-
Dec- 2024 -11 Decemberတိုက်ပွဲ
ဗန်းမော်မြို့နဲ့မံစီမြို့အနီး တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချပေးနေ
ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့မံစီမြို့နီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအကူနဲ့ရိက္ခာချ ပေးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ စတင်လာတဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အနီးတိုက်ပွဲ တစ်ပတ်ကြာလာချိန် KIA ပူးပေါင်းတပ်က ဗန်းမော်မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံး၊နည်းပညာတက္ကသိုလ်၊စာသင်ကျောင်းနေရာတွေ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဗန်းမော်မြို့နဲ့မံစီမြို့အကြား ရှိတဲ့ ကာကင်းစခန်း ၇ ခုကို ရှင်းလင်းထားနိုင်ပြီ…
Read More » -
11 Decemberသတင်း
တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့တွင်း အဆောက် အအုံတစ်ချို့ မီးလောင်နေ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က…
Read More » -
11 Decemberဖမ်းဆီးခံရမှု
ပူတာအို-မြစ်ကြီးနားကားလမ်းပိုင်း လူငယ်တွေခရီးသွားခွင့်ပိတ်ခံရ
ကချင်ပြည်နယ် ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း စစ်ကောင်စီတပ်က လူငယ်တွေကိုခရီးခွင့်မပြုပဲ ပိတ်ပင်နေတယ်လို့ ပူတာအိုဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်ကစလို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း ခရီးသည်ကားနဲ့လိုက်ပါလာတဲ့ လူငယ်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်း မောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။ “အတက်လည်းမရဘူး။ အဆင်းလည်းမရဘူး လူပျိူလူလွတ်ဆိုရင်ကိုမရတာ မြစ်ကြီးနားကနေတက်လာတဲ့လူဆိုရင် မြစ်ဆုံကနေပြန်ခေါက်ခိုင်းတယ်။ အဲ့ကြောင့်ခုနောက်ပိုင်းလူပျိုလူလွတ်တွေမတင်တော့ဘူး”လို့ အသက် ၄၀ ဝန်းကျင်အရွယ်ကားသမားတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသွားလူငယ်တွေကို မြစ်ဆုံအနီး တန်ဖရဲစစ်ဆေးရေးဂိတ်ကနေပြန်ခေါက်ခ်ိုင်းသလို၊ ပူတာအိုကနေ မြစ်ကြီးနားဆင်းမယ့် ခရီးသွားလူငယ်တွေကိုလည်း လုံရှာယာန်ကျေးရွာရှိ စစ်တပ်ဆေးရေးဂိတ်ကနေ ပြန်ခေါက်ခိုင်းနေတယ်လို့ ကားသမားတွေကဆိုပါတယ်။…
Read More » -
10 Decemberသတင်း
ဖားကန့်မြို့အနီး စစ်တပ် ဂိတ် ၄ ခုမှာ ဖြန်သန်းသွားလာခွင့်ကန့်သတ်ထားလို့ လမ်းသွားလမ်းလာပြည်သူများအခက်တွေ့
ကချင်ပြည်နယ် ဖားကန့်မြို့အဝင်အထွက် စစ်တပ်ရဲ့စစ်ဆေးရေးဂိတ် ၄ ခုမှာ လုံခြုံရေးတင်းကြပ်ပြီး ဂိတ်ဖြတ်သန်းခွင့်ကို ကန့်သတ်ထားတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေအခက်ခဲဖြစ်နေတယ်လို့ ဖားကန့်မြို့နေပြည်သူတွေဆီကနေ သိရပါတယ်။ မြို့အဝင်မှာရှိတဲ့ စစ်တပ်ရဲ့ ယမ်းချက်စစ်ဆေးရေးဂိတ်၊ လုံးခင်းကျေးရွာထိပ် မျောက်ကုန်းစစ်ဆေးရေးဂိတ်၊ မဇွပ်ယန်ထောင်စစ်ဆေးရေးဂိတ်နဲ့ ၇ မိုင်ရွာ စစ်ဆေးရေးဂိတ်တွေမှာ ဂိတ်ဖွင့်ချိန်ကန့်သတ်ထားတယ်လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ရေမဆေးသမားတွေကညဘက်ပဲထွက်ရှာတာများတယ် တချို့လူသစ်တွေဆိုမသိကြဘူးလေး