KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Aug- 2024 -
    13 August
    အင်တာဗျူး

    ဖုန်း၊အင်တာနက်ပြတ်တောက်နေတဲ့ မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ

    ဒါပေမယ့် MPT ဖုန်းလိုင်းကလည်း မြို့တွင်းနေရာ အကန့်အသတ်နဲ့သာရရှိနေပြီး ကျန်တဲ့ဖုန်းလိုင်းအော်ပရီတာလိုင်းတွေအားလုံးပြတ်တောက်နေဆဲဖြစ်တာကြောင့် ပြည်သူတွေဟာ အဖက်ဖက်ကနေ လူမူစီးပွားဆိုင်ရာ အခက်ကြုံနေကြတယ်လို့လည်း သိရပါတယ်။ 

    Read More »
  • 13 August
    သတင်း

    ဗန်းမော်မှာ သုံးပတ်အတွင်း အရပ်သား ၈ ဦးသေ ၁၀ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်ပြတ်တောက်နေတဲ့ ၃ ပတ်တာကာလအတွင်း လက်နက်ကြီးကျပေါက်ကွဲတာ၊ လေယာဉ်ဗုံးကြဲတာတွေကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်းအင်တာနက်ပြတ်တောက်သွားတဲ့နောက် ၃ ရက်အကြာ ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး မိုးမောက် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ် တစ်ကျော့ပြန်ထိုးစစ်ဆင်လာရာကနေ တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျပေါက်ကွဲတာ၊ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီး နောက်ထပ် ၁၀ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဗန်းမော်မြို့ခံတွေဆီကနေ စုစည်းထားတဲ့သတင်းချက်လက်အရ သိရပါတယ်။ “ရက်စွဲ တိတိကျကျပြောဖို့ ခက်တယ် ဖုန်းလိုင်းကမရတာနဲ့ဆိုတော့ နီးစပ်ရာကတစ်ဆင့်သိရတာ တစ်ချို့ကျတော့ ဆေးရုံရောက်လူနာတွေဆီကနေ သိရတာတွေပါ။ ကျနော်တို့သိရတာထက် ပိုများရင်လည်း များနိုင်ပါတယ် ဘာလို့လဲဆိုတော့ လက်နက်ကြီးတွေက မြို့အထဲထိကျတာတွေရှိနေတယ်လေ။ ဗန်းမော်မြို့ပြင် စီဟတ်၊ကောင်ရာ၊ ပြီးတော့ နမ့်ဖိန်း၊တာမိုင်းလုံဘက်လည်း ကျတယ်။ ပြီးတော့ ရှမ်းဝိုင်းထဲက ညီအစ်မ နှစ်ယောက်ဆို  ညီမဖြစ်သူက ဆီးစပ်ထိတယ် အစ်မဖြစ်သူက ရင်ညွန့်ထိတယ်။ သိမ်တော်ကြီးဘက်ကလည်း စစ်ရှောင်ကလေးကြီး ၃ ယောက်ထိတယ် တစ်ယောက်က ပွဲချင်းပြီးသေတယ်လို့ သိရတယ်”လို့ ဗန်းမော်ကနေ တစ်ခြားနေရာမှာရောက်နေတဲ့ ဗန်းမော်ဒေသခံတစ်ဦးအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဟာ နမ့်ဖားကျေးရွာ ၁၉ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးသေဆုံး ၊ ၂ မိုင် စာသင်ကျောင်းနား အမျိုးသား ၂ ဦးသေဆုံး၊စီဟတ် လေယာဉ်ဗုံးကြဲ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးသေဆုံး၊ လယ်ပေါ်ဘုန်းကြီးကျောင်း လက်နက်ကြီးကျ ဥပဇင်း ၂ ပါးဒဏ်ရာရ၊ ၃ မိုင် လက်နက်ကြီးကျ ကလေးတစ်ဦးကျည်ထိမှန်ဒဏ်ရာရ ၊ မင်းလှလက်နက်ကြီးကျ အဖွားအိုတစ်ဦးသေဆုံး၊ နောင်ခိုကျေးရွာ လက်နက်ကြီးကျ အမျိုးသား တစ်ဦးသေ၊ သိမ်တော်ကြီး စစ်ရှောင်စခန်း လက်နက်ကြီးကျ စစ်ရှောင်ကလေး  ၃ ဦးထိ တစ်ဦးသေ၊ ရှမ်းဝိုင်း လက်နက်ကြီးကျ ညီိအစ်မ ၂ ဦးကျည်ထိ၊ ပေါက်ကုန်း လက်နက်ကြီးကျ ကလေးတစ်ဦးသေဆုံး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ၊တာမိုင်းလုံ လက်နက်ကြီးကျပေါက်ကွဲပြီး အရပ်သား ၃ ဦးထိခိုက်ဒဏ်ရရှိထားတယ်လို့ ဗန်းမော်ပြည်သူတွေ ပေးပို့လာတဲ့ အချက်လက်အရ သိရပါတယ်။…

