သတင်း

မြစ်ကြီးနားမြို့မှာ နေအိမ်တစ်လုံးမီး‌လောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ခဲ့တယ်လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ ဩဂုတ် ၁၁ ရက်ဒီနေ့မနက် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ရမ်ပူရပ်ကွက် နယ်မြေ (၁၁)ရှိ နှစ်ထပ်အိမ်တစ်အိမ်မီး‌လောင်သွားတာဖြစ်တယ်လို့ ဧရာဝတီဂရုဏာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

ကျွန်တော်တို့သွားတုန်းကတော့ မီးလောင်နေတာဟုတ်တယ် အိမ်ကတော့ ၃ လုံးဟုတ်တယ်။ နှစ်ထပ်အိမ်ကတော့ တော်တော်ဆိုးတော့ ဘေးအိမ်လုံးတွေက ကူးပြီးလောင်သွားတာနေမှာလို့ ဆိုပါတယ်။

နှစ်ထပ်အိမ်မီးလောင်မှုကြောင့် ‌‌လူထိခိုက်ဝာာ မရှိပေမယ့် ဘေးအိမ်နှစ်အိမ် အနည်းငယ်မီးကူးစက်လောင်ကျွမ်းတာရှိတယ်လို့ သိရပါတယ်။

မီးကိုတော့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်း၊ မီးသတ်အဖွဲ့နဲ့ တခြားလူမှုကယ်ဆယ်ရေး အသင်းတွေကနေပြီးတော့ စုပေါင်းပြီး မိနစ် ၃၀ ဝန်းကျင်ကြာငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီးလောင်မှုကြောင့် ဆိုင်ကယ် ၃ စီး၊ စက်ဘီး တစ်စီး၊ မီးစက် တစ်လုံးနဲ့ အဝတ်လျှော်စက် တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ မြစ်ကြီးနားမြို့ မြို့သစ်ကြီး ကွက်သစ်ရပ်ကွက်မှာ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခန်း ၃ ခန်းပါ အဆောင်တန်းလျားအပါကား တစ်စီး၊ ဆိုင်ကယ်တစ်စီး လောင်ကျွမ်းခဲ့တာဘဲ ဖြစ်ပါတယ်။

စစ်ကော်မရှင် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြီးခဲ့တဲ့ နှစ်က မီးလောင်မှုပေါင်း ၁၁၅၀ ခု ဖြစ်ပွားခဲ့ပြီး လူ ၉၉ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီး ရှုံးဆုံးမှုကတော့ ကျပ်သန်း ပေါင်း ၉၄၀၀ ထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

By – Hope

Show More

Related Articles

Back to top button