ဟိုနေ့ညလည်းရေမဆေးသမားနှစ်ယောက် ညမှာ အကြောင်းမသိပဲဖြတ်မိတာ။ ဖမ်းသွားတယ်ပြန်တော့လွတ်တယ် ဒါပေမယ့်သူတို့မှာပါတဲ့ ငွေသုံးသောင်းနဲ့ ကျောက်ကြည့်ဓာတ်မီးတွေတော့သိမ်းသွားတယ်တဲ့”လို့ သူကပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ဂိတ်တွေဟာ မနက် ၆နာရီနဲ့ ည ၆ နာရီအထိသာဖွင့်တာဖြစ်ပြီး အခုလိုအချိန်ကန့်သတ်ထားတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေနဲ့အများပြည်သူညဘက်သွားလာရေးခက်ခဲတယ်လို့ ရေမဆေးသမားတွေနဲ့နီးစပ်တဲ့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။…
Read More » -
10 Decemberသတင်း
ဟုမ္မလင်းမြို့နယ်ထဲကအရေးပါတဲ့လမ်းပိုင်းတွေကို SNA နဲ့စစ်ကောင်စီတပ်ကပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင်း အရေးပါတဲ့လမ်းပိုင်းတွေကို SNAတပ်နဲ့ စစ်ကောင်စီတပ်တွေက ပိတ်ထားတယ်လို့သိရပါတယ်။ ပိတ်ထားတဲ့ လမ်းပိုင်းတွေဟာ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်း၊ ကုန်းကြောင်း ကားလမ်းပိုင်းကို…
Read More » -
10 Decemberလူ့အခွင့်အရေးချိုးဖောက်မှု
အသက် ၂ နှစ်အရွယ်ကလေးငယ်ကို မုဒိမ်းမှုကျူးလွန်တဲ့ ကိုးကန့်အရာရှိကို သေဒဏ်စီရင်ပေးဖို့ ဒေသခံတွေတောင်းဆို
ရှမ်းမြောက် (ကြူကုတ်)ပန်ဆိုင်းမြို့မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိမ်းကျင့်တဲ့ MNDAA အရာရှိကို သေဒဏ်ပေးဖို့ ဒေသခံတွေ တောင်းဆိုနေပါတယ်။ ပန်ဆိုင်းမြို့ ၊ ရပ်ကွက် ၇ မှာနေထိုင်သူ အသက် ၂ နှစ်အရွယ် သမီးငယ်ကို ကိုးကန့် (MNDAA )တပ်ဖွဲ့ အရာရှိတစ်ဦး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လည် ၁ နာရီဝန်းကျင် အိမ်စီးကားနဲ့ နေအိမ်ကနေလာခေါ်သွားပြီးနောက် တရုတ်နယ်စပ်ချောင်းဘေးတစ်နေရာမှာ မဒိမ်းကျင့်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ပန်ဆိုင်းဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “နေ့လည် ၁ နာရီကတည်းက ကလေးကို ကားခေါ်စီးမယ်ဆိုပြီး ခေါ်သွားတာ မုန့်တွေ ဖျော်ရည်တွေလည်း ဝယ်ကျွေးတယ်တဲ့ ပြီးတော့ နယ်စပ်ချောင်းနားမှာ မဒိမ်းကျင့်ပြီး အိမ်ပြန်ခေါ်လာတာ။ ညနေ ၆ နာရီလောက်မှာ ကလေးအမေက သူ့ကလေးကို သွားပြန်ခေါ်တဲ့အချိန် ကလေးက နုံးနေပြီ။ ကလေးမိန်းမကိုယ်ကနေ သွေးတွေ တရပြွတ်ထွက်ပြီး အန်တဲ့အချိန်လည်း အမျိုးသားသုတ်ရည်တွေပါနေတဲ့ ကလေးအမေက ကိုးကန့်ကိုပြောတော့၊ ကိုးကန့်ဘက်က ဆေးရုံခေါ်သွားပေးတယ်၊ Rape…
Read More » -
9 Decemberတိုက်ပွဲ
ဗန်းမော်မြို့နယ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံအားလုံးနီး ထွက်ပြေးတိမ်းရှောင်
