ဖမ်းဆီးခံရမှုသတင်း

အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက်

ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ  နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား  ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။

ဖမ်းဆီးချိန်  မျက်လုံးကိုပိတ်ပေးလိုက်တဲ့အပြင် အကိုးကန့်တပ်ရှိတဲ့နေရာကို ဖမ်းဆီးသွားပြီးနောက် ကြောင်းမဲ့ ရိုက်နှက်ကာပြန်လွတ်ပေးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး အခုလို ပြောပါတယ်။

သူက အဲ့နေ့က ထင်းသွားရှာပြီး နမ့်ဖတ်ကာကို ပြန်လာချိန် လမ်းမှာ ကိုးကန့်တပ်သား  ယောက်က သူ့ကိုတွေ့ပြီး အနောက်ကနေ သေနတ်နဲ့အရင်ထောက်တယ် ပြီးတော့ အနောက်ကနေ ရိုက်လိုက်တယ်။ ပြီးတော့ ချက်ချင်း မျက်လုံးပိတ်ပြီး ကိုးကန့်တပ်တွေရှိတဲ့ နေရာကို ခေါ်သွားတယ်လို့ပြောတယ်။ ဟိုမှာရောက်တော့ သူ့ကို ရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတယ်တဲ့။ သူလည်း စကားနားမလည်တော့ ဘာတွေမေးလို့မေးမှန်းမသိဘူးလို့ပြောတယ်။ သူဘာမှမသိဘူး ရိုက်တာပဲသိတယ်တဲ့။ ခုတော့ နမ့်ဖတ်ကာအုပ်ချူပ်ရေးတွေဘက်က လိုက်နေတယ်ပြောတယ်လို့ နမ့်ဖတ်ကာဒေသခံက KNG ကို ပြောပါတယ်။

ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူဟာ နမ့်ဖတ်ကာမြို့ လွယ်ကုန် ရပ်ကွက်  မှာ နေထိုင်သူ ဒေါ်လဗျလုပါရဲ့သား အသက် ၁၇ နှစ်အရွယ် မောင်အင်ခွမ်ဆန်လီ ဖြစ်တယ်လို့ သိရပြီး နမ့်ဖတ်ကာကနေ ကွတ်ခိုင်ဘက်သွားတဲ့လမ်း နမွန်းပါဘက်ကို ထင်းသွားခွေပြီး အပြန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ မောင်အင်ခွမ်ဆန်လီကို ကိုးကန့်တပ်တွေဟာ အောက်က်ိုဘာလ ၂၈ ရက်နေ့ ညနေ  နာရီလောက်ကနေ ရိုက်နှက်ဖမ်းခေါ်သွားပြီး  နာရီလောက်အကြာ စစ်ဆေးမေးမြန်းကာ   နာရီဝန်းကျင် နဂိုဖမ်းခေါ်သွားတဲ့နေရာမှာ ပြန်ပို့ပေးထားကြောင်း ဆက်လက်သိရပါတယ်။ 

အဲဒီနောက်  ၁၀ နာရီဝန်းကျင် သတိလစ်ပြီး နမ့်ဖတ်ကာဆေးရုံကို ပိုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးကန့်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူ မောင်အင်ခွမ်ဆန်လီဟာ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ မျက်လုံးတစ်ဖက်အမြင်အာရုံထိခိုက်ထားပြီး နားတစ်ဖက်လည်း မကြားရဘူးလို့ ပြောပြပါတယ်။

ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဘာ့ကြောင့် ရိုက်နှက်ကာ ဖမ်းဆီးသွားတယ်ဆိုတဲ့ အကျိုးအကြောင်း တစ်စုံတစ်ရာမျှ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခု နမ့်ဖတ်ကာ KIO အုပ်ချူပ်ရေးအဖွဲ့က လိုက်နေတယ်ဆိုပေမဲ့ ဘာမှတော့မသိရသေးဘူး။ ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့များတယ်။ အခုတော့ ဘာဘဲဖြစ်ဖြစ်အေးချမ်းပြီထင်နေတာ ဒီလိုလက်နက်ကိုင်တွေက ရွာသားတွေကို လူငယ်တွေကို အခုလို လုပ်တာတွေရှိတော့ ဘယ်လိုစိတ်မအေးနိုင်ပဲ လူငယ်တွေလည်း သွားရလာရ တော်တော်ဂရုစိုက်ရမဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ပြောချင်တယ်။ တစ်စုံတစ်ခုကြောင့်ရွာသားတွေကို ဖမ်းဆီးပြီဆို သေချာစွာ မေးမြန်း စစ်ဆေးပြီးမှ အပြစ်မရှိဘူးဆိုရင် ကောင်းမွန်စွာ ပြန်လွတ်ပေးသင့်တယ်။ အခုလို ရိုက်နှက် မေးမြန်း စစ်ဆေး၊ နှိပ်စက်ပြီးမှ ပြန်လွတ်ပေးတာမျိုး မလုပ်ခိုင်းစေချင်ဘူး” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နမ့်ဖတ်ကာအုပ်ချူပ်ရေးတာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်သားတွေကို ဆက်လက်စုံစမ်းနေကာ ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်လို့ သိရပေမယ့် လက်ရှိချိန်ထိတော့ အကျိုးအကြောင်း အသေးစိတ်ကိုမသိရသေးဘူးလို့ နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။

နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်တစ်ဝိုက် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က အခုလို ကျေးရွာဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သလို လက်လွန်ပြီး သေဆုံးသွားသူတွေလည်း မျးစွာရှိခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button