    Read More »
  • 12 August
    သတင်း

    မိုးကောင်းမြို့ ရပ်ကွက် ၂  ခုမှာ MPT ဖုန်းလိုင်းရ

    ကချင်ပြည်နယ် မိုးကောင်းမြို့တွင်း ရပ်ကွက် ၂  ခုမှာ ဩဂုတ်လ ၇ ရက်နေ့ကစပြီး MPT ဖုန်းလိုင်းရနေပြီလို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအပါအဝင် ကချင်– စစ်ကိုင်းအစပ်ထိ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းတွေအားလုံးပြတ်တောက်နေတာဖြစ်ပါတယ်။  ဒါပေမယ့် ဇူလိုင်လ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့တွင်း MPT ရုံးနဲ့ အစိုးရရုံးတစ်လျှောက် MPTဖုန်းလိုင်းရခဲ့ပြီး ဩဂုတ်လ ၇ ရက်နေ့မှာ ဖိုးချစ်ကုန်းရပ်ကွက်နေရာတစ်ချို့၊ မိုးကောင်းမြို့ MPTရုံးအနီးနဲ့ ကျွန်းတောရပ်ကွက် ဖုန်းပြောလို့ရနေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက  KNG ကို ခုလိုပြောပါတယ်။ “MPT အိတ်ချိန်းရုံးကနေ ဖိုးချစ်ကုန်းနဲ့ ကျွန်းတောရပ်ကွက်ဘဲ ဦးစားပေးလွှင့်ပေးတယ်လို့ သိရတယ်။ ၂ ရက်လောက်ရှိပြီ အဲဒီဖိုးချစ်ကုန်းမှာရှိတဲ့  MPT ရုံးနားနဲ့တစ်ချို့နေရာတွေရနေတာ ပြီးတော့ ကျွန်းတောတံတားမှာရတယ် စျေးနားက စနေမဆိုင်မှာက အထွက်ဘဲရတယ် အဝင်မရဘူး”လို့ ပြောပါတယ်။…

    Read More »
  • 12 August
    အင်တာဗျူး

    တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်

    ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။

    Read More »
  • 12 August
    သတင်း

    ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် ပြည်သူအများပိုင်းနေရပ်စွန့်ခွာ

    ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ မြို့မစျေးနဲ့ရပ်ကွက်တစ်ချို့ ဗုံးကြဲခံရပြီးနောက် အရပ်သားပြည်သူတွေလေကြောင်းရန်ကိုစိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ ကွတ်ခိုင်မြို့မစျေးနဲ့ ရပ်ကွက်တစ်ချို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စျေးတန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး နေအိမ်တစ်ချို့ထိခိုက်ပျက်စီးသွားတဲ့နောက် ကွတ်ခိုင်မြို့တွင်း ရပ်ကွက်နေ ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ ကွတ်ခိုင်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။   “သိပ်ကိုစိုးရိမ်ပြီး နေနေရတာပေါ့ ဒါကြောင့် အားလုံးလည်း ရှောင်ကုန်ပြီ။ ကွတ်ခိုင်မှာက လတ်တလော တိတ်ဆိတ်နေတယ်။ ရက်ကွက် ၃ ၊ ရက်ကွက် ၄ တွေမှာဆိုရင် အိမ်တိုင်းနီးပါး သော့ခတ်ထားတယ်။ ၃ ပုံမှာ ၂ ပုံ လောက်က ရှောင်ကုန်ပြီ။ လားရှိုးလက်လွတ်လိုက်ရတော့ ဒီဘက်လည်း ဗုံးလာကြဲတာပေါ့။ အဲဒါ လက်မလွတ်မချင်းတော့ ဘာမှလာမလုပ်ဘူး ဟုတ်တယ်။ စိုးရိမ်မှုတွေကတော့ စကားလုံးတောင် ရှာမတွေ့တော့ပါဘူး။ ဒါကြောင့် ဘာမှမပြောတတ်တော့ဘူး။”လို ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။  လက်ရှိ ရှမ်းမြောက်တစ်ခွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ပြတ်တောက်နေတာကြောင့် ကွတ်ခိုင်မြို့ ဒေသခံတွေနဲ့ ချိတ်ဆက်နိုင်ဖို့ခက်ခဲနေသလို  Mytel ဖုန်းလိုင်းအနည်းငယ်ရရှိနေတယ်လို့ သိရပါတယ်။…

