-
Mar- 2026 -13 Marchသတင်း
စစ်တပ်နှင့် SNA တပ်တို့ မရှီကထောင်ရွာအထိဝင်ရောက်နေရာယူပြီး တိုက်ပွဲဖော်ဆောင်လာ
ဖားကန့် မရှီကထောင်ကျေးရွာအနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖော်ဆောင်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA ပြည်သူ့စစ်အဖွဲ့တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွင်းအထိ စစ်ရေးလှုပ်ရှားလာပြီး နှစ်ဖက်တပ်ထိတွေ့တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ တစ်လကျော်ခန့်အကြာ မရှီကထောင်အနောက်ဘက်ခြမ်းရှိ KBC ဆုတောင်းကုန်းခြေရင်းနဲ့ ထုံးဘိုတစ်လျှောက်မှာ စစ်ကြောင်းထိုးခြေကုတ်နေရာယူထားတဲ့ စစ်တပ်နဲ့ SNA တပ်တွေက မရှီကထောင်ကျေးရွာရပ်ကွက်တွေအထိ စစ်ရေးလှုပ်ရှားပြီးတိုက်ပွဲဖော်ဆောင်လာတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်တိုက်ပွဲက ရပ်ကွက်တွေအထိ ထိတွေ့တိုက်ပွဲတွေရှိလာတယ်။ အခုကမရှီကထောင်ရပ်ကွက်တစ်ခုလုံးကို စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်တွေက လမ်းပေါ် လမ်းကြား၊ လူနေအိမ်တွေမှာကော နေပြီး စစ်ရေးလှုပ်ရှားလာတယ်။ သိရသလောက်က တစ်နေရာမှာ ၁၀ ယောက်တစ်စု၊ ၇ ယောက်တစ်စုနေရာယူထားကြပြီ။ မရှီကထောင်ရဲ့ အနောက်ဘက်ခြမ်းမှာက စစ်ရေးရင်ဆိုင်နေရဆဲဖြစ်တယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ မရှီကထောင်ဆုတောင်းကုန်းတစ်လျှောက်ကို သိမ်းပိုက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ တစ်လကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။…
Read More » -
13 Marchသတင်း
KBZPay ကို အကြောင်းပြပြီး လိမ်လည်မှုတွေ များလာတာကြောင့် အသုံးပြုသူတွေ စိုးရိမ်မှုမြင့်တက်
KBZ Pay ကို အကြောင်းပြပြီး ငွေလိမ်လည်သူတွေများလာတာကြောင့် အသုံးပြုသူတွေဟာ ငွေကြေးလုံခြုံရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။ လက်ရှိ လူမှုကွန်ယက်စာမျက်နှာတွေမှာ “KBZPay Call…
Read More » -
13 Marchသတင်း
ထီးချိုင့် ဗုံးကြဲတိုက်ခိုက်ခံရမှု ကိုယ်ရင်နှင့်ဦးဇင်းအပါအဝင် ၁၂ ဦးသေဆုံး
စစ်ကိုင်း၊ကချင်အစပ် ထီးချိုင့်မြို့နယ်အနှံ့ကို မတ်လ ၈ ရက်နေ့ကနေ မတ်လ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်း ကနေ တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကိုယ်ရင်နဲ့ ဦးဇင်း ၆ ပါးအပါအဝင် အရပ်သား ၁၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ မတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ ဇီးကုန်းကျေးရွာရဲ့ဘုန်းကြီးကျောင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကိုယ်ရင် ၄ ပါး၊ ဦးဇင်း ၂ ပါးနဲ့ ပြည်သူ ၄ ဦးသေဆုံးခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်။ “ဇီးကုန်းရွာကတော့ ထီးချိုင့်မြို့နဲ့သိပ်မဝေးဘူးပေါ့နော်။ NUG အစိုးရရဲ့ထိန်းချုပ်နယ်မြေအောက်မှာပဲရှိတယ်။ ပြီးတော့ အရင်တုန်းကလည်းလေကြောင်းတိုက်ခိုက်မှုတစ်ခါမှမလုပ်ဖူးဘူး။ ပြီးတော့ပြည်သူတွေဆိုရင်လည်း တောင်သူတွေပဲလုပ်ကြ တာများတယ်။ ပြီးတော့ ဒီရွာမှာစစ်ရှောင်တွေလည်းရှိတယ်။ ထီးချိုင့်မြို့ပေါ်ကစစ်ရှောင်တွေပေါ့။”လို့ ထီးချိုင့်မြို့ကဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မတ်လ ၉ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာတော့ အောင်သာကုန်းရွာအနီးကို လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်ကြိမ် ကြဲချခဲ့ပြီး ညနေ ၄ နာရီကျော်လောက်မှာတော့ လေယာဉ်နှစ်စီးနဲ့ စပ်စားရွာ၊ နီတာရွာ အနီးတဝှိုက်ကို ဗုံးလေးကြိမ်ခန့် ကြဲချခဲ့ပြန် တယ်လို့ သိရပါတယ်။…
Read More » -
12 Marchသတင်း
သံသတ္တုရိုင်းထွက်တဲ့ ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နဲ့ လူမှုကျန်းမာရေး ထိခိုက်မှုရှိလာ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာတိုးချဲ့လာတဲ့ သံသတ္တုရိုင်းတူးဖော်မှုကြောင့်ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာ၊ ပြည်သူတွေရဲ့လူမူကျန်းမာရေးထိခိုက်တာတွေရှိလာတယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ ကချင်ပြည်နယ်တွင်း ရွှေကူမြို့နယ် နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ သံသတ္တုရိုင်းကို ကျယ်ကျယ်ပြန့်ပြန် တူးဖော်လာကြပြီး လုပ်ငန်းအများစုကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ကြီးကြပ်လုပ်ဆောင်နေကြပါတယ်။ ရွှေကူမြို့နယ် အရှေ့ဘက် စီသာ၊ စီသောင် ကျေးရွာတွေကနေ ၅ မိုင်ခန့်ဝေးတဲ့ တောထဲမှာ တရုတ်လုပ်ငန်းရှင်တွေက ၂၀၂၅ ခုနှစ် ဇွန်လကစပြီး သံသတ္တုရိုင်းတူးဖော်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။…
Read More » -
12 Marchသတင်း
ပန်ဆောင်မြို့ပြည်သူ့ဆေးရုံမှာဆရာဝန်မရှိတဲ့အတွက် ဒေသခံများဆေးကုသရာမှာအခက်တွေ့
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ၊ပန်ဆောင်မြို့ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတဲ့အတွက် ဒေသခံတွေကျန်းမာရေးဆေးကုသရာမှာ အခက်ခဲများစွာကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ မြို့နယ်ခွဲအဆင့်ရှိတဲ့ ပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်မရှိတာ ၃ နှစ်ကျော်နေပြီလို့သိရပြီး ခွဲစိပ်ရမယ့်လူနာနဲ့ကျန်းမာရေးဆိုးတဲ့လူနာတွေဟာ နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံအထိ သွားရောက်ကာဆေးကုသမှုခံယူနေရတယ်လို့ အသက် ၄၀ အရွယ်ပန်ဆောင်မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အရင်ရှိတဲ့ဆရာဝန်က ၂၀၂၃ ခုနှစ်လောက်မှာပြောင်းသွားတာ အဲ့နောက်ပိုင်းကတည်းကနေ ဆရာဝန်မချပေးတော့ဘူး။ အခုထိဆရာဝန်မရှိဘူးဒီတိုင်းပဲအခြေနေမကောင်းတဲ့လူနာတွေ ပြီးတော့သူနာပြုတွေမနိုင်တဲ့လူနာတွေဆိုရင် အိန္ဒိယအထိသွားနေရတယ် အဆင်မပြေဘူးဗျာ အကုန်ကျလည်းများတယ်”လို့ ပြောပါတယ်။ လက်ရှိပန်ဆောင်ပြည်သူ့ဆေးရုံကြီးမှာ ဒေသခံသူနာပြုဆရာမနှစ်ဦး၊ အထက်တန်းသူနာပြုနှစ်ဦး၊ အမျိုးသားကျန်းမာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း ၅ ဦးသာရှိပြီး ဆရာဝန်မရှိဘူးလို့သိရပါတယ်။…
Read More » -
12 March
-
12 Marchသတင်း
မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ မီးရရှိတယ်လို့ဆို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ…
Read More » -
12 Marchသတင်း
လေကြောင်းတိုက်ခိုက်ခံရချိန် ရုတ်ရုတ်သဲသဲထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များကြောင်း Indaw Revolution IR အဖွဲ့ သတိပေး
စစ်ကိုင်းနဲ့ကချင်အစပ် မော်လူးမြို့အနီးတဝှိုက်ကို စစ်ကော်မရှင်က မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက်…
Read More » -
11 Marchသတင်း
စင်းခန်း ရွှေဖောင်လုပ်ကွက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ရွှေလုပ်သား ၃၀ ခန့် သေဆုံး၊ ရုပ်အလောင်းတွေမဖော်နိုင်
ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေတူးဖော်နေတဲ့…
Read More » -
11 Marchသတင်း
ရှိန်းခေါင်နယ်စပ်၊ ရှာကာတီရွာအနီး တိုက်ပွဲဖြစ်
ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်နယ်စပ် KIA ရှိတဲ့ဘက်ကို…
Read More »









