လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်စခန်း ၂ ခုလက်လွတ်လိုက်တဲ့နောက် မနမှော်ရွာမှာ စစ်တပ်က တပ်စွဲနေရာယူ

ဖားကန့်မြို့ မနမှော်ရွာမှာရှိတဲ့ ကုမ္မဏီဝင်းတစ်ခုနမှာ စစ်တပ်က နေရာယူတပ်စွဲလိုက်တာကြောင့် မနမှော်ကျေးရွာ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာကုန်းစခန်းနဲ့ တောမှော်တပ်စခန်း  ခုလုံးကို KIA ဘက်က တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့နောက် ဖားကန့်မြို့တွင်းတပ်က စစ်အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက မနမှော်ကျေးရွာနားက ကုမ္မဏီဝင်းတစ်ခုမှာ နေရာယူတပ်စွဲလိုက်တယ်လို့ ဖားကန့်မြို့ခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

စစ်ကြောင်းတွေက ဆိုင်းတောင်ဘက်ကထွက်တဲ့စစ်ကြောင်းတွေရှိတယ် အဲဒါကို KIAKPDF လိုက်တိုက်တာရှိတယ် အဲတော့သူတို့က မနမှာဝင်ပြီးတပ်စွဲထားလိုက်တာ အဲကြောင့် ခုမနက လူတွေကလည်း စစ်ရှောင်လာတာရှိတယ်  ကြည့်ရတာ ဗျူဟာကုန်းကို တိုက်ခံရမှာစိုးလို့ ကာကင်းသဘောနဲ့တပ်စွဲထားတာလား အဲဒီလိုသဘောမျိုးတော့ရှိနေတယ်လို့ ပြောပါတယ်။

မနမှော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားကန့်ကနေ  ၁၅ မိနစ်ဝန်းကျင်သွားရတဲ့နေရာမှာရှိပြီး စစ်တပ်အနေနဲ့ ခုလို မနမှော်ကျေးရွာမှာ တပ်စွဲလိုက်တာဟာ KIA/KPDF ပူးပေါင်းတပ်က ဗျူဟာကုန်းကို ဝင်တိုက်မှာစိုးတာကြောင့် ရှေ့တန်းကာကင်းစခန်းအနေနဲ့ တပ်စွဲလိုက်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဖားကန့်ပြည်သူတွေသုံးသပ်ချက်အရ စစ်ကောင်စီတပ်ဟာ အရင်ကလို အင်အားရာချီနဲ့စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနိုင်တာမရှိဘဲ ဖားကန့်မြို့ကို ဝင်လာနိုင်တဲ့ လမ်းတစ်ချို့မှာသာ ခုလို ကာကင်းသဘောနဲ့ တပ်စွဲတာအပြင် ရွေ့ပြောင်းလှုပ်ရှားတဲ့ စစ်ကြောင်းအနည်းငယ်သာရှိတယ်လို့ သုံးသပ်နေကြပါတယ်။

စစ်တပ်ရဲ့အနေထားက စစ်ကြောင်းကထိုးတယ်ဆိုပေမယ့် သူတို့အတွက်ကာဖို့ဖြစ်ဘဲများတယ် အရင်လိုစစ်ကြောင်းကြီး အင်အားရာချီနဲ့မှော်ပုံတို့လိုဝင်စီးတာမျိုး ရွာတွေကိုဝင်စီးနိုင်တဲ့ပုံစံတော့မမြင်ရဘူး အဲလောက်လည်း အင်အားမရှိတော့ဘူးလို့ ယူဆရတယ်။ ခံစစ်ပုံစံနဲ့ဘဲလုပ်နေတာဗျလို့ ဖားကန့်မြို့အခြေနေကို သိရှိနားလည်တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ် တပ်စွဲလိုက်တဲ့ ကုမ္မဏီဝင်းဟာ မနမှော်ကျေးရွာအနီးမှာရှိတယ်လို့ သိရပြီး စစ်တပ်က မနေ့ညဝင်ရောက်တပ်စွဲလိုက်တဲ့နောက် ဒီမနက်ပိုင်းကစပြီး ဆိုင်၊ကားတွေနဲ့ ဖားကန့်မြို့ နီးစပ်ရာ ဆွေးမျိုးအသိအိမ်၊ခရစ်ယာန်ဘုရားကျောင်း၊ မှော်ဇီစာဘုန်းကြီးကျောင်းနေရာတွေမှာ လာရောက်တိမ်းရှောင်နေကြတယ်လို့ သိရတယ်။

ဒါ့အပြင် ဩဂုတ်လ ၁၄ ရက်နေ့ကနေ တစ်ကျော့ပြန်ထိုးစစ်ဆင်လာတဲ့ KIA ပူးပေါင်တပ်တွေရဲ့ စစ်ဆင်ရေးမှာ တစ်ရက်အတွင်း မဟာဗျူဟာအရ အရေးပါတဲ့ လမောင်းဗျူဟာကုန်းစခန်းနဲ့ တောမှော်စခန်းသိမ်းပိုက်လိုက်ပြီး တစ်ဆက်တည်းမှာဘဲ ဖားကန့်မြို့တွင်း လက်နက်ကြီး ရံဖန်ရံခါ ကျပေါက်ကွဲတာတွေရှိနေတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ ဆိုင်းတောင်ရပ်ကွက် ဖားပြင်စျေးဘက်အထွက် လက်ဖက်ရည်ဆိုင် ကျပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ရင်ဘတ်နားကျည်ထိမှန်ပြီး နောက်ထပ် အမျိုးသား  ဦး ရှပ်ထိသွားတယ်လို့ သိရပါတယ်။ 

ဩဂုတ်လ ၁၅ ရက် ညနေ  နာရီဝန်းကျင် ကလပ်ကုန်း၊နေခြည်ကုန်မာဆိုင် အပေါ်ထပ်ကျပေါက်ကွဲတာရှိပေမယ့် လူထိခိုက်မှုမရှိဘူးလို့ သိရပြီး တစ်ချိန်တည်းမှာဘဲ မှော်ဝမ်းလေး၊မှော်ဝမ်းကြီးထွက်တဲ့ချောင်းမှာ ဒရုန်းဗုံးတစ်လုံးကျပေါက်ကွဲတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့ ဒီနေ့မှာတော့ လက်နက်ကြီးကျပေါက်ကွဲတာမရှိဘဲ KIA/KPDF နဲ့ စစ်တပ်တို့အကြား စစ်ရေးဟာ နှစ်ဖက် စစ်ဆိုင်ထားတဲ့အခြေနေမှာရှိနေတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။

KIA/KPDF ပူးပေါင်းတပ် သိမ်းပိုက်လိုက်တဲ့ လမောင်ဗျူဟာကုန်းစခန်းဟာ ဖားကန်မြို့အမြင့်ဆုံတောင်မှာ လက်နက်ကြီးအထိုင်ချတပ်စွဲထားတဲ့စခန်းဖြစ်ပြီး ဖားကန့်မြို့တွင်းတပ်တစ်ခုလုံးကို အဓိက လုံခြုံရေးယူပေးနေတဲ့စခန်းဖြစ်တယ်လို့ KIO သတင်းနဲ့ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

ခုလို စစ်ရေးအရ ဗျူဟာကျတဲ့ စခန်းတွေ သိမ်းလိုက်နိုင်တာဟာ KIA ပူးပေါင်းတပ်အတွက် စစ်ရေးအားသာချက်တွေရှိသွားပြိီဖြစ်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးဟာ ဖားကန့်မြို့ အဓိက အချက်ချာကျတဲ့နေရာ၊စခန်း  ခုထက်မနည်းသိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button