-
Jun- 2024 -27 Juneသတင်း
ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်ခံရ ရဲမှူးနဲ့အရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက ရဲစခန်းကုန်းဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် ရဲမှူး၊ ရဲအရာရှိ ၇ ဦးအပါ ၁၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ ရဲနဲ့…
Read More » -
26 Juneစစ်ရေး
နန့်မွန်းမြို့မှာ စစ်တပ်က ကချင်ဘုရားကျောင်းနဲ့ လူနေအိမ်တွေမှာ တပ်စွဲထားပြီး ဖမ်းဆီးတာတွေလုပ်နေ
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် ဒေသခံပြည်သူအများပိုင်း ထွက်ပြေးတိမ်းရှောင်သွားပြီးနောက် စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေထိုင်ထားပြီး ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အင်တော်ကြီးဒေသ ချေင်းဝ၊ ဝှေလုံနဲ့ ညောင်ပင် စစ်တပ်စခန်းတွေကို KIA ပူပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ပြီး စစ်တပ်ဘက်ကနေလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာလုပ်ဆောင်နေတဲ့အတွက် နန့်မွန်းဒေသခံပြည်သူတွေက ဇွန်လ ၂၅ ရက်နေ့ မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်ထားကြတယ်လို့ ဒေသခံတွေပြောပါတယ်။ နန့်မွန်းဒေသခံတွေ တိမ်းရှောင်သွားပြီးနောက် စစ်တပ်နဲ့…
Read More » -
26 Juneတိုက်ပွဲ
ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်နေပြီး အရပ်သားသေဆုံးမှုရှိနေ
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်က စတင်ပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တအာင်းတပ်မတော် TNLA သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲက ကျောက်မဲမြို့ စစ်ကောင်စီရဲ့အမြောက်တပ် အမှတ် ၃၅၂ နဲ့ စခန်းသာကုန်းတို့မှာ ပြင်းထန်နေတာလို့ တအာင်းတပ်မတော် TNLA ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ မနေ့ကစတင်ပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး လက်နက်ကြီးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဆက်ဖြစ်နေတယ်။ အခုဗုံးသံတွေလည်းကြားရတယ် ဒီမနက်မှာပဲလူ ၄ ယောက်ထိသွားတယ်။ မြို့အဝင် အထွက်တော့မသိဘူး ရဲစခန်းတွေတော့သူတို့သိမ်းပြီပြောတယ်။ ဒီမနက်တော့ ဈေးတွေဘာတွေသွားလို့ ရအောင်ခနနားပေးတယ်။ ၁၀ နာရီလောက်တိုက်ပွဲစမယ်ဆိုပြီး ၉ခွဲလောက်က တည်းကပစ်နေတယ်။ အခုတော့ဘယ်သူမှအပြင်မထွက်ကြတော့ဘူး။”လို့ပြောပါတယ်။…
Read More » -
26 Juneလူ့အခွင့်အရေးချိုးဖောက်မှု
ဆိုင်းတောင်မှာ လက်နက်ကြီးကျကွဲပြီး အရပ်သား ၄ ဦးထိခိုက်၊ တစ်ဦးသေဆုံး
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျမှန်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ၂၆ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းခန့် ဖားကန့် မြို့မရပ်ကွက်မှာရှိတဲ့ စစ်တပ်ကုန်းကနေပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးဟာ ဆိုင်းတောင်ကျေးရွာ စိန်မြသုခ ဘုန်းကြီးကျောင်းဝင်ထဲ…
Read More » -
26 Juneတိုက်ပွဲ
နောင်ချိုမြို့တွင်း အစိုးရရုံးအားလုံး TNLA ပူးပေါင်းတပ်ထိန်းချုပ်ထားပြီး တိုက်ပွဲဆက်ပြင်းထန်နေ
ရှမ်းမြောက် နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်ထိန်းချူပ်ထားပြီး စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ လားရှိုးနဲ့ ပြင်ဦးလွင်ကြားမှာရှိတဲ့ နောင်ချိုမြို့ထဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေ ဇွန်လ ၂၅ ရက် မနေ့ကစပြီး မြို့တွင်း ဌာနဆိုင်ရာအစိုးရရုံးအားလုံးကို သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး နောင်ချိုအခြေစိုက်တပ်ရင်းကြီးတွေကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်တယ်လို့ နောင်ချိုပြည်သူတစ်ဦးက Kachin News Group…
Read More » -
25 Juneတိုက်ပွဲ
မံစီနဲ့ မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂ နေရာမှာတိုက်ပွဲဖြစ်ပွား
ဗန်းမော်ခရိုင်၊ မိုးမောက်နဲ့ မံစီမြို့နယ် ၂…
Read More » -
25 Juneလူ့အခွင့်အရေးချိုးဖောက်မှု
စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးထိလို့ အင်းတော် နားခါးရွာသားတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မှာ စစ်ကောင်စီတပ်က…
Read More » -
25 Juneလူ့အခွင့်အရေးချိုးဖောက်မှု
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရရှိထားတဲ့ နန့်သာဒေသခံများ ကယ်ထုတ်ဖို့ခက်ခဲနေဆဲ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ညမှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသေဆုံးမှုတွေဟာ မနေ့က အထိဆက်ရှိနေဆဲဖြစ်ပြီး ဒဏ်ရာရပြည်သူတွေလည်း ကယ်ထုတ်လို့မရပဲ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ နန့်သာကျေးရွာဘုန်းတော်ကြီးကျောင်းထဲမှာတပ်စွဲနေထိုင်နေတဲ့ အင်အား ၃၀ ကျော်ပါ စစ်ကြောင်းဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းကတည်းကဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး စစ်ကြောင်းလာချိန်ထွက်ပြေးတိမ်းရှောင်လို့မရဘဲ ရွာထဲပိတ်မိသွားတဲ့အရပ်သားတွေကိုနာမည်စာရင်းကောက်ယူကာ ညတိုင်းဘုန်းကြီးကျောင်းထဲမှာခေါ်စုပြီးလူသားဒိုင်းအဖြစ်အသုံးချနေတာ ခုဆိုရင်တစ်နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မနက် စစ်ကောင်စီစစ်သားတွေရှိနေတဲ့ နန့်သာရွာဘက်ကို တော်လှန်ရေးအင်အားစုတွေထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်ကအထိနာသွားတာကြောင့် ည ၁၂ နာရီဝန်းကျင်…
Read More » -
25 Juneတိုက်ပွဲ
ဆိုင်းတောင်ရွာအဝင်မှာ စစ်တပ်နဲ့ KPDF တို့ထိတွေ့တိုက်ပွဲဖြစ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာထဲ ဝင်ရောက်လာတဲ့…
Read More » -
25 Juneစစ်ပြေးဒုက္ခသည်များ
ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။…
Read More »