-
Jul- 2025 -21 Julyသတင်း
စစ်သင်္ဘောဆန်တက်လာတဲ့အတွက် မြစ်ကမ်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတင်တိမ်းရှောင်
မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကောင်စီတပ်ရဲ့သင်္ဘောတွေဆန်တက်လာနေတဲ့အတွက် မြစ်ကမ်းနံဘေးနေထိုင်တဲ့ဒေသခံပြည်သူတွေ ဘေးလွှတ်ရာကြိုတင်တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ သင်္ဘောဆန်တက်ချိန် မြစ်ကမ်းတစ်လျှောက် လေကြောင်း၊ လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်မှုတွေရှိနေတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်နေထိုင်တဲ့ပြည်သူတွေ ကြိုတိမ်းရှောင်နေရတာဖြစ်တယ်လို့ ကသာမြို့ဒေသခံအမျိုးသားတစ်ဥိီး ပြောပါတယ်။ “တစ်ချို့ကတော့မနေ့ကတည်းကတိမ်းရှောင်နေကြတယ်။ မော်တော်ကြီးမော်တော်ငယ်တွေနဲ့ကိုရှောင်ကြတာ။ အခြေနေကတော့အားလုံးကစောင့်ကြည့်ပြီးလှုပ်ရှားနေရတာ အဆင်သင့်ပြင်ဆင့်ထားရတာပေါ့ သတင်းကိုအဆက်မပြတ်နားထောင်ပြီးတော့”လို့ပြောပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ သင်္ဘောတွေဟာ စစ်သင်္ဘော ၅ စီး၊ နောက်တွန်းထောက်ပို့သင်္ဘော ၇ စီးဖြစ်ပြီး လက်ရှိ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ အမှတ် (၁၃ )တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တကက ၁၃) မှာရောက်ရှိနေပြီး ပြန်ဆန်တက်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်လို့သိရပါတယ်။ ဒါကြောင့် စစ်သင်္ဘောရောက်နေတဲ့ အထက်ဘက်ကမြို့နယ်တွေဖြစ်တဲ့ ထီးချိုင့်၊ ကသာမြို့နယ်တွေရဲ့ မြစ်ကမ်းနံဘေးက ကျေးရွာပေါင်းများစွာ စစ်သင်္ဘောနဲ့လေကြောင်းအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်တာ ဘေးလွှတ်ရာတွေကိုတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ထီးချိုင့်မြို့နယ်ကဒေသခံတွေကတော့ စစ်သင်္ဘောတွေ မန္တလေးမြို့ကနေစတက်လာတဲ့ ဇူလိုင် ၁၇ ရက်နေ့နောက်ပိုင်းကစလို့ မြစ်ကမ်းနံဘေးတစ်လျှောက်နေထိုင်တဲ့ဒေသခံတွေကို ကြိုတင်ပြင်ဆင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကတစ်ဆင့်ဆော်ဩခဲ့ပြီး တိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့နေ့ခင်းပိုင်းမှာ ကသာမြို့နယ်တစ်ဝှိုက် စစ်ကောင်စီရဲ့ Y 12 အမျိုးအစားရဟတ်ယာဥ်တစ်စီးဝဲနေပြီးကင်းထောက်စောင့်ကြည့်တာလုပ်နေတာလို့ ယူဆရကြောင်းဒေသခံတွေကပြောပါတယ််။ “ထီးချိုင့်မြို့နယ်လည်းရှောင်ပြီးပြီ တော်တော်များများကကြောက်နေကြတာ စိုးရိမ်ပူပန်နေကြတာပေါ့။ ညဆိုလည်းလေကြောင်းကိုသတိထားပြီး အိပ်နေရတဲ့အခြေနေဖြစ်နေတာ။ ပြီးတော့ Y12 ကလည်းကသာမြို့နယ်ထဲလာပတ်နေတာ ကြိုတင်ထောက်လှမ်းတဲ့သဘောရှိတယ်”လို့ နောက်ထပ်ကသာမြို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ အဆိုပါစစ်သင်္ဘောတွေဟာ သပိတ်ကျင်း–တကောင်း–ထီးချိုင့်–ကသာ–ရွှေကူ–ဗန်းမော်မြို့ လမ်းကြောင်းအတိုင်း ကချင်ပြည်နယ်အထိတက်လာနိုင်တယ်လို့ဒေသခံတွေနဲ့စစ်ရေးအခြေနေစောင့်ကြည့်သူတွေကခန့်မှန်းထားကြပါတယ်။ တစ်ဖက်မှာအခုလို စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့မြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကိုပစ်ခတ်လေ့ရှိသလို