KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Dec- 2024 -
    18 December
    စစ်ပြေးဒုက္ခသည်များ

    ဗန်းမော်စစ်ရှောင်များ ကူညီထောက်ပံ့မှုမရတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုရှိနေ

    ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ…

    Read More »
  • 17 December
    သတင်း

    ဝင်ခွင့်ပိတ်ထားတဲ့ ဖားကန့် မြေစာပုံပြိုကျတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာ 

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျပြီးနောက် ဝင်ခွင့်ပိတ်ခံထားရတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာတယ်လို့ ကုမ္မဏီနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင် မှော်စီဆာကျေးရွာမှာရှိတဲ့ တင်အောင်ကြိုင်လုပ်ကွက်ဟောင်းတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးသမားတစ်ချို့နဲ့ကုမ္မဏီလုပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပေမယ့် ဝင်ရောက်ရှာဖွေခွင့်ပိတ်ထားတာဖြစ်ပါတယ်။ မြေစာပုံပြိုကျမှု ဖြစ်စဉ်တစ်လကြာပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်လောင်းပေါ်လာတာဖြစ်တယ်လို့ ကုမ္မဏီနဲ့နီးစပ်တဲ့  လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။…

    Read More »
  • 17 December
    သတင်း

    ပူတာအိုမြို့မှာ ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ်

    ကချင်ပြည််နယ် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်မှာ အမျိုးသားတစ်ဦးကို ဆိုင်ကယ်လမ်းကြုံခေါ်တင်ရာကနေ ဆိုင်ကယ်လုယက်မှုဖြစ်ခဲ့တယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၉ နာရီဝန်းကျင် ကောင်ကထောင်ရပ်ကွက် စားသောက်ဆိုင်ကနေ နေအိမ်ပြန်လာတဲ့အမျိုးသားတစ်ဦး လမ်းခုလတ်တစ်နေရာမှာ လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးကို လမ်းကြုံတင်လာရာကနေ လမ်းခုလတ်တစ်နေရာ ဓာတ်ခုတ်ခံရပြီး ဆိုင်ကယ်၊လက်ကိုင်ဖုန်းနဲ့ငွေသားလုယက်ခံလိုက်ရတယ်လို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဓားခုတ်ခံရတဲ့တစ်ယောက်က လူလတ်ပိုင်းအရွယ်ပဲ လုံးစွတ်ကနေ စားသောက်ဆိုင်ထိုင်ပြီး ကောင်ကထောင်ဘက်ကိုအလာ ည ၉ နာရီမှာ ဖြစ်သွားတာ သူလမ်းကြုံတင်လာတဲ့လူက လမ်းတစ်ဝက်ရောက်တော့ ဓားနဲ့ရွယ်ပြီးဆင်းခိုင်းတာ ဆိုင်ကယ်လည်းရပ်ကောဓားနဲ့ခုတ်ပြီးပါတာအကုန်လုပြီးမောင်းပြေးသွားတာတဲ့”လို့ ပြောပါတယ်။ ဓားခုတ်လုယက်ခံရသူဟာ အသက် ၃၀ ခန့်အရွယ် အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဦးခေါင်းဓားခုတ်ရာတစ်ချက်၊ လက်မောင်းဓားခုတ်ရာတစ်ချက်ခုတ်ခံရပြီး ပြင်းထန်ဒဏ်ရာရရှိသွားတာကြောင့် ပူတာအိုပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။…

    Read More »
  • 16 December
    သတင်း

    အိန္ဒိယ-မြန်မာ ပန်ဆောင်နယ်စပ်ဂိတ်ပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်ရှိနေ

    နာဂလက်နက်ကိုင်ပဋိပက္ခကြောင့် ၇ နှစ်ကျော်ကြာ ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ် ပြန်ဖွင့်လိုက်ပြီလို့ တမူးဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ကို နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြား တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ်  ဒီဇင်ဘာ ၁၅ ရက်နေ့  အိန္ဒိယ-မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ တမူးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။…

