အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတွေ့
မြစ်ကြီးနားမြို့မှာ အိမ်သာကျင်းဟောင်းထဲ ပုပ်ပွနေတဲ့ အမျိုးသားအလောင်းတစ်ခု ဩဂုတ်လ ၁၅ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
ရမ်ပူရပ်ကွက် နယ်မြေ(၁၁)က ခြံတစ်ခု အိမ်သာကျင်းဟောင်းထဲ အမျိုးသားတစ်ဦးသေဆုံးနေတာကို မနေ့က နေ့လည် ၁နာရီဝန်းကျင်အချိန် မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး အသင်းတွေကို ဆက်သွယ်အကြောင်းကြားမှု ရရှိခဲ့တယ်လို့ သိရပါတယ်။
“သုံးရက်လောက်တော့ ရှိနေပြီထင်တယ် ပုပ်လည်း ပုပ်နေပြီ ဆိုတော့ ခေါင်းကလဲ ပုပ်ပြီးတော့ လောက်တွေတက်နေပြီ ဆိုတော့ ဘယ်လိုဖြစ်ပြီး ဆုံးသွားလဲဆိုတော့ မူးခင်းဆရာဝန်တွေ စစ်မှ ရတော့မယ်” လို့ လူမှုကူညီရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်
သေဆုံးသွားတဲ့ အမျိုးသားက ရမ်ပူ နယ်မြေ ၁၁မှာ နေထိုင်တဲ့သူလို့ သိရပြီး မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ ပြီးခဲ့တဲ့ ၁၁ရက်နေ့မနက် ရမ်ပူရပ်ကွက် နယ်မြေ ၁၁က အိမ်မီးလောင်မှုမှာ မီးရှို့ တရားခံအဖြစ် သံသယရှိသူဖြစ်ပြီး ၁၂ရက်နေ့ကတည်းကနေ ထွက်ပြေးသွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုတွဲအဖြစ် ရဲစခန်းကနေ တာဝန်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရမ်ပူမြို့ဟာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားဝိုင်းတွေ အများဆုံးရပ်ကွက်ဖြစ်ပြီး ရာဇဝတ်မှုတွေလည်း ခနန ဖြစ်နေတဲ့ ရပ်ကွက်လည်း ဖြစ်ပါတယ်။
ဒါအပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာဘဲ လုယှက်မှုဖြစ်စဉ် ၃ကြိမ်ဖြစ်ပွားခဲ့ပြီး လူ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
KNG စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်ထိရှိခဲ့ပါတယ်။
ဒီအချက်လက်ဟာ KNG ကစုစည်းထားတဲ့ အချက်တွေသာဖြစ်ပြီး မြေပြင်နဲ့ကွဲလွှဲမှုအများကြီးရှိနိုင်ပါတယ်။
Data For Myanmar ရဲ့ ပြုစုထားချက်အရ အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း ဘဏ်တွေဝင်ရောက် လုယက်ခဲ့တဲ့ဖြစ်စဉ် ၂၅ ခုနဲ့ ရွှေဆိုင်လုယက်မှုဖြစ်စဉ် ၅၇ ခုရှိခဲ့တယ်လို့ သိရပါတယ်။
By – Hope