မြေပြင်စစ်ကြောင်းထိုးတာလေကြောင်းတိုက်ခိုက်တာတွေလုပ်လေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်းနှစ်စဥ်ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့ညနေပိုင်းကလည်း စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ လမ်းကြောင်းရှင်းလေကြောင်းပစ်ခတ်တာကြောင့် ဝက်လက်မြို့နယ်ထဲကကျေးရွာ ၃ ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား ၂၀ ကျော်သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လကလည်း ဧရာဝတီမြစ်ကိုအသုံးပြုကာ အထက်ဘက် တကောင်း၊ ထီးချိုင့်၊ကသာ၊ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်မြို့တွေအထိ စစ်လက်နက်နဲ့ရိက္ခာတွေဖြည့်တင်းနိုင်ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွက်အရေးပါတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာလည်း ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ကိုကာကွယ်ဖို့စစ်လက်နက်နဲ့ရိက္ခာတွေကိုရတဲ့နည်းနဲ့ သယ်ယူပို့ဆောင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ By – အမိုး
Read More » -
18 Julyသတင်း
မိုင်းနား- ဝါးရှောင်- နန်ဇော်ယန် လမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနား –ဝါရှောင်၊ ဝါရှောင်– နန်ဇော်ယန်ကျေးရွာ လမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ သိရပါတယ်။ ဒီလမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးစိုးရိမ်တာကြောင့်လို့ဆိုပြီး ဇူလိုင်လ ၁၆ ရက်ကစ ပိတ်လိုက်တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “မြစ်ကြီနား၊ ဝိုင်းမော်ကနေ– ဝါရှောင်– လိုင်ဇာဘက်ကို ဆင့်ကူးသွားတဲ့လမ်းပိုင်အားလုံးကို KIA က ပိတ် လိုက်ပြီ။ မြစ်ကြီးနား – ဝိုင်းမော်ကနေ လုံးဝ ဝင်လို့မရတော့ဘူး ပိတ်လိုက်ပြီ။ တိုက်ပွဲ တွေလည်း ပြန်ဖြစ်လာတော့ ပြန်ပိတ်လိုက်တာလို့သိရတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလကုန်ကစပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာလာတာ နှစ်လနီးပါးကြာမြင့်လာချိန် ဇူလိုင်လ ပထမအပတ်ပိုင်းကစလို့ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် တိုက်ပွဲကြားအရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ထိပါးလာနိုင်တဲ့အတွက် အကန့်သတ်မရှိပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
18 Julyသတင်း
စစ်တပ်ရဲ့ စစ်သင်္ဘောတွေ မင်းကင်းနယ်ထဲရောက်လာတဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာပေါင်း ၂၀ ခန့်တိမ်းရှောင်
လေကြောင်းကနေ လုံခြုံရေးယူပြီး ဆန်တက်လာနေတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောတွေ မင်းကင်းမြို့နယ်ထဲဝင်ရောက်လာပြီဖြစ်တဲ့အတွက် မြစ်ကမ်းဘေးရှိ ရွာပေါင်း (၂၀) ခန့်တိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်က သိရပါတယ်။ ဇူလိုင်ဆန်းပိုင်းကစပြီး မုံရွာကနေ ဟုမ္မလင်း– ခန္တီးဘက်ကိုဦးတည်ကာ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သင်္ဘောကြီးသုံးစီး၊သံခွန်မော်တော်၊ စစ်သင်္ဘောငယ် စုစုပေါင်း…
Read More » -
18 Julyသတင်း