    Read More »
  • 16 December
    သတင်း

    ဖားကန့်မှာ ရေကူးသင်ပေးရင်း လူ နှစ်ဦး အသက်သေဆုံးမှုဖြစ်

    ဖားကန့်မြို့ ဥရုချောင်းမှာ ရေကူးသင်ရာကနေ အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ခဲ့တယ်လို့ ဖားကန့်မြို့ခံပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင် ဖားကန့်ဆေးရုံကြီးနောက်ကျော ဥရုချောင်းမှာ တူနဲ့ တူမကို ရေကူးသင်နေရင်း တူမဖြစ်သူရေနစ်သွားတာကြောင့် လိုက်လံဆယ်ယူခဲ့ရာ တူဝရီးနှစ်ဦးစလုံး ရေနစ်သေဆုံးတာလို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။…

    Read More »
  • 13 December
    တိုက်ပွဲ

    အင်းတော်မှာတိုက်ပွဲပြန်လည်ပြင်းထန်နေ

    စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား…

    Read More »
  • 13 December
    သတင်း

    ကချင်ဒေသ နယ်စပ်ဂိတ်တစ်ချို့ပြန်ဖွင့်ပြီ

    ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တစ်ချို့ ဒီဇင်ဘာလ ၁၃…

    Read More »
  • 12 December
    တိုက်ပွဲ

    ဗန်းမော်မြို့ပေါ် ရပ်ကွက်အများစု KIA ထိန်းချုပ်ထားနိုင်ပြီလို့ဆို

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ရှိလာချိန် မြို့ပေါ်ရပ်ကွက်အများပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့အတွက် မြို့ရဲ့ပတ်ပတ်လည်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့ဦးတည်နေတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးဟာ တစ်ပတ် ကျော် ၉ ရက်မြောက်နေ့အထိရှိလာပြီဖြစ်ပြီး ဗန်းမော်မြို့တွင်း ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ အစိုးရရုံးရှိရာ ရပ်ကွက်အားလုံးနီးပါး KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီလို့ ဗန်းမော်KUG/KPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ “မြို့ထဲကိုဝင်ထားတဲ့အဖွဲ့တွေကတော့ စခန်းတော်တော်များများကိုသူတို့သိမ်းထားပါတယ်။ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့ပေါ့။ တပ်စွဲထားတဲ့ နေရာ တော်တော်များများကိုလည်းသိမ်းထားနိုင်တယ်။ စခန်းအရေ အတွက်ကတော့ ၁၂ ခုလောက်သိမ်းထားနိုင်တယ်ပေါ့လေ။ အခုကတော့ ဗန်းမော်မြို့ စကခ ၂၁ နဲ့ ခလရ ၄၇ ကလွဲရင် မြို့ထဲနေရာတော်တော်များများကိုထိန်းထားပြီလို့ပြောလို့ရပါတယ်”လို့ပြောပါတယ်။…

    Read More »
  • 12 December
    သတင်း

    စန်းကားကျေးရွာမှာ  ၃ ရက်အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံသူ ၄ ဦးထိရှိလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းခါးကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၃ ရက်အတွင်း ထိခိုက်သေဆုံးသူ ၄ ဦးထိရှိလာတယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ခိုင်မြဲငှက်ပျော်လုပ်ကွက် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အသက်၂၄ နှစ်အရွယ် မပန်းအိဖြူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊  အသက်၂၇ နှစ်အရွယ် ကိုခိုင်မြဲ နောက်ကျောဒဏ်ရာစိုးရိမ်ရ၊ အသက် ၃၅ နှစ်အရွယ်ဒေါ်ဝင်းဝင်းသန်း ပေါင်ထိဒဏ်ရာသာရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ အလားတူ ဒီမနက် ဒီဇင်ဘာ ၁၂ ရက်နေ့ ၁၀ နာရီဝန်းကျင်မှာလည်း စန်းကားကျေးရွာ  ခိုင်မြဲငှက်ပျော်ခြံအနီး ထိန်မင်းငှက်ပျော်ခြံလုပ်ကွက်မှာ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲခဲ့တာကြောင့်  အသက်၂၅ နှစ်အရွယ် မအေးနွယ် နောက်ကျောထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ခုလိုပြောပါတယ်။ “တဲမှာမဟုတ်ဘူး ခြံထဲမှာကျတာ ငှက်ပျော်ထမ်းနေရင်းနဲ့ နောက်ကျောမှာထိတာ အခြေအနေကတော့  အဆုပ်ထိတယ် အောက်ဆီဂျင်ပေးထားရတယ်”လို့ဆိုပါတယ်။…

    Read More »
  • 11 December
    သတင်း

    KIO/KIA ဥက္ကဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC)အဖွဲ့  တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ( CPPCC)…

    Read More »
Back to top button