-
Dec- 2025 -25 Decemberသတင်း
ဗန်းမော်တိုက်ပွဲ ပြန်လည်ပြင်းထန်နေပြီး စစ်တပ်က KIO ဌာနချုပ်နဲ့ တပ်ရင်း ၁၁ တွေကို လေကြောင်းဖြင့် တိုက်ခိုက်
ဗန်းမော်မြို့မှာ ဒီကနေ့ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာချိန် စစ်တပ်ဘက်ကလည်း KIA တပ်ရင်း (၁၁) နဲ့ လိုင်ဇာဌာနချုပ် နေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ညနေ ၄ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနားမြို့နယ် KIA တပ်ရင်း (၁၁) ထဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။…
Read More » -
24 Decemberသတင်း
ခရစ္စမတ်ကာလ နဲ့ သူတို့ အသံ
ကချင်ဒေသတွေမှာ ဒီဇင်ဘာလဆိုတာ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်တွေနဲ့ မိသားစု စုံစုံလင်လင် မွေးရပ်ဒေသ၊ အိမ်၊ ဘုရားကျောင်း စတဲ့ နေရာတွေမှာ စည်းကားသိုက်မြိုက်စွာနဲ့ ခရစ္စမတ်ပွဲကို ကျင်းပလေ့ရှိကြပါတယ်။ ကချင်ဒေသ နေရာတချို့မှာ တိုက်ပွဲငြိမ်သက်ပြီးနောက် နေရပ်ပြန်နေထိုင်ကြပေမယ့် တိုက်ပွဲဖြစ်ပွားနေဆဲ မြို့နယ်ဒေသ အချို့မှာတော့ ပြည်သူတွေဟာ ကိုယ့်နေရပ်ဒေသတွေကို စွန့်စွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။…
Read More » -
16 Decemberသတင်း
KIO နဲ့ အိန္ဒိယတို့အကြား လျှို့ဝှက်စာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိကြောင်း KIO ပြော
မြေရှားသတ္တုတူးဖော်ရေးနဲ့ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှုစာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မမှန်တဲ့သတင်းသာဖြစ်တယ်လို့ KIO ပြောပါတယ်။ ဒီသတင်းဟာ ဒီဇင်ဘာလဆန်းပိုင်း ‘Silicon Valley Times’ ဆိုတဲ့ Website တစ်ခုကနေစတင်ပြန့်နှံ့လာပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ မြန်မာပြည်တွင်း မီဒီယာတချို့က ပြန်လည်ဖော်ပြလာကြတာဖြစ်ပါတယ်။ ဒါဟာ ကချင်ကိုအသုံးချပြီး တရုတ်နဲ့ အမေရိကန်ကြား နိုင်ငံရေးဆော့ကစားနေတာဖြစ်သလို အမေရိကန်လော်ဘီသတင်းမီဒီယာတွေရဲ့ ရေးသားခြင်းသာဖြစ်တယ်လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ခုလိုပြောပါတယ်။ “ပြင်ပက လူတွေရေးနေတဲ့သတင်းသာဖြစ်တယ် ကျနော်တို့အနေနဲ့ အဲဒါနဲ့ပတ်သက်ပြီး ဘာကတိကဝတ်ထားရှိထားတာမျိုးလည်း မရှိဘူး။ ဘယ်သူ့ကိုမှတာဝန်ပေးထားတာမျိုးလည်း မရှိဘူး။ ဒါကြောင့် ဒီသတင်းကို ကျနော်တို့ KIO အနေနဲ့ ပြောချင်တာက မဟုတ် မမှန်တဲ့ သတင်းဖြစ်တယ်လို့ ပြောချင်တယ်။ သူတို့ နိုင်ငံရေး ဆော့ကစားနေတာပဲ ဖြစ်လိမ့်မယ် ဆိုလိုချင်တာက တရုတ်နဲ့ အမေရိကန်ကြား ဆော့ကစားနေတာမျိုး ၊ ကျနော်တို့ ကချင်တွေကို အသုံးချပြီး ကြားမှာထားပြီး သူတို့ချင်း နိုင်ငံရေးဆော့ကစားနေတာပဲ ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်။”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မြေရှားလုပ်ကွက်နေရာတစ်ခုမြင်တွေ့ရပုံ Photo – CJ အိန္ဒိယနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား မြေရှားသတ္တုအတွက် လျှို့ဝှက်သဘောတူညီမှုတစ်ခုထားရှိထားတယ်ဆိုတဲ့ သတင်းကို ‘Silicon Valley Times’ ဆိုတဲ့ Website စတင်ဖော်ပြလာတာဖြစ်ပါတယ်။ ‘Silicon Valley Times’ရဲ့သတင်းဖော်ပြချက်မှာ KIA နဲ့ အိန္ဒိယအစိုးရရဲ့လျှို့ဝှက်သဘောတူစာချုပ်ဟာ မဟာဗျူဟာဆိုင်ရာမဟာမိတ်ပူးပေါင်းမှုတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေမဲ့လုပ်ရပ်လည်းဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ အိန္ဒိယရှိ အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ်ကနေမှ ကချင်ပြည်နယ် ချီဖွေမြေရှားသတ္တုတူးဖော်ရေးနေရာအထိ ၃၆၅ ကီလိုမီတာရှည်လျားတဲ့ လမ်မကြီးကိုတည်ဆောက်နေတယ်လို့ ဂြိုဟ်တုကရတဲ့ပုံတွေနဲ့ နယ်စပ်ဖြတ်ကျော် ထောက်လှမ်းရေးသတင်းတွေအရ အတည်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။ ဒီလမ်းကြောင်းက အိန္ဒိယအတွက် မြေရှားသတ္တုတွေကိုရရှိစေမှာဖြစ်ပြီး အလဲအလှယ်အနေနဲ့ အိန္ဒိယက KIA ကို လက်နက်၊ ဆေးဝါး အကူအညီနဲ့ ထောက်ပို့ အကူအညီတွေပေးအပ်နိုင်တယ်ဆိုပြီး ‘Silicon Valley Times’ က ရေးထားတာဖြစ်ပါတယ်။ …
Read More » -
16 Decemberသတင်း
ပူတာအိုမှဖမ်းဆီးထားတဲ့ Starlink Wifi စက်တွေ ရွေးကောက်ပွဲပြီးမှပြန်ပေးမယ်လို့ဆို
ကချင်ပြည်နယ်၊ ပူတာအိုမြို့ပေါ်မှာ စစ်ကောင်စီဖမ်းဆီးသွားတဲ့ Starlink Wifi စက်အားလုံး ရွေးကောက်ပွဲပြီးမှ ပြန်ပေးမယ်လို့ပြောဆိုလာကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပူတာအိုမြို့ပေါ်က Starlink Wifi စက် အလုံး ၆၀ ဝန်းကျင်ခန့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေလိုက်လံဖမ်းဆီးခဲ့ပြီး အဲ့ဒီ Starlink Wifi စက်တွေကို ရွေးကောက်ပွဲပြီးမှပြန်ပေးမှာဖြစ်တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “တစ်ချို့တော့ပိုက်ဆံနဲ့သွားရွေးကြတယ်တဲ့ ဒါပေမယ့် မရွေးခိုင်းဘူးဘယ်လောက်ပေးပြီးရွေးရွေးမရဘူးတဲ့/ ရွေးကောက်ပွဲပြီးမှပဲအားလုံးပြန်ပေးမယ်ဆိုပြီးပြောလာတယ်”လို့အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပူတာအိုမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ လုံးစွတ်၊ကောင်ကထောင်၊အောက်ချိုင့်နဲ့ လေယာဥ်ရပ်ကွက်တွေကနေ Starlink Wifi စက်တွေကို ဒီဇင်ဘာလ ၈ ရက်ကနေ ၁၀ ရက်အထိ လိုက်လံဖမ်းဆီးရာအလုံး ၆၀ ဝန်းကျင်လိုက်လံဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Starlink စက်ပိုင်ရှင်တွေက ပိုက်ဆံနဲ့သွားရွေးခဲ့ပေမယ့်ရွေးခွင့်မပေးဘူးလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ကျနော့်အသိဆိုင်တစ်ဆိုင်ပါသွားတယ် ၁၅သိန်းပေးမယ်ဆိုပြီးသွားရွေးတာစက်မရခဲ့ဘူး ပြန်မပေးဘူးကြာမယ်ပြောတယ်ပေးတာတော့ပြန်ပေးမှာရွေးကောက်ပွဲပြီးမှတဲ့”လို့ အသက် ၄၀ ကျော်အရွယ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာ Wifi ဆိုင်တွေပိတ်ထားဖို့ ကြိုတင်အသိပေးညွှန်ကြားတာမျိုးမရှိပဲ ရုတ်တရက် ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် မြို့ပေါ်မှာဖွင့်ထားတဲ့ Starlink wifi စက် သုံးပုံနှစ်ပုံခန့်သိမ်းဆည်းခံလိုက်ရကြောင်းသိရပါတယ်။ စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲ ပထမအပိုင်း (၁) မှာကချင်ပြည်နယ်ထဲက ပူတာအိူ၊နောင်မွန်၊ခေါင်လန်ဖူး၊ မြစ်ကြီးနား၊တနိုင်း၊မိုးညှင်းစတဲ့မြို့နယ်တွေပါဝင်ပြီး လက်ရှိ ကျန်တဲ့မြို့နယ်တွေအားလုံးမှာတော့ Starlink wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲ အပိုင်း ၁ ကိုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ခုလိုရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ ပြည်သူတွေဆိုရှယ်မီဒီယာသုံးဖို့ အသုံးပြုနေတဲ့ ဝိုင်ဖိုင်စက်တွေသိမ်းဆည်းနေတဲ့အပေါ် ကချင်နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးပြောပါတယ်။ “အဓိကတော့ သူတို့ရွေးကောက်ပွဲအတွက်လုံခြုံရေးစိုးရိမ်တာ၊ပြီးတော့ ပြည်သူတွေကို သတင်းအမှောင်ဖုံးချင်တာကြောင့်ဖြစ်တယ်။ ဒါက ဘာကိုညွန်ပြနေလဲဆိုရင် ဒီရွေးကောက်ပွဲက ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတဲ့သဘောသက်ရောက်ပါတယ်”လို့ ပြောပါတယ်။ ကချင်တစ်ပြည်နယ်လုံးကိုစစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ကုန်ပိုင်းကစပြီး ဖုန်းလိုင်း၊ဖုန်းအင်တာနက်လိုင်းနဲ့ Wifi အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ဖုန်းနဲ့Wifiအင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်ထဲက နေရာဒေသ အများစုမှာတော့ ဖုန်းနဲ့Wifi အင်တာနက်လိုင်းတွေအစား Starlink ဂြိုလ်တု အင်တာနက်တွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်။ By –…
Read More » -
16 Decemberသတင်း
ကချင်မှာ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေက စစ်တပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေပြော
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကနေပြီးတော့ အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ KNGကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကချင်လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ရဲ့ ပြောကြားချက်အရကတော့ ကချင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့်ထိခိုက် သေဆုံးတဲ့ ဖြစ်စဥ်တွေဟာ တစ်လကို ပျှမ်းမျှအားဖြင့် ၁၀ခုထက် မနည်းရှိနေပြီး အများစုကတော့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်မတို့ နေရာဒေသမှာတော့ လက်ရှိအချိန် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက နံပါတ် ၁ဖြစ်နေတယ်။ ကျွန်မတို့ ပြည်သူအချင်းချင်း ချိုးဖောက်တဲ့ လူ့အခွင့်အရေးတွေတောင် ကျွန်မတို့မှာ ရှိနေတာလေနော် ဖိနှိပ်တယ်။ လုပ်ခလစာ မပေးတာတွေ၊ လူကုန်ကူးတာတွေလည်း ကျွန်မတို့မှာ အများကြီးရှိနေတယ်။ ဒါပေမယ့်လည်း ရာခိုင်နှုန်းနဲ့ စစ်ကောင်စီကျူးလွန်တဲ့အရာနဲ့ ယှဉ်လိုက်လို့ရှိရင် အရမ်းနည်းနေတယ်”လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ ဒါရိုက်တာ ဖြစ်သူ ဆရာမဆိုင်းမိုင်က ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း အများအပြား ကျူးလွန်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ရက်နေ့တုန်းကလည်း