အိမ်ဘေးနား ထိုင်နေတဲ့ အမျိုးသားကို လူ ၆ ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ်လာလု
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေစဉ် လူ၆ယောက်က ဓားနဲ့ထိုးပြီး ဆိုင်ကယ် လာလုယက်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့ည ၁၀ခွဲဝန်းကျင်အချိန် ခေမာသိရိရပ်ကွက်မှာ အိမ်ဘေးနားက အုတ်ခုံပေါ်မှာ ထိုင်နေတဲ့ အသက် ၄၀ဝန်းကျင်အရွယ်…
Read More » -
17 Julyသတင်း
စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီးလေးရာကျော်သေဆုံး
နိုင်ငံတဝန်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၆ လအတွင်း အမျိုးသမီး ၄၁၅ ဦး သေဆုံးပြီး၊ ၄၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burmese Women’s Union(BWU) ရဲ့အချက်အလက်ဖော်ပြချက်အရ သိရပါတယ်။ ဒီထိခိုက်သေဆုံးမှုအချက်လက်က BWU အဖွဲ့ကနေပြီး…
Read More » -
17 Julyသတင်း
စစ်တပ်ရဲ့ စစ်လက်နက်နဲ့ရိက္ခာတင်သင်္ဘောတွေ ကချင်အထိဦးတည်ဆန်တက်နိုင်
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၇ ရက် ဒီနေ့မနက်ပိုင်း ၈နာရီကစလို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘောနဲ့ရိက္ခာတင်သင်္ဘောအပါ တစ်ခြားတွရေယာဉ်အစီး ၂၀ ခန့် အထက်ဘက်ကိုဦးတည်ဆန်တက်လာနေပြီး ဗန်းမော်မြို့အထိဦးတည်နိုင်တယ်လို့ မြစ်ကြောင်းအခြေနေစောင့်ကြည့်နေတဲ့အဖွဲ့တွေကခန့်မှန်းပါတယ်။ “ကျနော်တို့ခန့်မှန်းတာကတော့ ဒီလကုန်လောက်ဆိုဗန်းမော်အထိတက်နိုင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ကုန်တွေကလည်းများတယ် ရိက္ခာကလည်းများတယ်ဗျ။…
Read More » -
17 Julyသတင်း
ရွှေကူမှာ ကိုယ်ထူကိုယ်ကျောင်းပေါင်း ၄၀ မှာ သင်ကြားရေးဆရာ/မ တွေလိုအပ်နေ
ကချင်ပြည်နယ် ၊ရွှေကူမြို့နယ်တွင်း KIA၊PDF ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်အထိဖွင့်လှစ်ထားနိုင်ပေမယ့် သင်ကြားရေး ဆရာ/မ လုံလောက်မှုမရှိတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရွှေကူမြို့ရဲ့ အရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ စီသာ၊စီသောင်၊ မံဝင်း၊ စင်းဖုတ်၊မံခါး၊စီမူလေး၊စီမူကြီး ရွာတွေအပါအဝင် ရွာပေါင်းလေးဆယ်ကျော်မှာ ဒေသခံတွေကိုယ်ထူကိုယ်ထစနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင် ဖွင့်လှစ်ထားနိုင်ခဲ့ပေမယ့် သင်ကြားရေးဆရာ/မ မလုံလောက်တဲ့အခက်အခဲရင်ဆိုင်နေရတယ်လို့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ရွာတိုင်းလိုလိုမှာတော့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းဖွင့်ထားပေးတယ်။ ဒါပေမယ့်သင်ကြားရေးပိုင်း အားနည်းနေတယ်ဆရာ/ဆရာမ မလုံလောက်ဘူး တစ်ကျောင်းကိုဆရာမ လေးငါးယောက်ထဲနဲ့သွားနေရတဲ့ကျောင်းတွေရှိတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ဘူး”လို့ သူကပြောပါတယ်။ ဖွင့်လှစ်ထားတဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်မှာ KG တန်းကနေ Grade 12 အထိဖွင့်ထားတာကြောင့် ကျောင်းသားကျောင်းသူတွေကများပြီး ဆရာ/မ တွေအင်အားနဲ့မမျှတဲ့အတွက် အချိန်ခွဲ ပြီးသင်ကြားရတယ်လို့သိရပါတယ်။ “ဆရာ/မ တွေမလောက်တော့ တစ်ချို့ကျောင်းတွေဆိုရင် အငယ်တန်းတွေကိုမနက်ပိုင်းသင်ပြီး