သတင်း

ပူတာအိုကနေ မြစ်ကြီးနား – မန္တလေး လေယာဉ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်

ကချင်ပြည်နယ် ပူတာအိုမြို့ကနေ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ လေယာဉ်လက်မှတ်နှုန်း ဒီလအတွင်းထဲမှာပဲ ဈေးအဆမတန်မြင့်တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနက သိရပါတယ်။

မတ်လနောက်ပိုင်းကစပြီး စစ်ရေးအခြေနေကြောင့် မြစ်ကြီးနားပူတာအို ကားလမ်းပိုင်းတွေပိတ်သွားတဲ့နောက် မြစ်ကြီးနား နဲ့ မန္တလေး လေယာဉ်လက်မှတ်ဈေး‌ဟာ တစ်ရက်ထက်တစ်ရက်မြင့်တက်နေပြီး ဩဂုတ်မှာတော့ ၅ သိန်းနဲ့ ၇ သိန်းအထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

စျေးက ပြီးခဲ့တဲ့ မတ်လကတည်းက နည်းနည်းတက်လာတယ်။ ဒါပေမယ့် ဒီလ ၁၅ ရက်နေ့နောက်ပိုင်း ဈေးပိုတက်သွားတာ အရင်ဆို ပူတာအို မြစ်ကြီးနားဆိုဈေးက  သိန်းကျော်ဘဲ  မန္တလေးအထိဆိုရင်တော့  သိန်းကျော်ဘဲ အခုကမရတော့ဘူး တချို့လေကြောင်းလိုင်းတွေ မန္တလေးအထိ ၇ သိန်းအထိဈေးတက်တယ်လို့ပြောပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့မတိုင်ခင် ပူတာအိုမြစ်ကြီးနားကြားလေယာဉ်လက်မှတ် စျေးနှုန်းများမှာ မြန်မာ့လေကြောင်းလိုင်း ကျပ်  သိန်း  သောင်း၊ မန်းရတနာပုံလေကြောင်းလိုင်းကျပ်  သိန်း ၈သောင်း နဲ့ အေးကမ္ဘောဇ ကျပ်  သိန်း  သောင်း အထိရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဩဂုတ်လ ၁၅ ရက်နေ့ နောက်ပိုင်း ပူတာအို – မြစ်ကြီးနားကြားလေယာဉ်လက်မှတ်နှုန်းများမှာ  မြန်မာ့လေကြောင်းလိုင်း ကျပ်  သိန်း  သောင်းကနေ ကျပ်  သိန်း၊ မန်းကတနာပုံလေကြောင်းလိုင်း  သိန်း  သောင်းကနေ ကျပ်  သိန်း ၅သောင်း၊ အေးကမ္ဘေဇကျပ်  သိန်း  သောင်းကနေ  သိန်းဝန်းကျင် အထိမြင့်တက်နေတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနကနေ သိရပါတယ်။

ဒါ့အပြင် ပူတာအို – မန်းလေးလေကြောင်းလိုင်းစျေးနှုန်းတွေကလည်း အလားတူ စျေးနှန်းမြင့်တက်နေတယ်လို့ သိရပါတယ်။

ပူတာအိုကနေ မန္တလေးအထိက အခုမြန်မာ့လေကြောင်းဆိုရင်  သိန်း သုံးသောင်းအထိရှိတယ် မန်းရတနာပုံဆိုရင်တော့   သိန်းအထိတက်တယ်။ အရင်က မန်းရတနာပုံက ၃သိန်းခွဲ MNA ဆိုရင်  သိန်း  သောင်း အခုလထဲတက်သွားတာ “လို့ နောက်ထပ် လေယာဉ်လက်မှတ်အရောင်းဝန်ထမ်းအမျိုးသမီးကပြောပါတယ်။

ပူတာအို– မြစ်ကြီးနာမန္တလေးကြားမှာ မြန်မာ့လေကြောင်းလိုင်း၊ မန်းရတနာပုံ၊အေးကမ္ဘောဇသစတဲ့လေကြောင်းလိုင်းသုံးခုပြေးဆွဲနေတာဖြစ်ပြီး မန်းရတနာပုံလေကြောင်းလိုင်းက ဒီလကုန်အထိပုံမှန်ဈေးနှုန်းပဲလို့သိရပါတယ်။

မန်းရတနာပုံကဈေးတော့မတက်သေးဘူး ဒါပေမယ့် သူကသိပ်မလာဘူး။ ဒီလထဲဆိုမရှိဘူးနောက်လ  ရက်နေ့မှတခေါက်လာမှာ ပုံမှန်မလာလို့ဈေးမတက်သေးတာ မန်းပုံကတော့ တစ်ပတ်ကိုလေးခေါက်လောက်တော့ပုံမှန်ရှိတယ်။ အဲ့ကြောင့်သူဈေးကြီးတာလို့ဒေသခံတစ်ဦးကပြောပါတယ်။

ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းမှာမတ်လ  ရက်နေ့ကစလို့ စစ်ရေးတင်းမာခဲ့တာကြောင့် ကားလမ်းပိုင်းပိတ်ခဲ့ရပြီး မေလလောက်မှာ ကုန်ကားသီးသန့် သွားလာလို့ရခဲ့ပါတယ်။

ဒါပေမယ့် ဇွန်လကုန်ပိုင်းမှာမိုးရွာသွန်းပြီးကားလမ်းမြေပြိုတာကြောင့်ယခုအချိန်အထိ အသွားလာလို့မရသေးတာ ဖြစ်ပါတယ်။

ကားလမ်းပိုင်းပြတ်တောက်နေတဲ့အတွက် ပူတာအိုဒေသခံတွေဟာ စားသောက်ကုန် လူသုံးကုန်တွေနဲ့ခရီးသွားအတွက်လေကြောင်းကိုသာအဓိက အားထားနေရတာကြောင့် ခရီးစရိတ်မြင့်တက်တာကုန်ဈေးနှုန်းအဆမတန်မြင့်တက်တာ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button