သတင်း

ပူတာအိုမှာ ကလေးတစ်ဦး ကျောင်းကအပြန် ကားတိုက်ခံရပြီးသေဆုံး

ကချင်ပြည်နယ် ပူတာအိုမြို့မှာ KG တန်းတက်နေတဲ့ မိန်းကလေးငယ်တစ်ဦးကျောင်းသွားနေစဥ်ကားတိုက်ခံရပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။

ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ထဲက KG တန်းတက်နေတဲ့ အသက် ၄ နှစ်ခန့်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးဟာ ယနေ့ သြဂုတ် ၁၈ ရက်နေ့ နေ့လည်ပိုင်းကျောင်းဆင်းချိန်အိမ်အပြန်မှာ သဲကျောက်တင်ထားတဲ့ကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သဲကျောက်ကားကအရှိန်ပြင်းပြင်း နဲ့လာတာပြောတယ် အဲ့မှာကျောင်းကပြန်လာတဲ့ကလေးမကိုဝင်တိုက်သွားတာကလေးက ခေါင်းတခြားကိုယ်တခြားဖြစ်သွားတယ်စိတ်မကောင်းဘူး။ အခုမှ KG တက်နေတဲ့ကလေးပေါက်စလေးဟုတ်တယ်ဗျလို့ ပူတာအို မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

အခင်းဖြစ်သွားတဲ့နေရာဟာ ဒုတ္တန်ရပ်ကွက် မိန်းလမ်းမကြီးရှိ တိုင်တည်တန့် စက်သုံးဆီအရောင်းဆိုင်မှာဖြစ်သွားတာလို့သိရပါတယ်။

ကားသမားဟာ မိန်းကလေးငယ်ကိုတိုက်ပြီးမောင်းပြေးသွားတာကြောင့် ဒီကနေ့မွန်းလွဲပိုင်းအထိတော့လွတ်မြောက်နေဆဲ ပဲလို့သိရပါတယ်။

ကားသမားမမိသေးဘူးသဲကျောက်ကားတော့ဟုတ်တယ် ဘယ်သူဘယ်ဝါမသိရသေးဘူးအခုထိတော့ စုံတော့စုံစမ်းနေကြမှာပါလို့ အထက်ဖော်ပြပါ အမျိုးသားကဆက်ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးရဲ့ရုပ်အလောင်းကို နာရေးကူညီမှုအသင်းကားနဲ့ ရင်ခွဲရုံပို့ဆောင်ထားပြီးကလေးရဲ့မိဘတွေကိုလည်းဆက်သွယ်စုံစမ်းနေဆဲလို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ပူတာအိုမြို့ပေါ်မှာ အသက် ၁၅ နှစ်အရွယ်ရှိကျောင်းသူတစ်ဦးကို ကားနဲ့ဝင်တိုက်မိရာ ကျောင်းသူမဖြစ်သူနေရာမှာတင်ပွဲ ချင်းပြီးသေဆုံးခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button