-
Feb- 2026 -17 Februaryသတင်း
ကုဋေမှော် မြေစာကန်ပြိုကျ၊ ရေမဆေးသမား ၁၀ ဦးခန့် ပျောက်ဆုံးနေဆဲ
ဖားကန့်မြို့နယ်၊ ကုဋေမှော်ရှိ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ မြေစာကန်ပြိုကျမှုကြောင့် ရေမဆေးသမား အယောက် ၂၀ ခန့်ပါသွားတဲ့ထဲကနေ ၁၀ ယောက်ခန့် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်လောက် ကုဋေမှော်…
Read More » -
16 Februaryသတင်း
တာပိန်မြစ်ဝမှာ တရုတ်လုပ်ငန်းရှင်တွေ ရွှေအလွန်အကျွံတူးဖော်နေ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေကြောင်းဒေသခံတွေကဆိုပါတယ်။ မိုးမောက်မြို့နဲ့ ၁၄ မိုင်အကွာရှိတဲ့ တာပိန်မြစ်ဝက ရွှေမြောင်းနဲ့ မြို့သစ်ကြားမှာ တရုတ်လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကတည်းကနေ ရွှေတူးဖော်မှုတွေစတင်လုပ်ဆောင်နေတာဖြစ်ပြီးအစပိုင်းက အသေးစားရွှေတူးဖော်မှုအဆင့် ကနေ လက်ရှိမှာတော့ စက်ယန္တရားကြီးတွေနဲ့ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စတူးတာက ၂၀၂၄ခုနှစ်စက်တင်ဘာမှာစတာအဲ့တုန်းက ရေမုန်သုံးဆိုင်းပေထွက်လေးတွေနဲ့စတူးတာ အခုနောက်ပိုင်းကမဟုတ်တော့ဘူး ဘတ်ဖိုးကြီးတွေ၊ကားကြီးတွေနဲ့တူးနေတယ် ရေအားကလည်းကောင်းတော့ နှစ်ဆယ့်လေးနာရီမရပ်မနားကိုတူးနေတာ အခုမှစတူးတဲ့နေရာတွေလည်းရှိတယ်”လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တရုတ်လုပ်ငန်းရှင်တွေဟာ တာပိန်မြစ်ဝပေါ်မှာ ၂၀၂၄ ခုနှစ်အောက်တို ဘာလကစပြီး ရေမုန်စက် သုံးဆိုင်းစတင်ရွှေတူးဖော်မှုလုပ်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ကတော့ မြေတူးစက်၊မြေကောစက်ကြီးတွေနဲ့ မြေသယ်ကား အများအပြားတဲ့စတင်တူးဖော်နေတာလို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။ “လုပ်းငန်းရှင်တွေကတော့တရုတ်တွေပါပဲမြန်မာစကားတောင်မတတ်ဘူး အလုပ်သမားတွေတော့မြန်မာတွေပါတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့မိုးမောက်မြို့ခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။ မိုးမောက်မြို့နယ်ဟာ လက်ရှိ KIA ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပြီး အဲ့ဒီရွေတူးဖော်မှုကိုတာပိန်မြစ်အနီးနေထိုင်ကြတဲ့ ရွာပေါင်း ၁၇ ရွာကပြည်သူတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လက်မှတ်ရေးထိုးပြီး KIA/KIO ကိုကန့်ကွက်စာတင်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီနေ့ချိန်ထိ KIO၊KIA ဘက်က တစ်စုံတစ်ရာတုံံပြန်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။ “ရွာပေါင်း ၁၇(ဆယ့်ခုနှစ်)ရွာက ဥက္ကဋ္ဌတွေနဲ့ပြည်သူတွေလက်မှတ်ထိုးပြီးတိုင်သေးတယ် မနှစ်က(၂၀၂၅) နိုဝင်ဘာလမှာဒါပေမယ့်အခုထိတော့ဘာမှမထူးခြားလာဘူးတူးနေကြတုန်းပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်မှတ်ရေးထိုးတိုင်တဲ့ထဲရွာ မင်းဂျမ်းရွာ၊ရွှေမြောင်းရွာဟောင်း၊ ဟသ်ာရွာ၊စီကော်ရွာ၊ ခုန်စင့်ရွာ၊တာဟေ့လိုင်ရွာ၊ မန်နောင် အောင်တံခွန်၊ နောင်ပေါ်စတဲ့ရွာတွေအပါအဝင်ရွာပေါင်း ၁၇ ရွာပါဝင်ခဲ့ပြီးအဲ့ဒီရွာတွေဟာတာပိန်မြစ်အောက် မြစ်နဲ့နီးတဲ့ရွာတွေဖြစ်တာကြောင့် လက်ဆက်ပြီးကြီးကြီးမားမားရွှေတူးနေရင် ရွာတွေပျက်စီးသွားနိုင်တာကြောင့်အခုလိုကန့်ကွက်ကြတာလို့ဆိုပါတယ်။ ဒေသခံတွေကတော့ လက်ရှိတာပိန်မြစ်ဝမှာလုပ်ဆောင်နေတဲ့ရွှေတူးဖော်မှုကို