KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Jan- 2026 -
    29 January
    သတင်း

    ဖားကန့်မှာ အရပ်သား ၃ ဦးဖမ်းခံရ ၊ စိတ်ရောဂါဝေဒနာရှင်တစ်ဦးပါတယ်လို့ဆို

    ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာမှာ အရပ်သား ၃ ဦးကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၉ ရက် ဒီမနက် ၁၀ နာရီဝန်းကျင် ဆီပေပါတင်လာတဲ့ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က နောက်ကနေလိုက်လာပြီး ကားရပ်ခိုင်းကာ ကားမောင်းတဲ့အမျိုးသားနဲ့ဇနီးသည်ကိုဖမ်းဆီးသွားတာတဲ့အပြင် ဘေးနားမှာရပ်ကြည့်နေတဲ့ စိတ်မနှံ့သူတစ်ဦး စုစုပေါင်း ၃ ဦးကိုဖမ်းသွားတယ်လို့ သိရပါတယ်။ “ခွန်ဆာကုန်း(ငြိမ်းချမ်းသာယာ)မှာ ဆီကားတစ်စီးကို စစ်ကားတစ်စီးလိုက်လာပြီး ရပ်ခိုင်းတယ်။ပြီးရင် ဆီကားမောင်းတဲ့သူနဲ့သူ့အမျိုးသမီးကိုလည်း ဖမ်းသွားတယ်။ အဲမှာရပ်ကြည့်နေတဲ့ စိတ်မနံ့တဲ့သူကိုပါ ဖမ်းသွားတယ်”လို ပြောပါတယ်။ စစ်တပ်က ဖမ်းဆီးသွားတဲ့ ယာဉ်မောင်းနဲ့အမျိုးသမီးဟာ မည်သူမည်ဝါဖြစ်ကြောင်းအသေးစိတ်မသိရပေမယ့် စိတ်မနှံ့သူကတော့ အသက် ၃၅ ဝန်းကျင်ရှိသူဖြစ်ပြီး ဖားကန့်မြို့ရပ်ကွက်နေပြည်သူတွေက ထမင်းကျွေးထားတဲ့သူဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • 29 January
    သတင်း

    မိုးမိတ် မြစ်ဆုံရွာ ရွှေလီမြစ်တံတားအထိ စစ်တပ်ကို နေရာပေးဖို့ TNLA ပြင်ဆင်နေတာကြောင့် KIA နဲ့ တင်းမာနေ

    ရှမ်းမြောက် မိုးမိတ်မြို့နယ် မဘိမ်းသွားလမ်း ရွှေလီမြစ်တံတားအထိ စစ်ကောင်စီတပ်ကိုနေရာပေးနိုင်ဖို့ TNLA က ပြင်ဆင်နေတာကြောင့် KIA နဲ့ စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ KIA ဘက်က ပြောပါတယ်။ “မိုးမိတ်ကနေ မဘိမ်းဘက်သွားလမ်း မြစ်ဆုံရွာအထက် ရွှေလီမြစ်တံတားအထိ TNLA တွေ စစ်တပ်ကိုပေးမယ်လို့ သဘောတူလက်မှတ်ရေးထိုးထားတာတဲ့။ အဲဒီကြားမှာ အခု ကျနော်တို့KIA တွေနေရာယူလိုက်တော့ အဲဒီနေရာအထိ စစ်တပ်က အခုချိန်ထိ မရောက်နိုင်သေးတာကြောင့် TNLA အဖွဲ့တွေ အခုထိ မပြန်နိုင်သေးဘူးလို့ ပြောတယ်။အဲဒီနေရာအထိ စစ်တပ်တွေ ရောက်ပြီဆိုမှ TNLA က သူတို့ရဲ့ဗဟို မန်တုံ၊ နမ့်ဆန်ကို ပြန်ရမှာ ဟုတ်တယ်တဲ့။ အခု စစ်တပ်ကို သူတို့ အဲဒီနေရာအထိ မပို့နိုင်သေးတာကြောင့် TNLAတပ်မဟာအရာရှိတွေက မိုးမိတ်မြို့ပြင်နားတွေမှာ ကျနော်တို့နေတဲ့ နေရာနားတွေမှာ ဟိုနား၊ဒီနား လိုက်လံနေရာယူနေတယ်။ ကြားရသလောက်တော့ မိုးမိတ်ထဲမှာတောင်အတူတူရှိနေသေးပုံပဲ။ ကျနော်တို့ လုပ်ဆောင်မယ့်လုပ်ငန်းတွေကို အမျိုးမျိုးလိုက်လံနှောင့်ယှက်နေတယ်”လို့ မိုးမိတ်ဒေသ KIA အရာရှိတစ်ဦးက ပြောပါတယ်။ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ဟာ မိုးကုတ်နဲ့မိုးမိတ်ကို စစ်ကောင်စီတပ်ဆီပြန်လည်လွှဲပြောင်းလိုက်ပြီးနောက်မှဆုတ်ခွာဖို့…

