားတဲ့အမျိုးသမီးကို ရှာဖွေဖို့ခက်ခဲနေတယ်လို့ ရေဘေးသင့်ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

ရေက မကျသေးတဲ့ ကျွန်တော်တို့ကရှာဖို့ မဖြစ်နိုင်သေးဘူးဖြစ်နေတာ ရေစီးသန်လို့ ကျွန်တော်တို့ အခုထမင်းဘူးဝေဖို့ လုပ်နေတာတောင်မှ  ကျွမ်းကျွမ်းကျင်ကျင်လှော်တတ်တဲ့သူ ၂ယောက်ပါမှ အဆင်ပြေတာလို့ ဆိုပါတယ်။

လက်ရှိချိန်ထိ ဖားကန့်မှာမိုးတွေရွာနေဆဲဖြစ်ပြီး  ဉရုချောင်းရေလျှံမှုကြောင့် မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် ၊မရှီကတောင်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်၊ ငှက်ပျော်တောရပ်ကွက်တို့မှာ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

ဖားကန့်မှာလက်ရှိ ရေဘေးသင့်ပြည်သူ ၂၂၅၈ဦး ထိရှိနေပြီဖြစ်ပြီး မှော်ဝမ်းရပ်ကွက်တစ်ခုသာ ရေဘေးလွတ်ကင်းနေတာဖြစ်တယ်လို့ ကွန်းဖောင်ဒေးရှင်း ပရဟိတအသင်း ဖာကန့်မြို့ ကနေသိရပါတယ်။

By – Hope

Show More

Related Articles

Back to top button