ရပ်တန့်ခိုင်းဖို့နဲ့ထိထိရောက်ရောက်ကူညီဖြေရှင်းပေးဖို့တောင်းဆိုနေကြပါတယ်။ လက်ရှိပုံစံအတိုင်းစက်ယန္တရားကြီးတွေနဲ့ဆက်တူးနေရင် တာပိန်မြစ်ရဲ့ ရေစီးကြောင်းတွေပြောင်းလဲသွားနိုင်ပြီးလာမယ့်မိုးရာသီကာလမှာ အထက်မှာဖော်ပြခဲ့တဲ့ကျေးရွာတွေရွှေလွှမ်းမိုးသွားမှာကိုစိုးရိမ်နေကြပါတယ်။ မိုးမောက်မြို့နယ်ထဲမှာတော့ယခင်စစ်အာဏာမသိမ်းမှီတုန်းကလည်းလက်ရှိတူးနေတဲ့တာပိန်မြစ်ဝရဲ့အရှေ့ဘက် လေးမိုင်လောက်အကွာမှာ ရွှတူးဖော်မှုတွေရှိခဲ့ပေမယ့်အခုလိုဆိုးဆိုးဝါးဝါးတော့မရှိခဲ့ဘူးလို့သိရပါတယ်။ လက်ရှိမှာတော့မိုးမောက်မြို့နယ်ထဲက အထက်မှာဖော်ပြခဲ့တဲ့ တာပိန်မြစ်ဝအပါအဝင် ကျွန်းကုန်း၊ငါးခ၊ ချွယ်ဟိုင်၊သဘော်ဦး၊ ဆေးတင်စတဲ့နေရာတွေမှာလည်း ရွှေတူးဖော်မှုတွေရှိနေတယ်လို့သိရပါတယ်။ တာပိန်မြစ်ထဲရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်သုံးဦးက အဓိကဦးဆောင်လုပ်ကိုင်နေတာလို့သိရပြီး စက်ယန္တရားအများအပြားနဲ့တူးဖော်နေသလို အစုရှယ်ယာရှင်တွေလည်းအများအပြားပါဝင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ အခုလိုစက်ယန္တရားကြီးတွေနဲ့အလွန်အကျွံရွှေတူးဖော်မှုကြောင့် လာမယ့်မိုးရာသီကာလအတွင်း မြစ်နဲ့နီးနဲ့မြို့ သစ်၊စီကော်၊ တာဟဲလိုင်၊ရွှေမြောင်း၊ဟင်းသာ၊မင်းဂျမ်းစတဲ့ရွာတွေအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေရဲ့လယ်ယာနဲ့စိုက်ခင်းတွေပျက်စီးသွားနိုင်ကြောင်းနဲ့လုပ်ကိုင်ရခက်ခဲလာနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “တာပိန်မြစ်ဘေးကရွာတွေရဲ့လယ်တွေ ၊စိုက်ခင်းတွေကတော့ မိုးတွင်းကျခင်ကမ်းပြိုဘာပြိုနဲ့ပါသွားနိုင်တယ်ဘာလို့ဆိုအခုရွှေတူးလိုက်တော့ကမ်းတွေကအကုန်တိုက်စားထားတာနောက်ပြီးအခုရေတွေကလည်းကနယ်တွေဖြစ်ကုန်ပြီ ရေတွေလည်းနောက်ကျိနေတာပဲဆိုတော့စိုက်ခင်းထဲရေသွင်းဖို့လည်းခက်ခဲလာတယ်”လို့သူကပြောပါတယ်။ တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကနေ မြစ်ဖျားခံစီးဆင်းလာပြီ ဧရာဝတီမြစ်ထဲစီးဝင်နေတဲ့မြစ်ဖြစ်ပါတယ်။ By – Zaw…
Read More » -
16 Februaryသတင်း
မြစ်ကြီးနား လေယာဉ်ကွင်းမှာ ဒရုန်းကျရောက်မှု စစ်တပ် လက်ချက်ဟု ဗိုလ်မှူးကြီးနော်ဘူ တုံ့ပြန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လေယာဉ်ကွင်းထဲ အသေခံဒရုန်း ကျရောက်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ KIA က စစ်ရေးနဲ့ သက်ဆိုင်တဲ့နေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး အများပြည်သူ ဒုက္ခရောက်အောင် လုပ်ဆောင်တာ…
Read More » -
16 Februaryသတင်း
မြစ်ကြီးနားမြို့မှာ ကုန်ပစ္စည်းနဲ့ အခြေခံဆေးဝါးတစ်ချို့ပြတ်လပ်လာ
မြစ်ကြီးနားမြို့ရဲ့ကုန်အဝင်အထွက်လမ်းကြောင်းအားလုံး ပိတ်ခံထားရတဲ့အတွက် အခြေခံစားသောက်ကုန်တွေနဲ့ဆေးဝါးတစ်ချို့ပြတ်လပ်လာပြီလို့ မြို့ခံတွေကပြောပါတယ်။ မြစ်ကြီးနားမြို့ရဲ့အဓိက အခြေခံစားသောက်ကုန်တွေကို မြစ်ကြီးနား– မန္တလေး ဗျူဟာလမ်းမကြီးကနေဝင်လို့ရသလို မြစ်ကြီးနား– ကံပိုက်တည်လမ်းကနေလည်း ဝင်ရောက်နိုင်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြီးနား– မန္တလေး ကားလမ်းပိုင်းမှာရှိတဲ့ ရွှေဘိုမြို့အနီီး စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြားကတိုက်ပွဲကြောင့် ရွှေကိုးပင်ဂိတ်မှာကုန်ကားတွေပိတ်ခံထားရတာဟာ ခုဆိုရက်ပေါင်း ၂၀ ဝန်းကျင်ကြာမြင့်လာပြီဲဖြစ်ပါတယ်။ အလားတူ မြစ်ကြီးနား– ကံပိုက်တည်လမ်းပိုင်းကနေ ဝင်လာတဲ့ကုန်ကားတွေကိုလည်း စစ်ကောင်စီတပ်က ဗလမင်းထင်တံတားမရောက်မှီ မိုင်းနားကျေးရွာအဝင်မှာပိတ်ပင်ထားတဲ့အတွက် မြစ်ကြီးနားမြို့ထဲ ကုန်ကားတွေမဝင်ရောက်နိုင်တာဟာ ခုဆို နှစ်ပတ်ဝန်းကျင်ရှိလာနေပြီဲဖြစ်ပါတယ်။ မြစ်ကြီးနားမြို့တွင်းကုန်ဈေးနှုန်းအခြေနေနဲ့ပတ်သက်လို့ ဈေးသည်အမျိုးသမီးတစ်ဦးပြောတာက“ကုန်ဈေးနှုန်းတက်ချက်ကပြောမနေနဲ့။ ပစ္စည်းကတက်တိုင်းလည်းဝယ်လို့မရပြန်ဘူး။ ပစ္စည်းကပျက်သလောက်တော့ ပျက်ကုန်ပြီ မရှိဘူးပဲပြောတာ။ ကျမတို့ဖောက်သည်ဈေးနဲ့ ဝယ်တဲ့သူ တွေတောင်မှ ခွဲတမ်းနဲ့ဘဲရောင်းပေးတာ။ ရှိတဲ့သူတွေ ကလည်း ဈေးတွေတင်ရောင်းနေတာပေါ့။ ခါတိုင်းဆိုရင် အောက်ပိုင်းက လေယာဥ်နဲ့ဝင်သေးတယ်။ ဟိုတလောက တစ်ရက် နှစ်ရက် လေယာဥ်လမ်းကြောင်းကလည်းရပ်သွားသေးတာကို။“လို့ပြောပါတယ်။ မြစ်ကြီးနားမြို့တွင်းပြတ်လပ်လာတဲ့ ပစ္စည်းတွေကတော့ ကြက်သား၊ငါး၊ကော်ဖီ၊ Gas တွေပြတ်လပ်နေတဲ့အပြင် နောက်ထပ် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ကြက်သွန်ဖြူနဲ့အတူ ဖြည့်စွက်စာ၊ နို့မှုန့် နဲ့ အခြေခံဆေးဝါးတချို့ဖြစ်တယ်လို့ မြို့ခံတွေကပြောကြပါတယ်။ “Gas ဆိုင်တွေဆိုအားလုံးပိတ်ထားကြပြီ ရောင်းစရာမရှိလို့တဲ့ ပြီးရင် ကော်ဖီမစ်တောင်တစ်ချို့ဆိုင်တွေပြတ်နေပြီ တကယ် စျေးကလည်းကြီးမှကြီးအေ နှစ်ဆနီးပါးကိုတက်နေတာ ရှိတဲ့ကုန်တွေကလည်း”လို့ နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနား– မန္တလေးလမ်းမှာ ကုန်ကားတွေပိတ်မိနေတဲ့အဓိကအကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစလို့ ကန့်ဘလူခရိုင်ထဲမှာ အမျိုးသား ညီညွှတ်ရေးအစိုးရ လက်အောက်ခံ PDF ၊ ပကဖ နဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေဟာ စုပေါင်း စစ်ဆင်ရေးပြုလုပ်နေ တာကြောင့်ဖြစ်ပါတယ်။ အမှတ် ၁ စစ်ဒေသရဲ့ထုတ်ပြန်ချက်အရ ယခုလ ဖေဖော်ဝါရီလအစမှာဆိုရင် မန္တလေး–မြစ်ကြီးနား လမ်းမပေါ်က စစ်ကော်မရှင်နဲ့ လက်အောက်ခံ ပျူစောထီးတပ်စခန်းတချို့ကိုသိမ်းပိုက်ခဲ့ကြပြီး ပြီးခဲ့တဲ့အပတ်ဖေဖော်ဝါရီလအထိကို စခန်းတချို့ကိုသိမ်းပိုက် နိုင်ခဲ့ကြောင်းသိရပါတယ်။ ဒါ့ကြောင့်ခရီးသွားကားလေးတွေကတော့ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်းနယ်ထဲက စစ်ကော်မရှင်နဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကို ကွင်းသွားရပြီး မန္တလေး–မြစ်ကြီးနား ခရီးစဥ်က ၅ ရက်နီးပါးကြာမြှင့်နေတယ်လို့ ကားသမား တွေကပြောပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း ရွှေဘိုမြို့အထွက် ကိုးပင်ဂိတ်တွင် စစ်ကော်မရှင်တပ်၊ ခင်ဦးလမ်းဆုံအကျော် ယောက်သွားအိမ် နဲ့ ကုက္ကိုလ်ကုန်းဂိတ်တွင် ကာကွယ်ရေးတပ်၊ ကျောက်တန်းဂိတ်တွင် စစ်ကော်မရှင်တပ်တို့က နေရာယူအထိုင်ချ ထားကြပြီး စစ်ရေးအခြေနေပေါ်မူတည်ကာ ခရီးသွားကားတွေကို သွားလာခွင့်ပြုနေတာလို့သိရပါတယ်။ အခုလိုအခြေနေတွေကြောင့် မြစ်ကြီးနား – မန္တလေးခရီးစဥ်ကို ခရီးသွားတွေအနေနဲ့ အရေးပေါ်ကိစ္စတစ်စုံတစ်ရာ မရှိရင် ဖြတ်သန်းသွားလာခြင်းမလုပ်သေးတာကောင်းတယ်လို့ ကားသမားတွေကအကြံပြုထားပါတယ်။ အလားတူ မြစ်ကြီးနား–ကန်ပိုက်တည်လမ်းကြောင်းကနေ ကုန်ကားတွေမဝင်ရောက်နိုင်တာဟာ စစ်တပ်ကအကြောင်းပြချက်မရှိပဲ ကုန်ကားအားလုံးကို မိုင်းနားကျေးရွာအဝင်နားမှာဖမ်းဆီးထားတားလည်းဖြစ်ပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့တွင်းမှာနေထိုင်တဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေဟာ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ခံနေရဆဲလည်းဖြစ်ပါတယ်။…