    Read More »
  • 29 January
    သတင်း

    တနိုင်း ရွှေမှော်ပိတ်သွားတဲ့အတွက် ကုန်စိမ်းသည်တွေအရှုံးပေါ်

    ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့် ရွှေမှော်တွေပိတ်သွားတဲ့တွက် မှော်ဒေသက ကုန်စိမ်းသည်တွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ တနိုင်းမြို့နယ် နမ်ဗျူ၊ လမုန်ချောင်းတစ်လျှောက် မှော်တွေနဲ့ ဝိုင်လောမှော်စတဲ့ ပယင်းမှော်၊ရွှေမှော်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA တို့ကြား စစ်ရေးတင်းမာနေတာ တစ်လကျော်ကြာလာပြီဖြစ်ပါတယ်။  ဒါကြောင့် မှော်ဒေသမှာရှိတဲ့ ကုန်စိမ်းသည်တွေအနေနဲ့ အရောင်းအဝယ်မဖြစ်တော့ပဲ ဟင်းသီး၊ဟင်းရွက်အားလုံး ပုပ်သိုးကုန်ပြီလို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ရှုံးတယ်၊ မုန်ညှင်းတွေဆိုလည်း ၅,၀၀၀ ဖိုးဆိုရင် အများကြီးရတယ်။ မနှစ်တုန်းကတော့ မုန်ညှင်းတစ်စီးကို ၁,၀၀၀ ကနေ ၁,၅၀၀ ဟုတ်တယ်။ အခုတော့ ၅၀၀ နှုန်းဖြစ်လာတာပေါ့။မှော်တွေပိတ်တော့ အခင်းလုပ်တဲ့သူတွေလည်း အရှုံးပေါ်တယ်လို့ ပြောတယ်။ မုန်လာပန်းတွေလည်း ၅,၀၀၀ ဆို ၄ ပွင့်အထိရတယ်။ အများကြီးရတယ်လို့ ပြောလို့ရတယ်။ မနှစ်တုန်းကဆို ကုန်စိမ်းသည်တွေ စျေးရတယ်လေ”လို့ တနိုင်းမြို့နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။…

    Read More »
  • 28 January
    သတင်း

    ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကူညီနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေတယ်လို့ KIO ပြော

    ကချင်ပြည်နယ် ဗန်းမော်၊ ကောင်ဂျာရွာမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ပြည်သူတွေကို ကူညီပေးနိုင်ဖို့အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တာဝန်ယူဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပြီလို့ KIO ပြောပါတယ်။ လေကြောင်းအန္တရာယ်ကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို ကူညီနိုင်ဖို့ တာဝန်ပေးညှိနှိုင်းဆောင်ရွက်ထားပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။ “ဆေးရုံတက် ကုသပေးနေတဲ့ တစ်ချို့က ဒဏ်ရာတွေသက်သာလာလို့ ဆေးရုံဆင်းခိုင်းတာတွေတော့ရှိနေပါပြီ။ ကလေးငယ် နှစ်ယောက်နဲ့ လူကြီးပိုင်း ၆ ယောက်ခန့်က ဒဏ်ရာပြင်းထန်တော့ အချိန်ယူပြီး ကုသရအုံးမှာပါ။ နောက်နေအိမ်ပျက်စီးသွားတာတွေ၊ ထိခိုက်သွားတဲ့ သူတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ ကော်မတီဖွဲ့ပြီး လုပ်ဆောင်ပေးဖို့ ပြင်ဆင်ထားပါပြီ”လို့ပြောပါတယ်။…

    Read More »
  • 28 January
    သတင်း

    တနိုင်းနဲ့ ဝိုင်းမော်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေ

    ၂၀၂၆ ခုနှစ်၊ နှစ်ဆန်းပိုင်းကနေ ကချင်ပြည်နယ်ထဲက တနိုင်း၊ ဝိုင်းမော်စတဲ့ မြို့နယ်တွေမှာ တိုက်ပွဲပြင်းလျက်ရှိနေပြီး တစ်နှစ်ကျော်ခန့် မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

    Read More »
  • 27 January
    သတင်း

    အရပ်သားပြည်သူ ထိခိုက်မှုရှိခဲ့တဲ့ ဖားကန့်ရွေးကောက်ပွဲ

    ဖားကန့်မှာ စစ်ကောင်စီ ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနေ့ရက်မှာ…

    Read More »
  • 27 January
    သတင်း

    ကသာမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေရှိနေပေမဲ့ စာရင်းအတိအကျအတည်ပြုဖို့ခက်ခဲနေ

    စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ တိုက်ပွဲအတွင်းနှစ်ဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှု…

    Read More »
  • 27 January
    သတင်း

    မိုးညှင်းမြို့ပေါ်က လောင်းကစားဝိုင်းများကြောင့် လူမှုဘဝပျက်ပြားမှု ရှိလာ

    ကချင်ပြည်နယ် မိုးညှင်းမြို့က လောင်းကစားဝိုင်းတွေကြောင့် မိသားစုတွေ…

    Read More »
  • 27 January
    သတင်း

    တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် NSCN-K ယုန်းအောင်အဖွဲ့ကို လက်နက်ချဖို့ အန်းမိုင်းအဖွဲ့ သတိပေး

    ကချင်ပြည်နယ် အနောက်ဖက်၊ အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ NSCN-K ယုန်းအောင်နဲ့…

    Read More »
  • 26 January
    သတင်း

    မြေရှားသတ္တုကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေမည့် နည်းလမ်းဖြင့် တူးဖော်ဖို့ ညှိနှိုင်းထားတယ်လို့ KIO ပြော

    တရုတ်ကုမ္ပဏီတွေဘက်ကတော့ တောင်တစ်တောင်ကို မြေရှားတူးပြီးနောက် အမှိုက်အိတ်တွေကို…

    Read More »
Back to top button