ဖားကန့်မြို့ မှော်စီစာကျေးရွာအုပ်စု မလောင်ကျေးရွာကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်၂လုံးပျက်စီးပြီး အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လင်မယား၂ဦး အသက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကချင်လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ ကောက်ယူရရှိထားတဲ့ ဒေတာတွေအရ စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဇွန်လိုင်လကနေ နိုဝင်ဘာလထိ အသက်မပြည့်သေးတဲ့ ကလေးသူငယ်၁၀ဦးနဲ့ အသက်ပြည့်ပြီဖြစ်သူ ၄၀ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ ၉၉ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း အခုလို လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ စစ်ကောင်စီကသာ ချိုးဖောက်နေတာမျိုး မဟုတ်ဘဲ အာဏာပါဝါကို ချုပ်ကိုင်ထားတဲ့ လူတစ်ဦးတစ်ယောက်ချင်း ဖြစ်စေ၊ အဖွဲ့အစည်းလိုက် ဖြစ်စေ ကျူးလွန်နေကြတာ ဖြစ်တယ်လို့ ညီမျှခြင်း မြန်မာ Equality Myanmar (EQMM)ရဲ့ ဒါရိုက်တာဖြစ်သူ ဆရာ Seing Hlaingက ဆိုပါတယ်။ ဒါအပြင် အရေးယူမှုအပိုင်းမှာလည်း အလွန်ကို အားနည်းနေသေးကို စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေကို အရေးနိုင်ခြင်းတော့ လုံးဝမရှိသေးဘူးလို့ ခုလိုပြောပါတယ်။ “ပြောရမယ်ဆိုရင်တော့ ဝမ်းနည်းဖို့ကောင်းတဲ့ အခြေအနေမှာဘဲ ရှိနေတယ်လို့ ပြောရမှာပေါ့။ ချိုးဖောက်တဲ့သူတွေ ကျူးလွန်တဲ့သူတွေကို သေသေချာချာ ထိထိရောက်ရောက် အရေးယူမှု ကျွန်တော်တို့ မလုပ်နိုင်သေးဘူး။ ခံရတဲ့သူတွေအတွက် တရားမျှတမှုကို သေသေချာချာ မဖော်ဆောင်နိုင်သေးဘူးလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာကျွန်တော်တို့က ချိုးဖောက်မှုတွေကို တိုင်ကြားတယ် ချိုးဖောက်မှုတွေကို မှတ်တမ်းတင်တယ် ချိုးဖောက်မှုတွေကို စီစစ်တယ်။ အဲလိုမျိုးတွေလောက်ဘဲထိဘဲ လုပ်နိုင်နေပြီးတော့ တရားမျှတမှု ဖော်ဆောင်တဲ့အပိုင်းမှာတော့ အခက်အခဲရှိနေတုန်းဘဲ”လို့ ဆိုပါတယ်။ ခုလို လူအခွင့်အရေးချိုးဖောက်သူတွေကို အရေးယူနိုင်ဖို့ ခက်ခဲရတဲ့ အကြောင်းရင်းတွေရဲ့ ရင်းမြစ်ကတော့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါအပြင် ညီမျှခြင်း မြန်မာ Equality Myanmar ရဲ့ ကောက်ယူရရှိထားတဲ့ ဒေတာတွေအရ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိချိန်ထိ မှတ်တမ်းရယူထားနိုင်တဲ့ လူအခွင့်အရေးချိုးဖောက်မှု ဖြစ်စဥ်ပေါင်း၂သောင်းကျော်ရှိပြီး လစဥ် အနည်းဆုံး ၁ရာကနေ ၂ရာကြားရှိတယ်လို့ ဆိုပါတယ်။ ဒီအချက်အလက်တွေ မှတ်တမ်းရယူနိုင်ထားတဲ့ အချက်အလက်တွေသာ ဖြစ်တဲ့အတွက် မြေပြင်မှာတော့ မှတ်တမ်းရယူထားနိုင်ခြင်းမရှိတဲ့ ချိုးဖောက်မှုတွေလည်း အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အတည်ပြုနိုင်သော သတင်းအချက်အလက်များအရ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၅၆၅) ဦး ရှိခဲ့ပြီဖြစ်သည်။ အဲဒီသေဆုံးသူတွေထဲမှာ ကလေး ၉၈၀ဉီးနဲ့ အမျိုးသမီး ၁၉၅၂ဉီးထိ ပါဝင်တယ်လို့ သိရပါတယ်။ လူ့အခွင့်အရေးဆိုတာဟာ လူတစ်ယောက်မွေးဖွားလာတာနဲ့ အတူပါလာတဲ့ မွေးရာပါ အခွင့်အရေးဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ သွားလာခွင့်နဲ့ ကျန်းမာရေး၊ ပညာရေး ရယူပိုင်ခွင့်ရယူ ပိုင်ဆိုင်ခွင့်တွေအပြင် လုံခြံစိတ်ချရတဲ့ နေရာတွေမှာ ရှင်သန်နေထိုင်ခွင့်တွေဟာ အခြေခံအခွင့်အရေးတွေဘဲ ဖြစ်ပါတယ်။ ဒါကြောင့် လူရယ်လို့ ဖြစ်လာလို့ရှိရင် လူ့အခွင့်အရေးတွေကို အားလုံးကို ရရှိနိုင်မှသာ လူ့ဂုဏ်သိက္ခာနဲ့အလူ ကောင်းမွန်စွာ နေထိုင်သွားနိုင်မှာ ဖြစ်တဲ့အတွက် လူ့ဂုဏ်သိက္ခာအရေးကြီးသလောက် လူ့အခွင့်အရေးဟာလည်း အရေးကြီးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ By…
Read More » -
16 Decemberသတင်း
လန်ဟီဆင်ဘက်စစ်ကြောင်းထိုးနေတဲ့ ပြည်သူ့စစ်အဖွဲ့ တပ်စိတ်လိုက်အဆုံးစီရင်သွားတယ်လို့ သတင်းထွက်ပေါ်
ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ထဲက လန်ဟီဆင်စခန်းကုန်းဘက်ကို ထိုးစစ်ဆင်နေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်စိပ်တစ်စိပ် အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။ ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်အစပ်ထဲက KIAနဲ့ KPDF ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လန်ဟီဆင်စခန်းကုန်းဘက်ကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းဖြစ်ပြီး လမ်းခုလတ်မှာတင်အဆုံးစီရင်မှုဖြစ်သွားခဲ့တယ်လို့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့နဲ့ နီးစပ်တဲ့ ခေါင်လန်ဖူးမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဖြစ်စဥ်အမှန်ကိုတော့ ဘယ်သူမှအတိအကျတော့မသိသေးဘူး။ ဒါပေမယ့်တာဝန်ရှိသူတွေကတော့စုံစမ်းစစ်ဆေးမှုအရ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာလို့ပဲ ကောက်ချက်ချလိုက်တာပေါ့ ဒီကနေထွက်သွားတဲ့ တပ်စိပ်တစ်ခုလုံးက တစ်နေရာထဲမှာစုပုံပြီးသေဆုံးသွားတယ်”လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။ တပ်စိပ်လိုက်အဆုံးစီရင်သွားတယ်လို့ယူဆရတဲ့ စစ်ကြောင်းဟာ စစ်အင်အား ၃၀ ခန့်ရှိပြီး လန်ဟီဆင်တောင်ကုန်းနဲ့ ခေါင်လန်ဖူးမြို့ကြားထဲက တောင်ကြားတစ်နေရာမှာ ရှေ့တန်းထွက်နေတာ တစ်လကျောက်ကြာမြင့်လာတဲ့နောက် ဒီဇင်ဘာလဆန်းပိုင်းမှာ သေဆုံးနေတဲ့ ရုပ်အေလောင်းပုံကို မြင်တွေ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့က ရှေ့တန်းထွက်သွားတာနည်းနည်းတော့ကြာပြီတဲ့တစ်လကျော်ပြီ ဘာအဆက်အသွယ်မှမရ၊ ပြန်လည်းမခေါက်လာတော့ အနောက်ကနေစစ်ကြောင်းတစ်ကြောင်းကသူတို့သွားတဲ့လမ်းကြောင်းအတိုင်းလိုက်သွားတဲ့အချိန်မှာ တောင်ကြားမှာ အလောင်တွေတွေ့တာပဲ”လို့ အထက်ဖော်ပြပါ ခေါင်လန်ဖူးမြို့ခံအမျိုးသားကဆက်ပြောပါတယ်။…
Read More » -
12 Decemberသတင်း
လုံးခင်းဆေးရုံမြေ၊ သင်္ချိုင်းမြေနေရာ မြေကွက်ဖော်ဆောင်တာ ရပ်တန့်ပေးဖို့ ဖားကန့်ပြည်သူတွေတောင်းဆို
အများပိုင်သင်္ချိုင်းမြေနေရာဖျက်ဆီးရောင်းချဖို့ စက်ယန္တရားကြီးတွေနဲ့ဖဲ့ထွင်ရှင်းလင်းတဲ့လုပ်ငန်းဖော်ဆောင်မှုကို ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဆန်းပိုင်းကနေ ဖားကန်ပြည်သူတွေစတင် မြင်တွေ့လာရတာဖြစ်ပြီး ဇွန်းလနောက်ပိုင်း ပိုပြီးဆိုးရွာလာတယ်လို့ သိရပါတယ်။
