ဖမ်းဆီးခံရမှုသတင်း

ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေခရီးသွားခွင့်ပိတ်ခံရ

ကချင်ပြည်နယ် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကိုခရီးခွင့်မပြုပဲ ပိတ်ပင်နေတယ်လို့ ပူတာအိုဒေသခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကစလို့  ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်း ခရီးသည်ကားနဲ့လိုက်ပါလာတဲ့ လူငယ်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်း မောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။

အတက်လည်းမရဘူး။ အဆင်းလည်းမရဘူး လူပျိူလူလွတ်ဆိုရင်ကိုမရတာ မြစ်ကြီးနားကနေတက်လာတဲ့လူဆိုရင် မြစ်ဆုံကနေပြန်ခေါက်ခိုင်းတယ်။ အဲ့ကြောင့်ခုနောက်ပိုင်းလူပျိုလူလွတ်တွေမတင်တော့ဘူး”လို့ အသက် ၄၀ ဝန်းကျင်အရွယ်ကားသမားတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသွားလူငယ်တွေကို မြစ်ဆုံအနီး တန်ဖရဲစစ်ဆေးရေးဂိတ်ကနေပြန်ခေါက်ခ်ိုင်းသလို၊ ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့် ခရီးသွားလူငယ်တွေကိုလည်း လုံရှာယာန်ကျေးရွာရှိ စစ်တပ်ဆေးရေးဂိတ်ကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ကားသမားတွေကဆိုပါတယ်။

စစ်ကောင်စီတပ် အခုလိုလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက ခုလိုသုံးသပ်ပြောဆိုပါတယ်။

အဓိကတော့ ပူတာအို– မြစ်ကြီးနားလမ်းပိုင်းမှာရှိတဲ့ PDF တွေထဲကို လူငယ်တွေရောက်သွားမှာဆိုးလို့ တားမြစ်ထားတဲ့သဘောပါပဲ။ ပြီးခဲ့တဲ့နှစ်တွေကလည်း လူငယ်တွေအများကြီးရောက်သွားတယ်လေး ဟိုဘက်(PDF) ဘက်က လူသစ်စုတဲ့နေရာမှာ  ကားနဲ့ခရီးသွားတဲ့လူငယ်တွေကိုလည်းပစ်မှတ်ထားစုဆောင်းတော့ အခုနောက်ပိုင်း တားမြစ်ထားတဲ့ပုံစံပါပဲ”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

စစ်ကောင်စီတပ်က ပူတာ– အိုမြစ်ကြီးနားလမ်းပိုင်း ခရီးသွားလူငယ်တွေကို အခုလိုတားမြစ်တာမျိုးရှိနေသလို ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့်ခရီးသည်တွေကိုလည်း ပူတာအိုမြို့တွင်းတပ်ခ.. ၄၆ တပ်ထဲမှာ နာမည်စာရင်းကြိုပေးသွင်းခိုင်းတာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။

ပူတာအိုမြို့က မြစ်ကြီးနားနဲ့ ၂၃၈ မိုင်ခန့်ကွာမှာရှိပြီး ပူတာအိုမြို့မရောက်ခင် ဆွမ်ပရာဘွမ်မြို့ကို KIA ပူး ပေါင်းတပ်က ဒီနှစ် မေလအတွင်း သိမ်းပိုက်ထားပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button