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ ပတ်လည်မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ဒေသခံအားလုံး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဗန်းမော်ပြည်သူတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးဟာ ဒီနေ့ဆို ၆ ရက်မြောက်နေ့ထိရှိလာပြီး နှစ်ဖက်တိုက်ပွဲကြောင့် မြို့တွင်း လက်နက်ကြီးကျပေါက်ကွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗန်းမော်မြို့ပတ်လည်မှာရှိတဲ့ ကျေးရွာနေပြည်သူတွေအပါအဝင် မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေဟာ ဒီဇင်ဘာလ ၄ ရက်နေ့စပြီး ရေလမ်း၊ကုန်းလမ်းကနေ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ “ရေလမ်း၊ ကုန်းလမ်းကနေ တိမ်းရှောင်နေကြတယ် ညောင်ပင်သာဘက်နေ ဟိုနေ့ကတည်းက ဖွင့်ပေးနေတာလို့ ခုမြို့ထဲမှာက အိမ်စောင့်လောက်ပဲ တစ်ချို့ကျန်နေတာ အများပိုင်းတိမ်းရှောင်နေကြပြီ။ ခန့်မှန်းခြေဆိုရင် ၇၀ ရာခိုင်နှုန်းလောက်တော့ ပြေးနေကြပြီ”လို့ ပြောပါတယ်။…
Read More » -
9 Decemberစစ်ရေး
ဗန်းမော်တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်နဲ့မံစီမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အစိုးရက KIO နဲ့တွေ့ဆိုဖို့ဖိတ်ခေါ်တာကြောင့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကိုထွက်ခွာသွားကြောင်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO ) ဥက္က ဗိုလ်ချူပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့ ဒီဇင်ဘာ ၈ ရက်နေ့ မနေ့ကတည်းက တရုတ်ပြည်ကို ထွက်သွားတာဖြစ်ပြီး တွေ့ဆုံရမယ့်အကြောင်းအရင်းအသေးစိတ်မသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “KIO က တရုတ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးတယ်လို့မဟုတ်ပဲ ကျနော်တို့ KIO ခေါင်းဆောင်တွေကို တရုတ်အစိုးရဘက်က ခေါ်ဆိုတာကြောင့် သွားလိုက်တာဖြစ်တယ်။ တွေ့ဖြစ်၊ မတွေ့ဖြစ် မသိဘူးနော် သွားတော့သွားလိုက်တယ် မနေ့က သွားလိုက်တယ်။ မနေ့ကသွားလိုက်တဲ့ထဲမှာ ကျနော်တို့ ဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လ ဦးဆောင်သွားလိုက်တာဟုတ်တယ်။”လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက KNG ကချင်သတင်းဌာနကို ပြောပါတယ်။…
Read More » -
9 Decemberသတင်း
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါ နေရာတစ်ချို့မှာ ငလျင် ၇ ကြိမ်ခန့်လှုပ်ခတ်လို့ နေအိမ်တစ်ချို့ထိခိုက်ပျက်စီး
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါအဝင် မြို့တချို့မှာ အင်အားပြင်းမြေငလျင် ၇ ကြိမ်ခန့် လှုပ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်ချို့ထိခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ၃ နာရီနဲ့ ၄ ရီကြား နာရီဝက်အတွင်း ငလျင် ၄ ကြိမ် လှုပ်ခတ်သွားပြီး နောက်ထပ် မနက် ၇ နာရီနဲ့ ၈ နာရီကြား ငလျင်ထပ်လှုပ်ခတ်သွားတယ်လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။…
Read More » -
6 Decemberဆောင်းပါး
အခက်ခဲကြား ရုန်းကန်နေကြတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းသမားများဘဝ
“လစာမှန်လည်း မမှန်လည်း နှစ်သိမ့်ပြီးတော့ နေနေရတာ အချိန်တန်လို့ သုံးလေးလလောက်စုပြီး ကိုယ်လစာရလာတဲ့အခါကျတော့ ကိုယ်ကချေးငှားစားထားတော့ပိုက်ဆံကမကျန် ပိုက်ဆံအကြောင်းလည်းနားမလည်တော့ ထမင်းစားရရင်ပြီးရောဆိုပြီးနေခဲ့တာ”လို့ဆိုပါတယ်။
Read More »