Read More » -
16 Februaryသတင်း
နှစ်လအကြာရပ်နားထားတဲ့ တနိုင်းဒေသက ပယင်းမှော်နဲ့ရွှေမှော်တွေပြန်ဖွင့်
တိုက်ပွဲတွေကြောင့်ရပ်နားထားရတဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ပယင်းမှော်နဲ့ရွှေမှော်တွေ ပြန်လည်ဖွင့်လှစ်နေပြီး အရပ်သားတွေအများအပြားဝင်ရောက်နေကြပြီလို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၁၀ ရက်ဝန်းကျင်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းကြား တိုက်ပွဲတွေကြောင့်ရပ်နားထားရတဲ့ တနိုင်းဒေသထဲက နာမ်ဗျူ၊လပူခ၊လမုန်ခ၊စံလွန်၊ဝေလော၊ရေကြည်စတဲ့ ပယင်းမှော်တွေနဲ့ရွှေမှော်တွေကို ဖေဖော်ဝါရီလ ဒုတိယအပတ်ကစပြီး ပြန်ဖွင့်နေပြီလို့ တနိုင်းမြို့ခံအမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။ “ပြီးခဲ့တဲ့အပတ်ကတည်းကမှော်ထဲကို အခြေအနေကောင်းပြီဆိုပြီးပြန်ဝင်သွားကြတာပဲ။ မြို့ပေါ်မှာလူတောင်သိပ်မရှိဘူးအကုန်မှော်ထဲပြန်ဝင်သွားကြလို့လေး”လို့ အသက် ၃၀ ကျော်အရွယ်တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ တနိုင်းမြို့နေပြည်သူတွေပြောချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နောက်ပိုင်းကစပြီး တိုက်ပွဲငြိမ်သက်သွားပြီးနောက် မှော်ဒေသဘက်ကို စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ မြို့ဘက်ကို ပြန်ဆုတ်လာကြပြီလို့ သိရပါတယ်။ တိုက်ပွဲဖြစ်နေချိန် နှစ်လအတွင်းမှာ စစ်ကောင်စီပူးပေါင်းတပ်က တနိုင်းမှော်ဒေသကိုထိန်းချုပ်နိုင်ဖို့ကြိုးစားခဲ့ပေမယ့် အထိနာသွားတာကြောင့် ခုလိုပြန်လည်ဆုတ်ခွာသွားဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် လတ်တလောတနိုင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က စစ်အင်အားပြန်စုစည်းနေတယ်လို့ နောက်ထပ်တနိုင်းမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ “အခုမြို့ပေါ်မှာတော့မနက်တိုင်းစစ်သားတွေပြေးနေကြတာအင်အားလည်းများတယ် ထိုးစစ်ပြန်ဆင်ဖို့ဖြစ်နိုင်တယ်။ တနိုင်းဒ.က.စ(တနိုင်းမြို့အခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)ကမှော်တွေကိုထိန်းချုပ်ချင်တာလေး အဲကြောင့်စစ်ကြောင်းထိုးနေတာ”လို့ တနိုင်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့တနိုင်း ဒ.က.စဟာ တနိုင်းမှော်ဒေသတွေကိုထိန်းချုပ်ဖို့အတွက် နှစ်လတိတိကုန်းကြောင်း၊လေကြောင်း၊လက်နက်ကြီးပစ်ကူတွေနဲ့ထိုးစစ်ဆင်ခဲ့ပေမယ့်အရေးနိမ့်ခဲ့တာဖြစ်တယ်လို့ တနိုင်းမြို့နယ်မှာနေထိုင်သူတွေက သုံးသပ်နေကြပါတယ်။ လတ်တလော အထက်ဖော်ပြပါမှော်တွေထဲ လုပ်ငန်းရှင်တွေ၊လက်လုပ်လက်စားတွေနဲ့ရွှေမှော်လုပ်သားတွေအများစုမှော်ထဲပြန်ဝင်သွားကြပြီးနောက် ပယင်းမှော်၊ရွှေမှော်တွေလည်း အရင်လိုပြန်စည်ကားနေပြီလို့ သိရပါတယ်။ စစ်တပ်အာကာမသိမ်းမှီ ၂၀၁၇၊၂၀၁၈ ခုနှစ်ဝန်းကျင်ကစပြီး တနိုင်းပယင်းမှော်တွေထဲမှာ စစ်ကောင်စီတပ်နဲ့KIAတပ်တို့ကြားနှစ်ဖက်တိုက်ပွဲတွေမကြာခနဖြစ်တာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံအများစုအတွက်တော့ ပယင်းနဲ့ရွှေလုပ်ငန်းဟာ အဓိကဝင်ငွေအရင်းအမြစ်တစ်ခုလို ဖြစ်နေသလို အာဏာမသိမ်းခင်ကတည်းကနေ မြန်မာပြည်အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေအများအပြားရှိပြီး ပယင်းမှော်၊ရွှေမှော်တွေကိုအပေါ်အမှီပြုကာ အသက်မွေးဝမ်းကျောင်းပြုကြတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာ ပယင်းနဲ့ ရွှေထွက်ရှိတဲ့ တနိုင်းဒေသမှာ ၂၀၁၅ ခုနှစ်ဝန်းကျင်စပြီး ပယင်းတွေကိုတပိုင်တနိုင်စတင်တူးလာကြာရာကနေ လက်ရှိမှာတော့ စက်ကြီးတွေနဲ့တူးဖော်တဲ့အဆင့်ရောက်နေပြီး ရွှေတူးဖော်မှုကတော့ ဆယ်စုနှစ်တစ်စုကြာရှိနေပြီလို့ မှော်မှာနေထိုင်သူတွေပြောပါတယ်။ ခုလို ပယင်း၊ရွှေတူးဖော်မှုကြောင့် မြစ်ကြောင်းပြောင်းလဲတာ၊ မြေယာပျက်စီးတာအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှုဟာ တစ်နေ့ထက်တစ်နေ့ပိုဆိုးရွားလာတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာသူတွေပြောပါတယ်။ ထို့အပြင် တနိုင်းဒေသဟာ စစ်ရေးအရလည်း အရေးပါတဲ့နေရာတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီတပ်နဲ့ (KIA) တပ်တို့ကြား နှစ်ဖက်စစ်တင်းမာမှုဖြစ်လာတိုင်း ပယင်းမှော်၊ရွှေမှော်တွေ ပိတ်တာ၊ တစ်ခါတစ်ရံလမ်းကြောင်းပိတ်ဆို့တာ၊ လုပ်ငန်းရပ်နားမှုတွေ ကြုံရလေ့ရှိပါတယ်။ By –…
Read More » -
16 Februaryသတင်း
ရွှေကူအရှေ့ခြမ်း ကျေးရွာတွေမှာ အခွန်လျော့ပေါ့ပေးဖို့ပြည်သူတွေတောင်းဆို
ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ခြမ်းဘက်ကျေးရွာတွေမှာ KIA/KIO အနေနဲ့ အခွန်လျော့ပေါ့ကောက်ခံပေးဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ရွှေကူအရှေ့ဘက်ခြမ်းရှိ စီသာ၊ စီသောင်း၊ မံဝင်း၊ မံနား၊ စီမူလေး၊ စီမူကြီး၊ နန့်လတ်နှင့် နောင်လတ်ကြီးအပါအဝင် အနီးဝန်းကျင်က ရွာပေါင်း ၁၀ ကျော်က နေအိမ်ရာနဲ့ချီမီးရှို့ဖျက်ဆီးခံလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ဒေသခံပြည်သူတွေ နေရပ်ပြန်လည်နေထိုင်နိုင်ရေးကိုယ်ထူကိုယ်ထ ရုန်းကနေရဆဲဖြစ်တာကြောင့် အခွန်လျော့ပေ့ါ့ကောက်ပေးဖို့ စီသောင်းရွာအမျိုးသားတစ်ဦး ပြောပါတယ်။ “မီးလောင်ပြာကျလို့ခုချိန်ထိမိမိနေအိမ်ဆောက်ဖို့ ရုန်းကန်နေရတဲ့ အချိန်ဖြစ်လို့ KIAအနေနဲ့ကအခွန်တွေပါ့ပေးရင်ကောင်းမယ်။ အခုအခွန်ကတော်တော်လေးကိုများနေပါတယ်”အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။ လက်ရှိ ဒီကျေးရွာနေပြည်သူတွေဟာ KIA/KIO ဆီ တစ်အိမ်ထောင် ဆန်တစ်တင်း၊ဆားတပိဿနဲ့ စစ်ထောက်ပံ့ကြေးအဖြစ် လူတစ်ဦးကို ကျပ် ငါးထောင်အဖြစ် လစဥ်ထောက်ပံ့ပေးနရတယ်လိို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဒေသခံပြည်သူတွေဟာ ဆုံးရှံးပျက်စီးသွားတဲ့နေအိမ်တွေပြန်လည်ဆောက်လုပ်တာ၊လုပ်က်ိုင်စားသောက်ဖို့ အစပျိုးနေရတဲ့အချိန်ဖြစ်တာကြောင့် အခွန်လျော့ပေါ့ပေးစေလိုကြောင်းဒေသခံတွေကဆိုပါတယ်။ “ဘယ်လောက်အတိုင်းအတာအထိလျှော့ပေါ့ပေးပါဆိုတဲ့မျိုးတော့မရှိဘူး။ လျှော့ပေါ့ပေးလေလေပိုကောင်းလေလေပါ့အခုကအများစုကမိမိအိမ်ရာပြန်ဆောက်နေကြတုံးဆိုတော့လေ လူတစ်ဦးကိုငါးထောင်ထောက်ပံ့တဲ့ဟာက အသက် ၁၈ နှစ်အထက်ဆိုရင်လူတိုင်း ငါးထောင်ငါးထောင်ထည့်ရတယ်။ ဝန်ထမ်းတွေတော့မပါဘူးကျန်တဲ့လူတွေအကုန်ထည့်ရတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦး ကဆက်ပြောပါတယ်။ ဒီကျေးရွာနေပြည်သူတွေဟာ လတ်တလော