    Read More »
  • 10 August
    သတင်း

    စစ်အာဏာရှင်ချေမှုန်းရာမှာ မျိုးနွယ်စုကြား သတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ဆောင်ရွက်နေတယ်လို့ KIO ဥက္ကဋ္ဌပြော

    စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မျိုးနွယ်စုကြား အချင်းချင်းသတ်ဖြတ်မှုမဖြစ်အောင် ရှောင်ရှားတဲ့နည်းနဲ့ ဆောင်ရွက်နေတယ်လို့ ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့  KIO ဗဟိုကော်မတီဟာ ပြည်သူလူထုရဲ့ ပညာပေး၊ အကြံပေးချက်တွေကို လက်ခံတန်ဖိုးထားတဲ့အပြင် စစ်အဏာရှင်ကို ချေမှုန်းတိုက်ခိုင်ရာမှာ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားပြီး သွေးထွက်သံယိုဖြစ်မယ့် တိုက်ပွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတဲ့ နည်းလမ်းဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့   KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ “KIO ဗဟိုကော်မတီဟာ ပြည်သူတွေရဲ့ပညာပေး၊အကြံပေးမှုတွေကို ဂရုတစ်စိုက်အလေးနက် လက်ခံတန်ဖိုးထားပြီး မိမိလူမျိုးအချင်းချင်း စည်းလုံးမှုပျက်ပျားစေတဲ့ သွေးထွက်သံယို သတ်ဖြတ်မှုမဖြစ်အောင် အတတ်နိုင်ဆုံး ရှောင်ရှားတဲ့ နည်းလမ်းနဲ့ တော်လှန်ရေးကိုဖော်ဆောင်နေတာဖြစ်တယ်။ဒါကြောင့် စစ်တပ်ရဲ့ဒေါက်တိုင်အဖြစ် ကူညီပေးနေကြတဲ့ ပြည်သူ့စစ်အဖွဲ့ BGF တွေကိုလည်း နီးစပ်ရာဆွေမျိုးအချင်းချင်း သတိပေးစည်းရုံးသိမ်းကြဖို့  ပြည်သူတွေ တာဝန်ယူဆောင်ရွက်ကြဖို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ်တော်လှန်ရေးဟာ ပြည်သူတွေရဲ့ပါဝင်အားဖြည့်မှုကြောင့် အချိန်တိုအတွင်း အောင်မြင်မှုအများအပြားရနေတဲ့အပြင် တော်လှန်ရေးမှာ ပူးပေါင်းတိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးညီနောင်တွေကိုလည်း ဂုဏ်ပြုကြောင်းနဲ့ ဆိုထားပါတယ်။…

    Read More »
  • 9 August
    သတင်း

    မိုးမောက်တိုက်ပွဲပြင်းထန်နေသေးတဲ့အတွက် KIO ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ ပြည်သူတွေ လေကြောင်းအန္တရာယ်စိုးရိမ်နေရ