Read More » -
12 Decemberသတင်း
ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခု အခွန်အဆမတန်ကောက်နေလို့ ဆိုင်ကယ်ကယ်ရီသမားမျာအခက်တွေ့
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက် ဆိုင်ကယ်နဲ့စျေးရောင်းပြီးလုပ်ကိုင်စားသောက်နေတဲ့ ဆိုင်ကယ်၊ ကယ်ရီသမားတွေ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေပြောပါတယ်။ မိုးညှင်းမြို့ကနေ တနိုင်းရွေမှော်ဒေသဘက် လက်နက်ကိုင်တပ်တွေဂိတ် စုစုပေါင်း ၂၂ ခုထက်မနည်းရှိတဲ့ထဲက မိုးညှင်းခရိုင်ထဲက ပြည်သူ့စစ်ဂိတ် ၃ ခုအဆိုးဆုံးဖြစ်တယ်လို့ ဆိုင်ကယ် ကယ်ရီသမားတွေ ပြောပါတယ်။ “ကျန်တဲ့ဂိတ်တွေကညှိလို့ရတယ် တစ်ချို့ဂိတ်ဆိုရင် စေတနာရှိသလောက်ပဲပေးဆိုတဲ့ဂိတ်ရှိတယ်။ ခုပြောတဲ့ ရှမ်းနီဂိတ်တွေကဘယ်လိုမှညှိမရဘူး။အရင်က ဆိုင်ကယ်တစ်စီးကို ၅၀၀၀ တောင်းရင် ခု အဲဒီ ၅၀၀၀ ပေးရတဲ့ဂိတ်က ၂၀၀၀၀ လောက်ဖြစ်နေပြီ။ ၅၀၀၀ ပေးရတဲ့ဂိတ်မရှိတော့ဘူး”လို့ ပြောပါတယ်။ လမ်းပိုင်းဖြတ်သန်းသွားလာခွင့် အခွန်အများဆုံးတောင်းတဲ့ ဂိတ်တွေဟာ ဆားမှော်ကျေးရွာအနီး ပြွန်သုံးလုံးရွာအနီးကဂိတ်၊ ပင်းဘောဂိတ်၊ မိုးကောင်းမြို့အနီးဂိတ်တွေက အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒီဂိတ်တွေမှာ ယခင်က ကြက်တင်ထားတဲ့ ဆိုင်ကယ်တစ်စီးကို ၂၀၀၀၀ (နှစ်သောင်း)၊ယခု ၃၀၀၀၀ (သုံးသောင်း)၊ စက်သုံးဆီတင်ထားတဲ့ဆိုင်ကယ် ယခင် ၄၀၀၀၀ (လေးသောင်း) ယခု ၅၀၀၀၀ (ငါးသောင်း)တောင်းနေတဲ့တွက် အရင်းပြုတ်သွားတဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးအတိုင်းတာနဲ့ ငွေကြေးဖောင်းပွမှုနဲ့အတူ ကုန်စျေးနှုန်းမြင့်တက်မှုကြုံနေရပေမယ့် ကချင်ဒေသမှာတော့ ကုန်စျေးနှုန်းမြင့်တက်မှုတွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဆို ဥပမာ– ကြက်ဥတစ်လုံး တစ်ထောင်ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ရေး၊နိုင်ငံရေးကြောင့် ကချင်ဒေသမှာ ၂၀၂၅ နှစ်ဆန်းပိုင်းအထိ စစ်ရှောင်အရေအတွက် ၈ သောင်းကျော် ထပ်တိုးလာတယ်လို့ ကုလသမ္မဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR )ကထုတ်ပြန်ထားပါတယ်။ စစ်ရှောင်ကာလကြာမြင့်လာတာနဲ့အမျှ အဖက်ဖက်ကနေခက်ခဲကြပ်တည်းလာတဲ့ပြည်သူတွေဟာ မိမိတတ်နိုင်တဲ့နည်းလမ်းနဲ့ဝမ်းရေးအတွက်ဖြေရှင်းကြရင်း ၂၀၂၂ ခုနှစ်နောက်ပိုင်း အခြေခံစားသောက်ကုန်အပြင် စက်သုံးဆီတွေကို ဆိုင်ကယ်နဲ့တင်ပို့ရောင်းချပြီး မိသားစုဝမ်းရေးအတွက်လုပ်ကိုင်ကြတဲ့ ဆိုင်ကယ်သမားတွေအင်မတန်များလာတယ်လို့လည်း မိုးညှင်းမြို့ခံတစ်ဦး ခုလိုပြောပါတယ်။ “အရင်ကတော့ ကားတွေလွှတ်လွှတ်လပ်လပ်သွားလို့ရတယ်လေ။ ခုက လုံခြုံရေးကြောင့်လည်း ပါတယ်။ အဲတော့ ပြည်သူတွေကဘာလုပ်လာသလဲဆိုရင်တပိုင်တနိုင်ပုံစံနဲ့ ဆိုင်ကယ်လေးနဲ့ စားသောက်ကုန်တွေရွှေမှော်ဘက်သွားရောင်းတဲ့သူတွေများလာတယ်။ အဓိကတော့ စားဝတ်နေရေးဖြေရှင်းဖို့နည်းလမ်းရှာလာဲကြရင်း ခုနောက်ပိုင်းကယ်ရီခေတ်လိုဖြစ်လာနေတာ။ ဒါကိုအခွင့်ကောင်းယူပြီး ဂိတ်တွေကမညှာမတာကောက်နေကြတယ် မြင်မကောင်းဘူး”လို့ ပြောပါတယ်။ ဆိုက်ကယ် ကယ်ရီးသမားတွေဟာ အဓိကအားဖြင့် စက်သုံးဆီ၊ စားသုံးဆီအပြင် ဝက်၊ကြက်အခြေခံစားသောက်ကုန်တွေကို မြို့ထဲကနေ ရွှေမှော်ဒေသဘက်သွားရောင်းကာ မိသားစုစားဝတ်နေရေးဖြေရှင်းနေရပေမယ့် ခုနောက်ပိုင်း ရှမ်းနီးပြည်သူ့စစ်ဂိတ်တွေရဲ့ အခွန်မတရားကောက်ခံမှုတွေကြောင့် ရပ်နားလိုက်ရသူတွေလည်းရှိတယ်လို့ နောက်ထပ်ကယ်ရီသမားတစ်ဦး KNG ကို ပြောပါတယ်။ “ခုလိုပြောရတာ တကယ်တမ်းဆိုရင်မပြောချင်ဘူး ဒါပေမယ့် ကျနော်တို့ခံစားရတာကြာပြီ လူတိုင်းကစီးပွားရေးကြီးလုပ်ချင်တာမဟုတ်ဘူး နိုင်ငံရေးကမကောင်းတဲ့ချိန်မှာ စားဝတ်နေရေးဖြေရှင်းဖို့လုပ်နေကြတာ။ ကျနော်တို့လည်း ဘာမှမကျန်ပါဘူး မလုပ်မနေရမို့သာလုပ်နေတာပါ”လို့် ဆိုင်ကယ်ကယ်ရိီသမားတစ်ဦးကပြောပါတယ်။ ဒါကြောင့် သက်ဆိုင်တဲ့ လက်နက်ကိုင်တပ်တွေ အထူးသဖြင့် ရှမ်းနီပြည်သူ့စစ်တပ်တွေအနေနဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို အခွန်လျော့ကောက်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်ဟာ လူဦးရေ တစ်သန်းကျော်ရှိပြီး အာဏာသိမ်းပြီးနောက် နေ့စဉ်စစ်ရှောင်ထပ်တိုးလာတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ By – Zami
Read More » -
10 Decemberသတင်း
ပူတာအို နမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားနဲ့ရွှေလုပ်သားတစ်ချို့ကို စစ်တပ်ဖမ်းဆီး
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက နာမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားတစ်ချို့နဲ့ရွှေလုပ်သားတစ်ချို့စစ်ကောင်စီဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင် အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပူတာအိုမြို့အရှေ့ဘက်ရှိ နမ့်စဘွမ်နဲ့နမ့်ခမ်းရွှေမှော်ထဲဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ နမ့်စဘွမ်ကျေးရွာနေအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “မျက်စိရှေ့မှာတော့ ဘတ်ဖိုးနှစ်စီးဖမ်းသွားတယ် နောက်ထပ်ဘယ်နှစ်စီးဖမ်းခံရလဲအတိအကျတော့မသိရဘူး။ ပြီးတော့ ရွှေကျင်းက ကျင်းသားခြောက်ယောက်ဖမ်းသွားတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီစစ်သားတွေဟာ နမ့်စဘွမ်ရွှေမှော်ထဲက ဘတ်ဖိုးယာဥ်နှစ်စီးထက်မနည်းနဲ့ ရွှေလုပ်သားအမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရပါတယ်။ “ပြန်လွတ်လာတာတော့မကြားမိသေးဘူး စစ်သားတွေရုတ်တရက်ဝင်လာတော့အကုန်ထွက်ပြေးကြတာ အခုလောလောဆယ်ရွှေမှော်တွေအကုန်ပိတ်ထားတယ်”လို့အထက်ဖော်ပြပါနမ့်စဘွမ်ကျေးရွာနေအမျိုးသားကဆက်ပြောပါတယ်။ အလားတူမနေ့ကတစ်ရက်တည်းမှာပဲ ပူတာအိုမြို့အနောက်ဘက်ခြမ်းက မကျော့ဝါ၊နာမ်ဟော်စတဲကျေးရွာတွေဘက်က ရွှေမှော်တွေမှာလည်း စစ်ကောင်စီစစ်သားတွေဝင်ရောက်လာပြီး အရပ်သားတစ်ချို့ဖမ်းခံရတာရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အချက် လက်အတိကျ…
Read More » -
10 Decemberသတင်း