အကြီးတန်းတွေကို ညပိုင်းမှ သင်ရတဲ့ပုံစံမျိုးနဲ့သွားတာရှိတယ်။ အဓိက Grade 12 အထိဖွင့်ထားတော့ Grade 12 တွေအတွက်ဆရာ/မ တွေအရမ်းလိုအပ်နေတာမလောက်ဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကျေးရွာရဲ့ထောက်ပံ့မှုနဲ့ခေါ်ယူထားတဲ့ဆရာ/မ ၊ စေတနာ့ဝန်ထမ်းဆရာ/မ တွေအပါ စုစုပေါင်း သင်ကြားရေးဆရာ/မ ၂၀၀ ဝန်းကျင်ခန့်နဲ့လည်ပတ်နေပြီး ကျောင်းအားလုံးမှာ ဆရာ/မ မလုံလောက်ဘူးလို့သိရပါတယ်။ အထက်ဖော်ပြပါစာသင်ကျောင်းတွေမှာ သင်ကြားရေးဆရာ/မ တွေမလုံလောက်တဲ့အပြင် ပုံနှိပ်စာအုပ်တွေလည်းအခက်အခဲဖြစ်နေပြီး တစ်ချို့ကျောင်းသား/သူတွေ ပုံနှိပ်စာအုပ်မရှိပဲ ကျောင်းတက်နေရတဲ့အခြေအနေအထိဖြစ်နေတယ်လို့ စီသောင်းကျောင်းနေတစ်ခြားအမျိုးသားတစ်ဦးကပြောပါတယ်။ “ဒုတိယအခက်အခဲကတော့ပုံနှိပ်စာအုပ်ပါ့ တချို့ကလေးတွေပုံနှိပ်စာအုပ်မရှိကြဘူး ဟိုလူ့ဆီကကူးချဒီလူ့ဆီကကူးချနဲ့ကျောင်းတက်နေရတာ။ ပုံနှိပ်က အသစ်ရှိကိုမရှိဘူးဗျ အဟောင်းပဲလက်ဆင့်ကမ်းသုံးနေကျတာ”…
Read More » -
16 Julyသတင်း
ရွှေကူအထိုင်တပ်က ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထား
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ထဲမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို ဆေးဝါးသယ်ယူခွင့်တင်းကြပ်ထားတာကြောင့် ပြည်သူတွေ ဆေးဝါးကုသရေးအတွက်အခက်အခဲ ဖြစ်နေကြတယ်လို့သိရပါတယ်။ ရွှေကူမြို့မှာထိုင်ထားတဲ့စစ်ကောင်စီတပ်ဟာ စီသာ၊စီသောင်၊မံဝင်း၊မံနား၊မံနား၊စီမူကြီးစအရှိတဲ့ ရွှေကူမြို့နယ်ရှိကျေးရွာတွေဘက် ဆေးဝါးသယ်ယူခွင့်ကိုမြို့ဝင်၊မြို့ထွက်ဂိတ်တွေကနေ တင်းကြပ်ထားတာကြောင့် ကျေးရွာနေပြည်သူတွေ ဆေးဝါးပြတ်လပ်မှုကြုံနေရပြီး ဆေးကုသရေးမှာအခက်အခဲတွေဖြစ်နေကြတယ်လို့ ရွှေကူမြို့စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။…
Read More » -
16 Julyသတင်း
နန်းယွန်းမှာ ဆေးရုံတက်တဲ့လူနာတွေ ဒီဇယ်ဝယ်ပြီး ဆေးရုံတက်နေရ
စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့မှာ လျှပ်စစ်မီးမရတာကြောင့် ဆေးရုံတက်တဲ့လူနာတွေက ကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီးစက်နိုးကာဆေးရုံတက်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်နှစ်ဝန်းကျင်ရှိလာချိန် ဆေးရုံတက်တဲ့လူနာတွေအနေနဲ့ ညဘက်လျှပ်စစ်မီးသီးအသုံးပြုဖို့နဲ့ ခွဲစိပ်ကုသဖို့အတွက် လျှပ်စစ်မီးလိုအပ်တာကြောင့် လူနာတွေကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီစက်နိုးနေရတယ်လို့ နန်းယွန်းမြို့ခံအသက် ၃၀ ကျော်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီဇယ်ကတော့ဝယ်ကြတယ်ဗျ ဘာလို့ဆိုနန်းယွန်းမြို့က လျှပ်စစ်မီးမရဘူးလေး အရေးပေါ်လူနာတွေ အောက်ဆီဂျင်ပေးဖို့၊ခွဲစိပ်ကုသတဲ့နေရာတွေမှာက မီးစက်နိုးရတယ်”လို့ သူကပြောပါတယ်။ ပုံမှန်အားဖြင့် နန်းယွန်းမြို့ကို တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံးကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကရေကြီးရေလျှံမှုကြောင့် တိုင်းယောင်းချောင်းရေအားလျှပ်စစ်စက်ရုံစက်ပိုင်းချို့ယွင်းမှု၊ဓာတ်တိုင်နဲ့ မီးကြိုးတွေအများအပြားပျက်စီးခဲ့မှုကြောင့် ဒီကနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်ပါတယ်။ “အမှန်ဆိုရင်အစိုးရဆေးရုံဖြစ်တဲ့အတွက် ဒါတွေက အစိုးရဘတ်ဂျက်နဲ့စီစဥ်ပေးရမှာ အခုဟာက အစိုးရက မစီစဥ်ပေးတော့ လူနာတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဆီဝယ်ပြီးလျှပ်စစ်မီးသုံးနေရတယ်”လို့ နန်းယွန်းမြို့ခံအအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ နန်းယွန်းမြို့ပေါ်မှာ လက်ရှိ အိန္ဒိယ–မြန်မာ နယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေသွင်းတဲ့အိန္ဒိယဆီ ဒီဇယ်တစ်ဂါလံကို ကျပ် ၄၀၀၀၀ သောင်းပေးဝယ်ရပြီး ဆေးရုံတက်တဲ့လူနာတွေ ကုသရမယ့် အခြေအနေပေါ်မူတည်ပြီးတစ်ည ဒီဇယ်နှစ်လီတာကနေ တစ်ဂါလံအထိ ဝယ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “အောက်ဆီဂျင်နဲ့ ခွဲစိပ်ကုသရမယ့်လူနာတွေဆိုရင်တော့ တစ်ည တစ်ဂါလံကတော့ဝယ်ရတယ် ပြီးတော့ မီးလင်းဖို့ပဲဆိုရင်တော့အဲ့လောက်မဝယ်ရဘူး ဘာဖြစ်ဖြစ်ဗျာ ဆီတစ်ဂါလံလေးသောင်း တစ်လုံးတစ်သောင်းဆိုတော့ ကုသစရိတ်နဲ့က မလွယ်ဘူးဗျအရမ်းကုန်တယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့အသက် ၃၀ ကျော်အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ နန်းယွန်းမြို့ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို စီးပွားရေးအခွင့်အလမ်းအလွန်နည်းပါးတာကြောင့် ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်ဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက် ငွေကြေးမတတ်နိုင်တဲ့မိသားစုတွေအများအပြားရှိနေပါတယ်။ စက်သုံးဆီဝယ်ဖို့ဆေးရုံတက်နေရတဲ့အခြေအနေကြောင့် တစ်ချို့ငွေကြေး ခက်ခဲတဲ့မိသားစုတွေလည်း ဆေးကုသဖို့ရှိအခက်အခဲတွေကြုံတွေ့နေရကြောင်းဒေသခံတွေကဆိုပါတယ်။ လူနာတွေကိုယ်တိုင်စက်သုံးဆီဝယ်ပြီးဆေးရုံတက်နေရတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင်တာလို့သိရပါတယ်။ နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်းအထိဆရာဝန်မရှိတဲ့အတွက်ပြည်သူတွေဟာ အိန္ဒိယဘက်အထိသွားပြီး ဆေးကုသရမှုတွေလုပ်ခဲ့ရပါတယ်။ နောက်ပိုင်းမြို့ခံပြည်သူတွေတင်ပြတောင်းဆိုမှုနဲ့ သတင်းမီဒီယာကနေ ဖော်ပြပေးမှုတွေကြောင့် ၂၀၂၅ နှစ်ဆန်းပိုင်းမှ ဆရာဝန်ချပေးတာလို့ဒေသခံတွေကဆိုပါတယ်။ နန်းယွန်းမြို့ကိုလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးတဲ့ တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံ ၂၀၂၄ ခုနှစ် ဇွန်လက ပျက်စီးသွားပြီးနောက်ဒီကနေ့အထိ ပြန်လည်ပြုပြင်ပေးခြင်းမရှိ သေးကြောင်းလည်းသိရပါတယ်။ By –…
Read More » -
16 Julyသတင်း
အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းထိန်းချုပ်နိုင်ဖို့ စစ်တပ်အပြင်းထန်ကြိုးပမ်းနေ၊ ကျေးရွာနှစ်ခု KIA လက်လွှတ်လိုက်ရ
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ– ဖားကန့်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေတဲ့အတွက် အင်းတော်ကြီးနေရာဒေသတစ်ချို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကျေးရွာ ၂ ရွာကိုလည်း KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီပူးပေါင်းတပ် ဇူလိုင်လ ၁၂ ရက် မနက် ၂…
Read More »









