တိုက်ပွဲသတင်း

ပန်ဝါမြို့အနီး ၁‌၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်‌ကလေကြောင်းနဲ့ထပ်မံပစ်ခတ်နေ

ပန်ဝါမြို့စောင့်တပ်ဖြစ်တဲ့ လောက်ပြေကျေးရွာ ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်ကနေ လေကြောင်းပစ်ခတ်မှု ပြန်စတင်နေပြီလို့ ဒေသခံတစ်ဦးပြောပါတယ်။

“Y12 တစ်စီး ပတ်ပြီးကြဲ‌နေတာ တရုတ်နာရီ ၁၁ နာရီ ၅၀ မိနစ်က‌နေ ၁၂ နာရီ ၃၃ မိနစ်ဝန်းကျင်အထိ အကြိမ်ပေါင်း ၂၈ ကြိမ်လောက်ကြဲပြီ ခုလည်းဝဲနေတုန်းဘဲလို့ပြောပါတယ်။

လုပြည်( ဒေသအခေါ်) လောက်ပြေကျေးရွာမှာ အထိုင်ချထားတဲ့ ၁၀၀၂ တပ်ရင်းဟာ ပန်ဝါမြို့ကို အဓိကလုံခြုံရေးပေးနေတဲ့ တပ်ရင်းဖြစ်ပါတယ်။

ပန်ဝါမြို့နဲ့ ၁၀ မိုင်ဝန်းကျင်မှာရှိပြီး ဒီတပ်ရင်းကျသွားခဲ့မယ်ဆိုပါက ပန်ဝါမြို့တွင်းဗျူဟာကုန်းတစ်ခုသာကျန်ရှိတော့မှာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

ဒီတပ်ရင်းက ပန်ဝါမြို့အနီးဆုံးမှာရှိတယ် တပ်ရင်းဌာနချုပ်ပေါ့။ ဒါနေရာကျော်သွားရင်တော့ အခွန်ကောက်တဲ့စစ်ဆေးရေးဂိတ်လောက်ဘဲရှိတော့မယ် ပန်ဝါအထိလို့ပန်ဝါဒေသခံတစ်ဦး ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ ချီဖွေ၊ဆော့လော်ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် အောက်တိုဘာလ ၉ ရက်‌နေ့စပြီး နယ်ခြားစောင့်တပ်ရဲ့ ၁၀၀၂ တပ်ရင်းကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်နေတဲ့အတွက် နှစ်ဖက်တပ်အကြား တိုက်ပွဲပြင်းထန်နေပါတယ်။

နှစ်ဖက်ထိ‌တွေ့တိုက်ပွဲ ခုဆိုရင် ၄ ရက်မြောက်ရှိလာပြီး စစ်တပ်ဘက်က ၁၀၀၂ တပ်ရင်းမကျရေးလေကြောင်းအပြင်းထန်သုံးပြီး ပစ်ခတ်တိုက်ခိုက်နေပါတယ်။

လတ်တလောက် ပန်ဝါမြို့အနီး တိုက်ပွဲဖြစ်နေတာကြောင့် လောက်ပြေကျေးရွာပြည်သူတွေအပါအဝင်၊ ချန်းရင်းခူးကျေးရွာပြည်သူအများပိုင်း မြို့ထဲတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

ပန်ဝါမြို့ဟာ ချီဖွေမြို့နဲ့ မိုင် ၄၀ ကွာဝေးပြီး တရုတ်နယ်စပ်မြို့၊ မြေရှားထုတ်လုပ်မှုအများဆုံးဒေသလည်း ဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button