ပြန်လည်ထူထောင်ရေးလုပ်နေဆဲကျေးရွာတွေဖြစ်တာကြောင့် နေရာထိုင်ခင်း၊စားဝတ်နေရေးကအစအများစုကခက်ခဲကြပ်သည်းနေဆဲပဲဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် စားသောက်ကုန်၊ဆေးဝါးနဲ့အခြားလိုအပ်တဲ့လူသုံးကုန်တွေအတွက်ကိုလည်း ရွှေကူမြို့တွင်းဘက်ကနေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာကြောင့် ရှမ်းပြည်နယ် မဘိမ်းမြို့နယ်ဘက်နဲ့ တရုတ်ပြည်နယ်စပ်ဘက်က ကုန်အဝင်ကိုသာအဓိက အားထားနေရတာကြောင့်ကုန်စျေးနှုန်းကြီးတဲ့ ပြဿနာတွေကိုလည်းရင်ဆိုင်နေရတဲ့အတွက်အခုလိုအခွန်တွေလျှော့ပေါ့ပေးဖို့လိုအပ်ကြောင်းဒေသခံတွေကဆိုပါတယ်။ ရွှေကူမြို့နယ်အရှေ့ဘက်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတဲ့ထဲမှာ မံဝိန်းကျေးရွာကအိမ်ခြေ ၁၂၉ လုံး၊ စီသာကျေးရွာက အိမ်ခြေ ၁၀၀ လုံး၊ မံနာကျေးရွာက အိမ်ခြေ ၅၇ လုံး၊ တုံးကောက် ကျေးရွာကအိမ်ခခြေ ၄၁ လုံး၊ စီသောင်းရွာက အိမ်ခြေ ၂၁၁ လုံး၊ မံခါးကျေးရွာကအိမ်ခြေ ၃၅ လုံး၊ စီမော်ကျေးရွာကအိမ်ခြေ ၁၁၁ လုံး၊ စီမူကြီးကျေးရွာက အိမ်ခြေ ၂၈ လုံး၊ စီမူလေးကျေးရွာက အိမ်ခြေ ၆၀ လုံး၊ နန့်လန် ကျေးရွာက အိမ်ခြေ ၁၃၀ လုံးနှင့် နောင်လတ်ကြီး ကျေးရွာကအိမ်ခြေ ၃၇ လုံးအထိ မီးလောင်ပျက်စီးခဲ့ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီနေ့ချိန်ထိ ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ ရွှေကူမြို့နယ်ဟာ မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်တဲ့ကျေးရွာအားလုံး KIO အစိုးရထိန်းချုပ်မှုအောက်ရှိတာလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
16 Februaryသတင်း
အူရိမုန်ရာယန်ရွာ လက်နက်ကြီးကျ၊ ဒေသခံများ စတင်တိမ်းရှောင်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မှန်ပြတောင်အနီးရှိ အူရိမုန်ရာယန်ကျေးရွာဘက်မှာ လက်နက်ကြီးမကြာခဏ ကျရောက်ပေါက်ကွဲနေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အဲ့ဒီရွာဟာ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ခြမ်း၊ မိုင်းနားကျေးရွာနဲ့ မှန်ပြတောင်အနီးမှာရှိပြီး ဗလမင်းထင်တံတားကနေ ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်သာ…
Read More » -
14 Februaryသတင်း
တိုက်ပွဲနယ်မြေနဲ့ထိစပ် မရှီကထောင်အပါ ကျေးရွာ ၃ ခုခန့်က စစ်ဘေးတိမ်းရှောင်နေရ
တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် ၊ မရှီကထောင်အနောက်ဘက်ခြမ်းမှာ နှစ်ဖက်စစ်တပ်အကြား စစ်ရေးတင်းမာမှုဆက်ဖြစ်နေသလို အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲနယ်မြေနဲ့ထိစပ်တဲ့ မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာကို စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး ဖားကန့် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်ကို စစ်ရေးဗျူဟာ ဦးတည်လာပြီး မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ်လမ်းကြောင်းကို အသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာတာ ခုဆိုနှစ်ပတ်ကျော်ခန့်ကြာမြင့်လာတဲ့အထိ ဖြစ်ပါတယ်။ စစ်အင်အားရာနဲ့ချီရှိတဲ့ ခမရ ၃၈၁ တပ်ရင်းက ဦးဆောင်တဲ့ စစ်ကြောင်းက မရှီကထောင်အနောက်ဘက်ခြမ်း ဆုတောင်းကုန်း ခြေရင်းအောက်ပတ်လည်တွေမှာ ဝင်ရောက်နေရာယူထားသလို ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးဝင်းနေရာတစ်ချို့မှာလည်း