ပူတာအိုမှာ ဖမ်းဆီးခံလိုက်ရတဲ့ Starlink wifi စက်အလုံးရေ ၆၀ အထိရှိလာပြီး ဆက်ပြီးလိုက်လံဖမ်းဆီးနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်ဖမ်းနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေမှာ ဖွင့်ထားတဲ့ Starlink wifi စက်တွေကို ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစပြီး လိုက်ပြီးဖမ်းနေတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အကုန်လိုက်ဖမ်းတယ် ဘယ်တော့ပြန်ပေးမလဲတော့မသိရသေးဘူး။ခုမြို့ထဲမှာဖွင့်ထားတဲ့စက်တွေကော ရွာဘက်ကဆိုင်တွေကော အကုန်လိုက်စစ်တယ် အခုလောလောဆယ်တော့အကုန်လုံးပိတ်ထားတယ်”လို့ အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီက Starlink wifi စက်တွေကို လိုက်ဖမ်းနေတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်က Starlink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာဖွင့်ထားတဲ့ wifiတွေနဲ့ အိမ်သုံးတပ်ထားတဲ့ wifi တွေကအစ ပိတ်ထားရကြောင်း သိရပါတယ်။ ပူတာအိုမြို့ပေါ်မှာ Starlink wifi စက်တွေကို ခုလိုရုတ်တရက်လိုက်လံဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “အသိလည်းမပေးဘူးရုတ်တရက်ကြီးကိုဝင်စစ်ဝင်သိမ်းလုပ်သွားတာ အခြေနေကတော့အမျိုးမျိုးကြားနေရတယ် မ. ပ.ခ ကနေဒုတိုင်းမှူးလာမှာမလို့လည်း ကြားရတယ်။ ရွေးကောက်ပွဲနီးလာလို့လည်း ကြားရတယ်။ ဘာကြောင့်ပိတ်ခိုင်းတာလဲဆိုတာအတိအကျတော့မသိရဘူး”လို့သူကပြောပါတယ်။ လတ်တလော ပူတာအိုမြို့မှာ စတားလင့်တွေကို လိုက်လံဖမ်းဆီးနေဆဲဖြစ်တယ်လို့သိရပြီး ဖမ်းထားတဲ့စတားလင့်စက်အလုံးရေ ၆၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း အထက်မှာဖော်ပြတဲ့ ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားက ဆက်ပြောပါတယ်။ ပူတာအိုမြို့နဲ့ဝေးတဲ့ လုံရှာယာန်၊ ဖက်မာ၊ နမ်ထူခူးစတဲ့ကျေးရွာတွေဘက်မှာတော့ လိုက်လံသိမ်းဆည်းတာမျိုးမရှိသေးကြောင်းသိရပါတယ်။ လက်ရှိပူတာအိုမြို့ခံတွေဟာ Mytel ဆင်းမ်ကဒ်နဲ့ အင်တာနက်အသုံးပြုရဖို့အတွက် ဖုန်းအရောင်းဆိုင်တွေမှာ VPN ဝယ်ပြီးသုံးနေရကြောင်း သိရပါတယ်။ “Mytel နဲ့ရတယ် ဒါပေမယ့် vpn ဝယ်သုံးရတယ် တစ်သောင်းနဲ့ဝယ်ရတယ်သူတို့ပေးတဲ့VPN နဲ့ ပြီးတော့ File သီးသန့်ချပေးသေးတယ်အဲ့ဖိုင်ထည့်သုံးမှရတယ်”လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေသုံးချက်အရ ရွေးကောက်ပွဲနီးကပ်လာလို့ပိတ်တာလည်းဖြစ်နိုင်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးရဲ့ခရီးစဥ်ရှိတာကြောင့်ပိတ်တာလည်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။ ပူတာအိုမြို့အပါအဝင် မြစ်ကြီးနား၊ တနိုင်း၊နောင်မွန်၊ခေါင်လန်ဖူး၊ မိုးညင်းစတဲ့မြို့နယ်တွေမှာတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ Starlink Wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။ စစ်ကောင်စီဟာကချင်ပြည်နယ် ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကတည်းက ဖုန်းဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။…
Read More »