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်…

    Read More »
  • 8 August
    သတင်း

    ချီဖွေနဲ့ပန်ဝါမှာ ပြည်သူ့စစ်အဖွဲ့  တပ်သားသစ် အပြင်းထန်စုဆောင်းနေ

    ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ပြည်သူ့စစ်တပ်ဖွဲ့ တပ်သားစုဆောင်းတာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချီဖွေ၊ပန်ဝါဒေသ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေသလို သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး ဆက်တိုက်တပ်သားစုဆောင်းနေတယ်လို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။ “ပြည်သူ့စစ်တွေ တပ်သားအရမ်းစုဆောင်းနေတယ်။ အခုချိန် လူငယ်တွေအပြင်မထွက်ရဲကြတော့ဘူး။ ပြည်သူ့စစ်တွေ သတ္တုဆိုက်အားလုံးမှာ လိုက်စုဆောင်းနေတာ။ ဟိုတစ်နေ့ကလည်း ချီဖွေကနေ ၆ မိုင်အကွာ သတ္တုဆိုဒ်တစ်ခုမှာ လူငယ် ၆ ယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ ဖီမှော်နဲ့ ပန်ဝါသွားတဲ့လမ်းဆုံ ပြည်သူ့စစ်နဲ့စစ်တပ်ပေါင်းထိုင်တဲ့ဂိတ်မှာ ယောက်ျားလေး ၄ ယောက် ထပ်ပါသွားတယ်။ လမ်းမှာပိတ်ပြီးစုဆောင်းတယ်။ ပန်ဝါထဲမှာက အိမ်တိုင်ရာ တစ်အိမ်ဝင်တစ်အိမ်ထွက် စုဆောင်းတယ်ပြောတယ်။လို့ ချီဖွေဒေသခံ တစ်ဦးက ပြောပါတယ်။   ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး ချီဖွေကနေ ၆ မိုင်အကွာမှာရှိတဲ့မြေရှားသတ္တုဆိုက်တစ်ခုမှ လူငယ် ၆ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားစုဆောင်းခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။…

    Read More »
  • 8 August
    သတင်း

    KIO ထိန်းချုပ်နယ်မြေ နေရာ ၄ ခုမှာ  စစ်တပ်က ဗုံးကြဲတိုက်ခိုက်

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးတဝိုက် နေရာ ၄ ခုမှာ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နဲ့ ဘုရားကျောင်းဆောင် ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ KIO ပြောပါတယ်။ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာတွေဟာ မိုင်ဆပ်ပါ(Mai sak…

    Read More »
  • 7 August
    သတင်း

    လားရှိုးကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်မှုအပြီး ဒေသခံတစ်ချို့ မြို့ထဲပြန်ဝင်ကြပြီလို့ဆို

    ရှမ်းမြောက် လားရှိုးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ကိုးကန့် MNDAA တပ် နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ပြေးရှောင်ဒေသခံတစ်ချို့ လားရှိုးမြို့ထဲကို ပြန်ဝင်နေကြပြီလို့သိရပါတယ်။ လားရှိုးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းတိုက်ပွဲစတင်ဖော်ဆောင်လိုက်ပြီး မြို့တွင်းရပ်ကွက်နေ ပြည်သူတွေက ဇူလိုင်လ ၂၂ ရက်နေ့အထိ မြို့တွင်းကနေ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းရေး၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စတဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၃ ရက်နေ့ လားရှိုးမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းတစ်ခုလုံးကို တော်လှန်တပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် လားရှိုးဒေသခံတစ်ချို့မြို့ထဲကို ပြန်ဝင်နေကြပြီလို့ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ကြားရသလောက်က တစ်ချို့က ပြန်ကြပြီတဲ့။ အခြေအနေက သွားနေလို့တော့ မရသေးဘူး။ ဒါပေမယ့် အနေခက်တော့ ပြန်ကြတာလို့ကြားတယ်။ တစ်ချို့က သွားနေတာမဟုတ်ဘဲနဲ့ အိမ်ပြန်ကြည့်ကြတယ်လို့လည်းပြောတယ်။ ပန်ရှောင်းဘက်ကနေ သူတွေက ပြန်ဖို့ပြောဆိုလာတာတော့ရှိတယ်။ ဒါပေမယ့် ကျမတို့က မပြန်ဖြစ်သေးဘူး”လို့ပြောပါတယ်။…

    Read More »
Back to top button