ဝင်ရောက်နေရာယူလိုက်တယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။ လက်ရှိမှာ တိုက်ပွဲနေရာတဲ့ ထိစပ်တဲ့ မရှီကထောင်ရပ်ကွက်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာက ပြည်သူတွေတစ်ချို့ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်က လက်ရှိနေလို့မရတော့ဘူး။ မရှီကထောင်ဆုတောင်းကုန်း ပတ်လည်တဝိုက်မှာ စစ်တပ်က နေရာယူလိုက်ပြီဖြစ်တယ်။ ပြီးရင် ဥရုဆိုင်းမော် KBC ရုံလည်း ဆုတောင်းကုန်းခြေရင်းမှာရှိတယ်။ ရုံဝန်ထမ်းတွေနေတဲ့ ရုံးအဆောက်အဦးလည်း အဲ့ဒီတောင်ရင်းမှာရှိတာဟုတ်တယ်။ အခုက အဲဒီထဲကိုလည်း စစ်တပ်က ဝင်ရောက်နေရာယူလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် KBC က လုပ်နေတဲ့ လုပ်ငန်းတာဝန်တွေလည်း အကုန်ရပ်နားလိုက်ပြီ။ ဘေးပတ်ဝန်းကျင်မှာနေတဲ့ သူတွေလည်း ဘယ်သူမှနေလို့မရတော့ဘူး။ အဲ့ဒါကြောင့် အသက်ကြီးရွယ်အိုတဲ့ သူတွေအားလုံးက မြို့ပေါ် နီးစပ်တဲ့ နေရာမှာတိမ်းရှောင်ဖို့ ဆင်းသွားကြပြီ”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မရှီကထောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ ရုံးအဆောက်အဦးတွေရှိတဲ့ ပတ်လည်မှာ ကချင်လူမျိုးအများဆုံးနေထိုင်ကြပြီး တခြားလူမျိုးတွေအပါ စုစုပေါင်းအိမ်ထောင်စု ၅၀ ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။ မရှီကထောင်ရပ်ကွက်တစ်ခုလုံး အိမ်ခြေထောင်ဂဏန်းရှိပြီး လက်ရှိမှာ တိုက်ပွဲနဲ့ ထိစပ်နေတဲ့ အိမ်ထောင်စု ၅၀ အားလုံးနီးပါခန့်က ဖားကန့်မြို့ပေါ် တိုက်ပွဲမရှိတဲ့ နေရာတစ်ချို့မှာ ယာယီတိမ်းရှောင်နေကြပြီးတော့ အများပိုင်းက မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်လာကြတယ်လို့သိရပါတယ်။ အခုလို ဖားကန့်စစ်ရှောင်တွေ မြို့ပေါ်ဘက်ကို တိမ်းရှောင်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အထက်ပါ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးဆိုပါတယ်။ “အခု စစ်ရှောင်တွေရဲ့ အခက်ခဲဆုံးအရာက တိုက်ပွဲဖြစ်တဲ့လမ်းမပေါ်က လူနေအိမ်တစ်ချို့က တော်တော်အခက်တွေ့နေရပါတယ်။ ဖားကန့် နယ်မြေထဲမှာ နဂိုထဲကနေ စစ်ရှောင်တစ်ချို့က သူ့နေရာနဲ့ သူတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေလည်းအများကြီးပဲ။ အဲ့ကြောင့် ထပ်မံပြီးတိမ်းရှောင်ဖို့က နေရာလုံးဝမရှိတော့ဘူး။ မသွားရင်လည်းမရဘူး တိုက်ပွဲနေရာထဲရောက်နေတယ်။ ဆက်နေရင်လည်း အသက်အန္တရာယ်ထိခိုက်ရုံပဲရှိတော့တယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာ မရှီကထောင်နဲ့ ထိစပ်နေတဲ့ ဆွတ်ဂျာကောင့်ကျေးရွာမှာ အရပ်သား ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေက တိမ်းရှောင်လို့မရတဲ့ အခြေအနေတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ၊ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေကြဆဲဖြစ်တဲ့ စစ်ရှောင်တွေကို ဖားကန့် စစ်ရှောင်ကူညီရေးအဖွဲ့တွေက အပြည့်အဝကူညီစောင့်ရှောက်ပေးဖို့ ခက်ခဲနေတဲ့အခြေအနေမှာ ယခုနောက်ပိုင်း ပြန်ပြီးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကိုလက်မခံနိုင်တော့ဘဲ စစ်ရှောင်အများစုက မြို့ပေါ်ဘက်ကို တိမ်းရှောင်လာခဲ့ကြတာဖြစ်တယ်လို့ ဆက်သိရပါတယ်။ ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို ထိုးစစ်ဆင်ဝင်ရောက်ဖို့ လေကြောင်းအကူအပါ ခေတ်မှီဒရုန်း၊ လက်နက်ကြီးတွေပစ်ခတ်ပြီး တိုက်ခိုက်နေတဲ့အတွက် ကြာမြင့်တဲ့တိုက်ပွဲဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားတာတွေရှိပါတယ်။ အခုလိုတိုက်ပွဲဧရိယာကျယ်ပြန့်လာတာနဲ့အညီ တိုက်ပွဲရှောင်ပြည်သူတွေက ဆက်ပြီးများပြားလာနိုင်ပြီး ပြည်သူတွေဆက်ပြီး ရပ်တည်ရှင်သန်လာနိုင်ဖို့ ပိုပြီးခက်ခဲလာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်လိုက်တဲ့ စစ်တပ်ရဲ့ ထိုးစစ်ဟာ နှစ်ပတ်အတွင်း ရှေ့ကိုမတိုးနိုင်ဘဲ မရှီကထောင်အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးပြောပြပါတယ်။ “လက်ရှိ စစ်ရေးအခြေအနေပြောရမယ်ဆိုရင် စစ်တပ်ကလည်း ရှေ့မတိုးနိုင်ဘူး။ မြို့နားကိုတောင်ပြန်ကပ်လာတဲ့အခြေအနေမှာ ပြန်ဆုတ်သွားတဲ့သဘောတောင်ရှိတယ်။ လေယာဉ်တွေလည်းလာပြီး မြို့နားကပ်ပြီးလာကြဲသွားတဲ့ပုံစံမျိုးဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်လာလိုက် ပြန်ရပ်သွားလိုက်နဲ့ ဖြစ်နေတာပေါ့လေ”လို့ပြောပါတယ်။…
Read More » -
13 Februaryသတင်း
အင်းတော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ တိမ်းရှောင်နေကြတဲ့ အင်းတော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး အင်းတော်ကြီးဒေသမှာတိုက်ပွဲတွေစတင်လာခဲ့တဲ့အတွက် နန့်မွန်းမြို့ ပြည်သူတွေဟာ ညောင်ပင်ကျေးရွာက ရိုးရာဝန်း (Htunghking…
Read More » -
13 Februaryသတင်း
ဖားကန့်မှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးထိခိုက်ပြီး တစ်ဦးသေဆုံး
ဖားကန့် မော်ဝမ်းကြီးကျေးရွာအနီး ရှရော်ခ၊ တောင်ပြိုကျေးရွာမှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးသေဆုံး၊ နောက်ထပ် ၃ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေ ပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။ “ကလေးငယ်တွေ သေဆုံးတဲ့ ကိစ္စက တောင်ပြိုမှာ ဖြစ်သွားတာဟုတ်တယ်။ တွေ့ရှိတဲ့သူတွေ ပြောသလောက်ဆိုရင် ကလေးတွေက မြေမြှုပ်မိုင်းကို ကျောက်ခဲနဲ့ သွားထုရင်း ဆော့နေကြတယ်လို့ ပြောတယ်။ အဲဒီနေရာကလည်း လက်ရှိ စစ်ရေးတင်းမာနေတဲ့ ရှေ့တန်းနယ်မြေဖြစ်တယ်။ ကလေးတွေ အဲဘက်ဘယ်လို ရောက်သွားကြလဲ မသိဘူး” လို့ ပြောပါတယ်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာမှာ အသက် ၇ နှစ်အရွယ် မောင်နေဝင်းထွန်းဆိုသူ ကလေးငယ်က ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ နောက်ထပ် ကလေးငယ် ၃ ဦးက အသက် ၁၁ နှစ်အရွယ် မောင်ဦးကိုလင်း၊ အသက် ၂ နှစ်အရွယ် မောင်မင်းသူရိန် နဲ့ အသက် ၈ နှစ်အရွယ် နန်းခိုင်စိုး စတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးက ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ပြိုကျေးရွာဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေရှိခဲ့ပြီး ဖားကန့် ဗျူဟာကုန်းရဲ့ အနောက်ဘက်ခြမ်း ၄ မိုင်ခန့်အကွာမှာရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကလေးငယ် ၄ ဦးထိခိုက်၊ သေဆုံးမှုရှိခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီးနောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက “လက်နက်ကြီးကျပြီး ပေါက်ကွဲသွားတာတော့မဖြစ်နိုင်ဘူးလို့ပြောရမယ်။ အဓိကတော့ အားလုံးသိထားတာလည်း လမ်းဘေးက မိုင်းဆော့နေရင်းနဲ့…
Read More »









